Thai Archives - San Yit Wine https://sanyitwine.com/category/celebs_update_news/thai/ Thu, 13 Aug 2020 10:33:22 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Thai Archives - San Yit Wine https://sanyitwine.com/category/celebs_update_news/thai/ 32 32 ညှို့မျက်ဝန်းပိုင်ရှင်လေး Mai Davika အကြောင်းတစေ့တစောင်း https://sanyitwine.com/about-davika-hoorne/?utm_source=rss&utm_medium=rss&utm_campaign=about-davika-hoorne Thu, 23 Apr 2020 12:22:12 +0000 https://sanyitwine.com/?p=4388 Mai Davika ဟာ မြန်မာပရိသတ်တွေကြားမှာတော့ Pee Mak ဇာတ်ကားနဲ့ လူသိများပါတယ်။ သူမရဲ့ ညို့ငင်စွမ်း ပြင်းလွန်းတဲ့ အကြည့်လေးတွေနဲ့ လူကို ငေးသွားလောက်စေမယ့် အပြုံးလေးတွေကြောင့် မင်းသမီးချောလေးတစ်လက်အဖြစ်လည်း ကျော်ကြားသူပါ။ သူမကိုချစ်ပြီး အားပေးသူတွေအတွက် သူမအကြောင်းလေးတွေ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။ Davika Hoorne ဆိုတာဟာ သူ့ရဲ့နာမည်ရင်းဆိုပေမဲ့ ပရိသတ်တွေကြားထဲမှာတော့ Mai (သို့မဟုတ်) Mai Davika လို့ပဲ ခေါ်ကြပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ၁၉၉၂ ခုနှစ် မေလ (၁၆) ရက်နေ့ ဖြစ်လို့ ယခုဆိုရင် (၂၈)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တဲ့ ဘန်ကောက်သူစစ်စစ်ဖြစ်ပြီး ယခုချိန်ထိလည်း ဘန်ကောက်မှာပဲ နေထိုင်ပါတယ်။ အညိုနုရောင်မျက်လုံးလေးနဲ့ သူလေးရဲ့ အရပ်ကတော့ (၅)ပေ(၉)လက်မ ရှိပြီး […]

The post ညှို့မျက်ဝန်းပိုင်ရှင်လေး Mai Davika အကြောင်းတစေ့တစောင်း appeared first on San Yit Wine.

]]>
Mai Davika ဟာ မြန်မာပရိသတ်တွေကြားမှာတော့ Pee Mak ဇာတ်ကားနဲ့ လူသိများပါတယ်။ သူမရဲ့ ညို့ငင်စွမ်း ပြင်းလွန်းတဲ့ အကြည့်လေးတွေနဲ့ လူကို ငေးသွားလောက်စေမယ့် အပြုံးလေးတွေကြောင့် မင်းသမီးချောလေးတစ်လက်အဖြစ်လည်း ကျော်ကြားသူပါ။ သူမကိုချစ်ပြီး အားပေးသူတွေအတွက် သူမအကြောင်းလေးတွေ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။

Davika Hoorne ဆိုတာဟာ သူ့ရဲ့နာမည်ရင်းဆိုပေမဲ့ ပရိသတ်တွေကြားထဲမှာတော့ Mai (သို့မဟုတ်) Mai Davika လို့ပဲ ခေါ်ကြပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ၁၉၉၂ ခုနှစ် မေလ (၁၆) ရက်နေ့ ဖြစ်လို့ ယခုဆိုရင် (၂၈)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တဲ့ ဘန်ကောက်သူစစ်စစ်ဖြစ်ပြီး ယခုချိန်ထိလည်း ဘန်ကောက်မှာပဲ နေထိုင်ပါတယ်။ အညိုနုရောင်မျက်လုံးလေးနဲ့ သူလေးရဲ့ အရပ်ကတော့ (၅)ပေ(၉)လက်မ ရှိပြီး ကိုယ်အလေးချိန်ကတော့ (၅၆) ကီလိုဂရမ် (၁၂၃ ပေါင်) ရှိပါတယ်။

Photo: davikah/ Instagram

သူမဟာ Danny Hoorne နဲ့ Rattanakorn Chomyong  ဆိုတဲ့ မိဘနှစ်ပါးက မွေးဖွားခဲ့ပြီး ဘယ်လ်ဂျီယမ်သွေးနဲ့ထိုင်းသွေး စပ်ထားတဲ့ ကပြားမလေးတစ်ယောက် ဖြစ်ပါတယ်။ သူမမှာ Davinia Hoorne နဲ့ Elene Hoorne  လို့ခေါ်တဲ့ ညီအစ်မနှစ်ယောက်လည်း ရှိပါသေးတယ်။

ပညာရေးနဲ့ ပတ်သက်ရင်တော့ Rangsit တက္ကသိုလ်မှာ Communication Arts မေဂျာနဲ့ ဘီအေဘွဲ့ကို ရရှိထားပါတယ်။ သူမဟာ Taurus ရာသီဖွားဖြစ်ပြီး Thor မင်းသားဖြစ်တဲ့ Chris Hemsworth ကတော့ သူလေးရဲ့ အကြိုက်ဆုံးမင်းသား ဖြစ်ပါသတဲ့။ ရုပ်ရှင်ကြည့်ရတာ၊ မော်တော်ဆိုင်ကယ် စီးရတာနဲ့ Twitter သုံးရတာကို ဝါသနာပါတယ်လို့လည်း သိရပါတယ်။

Photo: davikah/ Instagram

သူမ ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့အချိန်ကတော့ ၂၀၁၀ခုနှစ်ပါ။ Ngao Kammathep ဆိုတဲ့ တီဗွီစီးရီးကတော့ သူမ ပထမဆုံး ပါဝင်သရုပ်ဆောင်ဖူးတဲ့ စီးရီးဖြစ်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ပါဝင်ထားတာပါ။ ပထမဆုံး ရိုက်ဖူးတဲ့ ရုပ်ရှင်ကားကတော့ Fatherland လို့ အမည်ရပါတယ်။ သူမကို ထိုင်းပြည်တွင်းမှာ နာမည်စကြီးစေခဲ့တဲ့ ရုပ်ရှင်ကတော့ Heart Attack လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

Mai ဟာ ရုပ်ရှင်နယ်ပယ်ဘက်ကို မရောက်ခင် သူမ အသက်(၁၄)နှစ်မှာတင် ကြော်ငြာမော်ဒယ်လ်တစ်ယောက် ဖြစ်လာခဲ့သူပါ။ စီးပွားရေးလုပ်ငန်းများစွာအတွက် ကြော်ငြာတွေ ရိုက်ကူးပေးခဲ့ပြီး တစ်နေ့မှာတော့ ထိုင်းနိုင်ငံက Channel 7 ဆိုတဲ့ ရုပ်သံလိုင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ရာကနေ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သို့ပေမယ့် ၂၀၁၆ခုနှစ်မှာတော့ Channel 7 ရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ပြီး အလွတ်တန်းမင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။

photo via divika hoorne fan club/facebook

တရိပ်ရိပ် ထိုးတက်လာနေခဲ့တဲ့ သူမရဲ့အောင်မြင်မှုကို နေ့ချင်းညချင်း တစ်ဟုန်ထိုး ဘဝပြောင်းသွားစေတာကတော့ Pee Mak ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Pee Mak ရုပ်ရှင်ဟာ ထိုင်းနိုင်ငံအတွင်းမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပြီး Mai ဟာလည်း ငယ်ငယ်လေးနဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးတွေရဲ့ စာရင်းမှာ ပါဝင်သွားခဲ့ပါတယ်။

သူမဟာ ရုပ်ရှင်နဲ့ ပတ်သက်လို့ ထိုင်းပြည်တွင်းက ချီးမြှင့်တဲ့ ဆုများစွာကို ရရှိထားသူဖြစ်ပြီး ၂၀၁၆ခုနှစ်မှာတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆုချီးမြှင့်ပွဲမှာ Asia Model Awards ကို မင်းသား Mario Maurer နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။ ဒါတင်မက သူမဟာ ယူနီဆက်ဖ်ရဲ့ သံတမန်တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့မှာလည်း သံတမန်အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်ပါတယ်။

Photo: davikah/ Instagram

Mai ဟာ မော်ဒယ်လ်နဲ့ ရုပ်ရှင်လောကမှာတင် မဟုတ်ဘဲ စီးပွားရေးကိုလည်း စိတ်ဝင်စားသူ ဖြစ်ပါတယ်။ သူမမှာ Misstarbydavika လို့ခေါ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုရှိပြီး ပဝါတွေ၊ ဦးထုပ်တွေနဲ့ အခြားအဝတ်အစား အသုံးအဆောင်တွေကို ထုတ်လုပ်ရောင်းချပါတယ်။ အဆိုပါလုပ်ငန်းက အောင်မြင်လာတဲ့အခါ လုပ်ငန်းကို ထပ်ချဲ့တဲ့အနေနဲ့ Misstar Fresh လို့အမည်ရတဲ့ air fresheners တွေကိုပါ ထုတ်လုပ်ရောင်းချလာပြီး Misstar Cafe လို့ခေါ်တဲ့ ကော်ဖီဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။

Mai ရဲ့ အချစ်ရေးကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းလောက်တည်းက စပြီး မင်းသားချော Chantavit Dhanasevi နဲ့ တွဲနေတာကို တွေ့ရပါတယ်။ မင်းသား Chantavit ကတော့ မြန်မာပရိသတ်တွေကြားမှာ ပေါက်ခဲ့တဲ့ ATM Error ဇာတ်ကားထဲက မင်းသားပဲ ဖြစ်ပါတယ်။

ဒါကတော့ Mai Davika ရဲ့ ဘဝအကြောင်း တစေ့တစောင်းပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်ခြိုက်တယ်ဆိုရင်လည်း မိတ်ဆွေတွေပါ ဖတ်လို့ရအောင် ရှဲပေးသွားပါဦး။

Lego Les

The post ညှို့မျက်ဝန်းပိုင်ရှင်လေး Mai Davika အကြောင်းတစေ့တစောင်း appeared first on San Yit Wine.

]]>
အိုးခိုင်မော့လို့ ချစ်စနိုးခေါ်ကြတဲ့ ထိုင်းမင်းသမီးလေး Maylada Susri  https://sanyitwine.com/biography-of-maylada-susri/?utm_source=rss&utm_medium=rss&utm_campaign=biography-of-maylada-susri Tue, 29 Oct 2019 10:47:31 +0000 https://sanyitwine.com/?p=2904 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ အခုတလော မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ထိုင်းမင်းသမီးလေးတစ်လက် ရှိပါတယ်။ သူမကတော့ London Sweeties လို့ခေါ်တဲ့ ထိုင်းလူငယ်ဟာသဇာတ်ကားလေးထဲက အာမေဋိတ်ကို “အိုးခိုင်မော့” လို့ ယောင်တဲ့ ချစ်စရာမင်းသမီးလေး ဖြစ်ပါတယ်။ သူမရဲ့အမည်ကတော့ Maylada Susri ဖြစ်ပါတယ်။ ချစ်စနိုးနဲ့ခေါ်တဲ့ နာမည်ဝှက်ကတော့ Bow ပါ။ သူမဟာ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ပါတယ်။ Maylada ကို ၁၉၉၆ခုနှစ် ဇွန်လ(၄)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက်(၂၃)နှစ် ရှိပါပြီ။ ဇာတိကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာမွေးတဲ့ ဘန်ကောက်သူလေးပါ။ သူမရဲ့ အနုပညာခရီးလမ်းအစကတော့ ၂၀၀၄ခုနှစ်က ကျင်းပခဲ့တဲ့ Smart Kids Contest ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာက စတင်ခဲ့ပါတယ်။ ငယ်ငယ်တည်းက […]

The post အိုးခိုင်မော့လို့ ချစ်စနိုးခေါ်ကြတဲ့ ထိုင်းမင်းသမီးလေး Maylada Susri  appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုတလော မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ထိုင်းမင်းသမီးလေးတစ်လက် ရှိပါတယ်။ သူမကတော့ London Sweeties လို့ခေါ်တဲ့ ထိုင်းလူငယ်ဟာသဇာတ်ကားလေးထဲက အာမေဋိတ်ကို “အိုးခိုင်မော့” လို့ ယောင်တဲ့ ချစ်စရာမင်းသမီးလေး ဖြစ်ပါတယ်။

သူမရဲ့အမည်ကတော့ Maylada Susri ဖြစ်ပါတယ်။ ချစ်စနိုးနဲ့ခေါ်တဲ့ နာမည်ဝှက်ကတော့ Bow ပါ။ သူမဟာ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ပါတယ်။ Maylada ကို ၁၉၉၆ခုနှစ် ဇွန်လ(၄)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက်(၂၃)နှစ် ရှိပါပြီ။ ဇာတိကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာမွေးတဲ့ ဘန်ကောက်သူလေးပါ။

Photo: bow_maylada/ Instagram

သူမရဲ့ အနုပညာခရီးလမ်းအစကတော့ ၂၀၀၄ခုနှစ်က ကျင်းပခဲ့တဲ့ Smart Kids Contest ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာက စတင်ခဲ့ပါတယ်။ ငယ်ငယ်တည်းက အနုပညာပိုးပါလာတဲ့ Maylada ဟာ အသက်(၁၄)နှစ်အရွယ်၂၀၁၀ခုနှစ်အရောက်မှာတော့ Kamikaze Record နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး Kiss Me Five လို့ အမည်ရတဲ့ မိန်းကလေးငါးယောက်အဖွဲ့နဲ့ စတင်ပွဲထွက်ခဲ့ပါတယ်။ သို့ပေမယ့် နောက်သုံးနှစ်အကြာ ၂၀၁၃ခုနှစ်မှာတော့ Kiss Me Five အဖွဲ့လေး ပျက်သွားခဲ့ပါတော့တယ်။

Photo: bow_maylada/ Instagram

အဖွဲ့ပျက်တဲ့နှစ် ၂၀၁၃ခုနှစ်မှာပဲ ခြေလှမ်းအသစ်အနေနဲ့ Thai Supermodel Contest မှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ လှုပ်ရှားနေပြီးနောက် မကြာခင်မှာပဲ Channel 7 နဲ့ စာချုပ်ချုပ်ဆိုပြီး သရုပ်ဆောင်ဘက်ကို ထပ်ပြီးခြေလှမ်းဆန့်နိုင်ခဲ့ပါတယ်။ သူမ စတင်သရုပ်ဆောင်ခဲ့တာကတော့ Khat Chueak လို့အမည်ရတဲ့ ထိုင်းရုပ်သံစီးရီးလေးပါ။ ဒုတိယမြောက် ရိုက်ကူးတဲ့ Yai Kanlaya ဒရာမာလေးနဲ့ စတင်နာမည်ကျော်ကြားလာသူလေးလည်း ဖြစ်ပါတယ်။ အဆိုပါ ဒရာမာထဲက Homnam ဆိုတဲ့ ဇာတ်ကောင်အတွက်လည်း ထိုင်းပြည်တွင်းမှာ ဆုတော်တော်များများ ရရှိခဲ့ပါသေးတယ်။

Photo: bow_maylada/ Instagram

Maylada ဟာ ကိုယ်အလေးချိန် (၅၀)ကီလိုဂရမ်ဝန်းကျင်ရှိပြီး အရပ်အမြင့်ကတော့ (၁၇၆)စင်တီမီတာ ရှိပါတယ်။ ပေနဲ့တွက်ရင်တော့ ငါးပေ ကိုးလက်မလောက် ရှိပါတယ်။ မေထုန်(Gemini)ရာသီဖွားလေးဖြစ်ပြီး ဓာတ်ပုံရိုက်တာ၊ သီချင်းဆိုတာနဲ့ ပန်းချီဆွဲတာတွေကို ဝါသနာပါပါသတဲ့။ ပညာအရည်အချင်းအနေနဲ့ကတော့ Ramkhamhaeng University မှာ တက်ရောက်နေတယ်လို့ သိရပါတယ်။

Photo: bow_maylada/ Instagram

အားလုံးသိချင်နေကြမယ့် နောက်ထပ်အချက်တစ်ချက်ကတော့ Maylada လေးရဲ့ အချစ်ရေးပါပဲ။ အပြုံးချိုချိုလေးနဲ့ ရှင်းသန့်နေတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Maylada ဟာ လက်ရှိမှာတော့ ချစ်သူမရှိဘဲ တစ်ကိုယ်တည်း ဆင်ဂယ်လ်ဖြစ်ပါတယ်။

Photo: bow_maylada/ Instagram

Maylada ဟာ ယခု ၂၀၁၉ခုနှစ်မှာ ရုံတင်ခဲ့တဲ့ London Sweeties ဇာတ်ကားလေးနဲ့ နိုင်ငံတကာက ပရိသတ်တွေပါ ရရှိလာပြီမို့ နောင်အနာဂတ်မှာလည်း သူမရဲ့ ဇာတ်ကားကောင်းတွေကို ထပ်မံကြည့်ရှုခံစားကြရဦးမယ်ဆိုတာ မျှော်လင့်ရင်း … ။

LaNina

Ref: wikipedia

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

အခုတေလာ ျမန္မာပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ထိုင္းမင္းသမီးေလးတစ္လက္ ရိွပါတယ္။ သူမကေတာ့ London Sweeties လို႔ေခၚတဲ့ ထိုင္းလူငယ္ဟာသဇာတ္ကားေလးထဲက အာေမဋိတ္ကို “အိုးခိုင္ေမာ့” လို႔ ေယာင္တဲ့ ခ်စ္စရာမင္းသမီးေလး ျဖစ္ပါတယ္။

သူမရဲ႕အမည္ကေတာ့ Maylada Susri ျဖစ္ပါတယ္။ ခ်စ္စႏိုးနဲ႔ေခၚတဲ့ နာမည္၀ွက္ကေတာ့ Bow ပါ။ သူမဟာ အဆိုေတာ္၊ သရုပ္ေဆာင္၊ ေမာ္ဒယ္လ္၊ အစီအစဥ္တင္ဆက္သူအျဖစ္ လုပ္ကိုင္ပါတယ္။ Maylada ကို ၁၉၉၆ခုႏွစ္ ဇြန္လ(၄)ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး အခုဆိုရင္ အသက္(၂၃)ႏွစ္ ရိွပါၿပီ။ ဇာတိကေတာ့ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာေမြးတဲ့ ဘန္ေကာက္သူေလးပါ။

Photo: bow_maylada/ Instagram

သူမရဲ႕ အႏုပညာခရီးလမ္းအစကေတာ့ ၂၀၀၄ခုႏွစ္က က်ငး္ပခဲ့တဲ့ Smart Kids Contest ၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ရာက စတင္ခဲ့ပါတယ္။ ငယ္ငယ္တည္းက အႏုပညာပိုးပါလာတဲ့ Maylada ဟာ အသက္(၁၄)ႏွစ္အရြယ္၂၀၁၀ခုႏွစ္အေရာက္မွာေတာ့ Kamikaze Record နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး Kiss Me Five လို႔ အမည္ရတဲ့ မိန္းကေလးငါးေယာက္အဖြဲ႕နဲ႔ စတင္ပြဲထြက္ခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္သုံးနွစ္အၾကာ ၂၀၁၃ခုႏွစ္မွာေတာ့ Kiss Me Five အဖြဲ႕ေလး ပ်က္သြားခဲ့ပါေတာ့တယ္။

Photo: bow_maylada/ Instagram

အဖြဲ႔ပ်က္တဲ့ႏွစ္ ၂၀၁၃ခုႏွစ္မွာပဲ ေျခလွမ္းအသစ္အေနနဲ႔ Thai Supermodel Contest မွာ ပါ၀င္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရရိွခဲ့ပါတယ္။ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ လႈပ္ရွားေနၿပီးေနာက္ မၾကာခင္မွာပဲ Channel 7 နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး သရုပ္ေဆာင္ဘက္ကို ထပ္ၿပီးေျခလွမ္းဆန္႔ႏိုင္ခဲ့ပါတယ္။ သူမ စတင္သရုပ္ေဆာင္ခဲ့တာကေတာ့ Khat Chueak လို႔အမည္ရတဲ့ ထိုင္းရုပ္သံစီးရီးေလးပါ။ ဒုတိယေျမာက္ ရိုက္ကူးတဲ့ Yai Kanlaya ဒရာမာေလးနဲ႔ စတင္နာမည္ေက်ာ္ၾကားလာသူေလးလည္း ျဖစ္ပါတယ္။ အဆိုပါ ဒရာမာထဲက Homnam ဆိုတဲ့ ဇာတ္ေကာင္အတြက္လည္း ထိုင္းျပည္တြင္းမွာ ဆုေတာ္ေတာ္မ်ားမ်ား ရရိွခဲ့ပါေသးတယ္။

Photo: bow_maylada/ Instagram

Maylada ဟာ ကိုယ္အေလးခ်ိန္ (၅၀)ကီလိုဂရမ္၀န္းက်င္ရိွၿပီး အရပ္အျမင့္ကေတာ့ (၁၇၆)စင္တီမီတာ ရိွပါတယ္။ ေပနဲ႔တြက္ရင္ေတာ့ ငါးေပ ကိုးလက္မေလာက္ ရိွပါတယ္။ ေမထုန္(Gemini)ရာသီဖြားေလးျဖစ္ၿပီး ဓာတ္ပုံရိုက္တာ၊ သီခ်င္းဆိုတာနဲ႔ ပန္းခ်ီဆြဲတာေတြကို ၀ါသနာပါပါသတဲ့။ ပညာအရည္အခ်င္းအေနနဲ႔ကေတာ့ Ramkhamhaeng University မွာ တက္ေရာက္ေနတယ္လို႔ သိရပါတယ္။

Photo: bow_maylada/ Instagram

အားလုံးသိခ်င္ေနၾကမယ့္ ေနာက္ထပ္အခ်က္တစ္ခ်က္ကေတာ့ Maylada ေလးရဲ႕ အခ်စ္ေရးပါပဲ။ အၿပံဳးခ်ိဳခ်ိဳေလးနဲ႔ ရွင္းသန္႔ေနတဲ့ အလွတရားကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလး Maylada ဟာ လက္ရိွမွာေတာ့ ခ်စ္သူမရိွဘဲ တစ္ကိုယ္တည္း ဆင္ဂယ္လ္ျဖစ္ပါတယ္။

Photo: bow_maylada/ Instagram

Maylada ဟာ ယခု ၂၀၁၉ခုႏွစ္မွာ ရုံတင္ခဲ့တဲ့ London Sweeties ဇာတ္ကားေလးနဲ႔ ႏိုင္ငံတကာက ပရိသတ္ေတြပါ ရရိွလာၿပီမို႔ ေနာင္အနာဂတ္မွာလည္း သူမရဲ႕ ဇာတ္ကားေကာငး္ေတြကို ထပ္မံၾကည့္ရႈခံစားၾကရဦးမယ္ဆိုတာ ေမွ်ာ္လင့္ရင္း … ။

LaNina

Ref: wikipedia

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

The post အိုးခိုင်မော့လို့ ချစ်စနိုးခေါ်ကြတဲ့ ထိုင်းမင်းသမီးလေး Maylada Susri  appeared first on San Yit Wine.

]]>