HomeCelebs Update NewsThaiအိုးခိုင်မော့လို့ ချစ်စနိုးခေါ်ကြတဲ့ ထိုင်းမင်းသမီးလေး Maylada Susri 

အိုးခိုင်မော့လို့ ချစ်စနိုးခေါ်ကြတဲ့ ထိုင်းမင်းသမီးလေး Maylada Susri 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုတလော မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ထိုင်းမင်းသမီးလေးတစ်လက် ရှိပါတယ်။ သူမကတော့ London Sweeties လို့ခေါ်တဲ့ ထိုင်းလူငယ်ဟာသဇာတ်ကားလေးထဲက အာမေဋိတ်ကို “အိုးခိုင်မော့” လို့ ယောင်တဲ့ ချစ်စရာမင်းသမီးလေး ဖြစ်ပါတယ်။

သူမရဲ့အမည်ကတော့ Maylada Susri ဖြစ်ပါတယ်။ ချစ်စနိုးနဲ့ခေါ်တဲ့ နာမည်ဝှက်ကတော့ Bow ပါ။ သူမဟာ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ပါတယ်။ Maylada ကို ၁၉၉၆ခုနှစ် ဇွန်လ(၄)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက်(၂၃)နှစ် ရှိပါပြီ။ ဇာတိကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာမွေးတဲ့ ဘန်ကောက်သူလေးပါ။

Photo: bow_maylada/ Instagram

သူမရဲ့ အနုပညာခရီးလမ်းအစကတော့ ၂၀၀၄ခုနှစ်က ကျင်းပခဲ့တဲ့ Smart Kids Contest ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာက စတင်ခဲ့ပါတယ်။ ငယ်ငယ်တည်းက အနုပညာပိုးပါလာတဲ့ Maylada ဟာ အသက်(၁၄)နှစ်အရွယ်၂၀၁၀ခုနှစ်အရောက်မှာတော့ Kamikaze Record နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး Kiss Me Five လို့ အမည်ရတဲ့ မိန်းကလေးငါးယောက်အဖွဲ့နဲ့ စတင်ပွဲထွက်ခဲ့ပါတယ်။ သို့ပေမယ့် နောက်သုံးနှစ်အကြာ ၂၀၁၃ခုနှစ်မှာတော့ Kiss Me Five အဖွဲ့လေး ပျက်သွားခဲ့ပါတော့တယ်။

Photo: bow_maylada/ Instagram

အဖွဲ့ပျက်တဲ့နှစ် ၂၀၁၃ခုနှစ်မှာပဲ ခြေလှမ်းအသစ်အနေနဲ့ Thai Supermodel Contest မှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ လှုပ်ရှားနေပြီးနောက် မကြာခင်မှာပဲ Channel 7 နဲ့ စာချုပ်ချုပ်ဆိုပြီး သရုပ်ဆောင်ဘက်ကို ထပ်ပြီးခြေလှမ်းဆန့်နိုင်ခဲ့ပါတယ်။ သူမ စတင်သရုပ်ဆောင်ခဲ့တာကတော့ Khat Chueak လို့အမည်ရတဲ့ ထိုင်းရုပ်သံစီးရီးလေးပါ။ ဒုတိယမြောက် ရိုက်ကူးတဲ့ Yai Kanlaya ဒရာမာလေးနဲ့ စတင်နာမည်ကျော်ကြားလာသူလေးလည်း ဖြစ်ပါတယ်။ အဆိုပါ ဒရာမာထဲက Homnam ဆိုတဲ့ ဇာတ်ကောင်အတွက်လည်း ထိုင်းပြည်တွင်းမှာ ဆုတော်တော်များများ ရရှိခဲ့ပါသေးတယ်။

Photo: bow_maylada/ Instagram

Maylada ဟာ ကိုယ်အလေးချိန် (၅၀)ကီလိုဂရမ်ဝန်းကျင်ရှိပြီး အရပ်အမြင့်ကတော့ (၁၇၆)စင်တီမီတာ ရှိပါတယ်။ ပေနဲ့တွက်ရင်တော့ ငါးပေ ကိုးလက်မလောက် ရှိပါတယ်။ မေထုန်(Gemini)ရာသီဖွားလေးဖြစ်ပြီး ဓာတ်ပုံရိုက်တာ၊ သီချင်းဆိုတာနဲ့ ပန်းချီဆွဲတာတွေကို ဝါသနာပါပါသတဲ့။ ပညာအရည်အချင်းအနေနဲ့ကတော့ Ramkhamhaeng University မှာ တက်ရောက်နေတယ်လို့ သိရပါတယ်။

Photo: bow_maylada/ Instagram

အားလုံးသိချင်နေကြမယ့် နောက်ထပ်အချက်တစ်ချက်ကတော့ Maylada လေးရဲ့ အချစ်ရေးပါပဲ။ အပြုံးချိုချိုလေးနဲ့ ရှင်းသန့်နေတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Maylada ဟာ လက်ရှိမှာတော့ ချစ်သူမရှိဘဲ တစ်ကိုယ်တည်း ဆင်ဂယ်လ်ဖြစ်ပါတယ်။

Photo: bow_maylada/ Instagram

Maylada ဟာ ယခု ၂၀၁၉ခုနှစ်မှာ ရုံတင်ခဲ့တဲ့ London Sweeties ဇာတ်ကားလေးနဲ့ နိုင်ငံတကာက ပရိသတ်တွေပါ ရရှိလာပြီမို့ နောင်အနာဂတ်မှာလည်း သူမရဲ့ ဇာတ်ကားကောင်းတွေကို ထပ်မံကြည့်ရှုခံစားကြရဦးမယ်ဆိုတာ မျှော်လင့်ရင်း … ။

LaNina

Ref: wikipedia

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

အခုတေလာ ျမန္မာပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ထိုင္းမင္းသမီးေလးတစ္လက္ ရိွပါတယ္။ သူမကေတာ့ London Sweeties လို႔ေခၚတဲ့ ထိုင္းလူငယ္ဟာသဇာတ္ကားေလးထဲက အာေမဋိတ္ကို “အိုးခိုင္ေမာ့” လို႔ ေယာင္တဲ့ ခ်စ္စရာမင္းသမီးေလး ျဖစ္ပါတယ္။

သူမရဲ႕အမည္ကေတာ့ Maylada Susri ျဖစ္ပါတယ္။ ခ်စ္စႏိုးနဲ႔ေခၚတဲ့ နာမည္၀ွက္ကေတာ့ Bow ပါ။ သူမဟာ အဆိုေတာ္၊ သရုပ္ေဆာင္၊ ေမာ္ဒယ္လ္၊ အစီအစဥ္တင္ဆက္သူအျဖစ္ လုပ္ကိုင္ပါတယ္။ Maylada ကို ၁၉၉၆ခုႏွစ္ ဇြန္လ(၄)ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး အခုဆိုရင္ အသက္(၂၃)ႏွစ္ ရိွပါၿပီ။ ဇာတိကေတာ့ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာေမြးတဲ့ ဘန္ေကာက္သူေလးပါ။

Photo: bow_maylada/ Instagram

သူမရဲ႕ အႏုပညာခရီးလမ္းအစကေတာ့ ၂၀၀၄ခုႏွစ္က က်ငး္ပခဲ့တဲ့ Smart Kids Contest ၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ရာက စတင္ခဲ့ပါတယ္။ ငယ္ငယ္တည္းက အႏုပညာပိုးပါလာတဲ့ Maylada ဟာ အသက္(၁၄)ႏွစ္အရြယ္၂၀၁၀ခုႏွစ္အေရာက္မွာေတာ့ Kamikaze Record နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး Kiss Me Five လို႔ အမည္ရတဲ့ မိန္းကေလးငါးေယာက္အဖြဲ႕နဲ႔ စတင္ပြဲထြက္ခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္သုံးနွစ္အၾကာ ၂၀၁၃ခုႏွစ္မွာေတာ့ Kiss Me Five အဖြဲ႕ေလး ပ်က္သြားခဲ့ပါေတာ့တယ္။

Photo: bow_maylada/ Instagram

အဖြဲ႔ပ်က္တဲ့ႏွစ္ ၂၀၁၃ခုႏွစ္မွာပဲ ေျခလွမ္းအသစ္အေနနဲ႔ Thai Supermodel Contest မွာ ပါ၀င္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရရိွခဲ့ပါတယ္။ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ လႈပ္ရွားေနၿပီးေနာက္ မၾကာခင္မွာပဲ Channel 7 နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး သရုပ္ေဆာင္ဘက္ကို ထပ္ၿပီးေျခလွမ္းဆန္႔ႏိုင္ခဲ့ပါတယ္။ သူမ စတင္သရုပ္ေဆာင္ခဲ့တာကေတာ့ Khat Chueak လို႔အမည္ရတဲ့ ထိုင္းရုပ္သံစီးရီးေလးပါ။ ဒုတိယေျမာက္ ရိုက္ကူးတဲ့ Yai Kanlaya ဒရာမာေလးနဲ႔ စတင္နာမည္ေက်ာ္ၾကားလာသူေလးလည္း ျဖစ္ပါတယ္။ အဆိုပါ ဒရာမာထဲက Homnam ဆိုတဲ့ ဇာတ္ေကာင္အတြက္လည္း ထိုင္းျပည္တြင္းမွာ ဆုေတာ္ေတာ္မ်ားမ်ား ရရိွခဲ့ပါေသးတယ္။

Photo: bow_maylada/ Instagram

Maylada ဟာ ကိုယ္အေလးခ်ိန္ (၅၀)ကီလိုဂရမ္၀န္းက်င္ရိွၿပီး အရပ္အျမင့္ကေတာ့ (၁၇၆)စင္တီမီတာ ရိွပါတယ္။ ေပနဲ႔တြက္ရင္ေတာ့ ငါးေပ ကိုးလက္မေလာက္ ရိွပါတယ္။ ေမထုန္(Gemini)ရာသီဖြားေလးျဖစ္ၿပီး ဓာတ္ပုံရိုက္တာ၊ သီခ်င္းဆိုတာနဲ႔ ပန္းခ်ီဆြဲတာေတြကို ၀ါသနာပါပါသတဲ့။ ပညာအရည္အခ်င္းအေနနဲ႔ကေတာ့ Ramkhamhaeng University မွာ တက္ေရာက္ေနတယ္လို႔ သိရပါတယ္။

Photo: bow_maylada/ Instagram

အားလုံးသိခ်င္ေနၾကမယ့္ ေနာက္ထပ္အခ်က္တစ္ခ်က္ကေတာ့ Maylada ေလးရဲ႕ အခ်စ္ေရးပါပဲ။ အၿပံဳးခ်ိဳခ်ိဳေလးနဲ႔ ရွင္းသန္႔ေနတဲ့ အလွတရားကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလး Maylada ဟာ လက္ရိွမွာေတာ့ ခ်စ္သူမရိွဘဲ တစ္ကိုယ္တည္း ဆင္ဂယ္လ္ျဖစ္ပါတယ္။

Photo: bow_maylada/ Instagram

Maylada ဟာ ယခု ၂၀၁၉ခုႏွစ္မွာ ရုံတင္ခဲ့တဲ့ London Sweeties ဇာတ္ကားေလးနဲ႔ ႏိုင္ငံတကာက ပရိသတ္ေတြပါ ရရိွလာၿပီမို႔ ေနာင္အနာဂတ္မွာလည္း သူမရဲ႕ ဇာတ္ကားေကာငး္ေတြကို ထပ္မံၾကည့္ရႈခံစားၾကရဦးမယ္ဆိုတာ ေမွ်ာ္လင့္ရင္း … ။

LaNina

Ref: wikipedia

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular