Horror Archives - San Yit Wine https://sanyitwine.com/category/horror/ Wed, 15 Mar 2023 04:28:17 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Horror Archives - San Yit Wine https://sanyitwine.com/category/horror/ 32 32 Protected: ဂရိဒဏ္ဍာရီထဲက အကျော်ကြားဆုံး မွန်းစတားကြီး Minotaur https://sanyitwine.com/minotaur-history-in-greek-mythology/?utm_source=rss&utm_medium=rss&utm_campaign=minotaur-history-in-greek-mythology Wed, 15 Mar 2023 04:28:04 +0000 https://sanyitwine.com/?p=37763 There is no excerpt because this is a protected post.

The post Protected: ဂရိဒဏ္ဍာရီထဲက အကျော်ကြားဆုံး မွန်းစတားကြီး Minotaur appeared first on San Yit Wine.

]]>

This content is password protected. To view it please enter your password below:

The post Protected: ဂရိဒဏ္ဍာရီထဲက အကျော်ကြားဆုံး မွန်းစတားကြီး Minotaur appeared first on San Yit Wine.

]]>
IMDb အမြင့်ဆုံး နတ်ဆိုးအရုပ် လူသတ်ဇာတ်ကားများ  https://sanyitwine.com/doll-movies-you-should-watch/?utm_source=rss&utm_medium=rss&utm_campaign=doll-movies-you-should-watch Sat, 19 Sep 2020 11:59:36 +0000 https://sanyitwine.com/?p=9557 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ လူတွေဟာ တခါတလေမှာ သဘာဝမကျဘဲ ထူးဆန်းတဲ့ အရုပ်တွေကို စွဲလမ်းတတ်ကြပါတယ်။ ဒီထဲမှာ ရှားပါးတဲ့ အရုပ်စုဆောင်းမှုတွေနဲ့ ကလေးဘဝရဲ့ အကြောက်တရားတွေကို ရောင်ပြန်ဟပ်စေတဲ့ အရုပ်မျိုးတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် လူတွေရဲ့ မကောင်းတဲ့ အမှတ်တရတွေ၊ စိတ်မသက်မသာဖြစ်စေတဲ့ အခြေအနေတွေနဲ့ ခြောက်ခြားဖွယ် ပုံတူအရုပ်တွေကို အရုပ်ဈေးကွက်တွေမှာ စီးပွားရေးအရ ထုတ်လုပ်လာကြပါတယ်။ ဒီလိုခံစားချက်တွေကြောင့် horror ရုပ်ရှင်ဖန်တီးသူတွေရဲ့ စိတ်ကူးနဲ့ မကောင်းဆိုးဝါး အရုပ်ဇာတ်လမ်းတွေကို ဖန်တီးလာကြတာကို တစ်ကမ္ဘာလုံးရဲ့ သမိုင်းမှာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ လူသတ်အရုပ်ဇာတ်ကားများဟာ Horror အမျိုးအစားမှာ မရိုးနိုင်တဲ့ ဇာတ်ကားများ ဖြစ်ပါတယ်။ ယခုတင်ဆက်ပေးမှာကတော့ IMDb အရ အကောင်းဆုံး လူသတ်အရုပ်ဇာတ်ကားများ ဖြစ်ပါတယ်။ Puppet Master ရုပ်သေးဆရာကြီး Toulon  […]

The post IMDb အမြင့်ဆုံး နတ်ဆိုးအရုပ် လူသတ်ဇာတ်ကားများ  appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတွေဟာ တခါတလေမှာ သဘာဝမကျဘဲ ထူးဆန်းတဲ့ အရုပ်တွေကို စွဲလမ်းတတ်ကြပါတယ်။ ဒီထဲမှာ ရှားပါးတဲ့ အရုပ်စုဆောင်းမှုတွေနဲ့ ကလေးဘဝရဲ့ အကြောက်တရားတွေကို ရောင်ပြန်ဟပ်စေတဲ့ အရုပ်မျိုးတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် လူတွေရဲ့ မကောင်းတဲ့ အမှတ်တရတွေ၊ စိတ်မသက်မသာဖြစ်စေတဲ့ အခြေအနေတွေနဲ့ ခြောက်ခြားဖွယ် ပုံတူအရုပ်တွေကို အရုပ်ဈေးကွက်တွေမှာ စီးပွားရေးအရ ထုတ်လုပ်လာကြပါတယ်။ ဒီလိုခံစားချက်တွေကြောင့် horror ရုပ်ရှင်ဖန်တီးသူတွေရဲ့ စိတ်ကူးနဲ့ မကောင်းဆိုးဝါး အရုပ်ဇာတ်လမ်းတွေကို ဖန်တီးလာကြတာကို တစ်ကမ္ဘာလုံးရဲ့ သမိုင်းမှာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ လူသတ်အရုပ်ဇာတ်ကားများဟာ Horror အမျိုးအစားမှာ မရိုးနိုင်တဲ့ ဇာတ်ကားများ ဖြစ်ပါတယ်။ ယခုတင်ဆက်ပေးမှာကတော့ IMDb အရ အကောင်းဆုံး လူသတ်အရုပ်ဇာတ်ကားများ ဖြစ်ပါတယ်။

Puppet Master
Photo Via Screenrant

ရုပ်သေးဆရာကြီး Toulon  ဟာ ပြောင်မြောက်တဲ့ ရုပ်သေးရုပ်တွေကို ဖန်တီးသူဖြစ်ပြီး သူ့ရဲ့အရုပ်တွေမှာလည်း ကိုယ်စီအသက်ရှိနေကြပါတယ်။ ဒါကြောင့်ပဲ ဖန်တီးသူကိုယ်တိုင်က အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ထူးခြားတဲ့ စိတ်စွမ်းအားရှိတဲ့ အဖွဲ့တစ်ဖွဲ့ ဟာ Toulon ရဲ့ အတိတ်ကို စတင်လေ့လာကြတဲ့အချိန်မှာ ရုပ်သေးရုပ်တွေဟာ အသက်ဝင်လာပြီးတော့ သူတို့ချစ်ရတဲ့ ရုပ်သေးဖန်တီးရှင် ဖခင်ကြီးရဲ့ သေဆုံးမှုအတွက် ကလဲ့စားချေဖို့ ကြိုးစားကြပါတော့တယ်။

Puppet Master ဇာတ်ကားကို ထုတ်လုပ်တာကတော့ Full Moon Production မှဖြစ်ပြီး ဒါရိုက်တာကတော့ Charles Band ဖြစ်ပါတယ်။ ဒီထုတ်လုပ်ရေးက ဇာတ်ကားအများစုဟာ ဟိုးလေးတကျော် နာမည်မကြီးပေမယ့် ကုမ္ပဏီရဲ့ ကြီးမားတဲ့ အောင်မြင်မှုဟာ Puppet Master လို့ သတ်မှတ်နိုင်ပါတယ်။ ၁၉၈၉ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb  5.7 ရရှိထားပါတယ်။

The Doll Master
Photo via AsianWiki

ကိုရီးယား horror ရုပ်ရှင်ဖြစ်တဲ့ The Doll Master ကတော့ ၂၀၀၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 5.8 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူငယ်ငါးယောက်ဟာ တောထဲက ရုပ်သေးပြတိုက်တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ရာက စတင်ပါတယ်။ အဲဒီနေရာမှာတော့ ဝှီးချဲနဲ့လူတစ်ယောက်အပြင် သူ့ရဲ့ ထူးဆန်းတဲ့ လက်ထောက်တစ်ယောက်သာ နေထိုင်ပါတယ်။

အဲ့ဒီအဖွဲ့ဟာ ပြတိုက်ရဲ့ မြေအောက်ခန်းမှာ ချိန်းကြိုးနဲ့ ဆွဲထားတဲ့ လျှို့ဝှက်ထူးဆန်းတဲ့ အရာတစ်ခုကို မြင်တွေ့ပြီးနောက်မှာတော့ အရုပ်စုဆောင်းသူနဲ့ သူ့အရုပ်တွေရဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို တဖြည်းဖြည်း ကြုံတွေ့လာရပါတော့တယ်။ The Doll Master ဇာတ်ကားမှာတော့ ဒီလူသတ်အရုပ်တွေအပြင် လှည့်ကွက်တွေ ပါဝင်တာကြောင့် ကြည့်ရှုသူတွေအတွက် သေချာပေါက် Horror ရသကို ခံစားရစေမှာ ဖြစ်ပါတယ်။

The Pit
Photo Via Screenrant

ဒီဇာတ်ကားကတော့ ၁၉၈၁ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb 5.8 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ သွေးဆာနေတဲ့ အမျိုးအမည်မသိ အကောင်တွေရှိတဲ့ တွင်းကြီးတစ်တွင်းကို တောထဲမှာ အမှတ်မထင် တွေ့ရှိခဲ့ပါတယ်။ ဒီမှာတင် ကောင်လေးဟာ သူ့ပတ်ဝန်းကျင်က လူတစ်ချို့ကို ကလဲ့စားချေဖို့အတွက် အဲ့ဒီတွင်းကြီးကို အသုံးချပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့မွှေးပွဝက်ဝံရုပ်လေးက အဲ့ဒီ့တွင်းထဲကို လူတွေ ထပ်ပြီးကျွေးဖို့ သူ့ကို ခိုင်းစေနေသလို သူ့စိတ်မှာ စွဲလမ်းလာတဲ့အခါမှာတော့ … ။

The Boy
Photo Via Screenrant

ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 6.0 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် နာနီအမျိုးသမီးကြီးတစ်ယောက်ဟာ ဗြိတိန်ရဲ့ နာမည်ကြီး မိသားစုတစ်ခုက အရုပ်တစ်ရုပ်ကို စောင့်ရှောက်ဖို့ အလုပ်လှမ်းခေါ်တဲ့အခါမှာ အံ့ဩတကြီး ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ အလုပ်လက်ခံပြီးတဲ့ နာနီကြီးဟာ အဲ့ဒီ့ကြောက်စရာ ကြွေအရုပ်နဲ့ အချိန်များများ အတူနေကြည့်လာလေ၊ အဲ့ဒီ့ထဲမှာ မကောင်းဆိုးဝါးတစ်ခုခု ရှိနေတယ်လို့ ထင်မိလာလေ ဖြစ်လာပါတယ်။

ကျောချမ်းစရာ အငွေ့အသက်တွေအပြည့်နဲ့ The Boy ရုပ်ရှင်ဟာ ကလေးထိန်းနဲ့ ကလေးပုံစံ အရုပ်ကြားက သာမန်မဟုတ်တဲ့ ဆက်ဆံရေးကို ထိတ်လန့်ဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကား ထုတ်လုပ်ရေးအဖွဲ့ကလည်း နက်နဲတဲ့ လှည့်ကွက်တွေ၊ twist တွေနဲ့ လူသတ်အရုပ်လေးဖြစ်ကြောင်း ထပ်လောင်း ပြောဆိုထားပါသေးတယ်။

Dead Silence
Photo Via Screenrant

ဒီဇာတ်ကားကတော့ မကောင်းဆိုးဝါး ရုပ်သေးရုပ်ကားဖြစ်ပြီး ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ IMDb ကတော့ 6.2 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူငယ်တစ်ယောက်ဟာ သူ့ဇနီးသေဆုံးတဲ့အချိန်မှာ မြို့ငယ်လေးကို ပြန်လာခဲ့ပါတယ်။ သူ့ဇနီး သေဆုံးရတဲ့ကိစ္စကို စုံစမ်းရာက လက်ထိုးရုပ်တစ်ရုပ်မှာ ပူးကပ်ပြီး လူတွေလိုက်သတ်နေတဲ့ မကောင်းဆိုးဝါးအကြောင်းကို ခြေရာခံမိသွားပါတယ်။

ဒီကားရဲ့ ဒါရိုက်တာကတော့ Saw ၊ Conjuring စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ James Wan ဖြစ်ပါတယ်။ Dead Silence ရုပ်ရှင်ကတော့ James Wan ရဲ့ အခြားရုပ်ရှင်တွေနဲ့ ယှဉ်လိုက်ရင် သိပ်မပေါက်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့စတိုင်လ်အတိုင်းပဲ ထိတ်လန့်ဖွယ် အငွေ့အသက်တွေကြားက jump scares တွေကတော့ ဒီကားမှာလည်း ပါဝင်ပါတယ်။

Annabelle Creation
Photo Via Screenrant

Annabelle Creation ဟာ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 6.5 ရရှိထားတဲ့ horror ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားဟာ နတ်ဆိုးဝင်ပူးနေတဲ့ အရုပ်ရဲ့ ခြောက်လှန့်မှုကို ရိုက်ပြခဲ့တဲ့ ပထမဇာတ်ကား Annabelle ရဲ့အဆက်လည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Samuel နဲ့ Elle ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့သမီးလေးရဲ့ ဝိဉာဉ်ကို အရုပ်မတစ်ရုပ်ထဲမှာ ထည့်သွင်းဖို့ ကြိုးစားပြီးနောက် အထဲကို တကယ်ဝင်သွားတာဟာ နတ်ဆိုးမိစ္ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာမြင့်ပြီးတဲ့အခါ အဲ့ဒီ့ဇနီးမောင်နှံဟာ သူတို့နေထိုင်ခဲ့တဲ့အိမ်ကို မိဘမဲ့ဂေဟာလုပ်ဖို့ ခရစ်ယာန်သီလရှင်တစ်ပါးဆီ အပ်လိုက်ပါတယ်။ ဖြစ်ချင်တော့ အိမ်ကိုရောက်လာတဲ့ မိဘမဲ့ကောင်မလေး ခြောက်ယောက်ထဲက တစ်ယောက်ဟာ အဆိုပါဝိဉာဉ်ပူးကပ်နေတဲ့ အရုပ်မကို ရှာတွေ့သွားပါတော့တယ်။

Child’s Play
Photo Via Screenrant

လူသတ်တဲ့ နတ်ဆိုးအရုပ်တွေထဲမှာတော့ Child’s play ဇာတ်ကားထဲက Chucky အရုပ်ဟာ စီနီယာကျတဲ့ ဘိုးအေကြီးလို့ ပြောရမှာပါ။ မူလဇာတ်ကားဟာ ၁၉၈၈ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားပါတယ်။ အဆိုပါ မူရင်းဇာတ်ကားဟာ ၁၉၈၀ပြည့်နှစ်များရဲ့ အမှတ်တရ လူသတ်နတ်ဆိုးအရုပ်အဖြစ် ထင်ကျန်နေခဲ့ပြီး လူကြိုက်အများဆုံး ဇာတ်ကောင်လည်း ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားသာ မထွက်ခဲ့ဘူးဆိုရင် လူသတ်အရုပ်ဇာတ်ကားတွေ ထွက်လာဖို့ဆိုတာ အတော်လေး ခက်ခဲခဲ့မှာပါ။

နောက်ပိုင်းမှာလည်း နောက်ဆက်တွဲ Child’s Play ဇာတ်ကားတွေ ထွက်ရှိခဲ့ပေမယ့် မူရင်းဇာတ်ကားကတော့ အပြောင်မြောက်ဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ Chucky နေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသား Brad Douriff ဟာလည်း ဒီဇာတ်ကားနဲ့ နာမည်ကြီးခဲ့ပြီး သူ့ရဲ့ခြောက်ခြားစရာကောင်းတဲ့အသံနဲ့ ကျောချမ်းစရာ ဒိုင်ယာလော့ခ်တွေဟာလည်း Horror ဝါသနာအိုးတွေအတွက် မမေ့နိုင်စရာပါပဲ။

Magic
photo via screenrant

၁၉၇၈ခုနှစ်က ထွက်ရှိထားတဲ့ဇာတ်ကားဖြစ်ပြီး လူသတ်အရုပ် ဇာတ်ကားတွေထဲမှာ IMDb rating အမြင့်ဆုံးအဖြစ် 6.8 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မအောင်မြင်တဲ့ မျက်လှည့်ဆရာ Corky ဟာ အရုပ်ကိုသုံးပြီး အသံတုနဲ့ ဖျော်ဖြေရတဲ့ တင်ဆက်မှုအသစ်ကို ကြိုးစားနေပါတယ်။ သူ့အရုပ်ရဲ့နာမည်ကတော့ Fats လို့ အမည်ရပါတယ်။ ဒီလိုနဲ့ပဲ သူ သတိမထားမိလိုက်ခင်မှာပဲ Corky ဟာ ရုပ်မြင်သံကြားက ရှိုးတစ်ခုမှာ Fats နဲ့အတူ ဖျော်ဖြေဖို့ ကမ်းလှမ်းခံလိုက်ရပါတယ်။

ရှိုးမှာ ပါဝင်ဖို့အတွက် စိတ်ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ လိုလာတဲ့အခါ သူ့ကိုယ်သူ စစ်ဆေးမှုကို မအောင်မြင်လောက်ဘူးလို့ ထင်သွားတဲ့ Corky ဟာ သူ့ရဲ့အရုပ် Fats နဲ့အတူ ဇာတိမြို့လေးကို ထွက်ပြေးလာခဲ့ပါတယ်။ အဲ့ဒီ့မှာတော့ အထက်တန်းကျောင်းတုန်းက သူချစ်ခဲ့ရတဲ့ မိန်းကလေး Peggy နဲ့ ပြန်သွားတွေ့ပါတယ်။ ဒီမှာတင် Corky ဟာ မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကနေ ရုန်းထွက်ဖို့ Peggy ကို စည်းရုံးပါတော့တယ်။ Peggy နဲ့ ပတ်သက်ချင်နေတဲ့ Corky ရဲ့ ဆန္ဒကို အရုပ်ကလေး Fats က သဘောမတူတဲ့အခါမှာတော့ … ။ မင်းသားကြီး Anthony Hopkins ငယ်ငယ်က ဇာတ်ကားမို့ မကြည့်ရသေးရင် ကြည့်ရှုဖို့ တိုက်တွန်းပါတယ်။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူေတြဟာ တခါတေလမွာ သဘာဝမက်ဘဲ ထူးဆန္းတဲ့ အ႐ုပ္ေတြကို စြဲလမ္းတတ္ၾကပါတယ္။ ဒီထဲမွာ ရွားပါးတဲ့ အ႐ုပ္စုေဆာင္းမႈေတြနဲ႔ ကေလးဘဝရဲ႕ အေၾကာက္တရားေတြကို ေရာင္ျပန္ဟပ္ေစတဲ့ အ႐ုပ္မ်ိဳးေတြ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ လူေတြရဲ႕ မေကာင္းတဲ့ အမွတ္တရေတြ၊ စိတ္မသက္မသာျဖစ္ေစတဲ့ အေျခအေနေတြနဲ႔ ေျခာက္ျခားဖြယ္ ပုံတူအ႐ုပ္ေတြကို အ႐ုပ္ေဈးကြက္ေတြမွာ စီးပြားေရးအရ ထုတ္လုပ္လာၾကပါတယ္။ ဒီလိုခံစားခ်က္ေတြေၾကာင့္ horror ႐ုပ္ရွင္ဖန္တီးသူေတြရဲ႕ စိတ္ကူးနဲ႔ မေကာင္းဆိုးဝါး အ႐ုပ္ဇာတ္လမ္းေတြကို ဖန္တီးလာၾကတာကို တစ္ကမာၻလုံးရဲ႕ သမိုင္းမွာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ပဲ လူသတ္အ႐ုပ္ဇာတ္ကားမ်ားဟာ Horror အမ်ိဳးအစားမွာ မ႐ိုးႏိုင္တဲ့ ဇာတ္ကားမ်ား ျဖစ္ပါတယ္။ ယခုတင္ဆက္ေပးမွာကေတာ့ IMDb အရ အေကာင္းဆုံး လူသတ္အ႐ုပ္ဇာတ္ကားမ်ား ျဖစ္ပါတယ္။

Puppet Master
Photo Via Screenrant

႐ုပ္ေသးဆရာႀကီး Toulon  ဟာ ေျပာင္ေျမာက္တဲ့ ႐ုပ္ေသး႐ုပ္ေတြကို ဖန္တီးသူျဖစ္ၿပီး သူ႔ရဲ႕အ႐ုပ္ေတြမွာလည္း ကိုယ္စီအသက္ရွိေနၾကပါတယ္။ ဒါေၾကာင့္ပဲ ဖန္တီးသူကိုယ္တိုင္က အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ ဒီလိုနဲ႔ ထူးျခားတဲ့ စိတ္စြမ္းအားရွိတဲ့ အဖြဲ႕တစ္ဖြဲ႕ ဟာ Toulon ရဲ႕ အတိတ္ကို စတင္ေလ့လာၾကတဲ့အခ်ိန္မွာ ႐ုပ္ေသး႐ုပ္ေတြဟာ အသက္ဝင္လာၿပီးေတာ့ သူတို႔ခ်စ္ရတဲ့ ႐ုပ္ေသးဖန္တီးရွင္ ဖခင္ႀကီးရဲ႕ ေသဆုံးမႈအတြက္ ကလဲ့စားေခ်ဖို႔ ႀကိဳးစားၾကပါေတာ့တယ္။

Puppet Master ဇာတ္ကားကို ထုတ္လုပ္တာကေတာ့ Full Moon Production မွျဖစ္ၿပီး ဒါ႐ိုက္တာကေတာ့ Charles Band ျဖစ္ပါတယ္။ ဒီထုတ္လုပ္ေရးက ဇာတ္ကားအမ်ားစုဟာ ဟိုးေလးတေက်ာ္ နာမည္မႀကီးေပမယ့္ ကုမၸဏီရဲ႕ ႀကီးမားတဲ့ ေအာင္ျမင္မႈဟာ Puppet Master လို႔ သတ္မွတ္ႏိုင္ပါတယ္။ ၁၉၈၉ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb  5.7 ရရွိထားပါတယ္။

The Doll Master
Photo Via AsianWiki

ကိုရီးယား horror ႐ုပ္ရွင္ျဖစ္တဲ့ The Doll Master ကေတာ့ ၂၀၀၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 5.8 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူငယ္ငါးေယာက္ဟာ ေတာထဲက ႐ုပ္ေသးျပတိုက္တစ္ခုကို အမွတ္မထင္ ေတြ႕ရွိခဲ့ရာက စတင္ပါတယ္။ အဲဒီေနရာမွာေတာ့ ဝွီးခ်ဲနဲ႔လူတစ္ေယာက္အျပင္ သူ႔ရဲ႕ ထူးဆန္းတဲ့ လက္ေထာက္တစ္ေယာက္သာ ေနထိုင္ပါတယ္။

အဲ့ဒီအဖြဲ႕ဟာ ျပတိုက္ရဲ႕ ေျမေအာက္ခန္းမွာ ခ်ိန္းႀကိဳးနဲ႔ ဆြဲထားတဲ့ လွ်ိဳ႕ဝွက္ထူးဆန္းတဲ့ အရာတစ္ခုကို ျမင္ေတြ႕ၿပီးေနာက္မွာေတာ့ အ႐ုပ္စုေဆာင္းသူနဲ႔ သူ႔အ႐ုပ္ေတြရဲ႕ သဘာဝလြန္ျဖစ္ရပ္ေတြကို တျဖည္းျဖည္း ႀကဳံေတြ႕လာရပါေတာ့တယ္။ The Doll Master ဇာတ္ကားမွာေတာ့ ဒီလူသတ္အ႐ုပ္ေတြအျပင္ လွည့္ကြက္ေတြ ပါဝင္တာေၾကာင့္ ၾကည့္ရႈသူေတြအတြက္ ေသခ်ာေပါက္ Horror ရသကို ခံစားရေစမွာ ျဖစ္ပါတယ္။

The Pit
Photo Via Screenrant

ဒီဇာတ္ကားကေတာ့ ၁၉၈၁ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb 5.8 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေကာင္ေလးတစ္ေယာက္ဟာ ေသြးဆာေနတဲ့ အမ်ိဳးအမည္မသိ အေကာင္ေတြရွိတဲ့ တြင္းႀကီးတစ္တြင္းကို ေတာထဲမွာ အမွတ္မထင္ ေတြ႕ရွိခဲ့ပါတယ္။ ဒီမွာတင္ ေကာင္ေလးဟာ သူ႔ပတ္ဝန္းက်င္က လူတစ္ခ်ိဳ႕ကို ကလဲ့စားေခ်ဖို႔အတြက္ အဲ့ဒီတြင္းႀကီးကို အသုံးခ်ပါေတာ့တယ္။ ဒီလိုနဲ႔ သူ႔ရဲ႕ေမႊးပြဝက္ဝံ႐ုပ္ေလးက အဲ့ဒီ့တြင္းထဲကို လူေတြ ထပ္ၿပီးေကြၽးဖို႔ သူ႔ကို ခိုင္းေစေနသလို သူ႔စိတ္မွာ စြဲလမ္းလာတဲ့အခါမွာေတာ့ … ။

The Boy
Photo Via Screenrant

ဒီဇာတ္ကားဟာ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 6.0 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အေမရိကန္ နာနီအမ်ိဳးသမီးႀကီးတစ္ေယာက္ဟာ ၿဗိတိန္ရဲ႕ နာမည္ႀကီး မိသားစုတစ္ခုက အ႐ုပ္တစ္႐ုပ္ကို ေစာင့္ေရွာက္ဖို႔ အလုပ္လွမ္းေခၚတဲ့အခါမွာ အံ့ဩတႀကီး ျဖစ္ခဲ့ရပါတယ္။ ဒီလိုနဲ႔ အလုပ္လက္ခံၿပီးတဲ့ နာနီႀကီးဟာ အဲ့ဒီ့ေၾကာက္စရာ ေႂကြအ႐ုပ္နဲ႔ အခ်ိန္မ်ားမ်ား အတူေနၾကည့္လာေလ၊ အဲ့ဒီ့ထဲမွာ မေကာင္းဆိုးဝါးတစ္ခုခု ရွိေနတယ္လို႔ ထင္မိလာေလ ျဖစ္လာပါတယ္။

ေက်ာခ်မ္းစရာ အေငြ႕အသက္ေတြအျပည့္နဲ႔ The Boy ႐ုပ္ရွင္ဟာ ကေလးထိန္းနဲ႔ ကေလးပုံစံ အ႐ုပ္ၾကားက သာမန္မဟုတ္တဲ့ ဆက္ဆံေရးကို ထိတ္လန႔္ဖြယ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဇာတ္ကား ထုတ္လုပ္ေရးအဖြဲ႕ကလည္း နက္နဲတဲ့ လွည့္ကြက္ေတြ၊ twist ေတြနဲ႔ လူသတ္အ႐ုပ္ေလးျဖစ္ေၾကာင္း ထပ္ေလာင္း ေျပာဆိုထားပါေသးတယ္။

Dead Silence
Photo Via Screenrant

ဒီဇာတ္ကားကေတာ့ မေကာင္းဆိုးဝါး ႐ုပ္ေသး႐ုပ္ကားျဖစ္ၿပီး ၂၀၀၇ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။ IMDb ကေတာ့ 6.2 ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လူငယ္တစ္ေယာက္ဟာ သူ႔ဇနီးေသဆုံးတဲ့အခ်ိန္မွာ ၿမိဳ႕ငယ္ေလးကို ျပန္လာခဲ့ပါတယ္။ သူ႔ဇနီး ေသဆုံးရတဲ့ကိစၥကို စုံစမ္းရာက လက္ထိုး႐ုပ္တစ္႐ုပ္မွာ ပူးကပ္ၿပီး လူေတြလိုက္သတ္ေနတဲ့ မေကာင္းဆိုးဝါးအေၾကာင္းကို ေျခရာခံမိသြားပါတယ္။

ဒီကားရဲ႕ ဒါ႐ိုက္တာကေတာ့ Saw ၊ Conjuring စတဲ့ ဇာတ္ကားေတြနဲ႔ နာမည္ႀကီးတဲ့ James Wan ျဖစ္ပါတယ္။ Dead Silence ႐ုပ္ရွင္ကေတာ့ James Wan ရဲ႕ အျခား႐ုပ္ရွင္ေတြနဲ႔ ယွဥ္လိုက္ရင္ သိပ္မေပါက္ခဲ့ဘူးလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕စတိုင္လ္အတိုင္းပဲ ထိတ္လန႔္ဖြယ္ အေငြ႕အသက္ေတြၾကားက jump scares ေတြကေတာ့ ဒီကားမွာလည္း ပါဝင္ပါတယ္။

Annabelle Creation
Photo Via Screenrant

Annabelle Creation ဟာ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 6.5 ရရွိထားတဲ့ horror ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဒီကားဟာ နတ္ဆိုးဝင္ပူးေနတဲ့ အ႐ုပ္ရဲ႕ ေျခာက္လွန႔္မႈကို ႐ိုက္ျပခဲ့တဲ့ ပထမဇာတ္ကား Annabelle ရဲ႕အဆက္လည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Samuel နဲ႔ Elle ဆိုတဲ့ ဇနီးေမာင္ႏွံႏွစ္ဦးဟာ သူတို႔သမီးေလးရဲ႕ ဝိဉာဥ္ကို အ႐ုပ္မတစ္႐ုပ္ထဲမွာ ထည့္သြင္းဖို႔ ႀကိဳးစားၿပီးေနာက္ အထဲကို တကယ္ဝင္သြားတာဟာ နတ္ဆိုးမိစာၦျဖစ္ေနေၾကာင္း သိလိုက္ရပါတယ္။ ဒီလိုနဲ႔ ႏွစ္ေတြၾကာျမင့္ၿပီးတဲ့အခါ အဲ့ဒီ့ဇနီးေမာင္ႏွံဟာ သူတို႔ေနထိုင္ခဲ့တဲ့အိမ္ကို မိဘမဲ့ေဂဟာလုပ္ဖို႔ ခရစ္ယာန္သီလရွင္တစ္ပါးဆီ အပ္လိုက္ပါတယ္။ ျဖစ္ခ်င္ေတာ့ အိမ္ကိုေရာက္လာတဲ့ မိဘမဲ့ေကာင္မေလး ေျခာက္ေယာက္ထဲက တစ္ေယာက္ဟာ အဆိုပါဝိဉာဥ္ပူးကပ္ေနတဲ့ အ႐ုပ္မကို ရွာေတြ႕သြားပါေတာ့တယ္။

Child’s Play
Photo Via Screenrant

လူသတ္တဲ့ နတ္ဆိုးအ႐ုပ္ေတြထဲမွာေတာ့ Child’s play ဇာတ္ကားထဲက Chucky အ႐ုပ္ဟာ စီနီယာက်တဲ့ ဘိုးေအႀကီးလို႔ ေျပာရမွာပါ။ မူလဇာတ္ကားဟာ ၁၉၈၈ခုႏွစ္က ထြက္ရွိခဲ့ၿပီး IMDb 6.6 ရရွိထားပါတယ္။ အဆိုပါ မူရင္းဇာတ္ကားဟာ ၁၉၈၀ျပည့္ႏွစ္မ်ားရဲ႕ အမွတ္တရ လူသတ္နတ္ဆိုးအ႐ုပ္အျဖစ္ ထင္က်န္ေနခဲ့ၿပီး လူႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္လည္း ျဖစ္ခဲ့ပါတယ္။ ဒီဇာတ္ကားသာ မထြက္ခဲ့ဘူးဆိုရင္ လူသတ္အ႐ုပ္ဇာတ္ကားေတြ ထြက္လာဖို႔ဆိုတာ အေတာ္ေလး ခက္ခဲခဲ့မွာပါ။

ေနာက္ပိုင္းမွာလည္း ေနာက္ဆက္တြဲ Child’s Play ဇာတ္ကားေတြ ထြက္ရွိခဲ့ေပမယ့္ မူရင္းဇာတ္ကားကေတာ့ အေျပာင္ေျမာက္ဆုံးလို႔ ဆိုရမွာ ျဖစ္ပါတယ္။ Chucky ေနရာမွာ အသံသ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Brad Douriff ဟာလည္း ဒီဇာတ္ကားနဲ႔ နာမည္ႀကီးခဲ့ၿပီး သူ႔ရဲ႕ေျခာက္ျခားစရာေကာင္းတဲ့အသံနဲ႔ ေက်ာခ်မ္းစရာ ဒိုင္ယာေလာ့ခ္ေတြဟာလည္း Horror ဝါသနာအိုးေတြအတြက္ မေမ့ႏိုင္စရာပါပဲ။

Magic
photo via screenrant

၁၉၇၈ခုႏွစ္က ထြက္ရွိထားတဲ့ဇာတ္ကားျဖစ္ၿပီး လူသတ္အ႐ုပ္ ဇာတ္ကားေတြထဲမွာ IMDb rating အျမင့္ဆုံးအျဖစ္ 6.8 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ မေအာင္ျမင္တဲ့ မ်က္လွည့္ဆရာ Corky ဟာ အ႐ုပ္ကိုသုံးၿပီး အသံတုနဲ႔ ေဖ်ာ္ေျဖရတဲ့ တင္ဆက္မႈအသစ္ကို ႀကိဳးစားေနပါတယ္။ သူ႔အ႐ုပ္ရဲ႕နာမည္ကေတာ့ Fats လို႔ အမည္ရပါတယ္။ ဒီလိုနဲ႔ပဲ သူ သတိမထားမိလိုက္ခင္မွာပဲ Corky ဟာ ႐ုပ္ျမင္သံၾကားက ရႈိးတစ္ခုမွာ Fats နဲ႔အတူ ေဖ်ာ္ေျဖဖို႔ ကမ္းလွမ္းခံလိုက္ရပါတယ္။

ရႈိးမွာ ပါဝင္ဖို႔အတြက္ စိတ္က်န္းမာေရး စစ္ေဆးမႈ ခံယူဖို႔ လိုလာတဲ့အခါ သူ႔ကိုယ္သူ စစ္ေဆးမႈကို မေအာင္ျမင္ေလာက္ဘူးလို႔ ထင္သြားတဲ့ Corky ဟာ သူ႔ရဲ႕အ႐ုပ္ Fats နဲ႔အတူ ဇာတိၿမိဳ႕ေလးကို ထြက္ေျပးလာခဲ့ပါတယ္။ အဲ့ဒီ့မွာေတာ့ အထက္တန္းေက်ာင္းတုန္းက သူခ်စ္ခဲ့ရတဲ့ မိန္းကေလး Peggy နဲ႔ ျပန္သြားေတြ႕ပါတယ္။ ဒီမွာတင္ Corky ဟာ မေပ်ာ္႐ႊင္ရတဲ့ အိမ္ေထာင္ေရးကေန ႐ုန္းထြက္ဖို႔ Peggy ကို စည္း႐ုံးပါေတာ့တယ္။ Peggy နဲ႔ ပတ္သက္ခ်င္ေနတဲ့ Corky ရဲ႕ ဆႏၵကို အ႐ုပ္ကေလး Fats က သေဘာမတူတဲ့အခါမွာေတာ့ … ။ မင္းသားႀကီး Anthony Hopkins ငယ္ငယ္က ဇာတ္ကားမို႔ မၾကည့္ရေသးရင္ ၾကည့္ရႈဖို႔ တိုက္တြန္းပါတယ္။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

The post IMDb အမြင့်ဆုံး နတ်ဆိုးအရုပ် လူသတ်ဇာတ်ကားများ  appeared first on San Yit Wine.

]]>
၂၀၁၉ခုနှစ်ထွက် horror ရုပ်ရှင်တွေထဲက ဝင်ငွေအများဆုံး ရရှိထားတဲ့ရုပ်ရှင်(၇)ကား https://sanyitwine.com/highest-grossing-horror-movies-2019/?utm_source=rss&utm_medium=rss&utm_campaign=highest-grossing-horror-movies-2019 Tue, 02 Jun 2020 10:53:57 +0000 https://sanyitwine.com/?p=5758 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ ၂၀၁၉ခုနှစ်ဟာ Horror ရုပ်ရှင်တွေ အများအပြား ထွက်ရှိခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဘတ်ဂျက် နိုင်နိုင်နင်းနင်းနဲ့ ရိုက်ခဲ့တဲ့ကားတွေ ရှိသလို ဘတ်ဂျက်အနည်းငယ်နဲ့ ကားကောင်းတွေထွက်အောင် ရိုက်ခဲ့တာတွေလည်း ရှိပါတယ်။ သို့ပေမယ့် ထွက်လာတဲ့ ကားတိုင်းကတော့ ငွေကြေးအရ အောင်မြင်မှု ရရှိခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၉ခုနှစ်ရဲ့ တစ်ချို့ horror ဇာတ်ကားတွေဟာ ရုပ်ရှင်ဝေဖန်အကဲဖြတ်သူတွေရဲ့ ချီးကျူးမှုတွေ ရရှိခဲ့ပေမယ့် ငွေကြေးအရမှာတော့ ရုန်းကန်ခဲ့ရတာတွေ ရှိပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ၂၀၁၉ခုနှစ်အတွင်း ထွက်ရှိခဲ့သမျှ Horror ရုပ်ရှင်ဇာတ်ကားတွေထဲက ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ဇာတ်ကား(၇)ကား ဖြစ်ပါတယ်။ (7) Pet Semetary ဒီဇာတ်ကားဟာ Stephen King ရဲ့ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ၁၉၈၀ကျော်လောက်တုန်းကလည်း တစ်ကား […]

The post ၂၀၁၉ခုနှစ်ထွက် horror ရုပ်ရှင်တွေထဲက ဝင်ငွေအများဆုံး ရရှိထားတဲ့ရုပ်ရှင်(၇)ကား appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၁၉ခုနှစ်ဟာ Horror ရုပ်ရှင်တွေ အများအပြား ထွက်ရှိခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဘတ်ဂျက် နိုင်နိုင်နင်းနင်းနဲ့ ရိုက်ခဲ့တဲ့ကားတွေ ရှိသလို ဘတ်ဂျက်အနည်းငယ်နဲ့ ကားကောင်းတွေထွက်အောင် ရိုက်ခဲ့တာတွေလည်း ရှိပါတယ်။ သို့ပေမယ့် ထွက်လာတဲ့ ကားတိုင်းကတော့ ငွေကြေးအရ အောင်မြင်မှု ရရှိခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၉ခုနှစ်ရဲ့ တစ်ချို့ horror ဇာတ်ကားတွေဟာ ရုပ်ရှင်ဝေဖန်အကဲဖြတ်သူတွေရဲ့ ချီးကျူးမှုတွေ ရရှိခဲ့ပေမယ့် ငွေကြေးအရမှာတော့ ရုန်းကန်ခဲ့ရတာတွေ ရှိပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ၂၀၁၉ခုနှစ်အတွင်း ထွက်ရှိခဲ့သမျှ Horror ရုပ်ရှင်ဇာတ်ကားတွေထဲက ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ဇာတ်ကား(၇)ကား ဖြစ်ပါတယ်။

(7) Pet Semetary
photo via screenrant

ဒီဇာတ်ကားဟာ Stephen King ရဲ့ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး ၁၉၈၀ကျော်လောက်တုန်းကလည်း တစ်ကား ထွက်ခဲ့ဖူးပါသေးတယ်။ ၂၀၁၉ခုနှစ်မှာတော့ ဒီဇာတ်ကားကို အသစ်ပြန်ရိုက်ခဲ့ပြီး IMDb (5.7) ရရှိထားပါတယ်။ ဝင်ငွေအနေနဲ့ကတော့ ဒေါ်လာ (၁၁၃.၁)သန်း ရရှိခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ဒေါက်တာ Louis Creed နဲ့ သူ့ရဲ့မိသားစုဟာ မြို့တစ်မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့မွေးထားတဲ့ ကြောင်လေးက မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒါနဲ့ပဲ ကြောင်လေးကို သူတို့အိမ်နားမှာရှိတဲ့ တိရိစ္ဆာန်သင်္ချိုင်းတစ်ခုမှာ မြေမြုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီကြောင်ဟာ ထူးဆန်းစွာပဲ သူတို့အိမ်ကို ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ ထူးဆန်းတာတွေကို ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(6) Zombieland: Double Tap
photo via screenrant

ဒီကားကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Zombieland ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး IMDb (6.7) ရရှိထားပါတယ်။ box-office ဝင်ငွေကတော့ ဒေါ်လာ (၁၂၂.၈)သန်း ရရှိခဲ့ပါတယ်။ ဒီကားဟာ horror ဆိုပေမယ့် ကြောက်စရာ၊ လန့်စရာတွေတင် မဟုတ်ဘဲ ဟာသပါ နှောထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Zombieland မှာ စွန့်စားခန်းတွေ ပြုလုပ်ပြီး ဆယ်နှစ်အကြာမှာ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ဟာ ဆင့်ကဲပြောင်းလဲလာတဲ့ ဇွန်ဘီတွေကို တိုက်ခိုက်ရင်းနဲ့ သူတို့အချင်းချင်းကြားမှာလည်း စိတ်ဓာတ်ရေးရာတိုက်ပွဲတွေကို တိုက်ခိုက်ရပါတော့တယ်။

(5) The Curse of La Llorona
photo via screenrant

ဒီဇာတ်ကားဟာ Conjuring universe ထဲက ရုပ်ရှင်တစ်ကားဖြစ်ပြီး IMDb (5.3) ရရှိထားပါတယ်။ ဘတ်ဂျက် ဒေါ်လာ(၉)သန်းတည်းနဲ့ ရိုက်ကူးခဲ့ပေမယ့် ဝင်ငွေကတော့ ဒေါ်လာ (၁၂၃.၁)သန်း ရရှိခဲ့တာကြောင့် ၂၀၁၉ရဲ့ ဝင်ငွေအများဆုံး horror ဇာတ်ကားစာရင်းမှာ နံပါတ်(၅) ချိတ်နေပါတယ်။

ဇာတ်လမ်းကတော့ Anna ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ကလေးနှစ်ယောက်ကို ထူးဆန်းတဲ့ သဘာဝလွန်ဆွဲအားတစ်ခုက ညို့ငင်နေခဲ့ပြီး နောက်ကနေ လိုက်လံခြောက်လှန့်တဲ့ပုံစံမျိုး ရိုက်ကူးထားတာပါ။ ဗြုန်းခနဲ၊ ဝုန်းခနဲ jump scare တွေနဲ့ ခြောက်တာကလွဲလို့ ဇာတ်ကားရဲ့ အနှစ်သာရ ပီပီပြင်ပြင် မရှိတဲ့ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။

(4) Escape Room
photo via screenrant

ဒီကားကတော့ ပဟေဠိဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb (6.3) ရရှိထားပါတယ်။ ဝင်ငွေကတော့ ဒေါ်လာ (၁၅၅.၇)သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ တစ်ယောက်တစ်နေရာဆီက လာကြတဲ့ လူခြောက်ယောက်ဟာ ဒေါ်လာတစ်သောင်း အနိုင်ရဖို့အတွက် ကစားနည်းတစ်ခုကို ကစားကြရာက စပါတယ်။ အဲ့ဒီကစားနည်းကတော့ စစချင်း အခန်းတစ်ခန်းထဲမှာ လူတွေအကုန်ရှိနေကြပြီးတော့ နောက်ထပ်အခန်းတစ်ခန်းကို သွားဖို့အတွက် ပေးထားတဲ့ အချိန်အတွင်းမှာ သဲလွန်စတွေကို ရှာဖွေရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကစားနည်းကို စတင်ကစားပြီးမှ သိလိုက်ရတဲ့အရာတစ်ခုက သဲလွန်စတွေကို အချိန်မီမရှာနိုင်ရင် ကစားပွဲက ရှုံးရုံတင်မဟုတ်ဘဲ အသက်ပါ ဆုံးရှုံးရမယ်ဆိုတာပါပဲ။

(3) Annabelle Comes Home
photo via screenrant

ဒီကားကတော့ Annabelle trilogy ရဲ့ တတိယမြောက်ကား ဖြစ်ပြီး IMDb (5.9) ရရှိထားပါတယ်။ box-office မှာတော့ ဝင်ငွေ ဒေါ်လာ(၂၃၁.၃)သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Ed နဲ့ Lorraine Warren တို့ မောင်နှံဟာ Annabelle အရုပ်ကို ပိုင်ရှင်တွေဆီကနေ သူတို့အိမ်မှာ သိမ်းထားဖို့အတွက် ယူလာခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူတို့နှစ်ယောက်လုံးက ခရီးတစ်ခုကို ထွက်သွားရပြီး သူတို့ရဲ့သမီးလေးတစ်ယောက်တည်းသာ အိမ်မှာကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်က အိမ်ကို ရောက်လာပြီး လက်ဆော့မှုကြောင့် Annabelle အရုပ်ဟာ ထိန်းချုပ်ထားမှုကနေ လွတ်မြောက်သွားတဲ့အခါမှာတော့ ခြောက်လှန့်မှုတွေကို စတင်ကြုံရပါတော့တယ်။

(2) Us
photo via screenrant

ဒီကားကတော့ တော်တော်လေးကို ထူးခြားတဲ့ကားဖြစ်ပြီး IMDb (6.9) ရရှိထားပါတယ်။ ဝင်ငွေကတော့ ဒေါ်လာ (၂၅၅.၂)သန်းတောင် ရရှိထားလို့ ဝင်ငွေအများဆုံး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဇာတ်လမ်းကတော့ မိသားစုတစ်စုဟာ ကမ်းခြေကို အပျော်ခရီးထွက်ကြရာကနေ စပြီးတော့ ပျော်စရာတွေကနေ ထိတ်လန့်မှုတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ခရီးထွက်တဲ့ နေရာမှာ လူတစ်စုက လာပြီး အကြမ်းဖက်တာ ဖြစ်ပါတယ်။ အဲ့ဒီ့အကြမ်းဖက်တဲ့လူတွေဟာ သူတို့နဲ့ချွတ်စွပ်တူတဲ့လူတွေ ဖြစ်နေတဲ့အခါမှာတော့ … ။

(1) It Chapter 2
photo via screenrant

ဒီဇာတ်ကားကတော့ တော်တော်လေးကို နာမည်ကြီးတဲ့ It ရုပ်ရှင်ဇာတ်ကားရဲ့ ဒုတိယမြောက်ဇာတ်ကား ဖြစ်ပြီးတော့ IMDb (6.6) ရရှိထားပါတယ်။ ဝင်ငွေအနေနဲ့ ဒေါ်လာ(၄၇၃.၁)သန်း ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ ဝင်ငွေအများဆုံး horror ရုပ်ရှင်အနေနဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းကတော့ ပထမဇာတ်ကား ပြီးသွားတဲ့အချိန်ကနေ (၂၇)နှစ်ကြာသွားတဲ့ကာလမှာ loser club ရဲ့ အဖွဲ့ဝင်တွေဟာ တစ်ယောက်တစ်နေရာဆီ ရောက်နေကြပါပြီ။ ဒါပေမဲ့လည်း သူတို့နေခဲ့တဲ့ မြို့လေးမှာ မကောင်းဆိုးဝါး It ကြီးက ပြန်ပေါ်လာတာကြောင့် သူတို့သူငယ်ချင်းတွေ ပြန်စုစည်းပြီး နောက်ထပ်တစ်ကြိမ် It နဲ့ ရင်ဆိုင်ဖို့ ကြိုးစားရပါတော့တယ်။

ဒါကတော့ ၂၀၁၉ခုနှစ် တစ်နှစ်တာအတွင်း ထွက်ရှိခဲ့သမျှ horror ဇာတ်ကားတွေထဲက ငွေကြေးအရ အောင်မြင်မှုအများဆုံး ရခဲ့တဲ့ ဇာတ်ကား(၇)ကားကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေနဲ့ပဲ စာရင်းပြုထားတာ ဖြစ်တဲ့အတွက် ဇာတ်ကားရဲ့ အနှစ်သာရ၊ အနုပညာမြောက်မှုနဲ့ တိုင်းတာရင်တော့ ဒီရလဒ်က တစ်မျိုးတစ်မည် ကွဲပြားနေမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်း … ။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

၂၀၁၉ခုႏွစ္ဟာ Horror ႐ုပ္ရွင္ေတြ အမ်ားအျပား ထြက္ရွိခဲ့တဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ပါတယ္။ ဘတ္ဂ်က္ ႏိုင္ႏိုင္နင္းနင္းနဲ႔ ႐ိုက္ခဲ့တဲ့ကားေတြ ရွိသလို ဘတ္ဂ်က္အနည္းငယ္နဲ႔ ကားေကာင္းေတြထြက္ေအာင္ ႐ိုက္ခဲ့တာေတြလည္း ရွိပါတယ္။ သို႔ေပမယ့္ ထြက္လာတဲ့ ကားတိုင္းကေတာ့ ေငြေၾကးအရ ေအာင္ျမင္မႈ ရရွိခဲ့တာ မဟုတ္ပါဘူး။ ၂၀၁၉ခုႏွစ္ရဲ႕ တစ္ခ်ိဳ႕ horror ဇာတ္ကားေတြဟာ ႐ုပ္ရွင္ေဝဖန္အကဲျဖတ္သူေတြရဲ႕ ခ်ီးက်ဴးမႈေတြ ရရွိခဲ့ေပမယ့္ ေငြေၾကးအရမွာေတာ့ ႐ုန္းကန္ခဲ့ရတာေတြ ရွိပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ ၂၀၁၉ခုႏွစ္အတြင္း ထြက္ရွိခဲ့သမွ် Horror ႐ုပ္ရွင္ဇာတ္ကားေတြထဲက ဝင္ေငြအမ်ားဆုံး ရရွိခဲ့တဲ့ ဇာတ္ကား(၇)ကား ျဖစ္ပါတယ္။

(7) Pet Sematary
photo via screenrant

ဒီဇာတ္ကားဟာ Stephen King ရဲ႕ဝတၳဳကို အေျခခံ ႐ိုက္ကူးထားတာျဖစ္ၿပီး ၁၉၈၀ေက်ာ္ေလာက္တုန္းကလည္း တစ္ကား ထြက္ခဲ့ဖူးပါေသးတယ္။ ၂၀၁၉ခုႏွစ္မွာေတာ့ ဒီဇာတ္ကားကို အသစ္ျပန္႐ိုက္ခဲ့ၿပီး IMDb (5.7) ရရွိထားပါတယ္။ ဝင္ေငြအေနနဲ႔ကေတာ့ ေဒၚလာ (၁၁၃.၁)သန္း ရရွိခဲ့ပါတယ္။

ဇာတ္လမ္းကေတာ့ ေဒါက္တာ Louis Creed နဲ႔ သူ႔ရဲ႕မိသားစုဟာ ၿမိဳ႕တစ္ၿမိဳ႕ကို ေျပာင္းေ႐ြ႕လာခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ သူတို႔ေမြးထားတဲ့ ေၾကာင္ေလးက မေတာ္တဆမႈေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္။ ဒါနဲ႔ပဲ ေၾကာင္ေလးကို သူတို႔အိမ္နားမွာရွိတဲ့ တိရိစာၦန္သခ်ႋဳင္းတစ္ခုမွာ ေျမျမဳပ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီေၾကာင္ဟာ ထူးဆန္းစြာပဲ သူတို႔အိမ္ကို ျပန္ေရာက္လာခဲ့တဲ့အခါမွာေတာ့ ထူးဆန္းတာေတြကို ဆက္လက္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(6) Zombieland: Double Tap
photo via screenrant

ဒီကားကေတာ့ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Zombieland ရဲ႕ ဒုတိယေျမာက္ဇာတ္ကားျဖစ္ၿပီး IMDb (6.7) ရရွိထားပါတယ္။ box-office ဝင္ေငြကေတာ့ ေဒၚလာ (၁၂၂.၈)သန္း ရရွိခဲ့ပါတယ္။ ဒီကားဟာ horror ဆိုေပမယ့္ ေၾကာက္စရာ၊ လန႔္စရာေတြတင္ မဟုတ္ဘဲ ဟာသပါ ေႏွာထားတဲ့ဇာတ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Zombieland မွာ စြန႔္စားခန္းေတြ ျပဳလုပ္ၿပီး ဆယ္ႏွစ္အၾကာမွာ အသက္ရွင္က်န္ရစ္သူ အနည္းငယ္ဟာ ဆင့္ကဲေျပာင္းလဲလာတဲ့ ဇြန္ဘီေတြကို တိုက္ခိုက္ရင္းနဲ႔ သူတို႔အခ်င္းခ်င္းၾကားမွာလည္း စိတ္ဓာတ္ေရးရာတိုက္ပြဲေတြကို တိုက္ခိုက္ရပါေတာ့တယ္။

(5) The Curse Of La Llorona
photo via screenrant

ဒီဇာတ္ကားဟာ Conjuring universe ထဲက ႐ုပ္ရွင္တစ္ကားျဖစ္ၿပီး IMDb (5.3) ရရွိထားပါတယ္။ ဘတ္ဂ်က္ ေဒၚလာ(၉)သန္းတည္းနဲ႔ ႐ိုက္ကူးခဲ့ေပမယ့္ ဝင္ေငြကေတာ့ ေဒၚလာ (၁၂၃.၁)သန္း ရရွိခဲ့တာေၾကာင့္ ၂၀၁၉ရဲ႕ ဝင္ေငြအမ်ားဆုံး horror ဇာတ္ကားစာရင္းမွာ နံပါတ္(၅) ခ်ိတ္ေနပါတယ္။

ဇာတ္လမ္းကေတာ့ Anna ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ သူမရဲ႕ကေလးႏွစ္ေယာက္ကို ထူးဆန္းတဲ့ သဘာဝလြန္ဆြဲအားတစ္ခုက ညိဳ႕ငင္ေနခဲ့ၿပီး ေနာက္ကေန လိုက္လံေျခာက္လွန႔္တဲ့ပုံစံမ်ိဳး ႐ိုက္ကူးထားတာပါ။ ျဗဳန္းခနဲ၊ ဝုန္းခနဲ jump scare ေတြနဲ႔ ေျခာက္တာကလြဲလို႔ ဇာတ္ကားရဲ႕ အႏွစ္သာရ ပီပီျပင္ျပင္ မရွိတဲ့ဇာတ္ကားလို႔လည္း ေျပာလို႔ရပါတယ္။

(4) Escape Room
photo via screenrant

ဒီကားကေတာ့ ပေဟဠိဆန္ဆန္ ဇာတ္ကားတစ္ကားျဖစ္ၿပီး IMDb (6.3) ရရွိထားပါတယ္။ ဝင္ေငြကေတာ့ ေဒၚလာ (၁၅၅.၇)သန္း ရရွိခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ တစ္ေယာက္တစ္ေနရာဆီက လာၾကတဲ့ လူေျခာက္ေယာက္ဟာ ေဒၚလာတစ္ေသာင္း အႏိုင္ရဖို႔အတြက္ ကစားနည္းတစ္ခုကို ကစားၾကရာက စပါတယ္။ အဲ့ဒီကစားနည္းကေတာ့ စစခ်င္း အခန္းတစ္ခန္းထဲမွာ လူေတြအကုန္ရွိေနၾကၿပီးေတာ့ ေနာက္ထပ္အခန္းတစ္ခန္းကို သြားဖို႔အတြက္ ေပးထားတဲ့ အခ်ိန္အတြင္းမွာ သဲလြန္စေတြကို ရွာေဖြရမွာျဖစ္ၿပီး မရွာႏိုင္ရင္ေတာ့ ရႈံးမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီကစားနည္းကို စတင္ကစားၿပီးမွ သိလိုက္ရတဲ့အရာတစ္ခုက သဲလြန္စေတြကို အခ်ိန္မီမရွာႏိုင္ရင္ ကစားပြဲက ရႈံး႐ုံတင္မဟုတ္ဘဲ အသက္ပါ ဆုံးရႈံးရမယ္ဆိုတာပါပဲ။

(3) Annabelle Comes Home
photo via screenrant

ဒီကားကေတာ့ Annabelle trilogy ရဲ႕ တတိယေျမာက္ကား ျဖစ္ၿပီး IMDb (5.9) ရရွိထားပါတယ္။ box-office မွာေတာ့ ဝင္ေငြ ေဒၚလာ(၂၃၁.၃)သန္း ရရွိခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ Ed နဲ႔ Lorraine Warren တို႔ ေမာင္ႏွံဟာ Annabelle အ႐ုပ္ကို ပိုင္ရွင္ေတြဆီကေန သူတို႔အိမ္မွာ သိမ္းထားဖို႔အတြက္ ယူလာခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးက ခရီးတစ္ခုကို ထြက္သြားရၿပီး သူတို႔ရဲ႕သမီးေလးတစ္ေယာက္တည္းသာ အိမ္မွာက်န္ေနခဲ့ပါတယ္။ ဒီလိုနဲ႔ ေကာင္မေလးရဲ႕ သူငယ္ခ်င္းတစ္ေယာက္က အိမ္ကို ေရာက္လာၿပီး လက္ေဆာ့မႈေၾကာင့္ Annabelle အ႐ုပ္ဟာ ထိန္းခ်ဳပ္ထားမႈကေန လြတ္ေျမာက္သြားတဲ့အခါမွာေတာ့ ေျခာက္လွန႔္မႈေတြကို စတင္ႀကဳံရပါေတာ့တယ္။

(2) Us
photo via screenrant

ဒီကားကေတာ့ ေတာ္ေတာ္ေလးကို ထူးျခားတဲ့ကားျဖစ္ၿပီး IMDb (6.9) ရရွိထားပါတယ္။ ဝင္ေငြကေတာ့ ေဒၚလာ (၂၅၅.၂)သန္းေတာင္ ရရွိထားလို႔ ဝင္ေငြအမ်ားဆုံး ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဇာတ္လမ္းကေတာ့ မိသားစုတစ္စုဟာ ကမ္းေျခကို အေပ်ာ္ခရီးထြက္ၾကရာကေန စၿပီးေတာ့ ေပ်ာ္စရာေတြကေန ထိတ္လန႔္မႈေတြ ျဖစ္လာခဲ့ပါတယ္။ သူတို႔ခရီးထြက္တဲ့ ေနရာမွာ လူတစ္စုက လာၿပီး အၾကမ္းဖက္တာ ျဖစ္ပါတယ္။ အဲ့ဒီ့အၾကမ္းဖက္တဲ့လူေတြဟာ သူတို႔နဲ႔ခြၽတ္စြပ္တူတဲ့လူေတြ ျဖစ္ေနတဲ့အခါမွာေတာ့ … ။

(1) It Chapter 2
photo via screenrant

ဒီဇာတ္ကားကေတာ့ ေတာ္ေတာ္ေလးကို နာမည္ႀကီးတဲ့ It ႐ုပ္ရွင္ဇာတ္ကားရဲ႕ ဒုတိယေျမာက္ဇာတ္ကား ျဖစ္ၿပီးေတာ့ IMDb (6.6) ရရွိထားပါတယ္။ ဝင္ေငြအေနနဲ႔ ေဒၚလာ(၄၇၃.၁)သန္း ရရွိထားၿပီး ၂၀၁၉ခုႏွစ္ရဲ႕ ဝင္ေငြအမ်ားဆုံး horror ႐ုပ္ရွင္အေနနဲ႔ ရပ္တည္ေနပါတယ္။ ဇာတ္လမ္းကေတာ့ ပထမဇာတ္ကား ၿပီးသြားတဲ့အခ်ိန္ကေန (၂၇)ႏွစ္ၾကာသြားတဲ့ကာလမွာ loser club ရဲ႕ အဖြဲ႕ဝင္ေတြဟာ တစ္ေယာက္တစ္ေနရာဆီ ေရာက္ေနၾကပါၿပီ။ ဒါေပမဲ့လည္း သူတို႔ေနခဲ့တဲ့ ၿမိဳ႕ေလးမွာ မေကာင္းဆိုးဝါး It ႀကီးက ျပန္ေပၚလာတာေၾကာင့္ သူတို႔သူငယ္ခ်င္းေတြ ျပန္စုစည္းၿပီး ေနာက္ထပ္တစ္ႀကိမ္ It နဲ႔ ရင္ဆိုင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။

ဒါကေတာ့ ၂၀၁၉ခုႏွစ္ တစ္ႏွစ္တာအတြင္း ထြက္ရွိခဲ့သမွ် horror ဇာတ္ကားေတြထဲက ေငြေၾကးအရ ေအာင္ျမင္မႈအမ်ားဆုံး ရခဲ့တဲ့ ဇာတ္ကား(၇)ကားကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဝင္ေငြနဲ႔ပဲ စာရင္းျပဳထားတာ ျဖစ္တဲ့အတြက္ ဇာတ္ကားရဲ႕ အႏွစ္သာရ၊ အႏုပညာေျမာက္မႈနဲ႔ တိုင္းတာရင္ေတာ့ ဒီရလဒ္က တစ္မ်ိဳးတစ္မည္ ကြဲျပားေနမွာ ျဖစ္တဲ့အေၾကာင္း တင္ျပရင္း … ။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

The post ၂၀၁၉ခုနှစ်ထွက် horror ရုပ်ရှင်တွေထဲက ဝင်ငွေအများဆုံး ရရှိထားတဲ့ရုပ်ရှင်(၇)ကား appeared first on San Yit Wine.

]]>
ဂျပန်လူမျိုးတွေ ယုံကြည်ကြတဲ့ ရိုးရာသရဲတစ္ဆေ၊ မကောင်းဆိုးဝါးများ https://sanyitwine.com/japanese-ghosts/?utm_source=rss&utm_medium=rss&utm_campaign=japanese-ghosts Thu, 30 Apr 2020 13:31:11 +0000 https://sanyitwine.com/?p=4635 နိုင်ငံတစ်ခုစီတိုင်းမှာ မကောင်းဆိုးဝါး ဝိဉာဉ်တွေ၊ မိစ္ဆာတွေနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေကိုယ်စီ ရှိကြပါတယ်။ အလားတူပဲ ဂျပန်နိုင်ငံမှာဆိုရင်လည်း ရိုးရာအရရော၊ ဒဏ္ဍာရီပုံပြင်တွေအရရော ယုံကြည်ထားကြတဲ့ မကောင်းဆိုးဝါး၊ သရဲတစ္ဆေတွေ များစွာပဲ ရှိပါတယ်။ အဲ့ဒီ့ထဲကမှ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး မကောင်းဆိုးဝါး၊ သရဲတစ္ဆေတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ (1) အကြောက်တရားကို စားသုံးတဲ့ မကောင်းဆိုးဝါး (BURUBURU) Buruburu ကတော့ သရဲဆိုတာထက် မကောင်းဆိုးဝါးလို့ ပြောရင် ပိုမှန်မယ်လို့ ထင်ပါတယ်။ သူဟာ အကြောက်တရားကို စားသုံးတဲ့ မကောင်းဆိုးဝါး ဖြစ်ပြီး ဂျပန်လူမျိုးတွေ ကြောက်လန့်တဲ့အခါ ထွက်လာတဲ့အသံကို အစွဲပြုပြီး သူ့ရဲ့အမည်ကို ပေးထားတာ ဖြစ်ပါတယ်။ ဒီမကောင်းဆိုးဝါး မွေးဖွားပုံကတော့ ထူးဆန်းပါတယ်။ လူတစ်ယောက်က သူရဲဘောကြောင်စွာ ပြုမူတဲ့အခါ၊ ဒါမှမဟုတ် အရမ်းကြောက်လန့်နေတဲ့အခါမျိုးတွေမှာ ဒီမကောင်းဆိုးဝါးက […]

The post ဂျပန်လူမျိုးတွေ ယုံကြည်ကြတဲ့ ရိုးရာသရဲတစ္ဆေ၊ မကောင်းဆိုးဝါးများ appeared first on San Yit Wine.

]]>
နိုင်ငံတစ်ခုစီတိုင်းမှာ မကောင်းဆိုးဝါး ဝိဉာဉ်တွေ၊ မိစ္ဆာတွေနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေကိုယ်စီ ရှိကြပါတယ်။ အလားတူပဲ ဂျပန်နိုင်ငံမှာဆိုရင်လည်း ရိုးရာအရရော၊ ဒဏ္ဍာရီပုံပြင်တွေအရရော ယုံကြည်ထားကြတဲ့ မကောင်းဆိုးဝါး၊ သရဲတစ္ဆေတွေ များစွာပဲ ရှိပါတယ်။ အဲ့ဒီ့ထဲကမှ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး မကောင်းဆိုးဝါး၊ သရဲတစ္ဆေတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(1) အကြောက်တရားကို စားသုံးတဲ့ မကောင်းဆိုးဝါး (BURUBURU)
photo via grunge

Buruburu ကတော့ သရဲဆိုတာထက် မကောင်းဆိုးဝါးလို့ ပြောရင် ပိုမှန်မယ်လို့ ထင်ပါတယ်။ သူဟာ အကြောက်တရားကို စားသုံးတဲ့ မကောင်းဆိုးဝါး ဖြစ်ပြီး ဂျပန်လူမျိုးတွေ ကြောက်လန့်တဲ့အခါ ထွက်လာတဲ့အသံကို အစွဲပြုပြီး သူ့ရဲ့အမည်ကို ပေးထားတာ ဖြစ်ပါတယ်။

ဒီမကောင်းဆိုးဝါး မွေးဖွားပုံကတော့ ထူးဆန်းပါတယ်။ လူတစ်ယောက်က သူရဲဘောကြောင်စွာ ပြုမူတဲ့အခါ၊ ဒါမှမဟုတ် အရမ်းကြောက်လန့်နေတဲ့အခါမျိုးတွေမှာ ဒီမကောင်းဆိုးဝါးက မွေးဖွားလာတတ်ပါတယ်။ သူမွေးဖွားလာပြီဆိုတာနဲ့ ကြောက်နေတဲ့သူရဲ့ လည်ဂုတ်ကို ဖြည်းညှင်းစွာ ပွတ်သပ်ပြီး ကြက်သီးတွေထလာတဲ့အထိ ကြောက်လန့်လာအောင် လုပ်တတ်ပါတယ်။ အဲ့ဒီ့နောက် ဖြစ်ပေါ်လာတဲ့ အကြောက်တရားကိုမှ သူက စားသုံးပါတယ်။

အတိုပြောရရင် လူတစ်ယောက် ကြောက်တဲ့အခါ သူမွေးဖွားလာမယ်။ ပြီးတာနဲ့ ကြောက်နေတဲ့လူကို ပိုကြောက်အောင် လုပ်မယ်။ ဖြစ်လာတဲ့ အကြောက်တရားကို စားသုံးမယ်။ အဲ့လိုနဲ့ပဲ မဆုံးနိုင်တဲ့ သံသရာလည်နေမှာပါ။

(2) သရဲသင်္ဘောသားများ (FUNAYUREI)
photo via grunge

Funayurei  ကတော့ သရဲသင်္ဘောသားတွေလို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ဟာ ပင်လယ်ထဲမှာ အုပ်စုလိုက်နေပြီး သူတို့ရဲ့အင်အားကို ကြီးမားလာအောင်လုပ်တဲ့ သရဲအုပ်စု ဖြစ်ပါတယ်။ သူတို့ဟာ ရေနစ်ပြီးသေသွားတဲ့ သင်္ဘောသားတွေ ဖြစ်ပြီး ပင်လယ်ထဲမှာ သွားလာနေတဲ့ လူတွေကို သတ်ပစ်ပြီး သူတို့ရဲ့အဖွဲ့ဝင် ဖြစ်လာအောင် လုပ်တာပါ။

ပင်လယ်လမ်းခရီးသွားနေရင်းနဲ့ မြူတွေထူလာပြီး သင်္ဘောတစ်စီး ရုတ်တရက် ပေါ်လာပြီဆိုရင် သေဖို့က (၇၀)ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိနေပါပြီ။ သူတို့ရဲ့ သရဲသင်္ဘောကြီးဟာ ခရီးသွားတွေရဲ့ သင်္ဘောနားကို ကပ်လာလေ့ရှိပြီး သင်္ဘောပေါ်ကလူတွေကို သတ်ဖြတ်ကြပါတယ်။

ဒီလိုမဟုတ်လည်း သင်္ဘောဘေးဘောင်ကနေ တွယ်တက်လာတတ်ကြပြီး သင်္ဘောကို မှောက်အောင် သင်္ဘောဝမ်းဗိုက်တွေ ဖောက်ပစ်တာမျိုး လုပ်တတ်ကြပါသေးတယ်။ တစ်ခါတစ်လေကျရင်တော့ သရဲသင်္ဘော မဟုတ်ဘဲနဲ့ သရဲအကြီးကြီး ပေါ်လာပြီး သင်္ဘောတွေကို အလုံးလိုက် မှောက်ပစ်ကြတယ်လို့ ဆိုပါတယ်။

(3) ကလေးငိုသံနဲ့ အဘိုးကြီးသရဲ (KONAKI-JIJI)
photo via pinterest

KONAKI-JIJI ကတော့ ကလေးတစ်ယောက်လို ငိုနေတဲ့ အဘိုးကြီးလို့ အဓိပ္ပာယ်ရပါတယ်။ ဒီသရဲဟာ တောထဲမှာ သေအောင် ပစ်ထားခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဝိဉာဉ် ဖြစ်ပါတယ်။

သူ ခြောက်လှန့်တဲ့ပုံစံကတော့ တောထဲကို ဖြတ်သွားတဲ့ ခရီးသွားတွေက သွားနေရင်းနဲ့ ကလေးငိုသံကို ကြားရတာပါ။ အသံလာရာကို လိုက်ရှာရင်းနဲ့ အပင်တွေကြားထဲကနေ ငိုနေတဲ့ ကလေးလေးကို တွေ့ရလေ့ ရှိပါတယ်။ သနားလို့ ကောက်ချီပြီး ကိုယ်နဲ့အတူ ခေါ်သွားမယ်ဆိုရင်တော့ ကံဆိုးပါပြီ။

ကလေးကို ချီပြီး သွားနေရင်း တဖြည်းဖြည်းနဲ့ လေးလာတတ်ပါတယ်။ ဒါကို သတိထားမိပြီး ငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ ကလေးရဲ့မျက်နှာက အဘိုးကြီးတစ်ယောက်ရဲ့ မျက်နှာ ဖြစ်နေတတ်ပါတယ်။ ရုတ်တရက်မို့ ကြောက်လန့်သွားတဲ့ အချိန်မှာတော့ နောက်ကျသွားပါပြီ။ အဲ့ဒီ့အချိန်မှာ ကလေးက အရမ်းကို လေးလာပြီးတော့ ချီထားတဲ့လူက မလှုပ်နိုင်တော့ဘဲ ပိပြီးသေရတော့တယ်လို့ ဆိုကြပါတယ်။

(4) အသက်ဝင်လာတတ်တဲ့ ပစ္စည်းများ (TSUKUMOGAMI)
photo via grunge

ဒါကတော့ သရဲတွေ၊ မကောင်းဆိုးဝါးတွေ ဆိုတာထက်ပိုတဲ့ ဂျပန်လူမျိုးတွေရဲ့ အယူဝါဒတစ်ခု ဖြစ်ပါတယ်။ ဂျပန်တွေမှာ ရှိတဲ့ အယူအဆတစ်ခုကတော့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေထဲက ဘယ်ပစ္စည်းပဲဖြစ်ဖြစ် သူတို့ရဲ့သက်တမ်းက နှစ်(၁၀၀)ကျော်သွားပြီဆိုရင် ကိုယ်ပိုင်အသိစိတ် ဝင်လာကြပါသတဲ့။ ဒီပစ္စည်းတွေဟာ ခြေတွေလက်တွေ၊ မျက်လုံးတွေ ပေါက်လာတတ်ကြပြီး ညဘက် ပိုင်ရှင်အိပ်ပြီဆိုရင် ပေါ်လာကြတယ်လို့ ဆိုပါတယ်။

သာမန်အားဖြင့်ဆိုရင်တော့ သူတို့က အန္တရာယ်မရှိကြပါဘူး။ လူတွေကို အပျော်သဘောသာ လိုက်ခြောက်လေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့အဲ့လိုမဖြစ်ခင်အချိန်မှာ သူတို့ကို သေချာအသုံးမပြုဘဲ ပစ်ထားမယ်၊ ချောင်ထိုးထားမယ် ဆိုရင်တော့ သူတို့ကိုပိုင်တဲ့ ပိုင်ရှင် အိပ်နေတဲ့အချိန်မှာ သတ်ကြပါတယ်။ အခုစာဖတ်နေတဲ့သူလည်း ပစ္စည်းတွေကို သေချာ ရိုရိုသေသေ သုံးပါနော်။

(5) စက္ကူမီးအိမ်သရဲ (BAKECHOCHIN)
photo via grunge

ဒါကတော့ အသက်ဝင်လာတတ်တဲ့ ပစ္စည်းသရဲ (tsukumogami) တွေထဲက နာမည်ကြီးတဲ့ သရဲတစ်မျိုး ဖြစ်ပါတယ်။ Bakechochin လို့ခေါ်ကြပြီး စက္ကူမီးအိမ်သရဲလို့ အဓိပ္ပာယ်ရပါတယ်။

ဂျပန်လူမျိုးတွေ ပြောကြတဲ့ ဒဏ္ဍာရီပုံပြင်တွေထဲမှာတော့ အိမ်မှာ အသုံးပြုနေတဲ့ စက္ကူမီးအိမ်ဟာ နှစ်တစ်ရာကျော်သွားပြီဆိုတာနဲ့ အသက်ဝင်လာကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့အခါ မီးအိမ်မှာ ကြီးမားကျယ်ပြန့်တဲ့ ပါးစပ်ကြီးနဲ့ ရှည်လျားတဲ့ လျှာကြီး ထွက်လာတတ်ပြီး တစ်ခါတစ်လေမှာဆို ခြေတွေလက်တွေပါ ပေါက်လာတတ်တယ်လို့ ပြောကြတာ ရှိပါတယ်။

များသောအားဖြင့်တော့ သူတို့က အန္တရာယ်မရှိကြပါဘူး။ ခရီးသွားတွေကို အပျော်အပျက်အနေနဲ့သာ ခြောက်လှန့်လေ့ရှိပါတယ်။ သို့ပေမယ့် အခြားပုံပြင်တွေရဲ့ အဆိုအရ အဲ့လိုမီးအိမ်တွေဟာ နာကျည်းမုန်းတီးစွာနဲ့ သေဆုံးသွားရတဲ့ လူတွေရဲ့ ဝိဉာဉ်တွေအတွက် နားခိုရာတွေ ဖြစ်လာတတ်တယ်လို့ ဆိုကြပါတယ်။

အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဝိဉာဉ်တွေသာ အသက်ဝင်လာတဲ့ မီးအိမ်ထဲကို ဝင်သွားပြီဆိုရင်တော့ သေလောက်အောင်ကို ခြောက်လှန့်တတ်ကြပါတယ်။ မတော်တဆများ အဲ့ဒီ့မီးအိမ်ကို တစ်ယောက်ယောက်က သွားဖွင့်လိုက်မိပြီဆိုရင် အထဲက ဝိဉာဉ်သရဲကြီးက ထွက်လာပြီး သေတဲ့အထိ ခြောက်လှန့်ကြပါတော့တယ်။

ဒါကတော့ မြောက်များလှစွာသော ဂျပန်ရိုးရာ သရဲတစ္ဆေတွေထဲက နာမည်ကြီးတဲ့အချို့ကို ရွေးချယ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ သဘောကျရင် သူငယ်ချင်း၊ မိတ်ဆွေတွေလည်း ဖတ်ရအောင်လို့ ရှဲပေးသွားပါဦး။

Lego Les

 

The post ဂျပန်လူမျိုးတွေ ယုံကြည်ကြတဲ့ ရိုးရာသရဲတစ္ဆေ၊ မကောင်းဆိုးဝါးများ appeared first on San Yit Wine.

]]>
သွေးစုပ်ဖုတ်ကောင်တွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းနောက်ခံများ https://sanyitwine.com/vampire-myth-or-real/?utm_source=rss&utm_medium=rss&utm_campaign=vampire-myth-or-real Wed, 29 Apr 2020 14:49:43 +0000 https://sanyitwine.com/?p=4676 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ သွေးစုပ်ဖုတ်ကောင် (vampire) ဆိုတာ ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ ညဘက်မှာ သွားလာကြပြီးတော့ လူတွေရဲ့ သွေးကိုသောက်ပြီး အသက်ရှင်သန်ကြပါတယ်။ ဒဏ္ဍာရီလာ သတ္တဝါတွေထဲမှာ လူသိအများဆုံး ဖြစ်ပြီးတော့ ၁၈၉၇ခုနှစ်မှာ Bram Stoker ရေးသားခဲ့တဲ့ Count Dracula ဝတ္ထုကြောင့်ပဲ လူတော်တော်များများက သွေးစုပ်ဖုတ်ကောင်ဆိုပြီး သိလာခဲ့ကြပါတယ်။ အခုခေတ်မှာဆိုရင်တော့ သွေးစုပ်ဖုတ်ကောင်အကြောင်း ရုပ်ရှင်တွေ၊ ဝတ္ထုတွေများစွာ ရှိတာမို့လို့ မသိတဲ့လူတော့ မရှိလောက်ပါဘူး။ သွေးစုပ်ဖုတ်ကောင်ဆိုတာက အခုချိန်ထိလည်း တကယ်ရှိမရှိ အငြင်းပွားနေဆဲပါပဲ။ သွေးစုပ်ဖုတ်ကောင်ဆိုတာ ဘာလဲ? သွေးစုပ်ဖုတ်ကောင်တွေအကြောင်းကို အမျိုးမျိုးပြောကြပေမယ့် အဓိက တူညီတဲ့အချက်ကတော့ သူတို့က လူသားတွေရဲ့ သွေးကို သောက်တာပါပဲ။ သူတို့ရဲ့ ချွန်ထက်တဲ့ အစွယ်တွေကို အသုံးပြုပြီး သားကောင်တွေရဲ့သွေးကို […]

The post သွေးစုပ်ဖုတ်ကောင်တွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းနောက်ခံများ appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သွေးစုပ်ဖုတ်ကောင် (vampire) ဆိုတာ ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ ညဘက်မှာ သွားလာကြပြီးတော့ လူတွေရဲ့ သွေးကိုသောက်ပြီး အသက်ရှင်သန်ကြပါတယ်။ ဒဏ္ဍာရီလာ သတ္တဝါတွေထဲမှာ လူသိအများဆုံး ဖြစ်ပြီးတော့ ၁၈၉၇ခုနှစ်မှာ Bram Stoker ရေးသားခဲ့တဲ့ Count Dracula ဝတ္ထုကြောင့်ပဲ လူတော်တော်များများက သွေးစုပ်ဖုတ်ကောင်ဆိုပြီး သိလာခဲ့ကြပါတယ်။ အခုခေတ်မှာဆိုရင်တော့ သွေးစုပ်ဖုတ်ကောင်အကြောင်း ရုပ်ရှင်တွေ၊ ဝတ္ထုတွေများစွာ ရှိတာမို့လို့ မသိတဲ့လူတော့ မရှိလောက်ပါဘူး။ သွေးစုပ်ဖုတ်ကောင်ဆိုတာက အခုချိန်ထိလည်း တကယ်ရှိမရှိ အငြင်းပွားနေဆဲပါပဲ။

သွေးစုပ်ဖုတ်ကောင်ဆိုတာ ဘာလဲ?

သွေးစုပ်ဖုတ်ကောင်တွေအကြောင်းကို အမျိုးမျိုးပြောကြပေမယ့် အဓိက တူညီတဲ့အချက်ကတော့ သူတို့က လူသားတွေရဲ့ သွေးကို သောက်တာပါပဲ။ သူတို့ရဲ့ ချွန်ထက်တဲ့ အစွယ်တွေကို အသုံးပြုပြီး သားကောင်တွေရဲ့သွေးကို သောက်သုံးကာ သတ်ပစ်တာတို့၊ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲပစ်တာတို့ လုပ်တတ်ကြပါတယ်။

များသောအားဖြင့် နေရောင်က သူတို့ကိုအားနည်းစေတာကြောင့် ညဘက်မှ အစာရှာထွက်ကြပါတယ်။ တစ်ချို့သွေးစုပ်ဖုတ်ကောင်တွေဆိုရင် လင်းနို့လို၊ ဝံပုလွေလိုတောင် ပုံစံပြောင်းလဲလို့ရနိုင်ပါတယ်တဲ့။ သူတို့ဟာ အလွန်သန်မာကြပြီး တချို့ဆိုရင် စိတ်ညှို့နိုင်တဲ့အစွမ်းတောင် ရှိကြပါတယ်။ ဒါ့အပြင် သားကောင်ကိုလည်း အာရုံခံနိုင်စွမ်း ရှိကြပါတယ်။ မှန်ထဲမှာဆိုရင် သူတို့ဟာ ပုံရိပ်လည်း မပေါ်သလို အရိပ်လည်း မရှိပါဘူး။

Photo by Dylan Sauerwein on Unsplash
သွေးစုပ်ဖုတ်ကောင်တွေ တကယ်ရှိလား?

လူတွေ သွေးစုပ်ဖုတ်ကောင်တွေကို စတင်ယုံကြည်ခဲ့တာကတော့ အလယ်ခေတ် ပလိပ်ရောဂါဖြစ်နေတဲ့ အချိန်လောက်မှာ ဖြစ်ပါတယ်။ ပုလိပ်ရောဂါဖြစ်ပြီး သေသွားကြတဲ့ တစ်ချို့လူတွေမှာ သွေးထွက်နေတဲ့ ကိုက်ရာလို ပါးစပ်ရာနဲ့ တူတာမျိုး တွေ့ရတတ်တယ်လို့ ဆိုကြပါတယ်။

သွေးစုပ်ဖုတ်ကောင်တွေ နေရောင်ခြည် ထိလို့မရဘူးဆိုတဲ့ အချက်ကိုတော့ သုတေသနပညာရှင်အချို့က လူတွေ ယုံမှားသံသယဖြစ်နေနိုင်တဲ့အကြောင်း ပြောပြထားတာတေွ ရှိပါတယ်။ အဲ့ဒါကတော့ တစ်ချို့လူတွေမှာ နေရောင်ခြည်နဲ့ ဓာတ်မတည့်တဲ့ရောဂါတစ်မျိုး ရှိတတ်ပြီး နေရောင်နဲ့အသားနဲ့ ထိလိုက်တာနဲ့ မီးလောင်ဖုလို အရည်ကြည်ဖုလေးတွေ ထွက်လာတတ်တာမျိုးလို့ ဆိုကြပါတယ်။ သုတေသနပညာရှင်တွေကတော့ ဒါကို porphyria လို့ ခေါ်ဝေါ်ကြပြီး သာမန်လူသားတွေမှာ ဖြစ်နိုင်ကြောင်းနဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက္ခဏာလို့ ပြောလို့မရဘူးလို့ ဆိုထားကြပါတယ်။

သို့ပေမယ့် အယူသည်းတဲ့ အရပ်က လူတွေကတော့ သွေးစုပ်ဖုတ်ကောင်လို့ သံသယရှိတဲ့ လူတစ်ယောက်သေသွားပြီဆိုရင် သူတို့ရဲ့အလောင်းကို ပြန်ပြီးဖော်ကာ သွေးစုပ်ဖုတ်ကောင်လို့ ယူဆလို့ရမရ၊ လက္ခဏာတွေ ရှိမရှိ ကြည့်ကြပါတယ်။ တစ်ချို့တွေဆိုရင် အလောင်းကိုပြန်တူးပြီးတော့ သစ်သားချောင်းနဲ့ ရင်ဝကို စိုက်ထားတာတို့၊ မီးရှို့ပစ်တာတို့ လုပ်ကြပါတယ်။ အဲ့လိုမှမလုပ်ရင် သူတို့မသေသေးဘဲ ပြန်ထလာပြီး လူသားတွေကို အန္တရာယ်ပေးလိမ့်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

Photo by Arun Sharma on Unsplash
တကယ့်ဘဝထဲက သွေးစုပ်ဖုတ်ကောင်များ

သိပ္ပံပညာတွေ တိုးတက်လာတာနဲ့အမျှ သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်မရှိနိုင်ဘူးလို့ လူတွေသိလာကြပြီး ကြောက်ရွံ့မှုတွေလည်း လျော့နည်းလာကြပါတယ်။ သို့ပေမယ့် ဒီနေ့လို တိုးတက်နေတဲ့ ခေတ်ထဲမှာတောင် ကိုယ့်ကိုယ်ကို သွေးစုပ်ဖုတ်ကောင်ပါဆိုပြီး အခိုင်အမာပြောဆိုကာ သွေးစုပ်ဖုတ်ကောင်တစ်ယောက်လို နေနေကြတဲ့ လူတွေ ရှိပါတယ်။

အဲ့ဒီ့လို မိမိကိုယ်ကို သွေးစုပ်ဖုတ်ကောင်ပါလို့ ခံယူပြီး နေထိုင်နေသူတွေဟာ ကြည့်လိုက်ရင်တော့ ပုံမှန်လူတစ်ယောက်နဲ့ တူနေပေမယ့် ကျန်းမာစွာနေနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သွေးနည်းနည်းစီ သောက်တတ်ကြပါတယ်။ ဒီလိုလူတွေကို အင်တာနက်ပေါ်မှာလည်း တွေ့နိုင်သလို ကမ္ဘာပေါ်က မြို့ရွာအနှံ့မှာလည်း ရှာတွေ့နိုင်ပါတယ်။ သူတို့ဟာ ဟိုးယခင်အတိတ်က သွေးစုပ်ဖုတ်ကောင်နဲ့ ပတ်သက်လို့ လူတွေကျင့်သုံးခဲ့ကြတဲ့ အလေ့အထတွေ ပြန်အသက်ဝင်လာမှာ ကြောက်တာကြောင့် သူတို့ရဲ့လှုပ်ရှားမှုတွေကို လျှို့ဝှက်လုပ်ဆောင်တတ်ကြပါတယ်။ သွေးစုပ်ဖုတ်ကောင်တစ်ယောက်လို ကျင့်သုံးသူတွေမှာတော့ ပုံမှန် သွေးမသောက်တာ ကြာလာရင် စိတ်တိုလာတာမျိုး၊ ဒါမှမဟုတ် စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်တတ်တယ်လို့ ဆိုထားကြပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေသြးစုပ္ဖုတ္ေကာင္ (vampire) ဆိုတာ ဒ႑ာရီလာ သတၱဝါတစ္မ်ိဳး ျဖစ္ပါတယ္။ သူတို႔ဟာ ညဘက္မွာ သြားလာၾကၿပီးေတာ့ လူေတြရဲ႕ ေသြးကိုေသာက္ၿပီး အသက္ရွင္သန္ၾကပါတယ္။ ဒ႑ာရီလာ သတၱဝါေတြထဲမွာ လူသိအမ်ားဆုံး ျဖစ္ၿပီးေတာ့ ၁၈၉၇ခုႏွစ္မွာ Bram Stoker ေရးသားခဲ့တဲ့ Count Dracula ဝတၳဳေၾကာင့္ပဲ လူေတာ္ေတာ္မ်ားမ်ားက ေသြးစုပ္ဖုတ္ေကာင္ဆိုၿပီး သိလာခဲ့ၾကပါတယ္။ အခုေခတ္မွာဆိုရင္ေတာ့ ေသြးစုပ္ဖုတ္ေကာင္အေၾကာင္း ႐ုပ္ရွင္ေတြ၊ ဝတၳဳေတြမ်ားစြာ ရွိတာမို႔လို႔ မသိတဲ့လူေတာ့ မရွိေလာက္ပါဘူး။ ေသြးစုပ္ဖုတ္ေကာင္ဆိုတာက အခုခ်ိန္ထိလည္း တကယ္ရွိမရွိ အျငင္းပြားေနဆဲပါပဲ။

ေသြးစုပ္ဖုတ္ေကာင္ဆိုတာ ဘာလဲ?

ေသြးစုပ္ဖုတ္ေကာင္ေတြအေၾကာင္းကို အမ်ိဳးမ်ိဳးေျပာၾကေပမယ့္ အဓိက တူညီတဲ့အခ်က္ကေတာ့ သူတို႔က လူသားေတြရဲ႕ ေသြးကို ေသာက္တာပါပဲ။ သူတို႔ရဲ႕ ခြၽန္ထက္တဲ့ အစြယ္ေတြကို အသုံးျပဳၿပီး သားေကာင္ေတြရဲ႕ေသြးကို ေသာက္သုံးကာ သတ္ပစ္တာတို႔၊ ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲပစ္တာတို႔ လုပ္တတ္ၾကပါတယ္။

မ်ားေသာအားျဖင့္ ေနေရာင္က သူတို႔ကိုအားနည္းေစတာေၾကာင့္ ညဘက္မွ အစာရွာထြက္ၾကပါတယ္။ တစ္ခ်ိဳ႕ေသြးစုပ္ဖုတ္ေကာင္ေတြဆိုရင္ လင္းႏို႔လို၊ ဝံပုေလြလိုေတာင္ ပုံစံေျပာင္းလဲလို႔ရႏိုင္ပါတယ္တဲ့။ သူတို႔ဟာ အလြန္သန္မာၾကၿပီး တခ်ိဳ႕ဆိုရင္ စိတ္ညႇိဳ႕ႏိုင္တဲ့အစြမ္းေတာင္ ရွိၾကပါတယ္။ ဒါ့အျပင္ သားေကာင္ကိုလည္း အာ႐ုံခံႏိုင္စြမ္း ရွိၾကပါတယ္။ မွန္ထဲမွာဆိုရင္ သူတို႔ဟာ ပုံရိပ္လည္း မေပၚသလို အရိပ္လည္း မရွိပါဘူး။\

Photo by Dylan Sauerwein on Unsplash
ေသြးစုပ္ဖုတ္ေကာင္ေတြ တကယ္ရွိလား?

လူေတြ ေသြးစုပ္ဖုတ္ေကာင္ေတြကို စတင္ယုံၾကည္ခဲ့တာကေတာ့ အလယ္ေခတ္ ပလိပ္ေရာဂါျဖစ္ေနတဲ့ အခ်ိန္ေလာက္မွာ ျဖစ္ပါတယ္။ ပုလိပ္ေရာဂါျဖစ္ၿပီး ေသသြားၾကတဲ့ တစ္ခ်ိဳ႕လူေတြမွာ ေသြးထြက္ေနတဲ့ ကိုက္ရာလို ပါးစပ္ရာနဲ႔ တူတာမ်ိဳး ေတြ႕ရတတ္တယ္လို႔ ဆိုၾကပါတယ္။

ေသြးစုပ္ဖုတ္ေကာင္ေတြ ေနေရာင္ျခည္ ထိလို႔မရဘူးဆိုတဲ့ အခ်က္ကိုေတာ့ သုေတသနပညာရွင္အခ်ိဳ႕က လူေတြ ယုံမွားသံသယျဖစ္ေနႏိုင္တဲ့အေၾကာင္း ေျပာျပထားတာေတြ ရွိပါတယ္။ အဲ့ဒါကေတာ့ တစ္ခ်ိဳ႕လူေတြမွာ ေနေရာင္ျခည္နဲ႔ ဓာတ္မတည့္တဲ့ေရာဂါတစ္မ်ိဳး ရွိတတ္ၿပီး ေနေရာင္နဲ႔အသားနဲ႔ ထိလိုက္တာနဲ႔ မီးေလာင္ဖုလို အရည္ၾကည္ဖုေလးေတြ ထြက္လာတတ္တာမ်ိဳးလို႔ ဆိုၾကပါတယ္။ သုေတသနပညာရွင္ေတြကေတာ့ ဒါကို porphyria လို႔ ေခၚေဝၚၾကၿပီး သာမန္လူသားေတြမွာ ျဖစ္ႏိုင္ေၾကာင္းနဲ႔ ေသြးစုပ္ဖုတ္ေကာင္တစ္ေကာင္ရဲ႕ လကၡဏာလို႔ ေျပာလို႔မရဘူးလို႔ ဆိုထားၾကပါတယ္။

သို႔ေပမယ့္ အယူသည္းတဲ့ အရပ္က လူေတြကေတာ့ ေသြးစုပ္ဖုတ္ေကာင္လို႔ သံသယရွိတဲ့ လူတစ္ေယာက္ေသသြားၿပီဆိုရင္ သူတို႔ရဲ႕အေလာင္းကို ျပန္ၿပီးေဖာ္ကာ ေသြးစုပ္ဖုတ္ေကာင္လို႔ ယူဆလို႔ရမရ၊ လကၡဏာေတြ ရွိမရွိ ၾကည့္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြဆိုရင္ အေလာင္းကိုျပန္တူးၿပီးေတာ့ သစ္သားေခ်ာင္းနဲ႔ ရင္ဝကို စိုက္ထားတာတို႔၊ မီးရႈိ႕ပစ္တာတို႔ လုပ္ၾကပါတယ္။ အဲ့လိုမွမလုပ္ရင္ သူတို႔မေသေသးဘဲ ျပန္ထလာၿပီး လူသားေတြကို အႏၲရာယ္ေပးလိမ့္မယ္လို႔လည္း ယုံၾကည္ထားၾကပါတယ္။

Photo by Arun Sharma on Unsplash
တကယ့္ဘဝထဲက ေသြးစုပ္ဖုတ္ေကာင္မ်ား

သိပၸံပညာေတြ တိုးတက္လာတာနဲ႔အမွ် ေသြးစုပ္ဖုတ္ေကာင္ဆိုတာ တကယ္မရွိႏိုင္ဘူးလို႔ လူေတြသိလာၾကၿပီး ေၾကာက္႐ြံ႕မႈေတြလည္း ေလ်ာ့နည္းလာၾကပါတယ္။ သို႔ေပမယ့္ ဒီေန႔လို တိုးတက္ေနတဲ့ ေခတ္ထဲမွာေတာင္ ကိုယ့္ကိုယ္ကို ေသြးစုပ္ဖုတ္ေကာင္ပါဆိုၿပီး အခိုင္အမာေျပာဆိုကာ ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္လို ေနေနၾကတဲ့ လူေတြ ရွိပါတယ္။

အဲ့ဒီ့လို မိမိကိုယ္ကို ေသြးစုပ္ဖုတ္ေကာင္ပါလို႔ ခံယူၿပီး ေနထိုင္ေနသူေတြဟာ ၾကည့္လိုက္ရင္ေတာ့ ပုံမွန္လူတစ္ေယာက္နဲ႔ တူေနေပမယ့္ က်န္းမာစြာေနႏိုင္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေသြးနည္းနည္းစီ ေသာက္တတ္ၾကပါတယ္။ ဒီလိုလူေတြကို အင္တာနက္ေပၚမွာလည္း ေတြ႕ႏိုင္သလို ကမာၻေပၚက ၿမိဳ႕႐ြာအႏွံ႔မွာလည္း ရွာေတြ႕ႏိုင္ပါတယ္။ သူတို႔ဟာ ဟိုးယခင္အတိတ္က ေသြးစုပ္ဖုတ္ေကာင္နဲ႔ ပတ္သက္လို႔ လူေတြက်င့္သုံးခဲ့ၾကတဲ့ အေလ့အထေတြ ျပန္အသက္ဝင္လာမွာ ေၾကာက္တာေၾကာင့္ သူတို႔ရဲ႕လႈပ္ရွားမႈေတြကို လွ်ိဳ႕ဝွက္လုပ္ေဆာင္တတ္ၾကပါတယ္။ ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္လို က်င့္သုံးသူေတြမွာေတာ့ ပုံမွန္ ေသြးမေသာက္တာ ၾကာလာရင္ စိတ္တိုလာတာမ်ိဳး၊ ဒါမွမဟုတ္ စိတ္ဓာတ္က်တာမ်ိဳးေတြ ျဖစ္တတ္တယ္လို႔ ဆိုထားၾကပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

The post သွေးစုပ်ဖုတ်ကောင်တွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းနောက်ခံများ appeared first on San Yit Wine.

]]>
မကောင်းဆိုးဝါးဝိဉာဉ်တွေ ဝင်ရောက်ပူးကပ်နေတဲ့ နာမည်ကြီးအရုပ်များ https://sanyitwine.com/five-haunted-dolls-by-lego-les/?utm_source=rss&utm_medium=rss&utm_campaign=five-haunted-dolls-by-lego-les Thu, 23 Apr 2020 17:15:28 +0000 https://sanyitwine.com/?p=4400 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ အရုပ်ကလေးတွေဟာ လူတိုင်းရဲ့ ငယ်ဘဝတုန်းက အကောင်းဆုံး သူငယ်ချင်းတွေပါ။ ကလေးအရွယ်တွေကို လက်ဆောင်ပေးပြီဆိုရင်လည်း အရုပ်လေးတွေသာ ပေးလိုက်၊ ဘယ်သူမှ ငြင်းမယ့်သူ မရှိပါဘူး။ အရုပ်လေးတွေဟာ သာမန်အားဖြင့် ချစ်စရာလေးတွေ ဆိုပေမယ့် မထင်မှတ်ထားတဲ့ မကောင်းဆိုးဝါး အမှောင့်ပယောဂတွေ ဝင်ရောက်ပူးကပ်လာတဲ့အခါမှာတော့ ကလေးတင်မက ရှိသမျှ လူကြီးတွေပါ ထိတ်လန့်ရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အပြင်လောကမှာ တကယ်ရှိပြီး နာမည်ကြီးတဲ့ ဝိဉာဉ်ပူးကပ်နေတဲ့ ကြောက်စရာအရုပ်(၅)ရုပ် အကြောင်းပဲ ဖြစ်ပါတယ်။ (1) Annabelle Annabelle ရုပ်ရှင်က တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ထားတယ်ဆိုတာ သိကြမှာပါ။ သရဲဝိဉာဉ်ပူးကပ်နေတဲ့ အရုပ်တွေထဲမှာ Annabelle အရုပ်က လူသိအများဆုံး ဖြစ်ပါတယ်။ ရုပ်ရှင်ကားထဲမှာဆိုရင် Annabelle နေရာမှာ ထည့်ထားတဲ့ အရုပ်က ကြောက်စရာကောင်းတဲ့ပုံစံ […]

The post မကောင်းဆိုးဝါးဝိဉာဉ်တွေ ဝင်ရောက်ပူးကပ်နေတဲ့ နာမည်ကြီးအရုပ်များ appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အရုပ်ကလေးတွေဟာ လူတိုင်းရဲ့ ငယ်ဘဝတုန်းက အကောင်းဆုံး သူငယ်ချင်းတွေပါ။ ကလေးအရွယ်တွေကို လက်ဆောင်ပေးပြီဆိုရင်လည်း အရုပ်လေးတွေသာ ပေးလိုက်၊ ဘယ်သူမှ ငြင်းမယ့်သူ မရှိပါဘူး။ အရုပ်လေးတွေဟာ သာမန်အားဖြင့် ချစ်စရာလေးတွေ ဆိုပေမယ့် မထင်မှတ်ထားတဲ့ မကောင်းဆိုးဝါး အမှောင့်ပယောဂတွေ ဝင်ရောက်ပူးကပ်လာတဲ့အခါမှာတော့ ကလေးတင်မက ရှိသမျှ လူကြီးတွေပါ ထိတ်လန့်ရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အပြင်လောကမှာ တကယ်ရှိပြီး နာမည်ကြီးတဲ့ ဝိဉာဉ်ပူးကပ်နေတဲ့ ကြောက်စရာအရုပ်(၅)ရုပ် အကြောင်းပဲ ဖြစ်ပါတယ်။

(1) Annabelle
photo via Wikimedia Commons

Annabelle ရုပ်ရှင်က တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ထားတယ်ဆိုတာ သိကြမှာပါ။ သရဲဝိဉာဉ်ပူးကပ်နေတဲ့ အရုပ်တွေထဲမှာ Annabelle အရုပ်က လူသိအများဆုံး ဖြစ်ပါတယ်။ ရုပ်ရှင်ကားထဲမှာဆိုရင် Annabelle နေရာမှာ ထည့်ထားတဲ့ အရုပ်က ကြောက်စရာကောင်းတဲ့ပုံစံ ဖြစ်ပေမဲ့ တကယ့်အပြင်မှာတော့ အဲ့လိုမဟုတ်ပဲ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ အဝတ်ရုပ်ကလေးပါ။

Annabelle စဖြစ်လာပုံကတော့ Donna လို့ ခေါ်တဲ့ သူနာပြုမလေးက သူမရဲ့အမေဆီကနေ Annabelle အရုပ်ကို ၁၉၇၀ခုနှစ်မှာ လက်ဆောင်အဖြစ် ရခဲ့တာက စပါတယ်။ အဲ့ဒီအရုပ်က Donna နဲ့ သူ့ရဲ့ အခန်းဖော် Angie တို့ အိမ်မှာ မရှိတဲ့အချိန်ဆိုရင် သူ့အလိုလို တိုက်ခန်းထဲမှာ ရွေ့လျားနေတယ်လို့ ဆိုပါတယ်။ အရုပ်ပဲမို့လို့ သူ့ဘာသာ ရွေ့ချင်လည်း ရွေ့နေပါလေ့စေဆိုပြီး ကောင်မလေးနှစ်ယောက်က သည်းခံဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီ့ထက်ပိုပြီးဆိုးလာခဲ့ပါတယ်။

အဲ့ဒီအရုပ်က သူ့ကိုကူညီပါလို့ စာရေးပြီး အကူအညီတောင်းလာပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အရုပ်က Angie ရဲ့ရည်းစားကောင်လေးကို တိုက်ခိုက်ခဲ့ပါတယ်။ အရုပ်ရဲ့ဂါဝန်မှာ သွေးတွေကို တွေ့တဲ့အခါမှာတော့ ကောင်မလေးနှစ်ယောက်ဟာ ဝိဉာဉ်ရေးရာကျွမ်းကျင်သူတစ်ဦးကို ခေါ်ပြီး အကူအညီတောင်းခဲ့ပါတယ်။ အဲ့ဒီ့မှာတင် အရုပ်မှာ Annabelle လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဝိဉာဉ် ပူးကပ်နေမှန်း သိခဲ့ကြရတာ ဖြစ်ပါတယ်။

အဲ့နောက်မှာတော့ ကောင်မလေးနှစ်ယောက်ဟာ သဘာဝလွန်ဖြစ်ရပ်တွေမှာ နာမည်ကြီးနေတဲ့ Warren မောင်နှံကို ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ကြပါတယ်။  Warren မောင်နှံနဲ့ တွေ့တဲ့အခါကျမှပဲ သူတို့ရဲ့အခက်အခဲက ပြေလည်သွားပါတော့တယ်။ Warren မောင်နှံက အရုပ်ကို ကောင်မလေးတွေဆီကနေ ယူလာခဲ့ပြီး မှန်ပေါင်းချောင်ထဲမှာ သော့ခတ်ကာ သိမ်းဆည်းထားလိုက်ကြပါတယ်။

(2) Robert the Doll
photo via Wikimedia Commons

နာမည်ကြီး Horror ရုပ်ရှင် Child’s Play ထဲက ကြောက်စရာ Chucky အရုပ်ဟာ ဒီအရုပ်ကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Robert လို့အမည်ပေးထားတဲ့ ဒီအရုပ်ကို ဂျာမနီက နာမည်ကြီး အရုပ်ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့တာပါ။ ဒီအရုပ်ကိုတော့ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ Robert Eugene “Gene” Otto လို့ခေါ်တဲ့ အနုပညာသမားတစ်ယောက်က သူကလေးဘဝ ၁၉၀၄ ခုနှစ်မှာ မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တာ ဖြစ်ပါတယ်။

Gene ဆီကို အရုပ်ရောက်လာပုံကတော့ ဇာတ်လမ်းနှစ်မျိုး ဖြစ်နေပါတယ်။ ပထမတစ်ခုကတော့ သူ့အဘိုးက ဂျာမနီကို ခရီးသွားတုန်းက ဝယ်လာခဲ့တာလို့ ဆိုပါတယ်။ နောက်တစ်မျိုးကတော့ Gene တို့မိသားစုက အမှားတစ်ခုခု လုပ်မိတာကြောင့် အောက်လမ်းအတတ်ပညာ တတ်ကျွမ်းတဲ့ အိမ်အစေခံတစ်ယောက်က ကလဲ့စားချေတဲ့အနေနဲ့ ဒီအရုပ်ကို လက်ဆောင်ပေးခဲ့တာလို့လည်း ပြောကြပါတယ်။

အရုပ်ဟာ စရောက်လာကတည်းက သင်္ဘောသားဝတ်စုံကို ဝတ်ဆင်ထားပြီး အဆိုပါဝတ်စုံဟာ Gene ငယ်ဘဝက ဝတ်ဆင်တဲ့ပုံစံနဲ့ ဆင်တူတယ်လို့လည်း ဆိုပါတယ်။ အရုပ်ရဲ့ အရွယ်အစားကလည်း တကယ့် ကလေးတစ်ယောက်ရဲ့ အရွယ်အစားမျိုး ဖြစ်တာကြောင့် ပိုပြီးတော့ လန့်ဖို့ကောင်းနေပါတယ်။

ဒီအရုပ်ဟာ ပုံစံကတင် ထူးဆန်းနေတာ မဟုတ်ပါဘူး။ အရုပ်ရဲ့မျက်နှာအမူအရာက  ပြောင်းလဲနေတတ်သလို အိမ်ထဲမှာလည်း သူ့ဘာသာ နေရာတွေ ရွေ့နေတတ်တယ်လို့ ဆိုပါတယ်။ လူတွေပြောကြတဲ့ သီအိုရီတစ်ခုကတော့ Gene ဟာ သူ့ရဲ့ငယ်ဘဝက အဆင်မပြေခဲ့တဲ့ မကျေနပ်မှုတွေကို အရုပ်အပေါ် အပြစ်တင်ပုံချရင်းနဲ့ အရုပ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးကို ထွက်လာအောင် လုပ်ပေးမိသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။

Gene ဟာ အရုပ်ကို သူငယ်ငယ်က အဝတ်အစားတွေ ဝတ်ပေးတတ်သလို သူ့ရဲ့ရှေ့ဆုံးနာမည်ဖြစ်တဲ့ Robert ကိုလည်း အရုပ်ရဲ့အမည်အဖြစ် ပေးထားပါတယ်။ အိမ်ထဲမှာ နေထိုင်ခဲ့တဲ့ လူတွေရဲ့ပြောစကားအရ Gene ဟာ အရုပ်နဲ့လည်း စကားတွေ အပြန်အလှန် ပြောနေလေ့ရှိတယ်လို့ ဆိုပါတယ်။

(3) Elmo
photo via lineup

စကားပြောတတ်တဲ့ မွှေးပွအရုပ်လေး Elmo ဟာ အရောင်းရဆုံး အရုပ်တွေထဲမှာ ပါဝင်ပါတယ်။ စတင်ထုတ်လုပ်ခဲ့ချိန် ၁၉၉၆ ခုနှစ်ကစလို့ အားလပ်ရက်တွေမှာ လက်ဆောင်ပေးစရာ အရုပ်အနေနဲ့ကို ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်း ထုတ်လုပ်ခဲ့တဲ့ Elmo ရုပ်တွေဟာ ကလိထိုးလိုက်ရင် ရယ်မောကြပါတယ်။

သို့ပေမယ့် နှစ်တွေကြာလာတဲ့အခါ ကာစတန်မာတွေက စကားပြောတတ်တာလေးကို လိုချင်တယ်ဆိုပြီး တောင်းဆိုလာကြပါတယ်။ အဲ့ဒါနဲ့ပဲ ပိုင်ရှင်ရဲ့နာမည်ကို ပြောတတ်တဲ့ အရုပ်ကလေး Elmo အဖြစ်နဲ့ အဆင့်မြှင့်ပြီး ထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။

သို့ပေမယ့် ၂၀၀၈ ခုနှစ်မှာ Bowman မိသားစုက သူတို့ရဲ့ နှစ်နှစ်အရွယ် သားလေး James အတွက် ဒီအရုပ်လေးကို ဝယ်ပေးလိုက်တဲ့အချိန်မှာတော့ ဘယ်သူမှ ရှင်းမပြနိုင်တဲ့အရာတွေ ဖြစ်လာပါတော့တယ်။ ဒီအရုပ်လေးတွေဟာ သူတို့ရဲ့ပိုင်ရှင်နာမည်နဲ့ အခြားစကားစု တစ်ချို့တစ်လေကို ပြောဖို့အတွက်သာ ပရိုဂရမ် ဆွဲထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ James ကို ဝယ်ပေးထားတဲ့ အရုပ်လေးကို ဓာတ်ခဲလဲပြီးတဲ့နောက်မှာတော့ အရုပ်က သူ့ဘာသာ စကားတွေ လက်တန်းပြောနေခဲ့ပြီးတော့ ချစ်စရာအသံလေးနဲ့ “James ကို သတ်” ဆိုပြီး အော်နေတတ်ပါသတဲ့။

(4) Mandy the Haunted Doll
photo via Quesnel TV

Mandy လို့ခေါ်တဲ့ အရုပ်ကလေးဟာ ကြည့်လိုက်ရင် ချစ်စရာလေးပေမယ့် တကယ်တမ်းမှာတော့ ကြောက်စရာလေးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အခုလက်ရှိ သူ့ကို ကနေဒါနိုင်ငံက Quesnel ပြတိုက်မှာ ထိန်းသိမ်းပြသထားပါတယ်။

ပြတိုက်ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သူ့ကိုတစ်ခြားအရုပ်တွေနဲ့ မှန်ဘောင်တစ်ခုတည်းမှာ ရောထားလို့မရဘဲ သူ့တစ်ရုပ်တည်းသီးသန့် မှန်ဘောင်တစ်ခုနဲ့ ထားရတယ်လို့ ဆိုပါတယ်။ သူ့ကို တစ်ခြားအရုပ်တွေနဲ့ မှန်ဘောင်တစ်ခုတည်း တူတူထားလိုက်ရင် တစ်ခြားအရုပ်တွေက အမြဲတမ်း မှောက်ထိုးမှောက်လန်တွေ ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

ဒါတင်မက ပြတိုက်ဝန်ထမ်းတွေရဲ့ နေ့လယ်စာတွေဟာလည်း မကြာခဏ ပျောက်သွားလေ့ရှိတယ်လို့ သိရပါတယ်။ ပြတိုက်ကို အလည်လာတဲ့ ဧည့်သည်တွေက သူ့ကို ဓာတ်ပုံရိုက်ဖို့ လုပ်ရင်လည်း မအောင်မြင်တာက များတယ်လို့ ဆိုပါတယ်။ ဒီအရုပ်ဟာ ၁၉၁၀ ခုနှစ်ဝန်းကျင်က ဥရောပမှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကလေးပုံစံ ကြွေအရုပ်လေး ဖြစ်ပါတယ်။ ဒီအရုပ်ရဲ့ပိုင်ရှင်အမျိုးသမီးကတော့ အရုပ်က ညဘက်ဆိုရင် ငိုနေတတ်လို့ ကြောက်လာတဲ့အဆုံး ပြတိုက်ကို လာလှူခဲ့တာလို့ ပြောပြထားပါတယ်။

(5) The Haunted Gang
photo via dollhousecam.us

အရုပ်တွေမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေ ဝင်ပူးပြီး ဆိုးဆိုးဝါးဝါးတွေ လုပ်ပြီဆိုရင် ပိုင်ရှင်တွေက စွန့်ပစ်ကြတာ ပုံမှန်ပါပဲ။ သို့ပေမယ့် တစ်ချို့တွေကတော့ ထူးတာတွေ၊ ဆန်းတာတွေကိုမှ စိတ်ဝင်စားတတ်ကြတာလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ဝိဉာဉ်ပူးကပ်နေတယ်လို့ ယူဆရတဲ့ အရုပ်ရှစ်ရုပ်ကို သဘာဝလွန်ဖြစ်ရပ်တွေ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တစ်ဦးက collection အနေနဲ့ ဝယ်ယူစုဆောင်းထားခဲ့ပါတယ်။

အဲ့ဒီ့အရုပ်ရှစ်ရုပ်ရဲ့ နာမည်တွေကတော့ Chrystal ၊ Monika ၊ Sharla ၊ True ၊ Isaac ၊ Lilly ၊ Cameron နဲ့ Ashley တို့ ဖြစ်ပါတယ်။ အဆိုပါ အရုပ်တွေရဲ့ပိုင်ရှင်ဟာ အရုပ်တွေထားတဲ့အခန်းနဲ့ ကျန်တဲ့တစ်အိမ်လုံးကို ကင်မရာတွေတပ်ဆင်ပြီး အမြဲတမ်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၉ခုနှစ်ရဲ့ ညတစ်ညမှာတော့ သူရဲ့ကင်မရာတစ်လုံးမှာ ကလေးပုံစံနဲ့ ဝိဉာဉ်လို့ ယူဆရတဲ့ ပုံရိပ်တစ်ခုကို လှေကားခွင်နားမှာ ပေါ်လာတာ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

ဒါကတော့ မကောင်းဆိုးဝါးဝိဉာဉ်တွေ ဝင်ရောက်ပူးကပ်နေပြီး ပိုင်ရှင်တွေကို ဒုက္ခရောက်စေခဲ့တဲ့ အရုပ်ငါးရုပ်အကြောင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားအရုပ်အကြောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legoles

The post မကောင်းဆိုးဝါးဝိဉာဉ်တွေ ဝင်ရောက်ပူးကပ်နေတဲ့ နာမည်ကြီးအရုပ်များ appeared first on San Yit Wine.

]]>