Biography Archives - San Yit Wine https://sanyitwine.com/category/biography/ Fri, 09 Dec 2022 10:30:17 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Biography Archives - San Yit Wine https://sanyitwine.com/category/biography/ 32 32 Wednesday ထဲက မင်းသမီးလေး Jenna Ortega ရဲ့ စိတ်ဝင်စားစရာဘဝအကြောင်း https://sanyitwine.com/jenna-ortega-facts/?utm_source=rss&utm_medium=rss&utm_campaign=jenna-ortega-facts Fri, 09 Dec 2022 08:52:09 +0000 https://sanyitwine.com/?p=35971 Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ အလားတူပဲ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့ Wednesday ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Wednesday အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Jenna Ortega နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။ Wednesday ဇာတ်ကောင်အတွက် လူရွေးပွဲကို Zoom ကနေ ယှဉ်ပြိုင်ခဲ့ပါတယ်။ Jenna Ortega ကတော့ Wednesday ဇာတ်ကောင်အတွက် လူရွေးပွဲဝင်ပြိုင်တုန်းက စတူဒီယို A24 ရဲ့ X ရုပ်ရှင်ကို New Zealand နိုင်ငံမှာ ရိုက်ကူးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီဇာတ်ကောင်အတွက် […]

The post Wednesday ထဲက မင်းသမီးလေး Jenna Ortega ရဲ့ စိတ်ဝင်စားစရာဘဝအကြောင်း appeared first on San Yit Wine.

]]>
Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ အလားတူပဲ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့ Wednesday ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Wednesday အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Jenna Ortega နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Wednesday ဇာတ်ကောင်အတွက် လူရွေးပွဲကို Zoom ကနေ ယှဉ်ပြိုင်ခဲ့ပါတယ်။

photo via screenrant

Jenna Ortega ကတော့ Wednesday ဇာတ်ကောင်အတွက် လူရွေးပွဲဝင်ပြိုင်တုန်းက စတူဒီယို A24 ရဲ့ X ရုပ်ရှင်ကို New Zealand နိုင်ငံမှာ ရိုက်ကူးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီဇာတ်ကောင်အတွက် လူရွေးပွဲကို လူကိုယ်တိုင် မသွားရောက်နိုင်ဘဲ Zoom ကနေတဆင့် ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဒါ့အပြင် လူရွေးပွဲဝင်ပြိုင်တဲ့ အချိန်မှာတော့ သူမဟာ X ရုပ်ရှင်ထဲက သူမရဲ့ဇာတ်ကောင် သေဆုံးမှုကို ရိုက်ကူးပြီးခါစ ဖြစ်တာကြောင့် မိတ်ကပ်တွေ မဖျက်ရသေးပါဘူး။ အဲဒီအကြောင်းကိုတော့ Jenna က “Wednesday ဇာတ်ကောင်အတွက် Tim Burton နဲ့ တွေ့တဲ့အချိန်မှာ ကျွန်မကသွေးတုတွေ စိုရွှဲနေပြီး မျက်နှာမှာလည်း မိတ်ကပ်နဲ့ ဒဏ်ရာအကြီးကြီး လုပ်ထားရသေးတယ်”လို့ ပြောပြထားပါတယ်။

Iron Man 3 ထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

photo via screenrant

Jenna ဟာ အသက်(၁၁)နှစ်အရွယ်တုန်းကလည်း Iron Man 3 ရုပ်ရှင်ထဲမှာ အရန်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူမဟာ ဇာတ်ဝင်ခန်းတစ်ခုမှာပဲ ပါဝင်ခဲ့တာ ဖြစ်ပြီး ဒုသမ္မတ Rodriguez ရဲ့ သမီးအနေနဲ့ ခဏတာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သူမဟာ တဖြည်းဖြည်းနဲ့ ပိုမိုနာမည်ကြီးလာတာကြောင့် MCU ထဲက သူမရဲ့ ဇာတ်ကောင်ဟာလည်း နောက်ပိုင်းမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

Wednesday ဇာတ်လမ်းအတွက် Cello တီးသင်ခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Wednesday ဇာတ်ကောင်ဟာ Cello တီးခတ်နေတဲ့ ဇာတ်ဝင်ခန်းအချို့ ပါဝင်ခဲ့ပြီး အဲဒီဇာတ်ဝင်ခန်းတွေကလည်း ဒီဇာတ်လမ်းတွဲရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းတွေထဲမှာ ပါဝင်နေပါတယ်။ Addams Family ရဲ့ Theme Song အတွက်လည်း Cello ဟာ အဓိကပါဝင်ထားတဲ့ တူရိယာတစ်ခု ဖြစ်ပြီး အခြားတူရိယာတွေထက် Gothic အသံ ပိုဆန်အောင် တီးခတ်ထားပါတယ်။ Jenna ကတော့ ဒီဇာတ်ဝင်ခန်းတွေမှာ နောက်ခံတေးဂီတကို သူမကိုယ်တိုင် တီးခတ်ထားတာ မဟုတ်ပေမယ့် သရုပ်ဆောင်ပီပြင်စေဖို့အတွက် Cello အခြေခံတီးခတ်နည်းကို လအနည်းငယ် လေ့ကျင့်သင်ယူခဲ့ပါတယ်။

သူမဟာ Wednesday ဇာတ်ကောင်အတွက် Christina Ricci ဆီက အကြံဉာဏ် မယူခဲ့ပါဘူး။

photo via screenrant

Christina Ricci ကတော့ ၁၉၉၀ ကျော်မှာ ထွက်ရှိခဲ့တဲ့ Addams Family ထဲမှာ Wednesday အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခုထွက်ရှိတဲ့ Wednesday ဇာတ်လမ်းတွဲထဲမှာတော့ ရုက္ခဗေဒဆရာမ Marilyn Thornhill နေရာက ပါဝင်ထားပါတယ်။ Jenna ဟာ Wednesday ဇာတ်ကောင်ကို ရရှိတဲ့ အချိန်မှာတော့ သူမဟာ Christina Ricci နဲ့ မတူညီတဲ့ ပုံစံမျိူးကို ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်လုံးဟာ ရိုက်ကွင်းပေါ်မှာ Wednesday ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Daredevil: Born Again ထဲမှာ ပါဝင်လာဖို့လည်း သတင်းထွက်နေပါတယ်။

photo via screenrant

Daredevil ဇာတ်ကောင်ဟာ Spider-Man: No Way Home ထဲမှာ စတင်ပြီး MCU ထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ Daredevil ကို MCU ထဲမှာ ဆက်လက်မြင်တွေ့ရဖို့ စောင့်မျှော်နေကြပြီး မကြာခင်မှာပဲ Daredevil: Born Again ဆိုတဲ့ Disney+ ဇာတ်လမ်းတွဲ ထွက်ရှိလာမယ်လို့ ကြေညာထားပါတယ်။ Jenna ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ White Tiger ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်လာဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

စာအုပ်လည်း ရေးခဲ့ဖူးပါတယ်။

photo via screenrant

နာမည်ကျော် သရုပ်ဆောင်တွေ အများစုဟာ သရုပ်ဆောင်အလုပ်တင် မဟုတ်ဘဲ သူတို့ရဲ့ ဘဝအကြောင်းတွေ၊ ဒါမှမဟုတ် စိတ်ကူးယဉ်ဇာတ်လမ်းတွေကို စာအုပ်ရေးသားခဲ့ဖူးကြပါတယ်။ Jenna ကတော့ ယခုအချိန်မှာ အသက်(၂၀)နှစ်သာရှိသေးပေမယ့် သူမရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ It’s All Love: Reflections for Your Heart & Soul ကို ထုတ်ဝေတဲ့ အချိန်မှာတော့ အသက်(၁၈)နှစ်သာ ရှိပါသေးတယ်။ ဒီစာအုပ်ထဲမှာတော့ ယုံကြည်မှုနဲ့ စိတ်ကျန်းမာရေးအကြောင်းတွေ ပါဝင်နေပါတယ်။

ဒါကတော့ Wednesday မင်းသမီးလေး Jenna Ortega ရဲ့ စိတ်ဝင်စားစရာ ဘဝအကြောင်းအရာ အချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ယခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Wednesday ထဲက မင်းသမီးလေး Jenna Ortega ရဲ့ စိတ်ဝင်စားစရာဘဝအကြောင်း appeared first on San Yit Wine.

]]>
Daniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ https://sanyitwine.com/daniel-radcliffe-facts-only-hardcore-fans-would-know/?utm_source=rss&utm_medium=rss&utm_campaign=daniel-radcliffe-facts-only-hardcore-fans-would-know Wed, 03 Aug 2022 08:09:52 +0000 https://sanyitwine.com/?p=32577 Daniel Radcliffe ဟာ ယနေ့ခေတ်မှာ အောင်မြင်နေတဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ကလေးဘဝတည်းက အောင်မြင်ကျော်ကြားမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် Harry Potter ဇာတ်ကောင်နဲ့ တထပ်တည်း မြင်ယောင်ခံရတဲ့အထိ ပရိသတ်တွေကြားမှာ ချစ်ခင်အားပေးမှုကို ရရှိထားသူ ဖြစ်ပြီး ယနေ့အချိန်ထိ ခိုင်မာတောင့်တင်းလွန်းတဲ့ fandom ကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သို့သော်လည်း Radcliffe ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝကိုတော့ အတော်လေး သိုသိပ်လျှို့ဝှက်ထားတတ်သူ ဖြစ်ပါတယ်။ တရားဝင် ဆိုရှယ်မီဒီယာအကောင့်တောင် မရှိတဲ့အပြင် သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝကိုလည်း သိပ်မပြောပြတတ်သူ ဖြစ်တာကြောင့် သူနဲ့ပတ်သက်တဲ့ အရာတွေကိုတော့ တချို့အမာခံပရိသတ်တွေလောက်သာ သိနိုင်ကြပါလိမ့်မယ်။ ဒါကြောင့်ပဲ Daniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကျောင်းပြဇာတ်မှာ စတင်ပြီး […]

The post Daniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ appeared first on San Yit Wine.

]]>
Daniel Radcliffe ဟာ ယနေ့ခေတ်မှာ အောင်မြင်နေတဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ကလေးဘဝတည်းက အောင်မြင်ကျော်ကြားမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် Harry Potter ဇာတ်ကောင်နဲ့ တထပ်တည်း မြင်ယောင်ခံရတဲ့အထိ ပရိသတ်တွေကြားမှာ ချစ်ခင်အားပေးမှုကို ရရှိထားသူ ဖြစ်ပြီး ယနေ့အချိန်ထိ ခိုင်မာတောင့်တင်းလွန်းတဲ့ fandom ကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သို့သော်လည်း Radcliffe ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝကိုတော့ အတော်လေး သိုသိပ်လျှို့ဝှက်ထားတတ်သူ ဖြစ်ပါတယ်။ တရားဝင် ဆိုရှယ်မီဒီယာအကောင့်တောင် မရှိတဲ့အပြင် သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝကိုလည်း သိပ်မပြောပြတတ်သူ ဖြစ်တာကြောင့် သူနဲ့ပတ်သက်တဲ့ အရာတွေကိုတော့ တချို့အမာခံပရိသတ်တွေလောက်သာ သိနိုင်ကြပါလိမ့်မယ်။ ဒါကြောင့်ပဲ Daniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကျောင်းပြဇာတ်မှာ စတင်ပြီး သရုပ်ဆောင်ခဲ့တာပါ။

Photo Credit: Warner Bros. Studios

သရုပ်ဆောင်ခြင်းကတော့ Radcliffe ရဲ့ အသွေးအသားထဲမှာ အလိုလျောက် ပါလာတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ အသက်(၆)နှစ်အရွယ်မှာတည်းက စတင်ခဲ့တာ ဖြစ်ပြီး သူပထမဆုံး သရုပ်ဆောင်ဖူးတဲ့ ဇာတ်ရုပ်ကတော့ ကျောင်းပြဇာတ်မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ရုပ်ကတော့ မျောက်တစ်ကောင်အဖြစ် သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။

အဲဒီနောက် သူ ထပ်မံသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ကတော့ ၁၉၉၉ ခုနှစ်မှာ ကပြခဲ့တဲ့ David Copperfield ပြဇာတ်ပဲ ဖြစ်ပါတယ်။ အဲဒီပြဇာတ်မှာ David Copperfield အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Radcliffe ရဲ့ စွမ်းရည်ကြောင့်ပဲ နောက်ထပ် သရုပ်ဆောင်အလုပ်တွေကို လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် နှစ်နှစ်အကြာမှာ The Tailor of Panama ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်လောကကို ပွဲဦးထွက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ Harry Potter အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

(၂) Harry Potter နဲ့ လွဲချော်ရမလို ဖြစ်ခဲ့ဖူးပါသေးတယ်။

Photo Credit: Warner Bros. Studios

Harry Potter ဇာတ်ရုပ်ဟာ Daniel Radcliffe ရဲ့ဘဝကို လုံးဝပြောင်းလဲပေးလိုက်တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း အစပိုင်းတုန်းကတော့ သူ့ရဲ့မိဘတွေဟာ ဒီဇာတ်ရုပ်ကို လက်မခံခဲ့ကြပါဘူး။ Radcliffe ကို ပထမ ကမ်းလှမ်းခဲ့တဲ့ စာချုပ်ကတော့ ရုပ်ရှင်ခြောက်ကားစာ ဖြစ်ပြီး အားလုံးကို လော့စ်အိန်ဂျလိစ်မှာ ရိုက်ကူးရမှာ ဖြစ်ပါတယ်။

ဒီအချက်ကိုတော့ Radcliffe ရဲ့မိဘတွေက သဘောမကျခဲ့ကြပါဘူး။ လန်ဒန်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ Radcliffe အနေနဲ့ နေထိုင်ပုံကွာခြားတဲ့ လော့စ်အိန်ဂျလိစ်မှာ နှစ်တွေအကြာကြီး သွားနေပြီး ရုပ်ရှင်ရိုက်ကူးရမယ်ဆိုရင် သူ့ရဲ့ကလေးဘဝကို များစွာထိခိုက်ပျက်စီးစေမယ်လို့ ယူဆခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ စာချုပ်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ပထမဆုံး ရုပ်ရှင်နှစ်ကားကို အင်္ဂလန်မှာပဲ ရိုက်ကူးဖို့ ကမ်းလှမ်းတော့မှ Radcliffe ရဲ့မိဘတွေက သဘောတူပေးခဲ့တာ ဖြစ်ပါတယ်။

(၃) Spider-Man အဖြစ် သရုပ်ဆောင်ချင်တဲ့ Radcliffe

Photo via screenrant

Metro သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ Radcliffe ဟာ Spider-Man ဇာတ်ကောင်ကို သဘောကျ နှစ်သက်ကြောင်း ပြောပြခဲ့ပြီး ရုပ်ရှင်တွေထဲမှာလည်း Spider-Man အဖြစ် သရုပ်ဆောင်ချင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

“ကျွန်တော်က တကယ်ကောင်းတဲ့ Spider-Man ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်တော့ မရှိတော့ပါဘူး။ Tom Holland သရုပ်ဆောင်နေတာကို ကြည့်ရတာလည်း ကျွန်တော် သဘောကျပါတယ်။ သူဟာ တကယ်တော်တဲ့သူပါ …” လို့ Radcliffe က ဆိုထားပါတယ်။

(၄) ဘရော့ဒ်ဝေးပြဇာတ်တွေမှာလည်း သရုပ်ဆောင်လေ့ ရှိပါတယ်။

Photo via screenrant

Radcliffe ဟာ ရုပ်ရှင်ဘက်မှာတင် မဟုတ်ဘဲ ပြဇာတ်ဘက်မှာလည်း ရူးသွပ်သူ ဖြစ်ပါတယ်။ theater မှာ သရုပ်ဆောင်အဖြစ် ခြေလှမ်းစခဲ့တဲ့ ပြဇာတ်ကတော့ ၂၀၀၉ ခုနှစ်မှာ ကပြခဲ့တဲ့ Peter Shaffer ရဲ့ Equus ပြဇာတ် ဖြစ်ပြီး မြင်းတွေကို စွဲလန်းစွာ သဘောကျတဲ့ ဆယ်ကျော်သက်ကောင်လေး Alan Strang အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၁ ခုနှစ်မှာတော့ How to Succeed in Business Without Really Trying ရဲ့ ဘရော့ဒ်ဝေးဗားရှင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ The Cripple of Irishmaan နဲ့ ၂၀၁၈ ခုနှစ်မှာတော့ The Lifespan of a Fact တွေကိုလည်း ဘရော့ဒ်ဝေးမှာ သရုပ်ဆောင်ခဲ့ပါတယ်။

(၅) ကဗျာတွေလည်း ရေးပါတယ်။

Photo via screenrant

Radcliffe ဟာ သရုပ်ဆောင်အဖြစ် လူသိများပေမယ့် သူဟာ ကဗျာတွေလည်း ရေးသားတဲ့ ကဗျာဆရာတစ်ယောက် ဆိုတာကိုတော့ တချို့ပရိသတ်တွေလောက်သာ သိကြပါလိမ့်မယ်။ သူဟာ Jacob Gershon ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတွေ ရေးဖူးပါတယ်။ ဒါ့အပြင် ကဗျာဆရာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ Kill Your Darlings ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

(၆) Make-up Artist တွေကို ကူညီဖို့ တက်တူးကို ရှောင်ကျဉ်ထားသူ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

Radcliffe ဟာ တက်တူးတွေကို သဘောကျပြီး တက်တူးထိုးချင်စိတ်လည်း ဖြစ်မိပေမယ့် လက်ရှိအချိန်ထိတော့ မထိုးဖြစ်သေးဘူးလို့ Wired မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြထားပါတယ်။ အကြောင်းကတော့ ရိုက်ကူးရေးတွေ ပြုလုပ်တဲ့အခါ makeup artist တွေဟာ သရုပ်ဆောင်တွေရဲ့ တက်တူးတွေကို ဖုံးကွယ်ပေးဖို့အတွက် ပိုအချိန်ကုန်ပြီး၊ ပိုအလုပ်ရှုပ်ရတာကြောင့်လို့ ဆိုပါတယ်။ “တက်တူးထိုးချင်ပေမယ့် ကျွန်တော့်ရိုက်ကွင်းက makeup artist တွေရဲ့ မျက်နှာကို မြင်ယောင်လိုက်ပြီး မထိုးဖြစ်တော့ပါဘူးဗျာ …” လို့ Radcliffe က ဆိုပါတယ်။

(၇) ပိုက်ဆံစုတတ်သူ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

Radcliffe ဟာ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာ ရှိနေဆဲဖြစ်တဲ့ Harry Potter franchise ကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ငွေကြေးအနေနဲ့လည်း ဒေါ်လာသန်း(၁၀၀)ကျော်ခန့် ချမ်းသာကြွယ်ဝနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ရရှိလာတဲ့ ငွေကြေးဥစ္စာတွေကို အခြားဆယ်လီတွေလို အလဟဿ မသုံးစွဲဘဲ စုဆောင်းသိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ ဒါမှသာ နောက်ပိုင်း အသက်ကြီးလာတဲ့အခါမှာ ပိုက်ဆံကြောင့် ပေါပေါပဲပဲ ရုပ်ရှင်တွေကို လက်မခံရတော့ဘဲ သူ သရုပ်ဆောင်ချင်တဲ့ ဇာတ်ကားတွေကို သေသေချာချာ ရွေးချယ်ခွင့် ရရှိမယ်လို့ ယူဆထားသူ ဖြစ်ပါတယ်။

(၈) သူ့အကြိုက်ဆုံး Harry Potter စာအုပ်ကတော့ ငါးအုပ်မြောက်နဲ့ နောက်ဆုံးစာအုပ် ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

Wired နဲ့ အင်တာဗျူးမှာပဲ Radcliffe ဟာ သူ့အကြိုက်ဆုံး Harry Potter စာအုပ်တွေကို ပြောပြထားပါတယ်။ သူအကြိုက်ဆုံးကတော့ ငါးအုပ်မြောက်စာအုပ်နဲ့ နောက်ဆုံးစာအုပ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Harry Potter and the Order of Phoenix ကတော့ စီးရီးတစ်ခုလုံးမှာ အရှည်ဆုံးစာအုပ်ဖြစ်ပြီး Radcliffe ကတော့ Harry နဲ့ Sirius တို့ကြားက relationship ကို နှစ်သက်တာကြောင့် ဒီစာအုပ်ကို ကြိုက်တာလို့ ဆိုပါတယ်။

(၉) Radcliffe ဟာ The Half-Blood Prince ထဲက သူ့ရဲ့သရုပ်ဆောင်မှုကို မုန်းတီးသူ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Studios

သရုပ်ဆောင်အများစုလိုပဲ Radcliffe ဟာလည်း သူ့ရဲ့ကိုယ်တိုင် သရုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သုံးသပ်လေ့ ရှိပါတယ်။ Harry Potter (၈)ကားလုံးမှာဆိုရင် Half-Blood Prince ထဲက သူ့ရဲ့သရုပ်ဆောင်မှုကို အားမရဆုံးပဲလို့ ဆိုပါတယ်။ “Harry Potter and the Half-Blood Prince လိုကားမျိုးကို အဲဒါကြောင့် ကြည့်ဖို့မလွယ်တာလေ။ အဲဒီထဲမှာ ကျွန်တော် သရုပ်ဆောင်တာ မကောင်းပါဘူး။ ကျွန်တော် အဲဒါကို မုန်းပါတယ် …” လို့ Radcliffe က ပြောဖူးပါတယ်။

(၁၀) ဆိုရှယ်မီဒီယာတွေ လုံးဝမသုံးပါဘူး။

Photo Credit: Warner Bros. Studios

Radcliffe မှာ တရားဝင် ဆိုရှယ်မီဒီယာအကောင့် တစ်ခုမှ မရှိပါဘူး။ တွစ်တာ၊ အင်စတာဂရမ် အစရှိတာတွေကိုလည်း ရှောင်ရှားထားတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူဟာ သူ့ကို တိုက်ခိုက်ဝေဖန်လာမယ့် hater တွေနဲ့ ပြန်ပြီး ရန်ပတ်ဖြစ်နေမယ့်လူမျိုး ဖြစ်တဲ့အတွက် စိတ်အေးအေး ချမ်းသာနေရဖို့ ဒါတွေကို ရှောင်ကျဉ်ထားတာပါလို့ ဆိုပါတယ်။

ဒါကတော့ Daniel Radcliffe နဲ့ ပတ်သက်တဲ့ လူသိနည်းသေးတဲ့ အချက်တချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Vancouver

Source: wired/brittanica/screenrant

 

The post Daniel Radcliffe နဲ့ ပတ်သက်ပြီး ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ appeared first on San Yit Wine.

]]>
Ms. Marvel သရုပ်ဆောင် Iman Vellani ရဲ့စိတ်ဝင်စားစရာ ဘဝအကြောင်း https://sanyitwine.com/iman-vellani-ms-marvel-actor-life/?utm_source=rss&utm_medium=rss&utm_campaign=iman-vellani-ms-marvel-actor-life Mon, 01 Aug 2022 08:50:27 +0000 https://sanyitwine.com/?p=32431 Iman Vellani ကတော့ နောက်ဆုံး ထွက်ရှိထားတဲ့ MCU ဇာတ်လမ်းတွဲ Ms. Marvel ထဲက အဓိကသရုပ်ဆောင် ဖြစ်ပါတယ်။ Captain Marvel ကို လေးစားအားကျတဲ့ ဆယ်ကျော်သက်ကောင်မလေး Kamala Khan ဇာတ်ရုပ်ကတော့ သူမရဲ့ ပထမဆုံး တီဗွီဇာတ်ရုပ် ဖြစ်တဲ့အပြင် ဒီကာရိုက်တာဟာလည်း MCU ရဲ့ ပထမဆုံးသော မူစလင် စူပါဟီးရိုး ကာရိုက်တာ ဖြစ်ပါတယ်။ Ms. Marvel ဇာတ်လမ်းတွဲနဲ့အတူ MCU ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားလာတဲ့ Iman Vellani ကတော့ အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် သရုပ်ဆောင်မလေး ဖြစ်ပြီး ရှေ့နှစ်မှာ ထွက်ရှိလာမယ့် The Marvels ရုပ်ရှင်ထဲမှာလည်း ထပ်မံ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Ms. […]

The post Ms. Marvel သရုပ်ဆောင် Iman Vellani ရဲ့စိတ်ဝင်စားစရာ ဘဝအကြောင်း appeared first on San Yit Wine.

]]>
Iman Vellani ကတော့ နောက်ဆုံး ထွက်ရှိထားတဲ့ MCU ဇာတ်လမ်းတွဲ Ms. Marvel ထဲက အဓိကသရုပ်ဆောင် ဖြစ်ပါတယ်။ Captain Marvel ကို လေးစားအားကျတဲ့ ဆယ်ကျော်သက်ကောင်မလေး Kamala Khan ဇာတ်ရုပ်ကတော့ သူမရဲ့ ပထမဆုံး တီဗွီဇာတ်ရုပ် ဖြစ်တဲ့အပြင် ဒီကာရိုက်တာဟာလည်း MCU ရဲ့ ပထမဆုံးသော မူစလင် စူပါဟီးရိုး ကာရိုက်တာ ဖြစ်ပါတယ်။

Ms. Marvel ဇာတ်လမ်းတွဲနဲ့အတူ MCU ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားလာတဲ့ Iman Vellani ကတော့ အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် သရုပ်ဆောင်မလေး ဖြစ်ပြီး ရှေ့နှစ်မှာ ထွက်ရှိလာမယ့် The Marvels ရုပ်ရှင်ထဲမှာလည်း ထပ်မံ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Ms. Marvel ဇာတ်လမ်းတွဲကို ကြည့်ရှုပြီး သရုပ်ဆောင် Iman Vellani ရဲ့ဘဝအကြောင်း တစေ့တစောင်း သိရှိလိုတဲ့ စာဖတ်သူတို့အတွက် သူမရဲ့ပုဂ္ဂိုလ်ရေး ဘဝအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Photo: imanvellanian/ Instagram

ပုဂ္ဂိုလ်ရေးအကျဉ်း

Iman Vellani ဟာ ၂၀၀၂ ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး လက်ရှိမှာ အသက်(၁၉)နှစ် ရှိနေပါပြီ။ သူမဟာ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက်(၁)နှစ်အရွယ်မှာပဲ မိသားစုနဲ့အတူ ကနေဒါနိုင်ငံကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Ms. Marvel ဇာတ်ကောင်ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ 

Iman Vellani ဟာ Ms. Marvel ဇာတ်ကောင်ကို သရုပ်မဆောင်ရသေးခင်တည်းက ဒီဇာတ်ကောင်ကို နှစ်သက်အားပေးသူ ဖြစ်ပါတယ်။ သူမဟာ တစ်ခါတုန်းကဆိုရင် ဟောလိုးဝင်းပွဲတော်အတွက် Ms. Marvel ဝတ်စုံကိုတောင် ဝတ်ဆင်ခဲ့ဖူးပါတယ်။

“Ms. Marvel အတွက် လူရွေးပွဲဝင်ပြိုင်ခဲ့တာက Ms. Marvel ကိုရော၊ အဲဒီကောမစ်ကိုပါ အရမ်းစွဲလန်းနေတာကြောင့်ပါ။ ဒီကာရိုက်တာကို အရမ်းကြိုက်သလို Marvel universe ကြီးကိုလည်း အရမ်းချစ်ပါတယ်။ အဲဒီစိတ်တွေကပဲ ကျွန်မကို မောင်းနှင်ပေးနေတာပါ။ အဲဒါက ကျွန်မရဲ့ပထမဆုံး လူရွေးပွဲဝင်ပြိုင်ဖူးတဲ့ အတွေ့အကြုံပါ …”

Photo: imanvellanian/ Instagram

“ကျွန်မ ဘာလို့ အဲဒီမှာ အသည်းအသန် ဝင်ပြိုင်ချင်တာလည်းဆိုတော့ Marvel မှာ အဲဒီကလူတွေနဲ့ ဆုံဖူးချင်တာကြောင့်ပါ။ ကျွန်မထင်တာတော့ ဒီလောကကြီးကို ကျွန်မဘယ်လောက်ထိ ရူးသွပ်တယ်ဆိုတာ သူတို့မြင်သွားပြီး Kamala ကို အသက်သွင်းဖို့အတွက် ယုံကြည်စိတ်ချစွာနဲ့ ဒီအခွင့်အရေးကို ပေးလိုက်တယ်လို့ပဲ ထင်ပါတယ် … ” လို့ Vellani က People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

Ms. Marvel ဟာ သူမရဲ့ပွဲဦးထွက်ဇာတ်ကောင်ပါ။ 

Vellani ဟာ ယခင်တုန်းကတော့ ဇာတ်လမ်းတိုအချို့မှာ အနည်းငယ် ပါဝင်ခဲ့ဖူးပေမယ့် Ms. Marvel ဇာတ်ကောင်ဟာ သူမရဲ့ ပထမဆုံးသော တီဗွီဇာတ်ကောင် ဖြစ်ပါတယ်။ အလားတူပဲ အဓိကဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်ခဲ့ရတဲ့ ပထမဆုံး ဇာတ်ရုပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ ရုံတင်ပြသမယ့် The Marvels ရုပ်ရှင်နဲ့ ရုပ်ရှင်ဘက်မှာလည်း ပွဲဦးထွက်လာဦးမှာ ဖြစ်ပါတယ်။

Photo: imanvellanian/ Instagram

မူလက သရုပ်ဆောင်ဖြစ်ချင်ခဲ့တာ မဟုတ်ပါဘူး။ 

Vellani ဟာ ပြဇာတ်မေဂျာနဲ့ ပညာလေ့လာ ဆည်းပူးနေပေမယ့် မူလတုန်းကတော့ သူမဟာ သရုပ်ဆောင်ဖြစ်ချင်ခဲ့တာ မဟုတ်ပါဘူး။ “ကျွန်မ အထက်တန်းကျောင်းကို ပြဇာတ်နဲ့ တက်နေတာနဲ့ သရုပ်ဆောင် ဖြစ်လာမှာ မဟုတ်ဘူးလို့ လူတိုင်းကို ပြောခဲ့ဖူးပါတယ်။ ပြီးတော့ ကျွန်မတက်နေတာ art school ပါ။ အထက်တန်းပြီးသွားတာနဲ့ လူတွေက arts ကို စိတ်ဝင်စားကြတော့တာ မဟုတ်ဘူးလေ …”

“အဲဒါကြောင့် ကျွန်မကတော့ နည်းပညာသုံးပြီး medium အမျိုးမျိုးနဲ့ arts တွေ လုပ်ကြည့်ချင်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ ကျွန်မ ဒီကိုရောက်နေပြီလေ။ အဲဒီတော့ ရေမြှုပ်တစ်တုံးလိုပဲ တွေ့သမျှအရာတွေအားလုံးကို လိုက်ပြီးစုပ်ယူနေရတာပေါ့။ လူတွေအများကြီးဆီကနေ ပညာတွေလည်း အများကြီး သင်ယူခွင့် ရခဲ့ပါတယ် …” လို့ Vellani က ဆိုပါတယ်။

Photo: imanvellanian/ Instagram

သူမရဲ့အကြိုက်ဆုံး Marvel ဇာတ်ကောင်ဟာ Captain Marvel မဟုတ်ပါဘူး။ 

Vellani ရဲ့ ကာရိုက်တာဖြစ်တဲ့ Kamala Khan ဟာ Captain Marvel ကို အလွန်လေးစား အားကျသူ ဖြစ်ပေမယ့် သရုပ်ဆောင်ကိုယ်တိုင်ရဲ့ အကြိုက်ဆုံး ဟီးရိုးဇာတ်ကောင်ကတော့ တခြားတစ်ယောက် ဖြစ်ပါတယ်။ Vellani ရဲ့ အကြိုက်ဆုံး စူပါဟီးရိုးကတော့ MCU ကိုစတင်ခဲ့တဲ့ Iron Man ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Vellani ဟာ သူမအနေနဲ့ Kamala Khan လိုပဲ AvengerCon ကို တက်ရောက်ရမယ်ဆိုရင် Iron Man ရဲ့ဝတ်စုံကို ဝတ်ဆင်သွားမယ်လို့တောင် ဖြေထားဖူးပါသေးတယ်။

Vancouver

Source: people/wiki

The post Ms. Marvel သရုပ်ဆောင် Iman Vellani ရဲ့စိတ်ဝင်စားစရာ ဘဝအကြောင်း appeared first on San Yit Wine.

]]>
လူဆိုးလေးအဖြစ်ကနေ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်လာတဲ့ Robert Downey Jr. ရဲ့ပြောင်းလဲမှုအဆင့်ဆင့် https://sanyitwine.com/rdj-transformation-from-young-to-current-day/?utm_source=rss&utm_medium=rss&utm_campaign=rdj-transformation-from-young-to-current-day Fri, 03 Jun 2022 07:41:22 +0000 https://sanyitwine.com/?p=29584 Robert Downey Jr. ဟာ နာမည်ကျော် သရုပ်ဆောင်မင်းသားတစ်လက် ဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အချိန်ကြာမြင့်စွာ ကျင်လည် ကျက်စားလာခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၅ခုနှစ် ဧပြီလ(၄)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Robert ဟာ ငယ်စဉ်ကလေးဘဝတည်းက ကင်မရာမီးရောင်တွေရဲ့အောက်မှာ ကြီးပြင်းလာခဲ့တာပါ။ လော့စ်အိန်ဂျလိစ်ဇာတိ ဖြစ်ပြီး ဟောလိဝုဒ်မှာပဲ အရွယ်ရောက် ကြီးပြင်းခဲ့ရတဲ့ Robert ဟာ တကယ်တော့ သရုပ်ဆောင်၊ ဒါရိုက်တာ Robert John Downey ရဲ့သား ဖြစ်ပါတယ်။ Robert ရဲ့ ပထမဆုံး သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ရုပ်ကတော့ သူ့အသက်(၅)နှစ်အရွယ်မှာ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝနဲ့ အတွေ့အကြုံ ယူခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ကာလတွေမှာတော့ Brat Pack ၊ Weird Science ၊ Less Than […]

The post လူဆိုးလေးအဖြစ်ကနေ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်လာတဲ့ Robert Downey Jr. ရဲ့ပြောင်းလဲမှုအဆင့်ဆင့် appeared first on San Yit Wine.

]]>
Robert Downey Jr. ဟာ နာမည်ကျော် သရုပ်ဆောင်မင်းသားတစ်လက် ဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အချိန်ကြာမြင့်စွာ ကျင်လည် ကျက်စားလာခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၅ခုနှစ် ဧပြီလ(၄)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Robert ဟာ ငယ်စဉ်ကလေးဘဝတည်းက ကင်မရာမီးရောင်တွေရဲ့အောက်မှာ ကြီးပြင်းလာခဲ့တာပါ။ လော့စ်အိန်ဂျလိစ်ဇာတိ ဖြစ်ပြီး ဟောလိဝုဒ်မှာပဲ အရွယ်ရောက် ကြီးပြင်းခဲ့ရတဲ့ Robert ဟာ တကယ်တော့ သရုပ်ဆောင်၊ ဒါရိုက်တာ Robert John Downey ရဲ့သား ဖြစ်ပါတယ်။

Robert ရဲ့ ပထမဆုံး သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ရုပ်ကတော့ သူ့အသက်(၅)နှစ်အရွယ်မှာ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝနဲ့ အတွေ့အကြုံ ယူခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ကာလတွေမှာတော့ Brat Pack ၊ Weird Science ၊ Less Than Zero အစရှိတဲ့ ဇာတ်ကားတွေနဲ့ သူ့ရဲ့ကိုယ်ပိုင်နာမည်တစ်လုံးကို ရယူနိုင်ခဲ့ပါတယ်။ ဒါတင်မက ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Chaplin ရုပ်ရှင်ဇာတ်ကားထဲမှာ Charlie Chaplin နေရာက သရုပ်ဆောင်ခဲ့ပြီး အော်စကာ စံကာတင်စာရင်းတောင် ဝင်ခဲ့ပါသေးတယ်။

Photo: robertdowneyjr/ Instagram

နောက်ခံအသိုင်းအဝိုင်း ကောင်းမွန်သလို ကိုယ်တိုင်ကလည်း သရုပ်ဆောင်ပညာမှာ ထူးချွန်ပေမယ့် Robert ဟာ အရွယ်ကောင်းအချိန်မှာပဲ အရက်နဲ့ မူးယစ်ဆေးဝါးကို လူသိရှင်ကြား အပြင်းအထန် စွဲလန်းခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေကနေ ၂၀၀၀ ခုနှစ်အစောပိုင်းအထိ ကာလတွေဟာ သူ့ရဲ့အမှောင်ကျခဲ့တဲ့ ကာလတွေလို့ ပြောလို့ရပါတယ်။

အရက်နဲ့ မူးယစ်ဆေးဝါးကြောင့်ပဲ Robert ဟာ ၂၀၀၀ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင်မှာ ထောင်တစ်နှစ် ကျခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အကြိမ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါသေးတယ်။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ်ကို ရောက်တော့မှသာ အရက်နဲ့ မူးယစ်ဆေးကို လုံးဝဖြတ်လိုက်ပြီး လူသစ်၊ စိတ်သစ်နဲ့ ဘဝသစ် စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ် ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်လာတဲ့ အချိန်မှာတော့ လူငယ်ပရိသတ်များစွာရဲ့ အသည်းစွဲဇာတ်ကောင် ဖြစ်တဲ့ Iron Man တဖြစ်လည်း Tony Stark အဖြစ် မိတ်ဆက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Marvel Cinematic Universe ထဲမှာ လူကြိုက်အများဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး Sherlock Holmes လိုဇာတ်ကားတွေနဲ့လည်း ရုပ်ရှင်ကြည့်ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ဘဝဖြတ်သန်းမှုတွေထဲက အဆင့်ဆင့် ပြောင်းလဲလာပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁၉၈၅ ခုနှစ်က RDJ

Photo Credit: NBC-TV/ KOBAL/ SHUTTERSTOCK

ဒါကတော့ ၁၉၈၅ ခုနှစ်က Saturday Night Live ရဲ့ promo မှာ မြင်တွေ့ခဲ့ရတဲ့ Robert ရဲ့ငယ်စဉ်က ပုံရိပ်ပဲ ဖြစ်ပါတယ်။

Less Than Zero ထဲက Robert

Photo Credit: John Clifford/ 20th Century Fox

ဒါကတော့ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Less Than Zero ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပထမနှစ်ကောလိပ်တက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ နှစ်ဝက်ကျောင်းပိတ်ချိန်မှာ သူ့ရဲ့မြို့ငယ်လေးကို အလည်ပြန်လာတဲ့အချိန်မှာတော့ သူ့ရဲ့ချစ်သူနဲ့ ငယ်သူငယ်ချင်းတို့ကို မမျှော်လင့်ထားတဲ့ပုံစံနဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကတော့ သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းတို့ဟာ သူ မရှိတဲ့အချိန်မှာ တွဲနေကြပြီး နှစ်ယောက်လုံးက မူးယစ်ဆေးဝါးကို အလွန်အကျူး စွဲလန်းမှီခိုနေရတဲ့အခါမှာတော့ …။ Robert ကတော့ ဒီဇာတ်ကားထဲမှာ ဆေးစွဲနေတဲ့ သူငယ်ချင်းဖြစ်သူ Julian အဖြစ် သရုပ်ဆောင်ထားပါတယ်။

၁၉၉၀ မှာတွေ့ရတဲ့ Robert

Photo Credit: TRI STAR/ KOBAL/ SHUTTERSTOCK

ဒါကတော့ ၁၉၉၀ ခုနှစ်က photoshoot တစ်ခုမှာ အဖြူအမည်းနဲ့ တွေ့မြင်ရတဲ့ Robert ပဲ ဖြစ်ပါတယ်။

Chaplin ထဲက Robert

Photo Credit: MOVIE STORE/ SHUTTERSTOCK

နာမည်ကျော် ဟာသပညာရှင် Charlie Chaplin ရဲ့ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ၁၉၉၂ ခုနှစ်ထွက် Chaplin ဇာတ်ကားထဲက Robert ဖြစ်ပါတယ်။ Robert ဟာ ဒီဇာတ်ကားထဲက သရုပ်ဆောင်မှုကြောင့် ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါသေးတယ်။

Restoration ထဲက Robert

Photo Credit: David Appleby/ AVENUE

ဒါကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ period drama ရုပ်ရှင် Restoration ထဲမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Robert ဟာ တော်ဝင်သမားတော် Robert Merivel အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ လန်ဒန်မြို့က ပလိပ်ရောဂါ ခံစားနေရတဲ့ ပြည်သူတွေကို ရောဂါသက်သာအောင် ကုသပေးခဲ့ပြီး Charles II ဘုရင်ရဲ့ နယ်နှင်ဒဏ်ခံလိုက်ရတဲ့ သမားတော် ဖြစ်ပါတယ်။

Robert နဲ့ Calista Flockhart

Photo Credit: MARK J TERRIL/ AP/ SHUTTERSTOCK

ဒါကတော့ ၂၀၀၁ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅၈)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မြင်တွေ့ခဲ့ရတဲ့ Robert နဲ့ Calista Flockhart တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Ally McBeal ရုပ်ရှင်မှာ အတူသရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး ချစ်သူတွေ ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် တရားဝင်တော့ အတည်မပြုခဲ့ပါဘူး။

Kiss Kiss Bang Bang

Photo Credit: MOVIESTORE/ SHUTTERSTOCK

ဒါကတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Kiss Kiss Bang Bang ရုပ်ရှင်ထဲက Robert ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နယူးယော့ခ်မြို့က သူခိုးတစ်ယောက်ဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်နဲ့ လူမှားခံရပြီးနောက်မှာတော့ ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ဖို့အတွက် ဟောလိဝုဒ်မှာ သွားရောက် လေ့ကျင့်သင်ကြားရပါတော့တယ်။ ဖြစ်ချင်တော့ လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ မင်းသမီးတစ်လက်နဲ့ ဆုံတွေ့မိကြတဲ့အခါမှာတော့ …။

၂၀၀၅ ခုနှစ်မှာ မြင်တွေ့ရတဲ့ Robert နဲ့ ဇနီးသည် Susan Downey

Photo Credit: BEI/ SHUTTERSTOCK

ဒါကတော့ ၂၀၀၅ ခုနှစ်မှာ ယူနီဆက်ဖ်က ကျင်းပပြုလုပ်ခဲ့တဲ့ Crystal Snowflake Lighting Ceremony ကို အတူတကွ တက်ရောက်လာတဲ့ Robert နဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။ Robert ရဲ့ဇနီးသည် Susan Downey ကတော့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် ဖြစ်ပြီး Robert ရဲ့ ရုပ်ရှင်အများစုကိုလည်း producer အဖြစ် တာဝန်ယူ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် အော်စကာဆုပေးပွဲမှာ မြင်တွေ့ရတဲ့ Robert

Photo Credit: JIM SMEAL/ BEI/ SHUTTERSTOCK

ဒါကတော့ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၉)ကြိမ်‌မြောက် အော်စကာဆုပေးပွဲမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။

Iron Man

Photo Credit: MARVEL/ PARAMOUNT

ဒါကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ဇာတ်ကားထဲမှာ မြင်တွေ့ရတဲ့ Robert ရဲ့ပုံရိပ်ပဲ ဖြစ်ပါတယ်။

Sherlock Holmes

Photo Credit: Warner Bros. Studios

ဒါကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sherlock Holmes ရုပ်ရှင်ထဲမှာ မြင်တွေ့ရတဲ့ Robert ပဲ ဖြစ်ပါတယ်။

ဟောလိဝုဒ်လမ်းမကြီးမှာ ကိုယ်ပိုင်လက်ရာ ထားနိုင်ခဲ့တဲ့ Robert

Photo Credit: MATT BARON/ SHUTTERSTOCK

ဒါကတော့ ၂၀၁၉ ခုနှစ် ဧပြီလ(၂၃)ရက်နေ့က Avengers: Endgame သရုပ်ဆောင်တွေနဲ့အတူ ဟောလိဝုဒ်လမ်းမကြီးမှာ လက်ရာ ချန်ထားခဲ့တဲ့ Robert ပဲ ဖြစ်ပါတယ်။

ဒါကတော့ နှစ်ကာလတွေတလျှောက် အဆင့်ဆင့် ပြောင်းလဲလာတဲ့ Robert Downey Jr. ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော Robert ရဲ့ ဘယ်ဇာတ်ကားထဲက သရုပ်ဆောင်မှုတွေကို ကြိုက်နှစ်သက်လည်းဆိုတာ ကောမန့်မှာ ဆွေးနွေးပေးခဲ့ပါဦး။

Vancouver

The post လူဆိုးလေးအဖြစ်ကနေ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်လာတဲ့ Robert Downey Jr. ရဲ့ပြောင်းလဲမှုအဆင့်ဆင့် appeared first on San Yit Wine.

]]>
စူပါစတားဖြစ်ဖို့ မွေးဖွားလာခဲ့တဲ့ Olivia Rodrigo ရဲ့ ဘဝစာမျက်နှာ https://sanyitwine.com/olivia-rodrigo-bio-and-life-facts/?utm_source=rss&utm_medium=rss&utm_campaign=olivia-rodrigo-bio-and-life-facts Thu, 12 May 2022 18:04:56 +0000 https://sanyitwine.com/?p=28494 ဂီတလောကမှာ တဟုန်ထိုး တောက်ပလာတဲ့ ကြယ်ပွင့်လေး Olivia Rodrigo ကတော့ မျိုးဆက်သစ်တွေထဲမှာ အအောင်မြင်ဆုံး artist တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Disney series တွေကနေတဆင့် သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာမှ ဂီတလောကဘက်ကို ရောက်လာသူ ဖြစ်ပါတယ်။ Olivia ရဲ့ တေးသီချင်းတွေကို နှစ်သက်ပြီး သူမရဲ့ဘဝအကြောင်းကို သိရှိလိုကြတဲ့ ပရိသတ်တွေအတွက် Olivia ရဲ့ ဘဝစာမျက်နှာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ Olivia Rodrigo ဆိုတာ ဘယ်သူလဲ? Oliva ကိုတော့ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၁၉)နှစ် ရှိပါပြီ။ သူမရဲ့ အမည်အရင်းကတော့ Olivia Isabel Rodrigo ဖြစ်ပြီး Pisces ရာသီဖွားလေးလည်း ဖြစ်ပါတယ်။ […]

The post စူပါစတားဖြစ်ဖို့ မွေးဖွားလာခဲ့တဲ့ Olivia Rodrigo ရဲ့ ဘဝစာမျက်နှာ appeared first on San Yit Wine.

]]>
ဂီတလောကမှာ တဟုန်ထိုး တောက်ပလာတဲ့ ကြယ်ပွင့်လေး Olivia Rodrigo ကတော့ မျိုးဆက်သစ်တွေထဲမှာ အအောင်မြင်ဆုံး artist တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Disney series တွေကနေတဆင့် သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာမှ ဂီတလောကဘက်ကို ရောက်လာသူ ဖြစ်ပါတယ်။ Olivia ရဲ့ တေးသီချင်းတွေကို နှစ်သက်ပြီး သူမရဲ့ဘဝအကြောင်းကို သိရှိလိုကြတဲ့ ပရိသတ်တွေအတွက် Olivia ရဲ့ ဘဝစာမျက်နှာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Olivia Rodrigo ဆိုတာ ဘယ်သူလဲ?

Oliva ကိုတော့ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၁၉)နှစ် ရှိပါပြီ။ သူမရဲ့ အမည်အရင်းကတော့ Olivia Isabel Rodrigo ဖြစ်ပြီး Pisces ရာသီဖွားလေးလည်း ဖြစ်ပါတယ်။ သူမရဲ့အရပ်အမြင့်ကတော့ (၅)ပေ(၄)လက်မ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Olivia ဟာ ဖိလစ်ပိုင်-အမေရိကန် ကပြားမလေး ဖြစ်ပါတယ်။ သူမရဲ့မိခင်ကတော့ အိုင်းရစ်ရှ်နဲ့ ဂျာမန်မျိုးရိုးကနေ ဆင်းသက်လာတာ ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ဖိလစ်ပိုင်-အမေရိကန်ကပြား ဖြစ်ပါတယ်။

တကယ်တော့ သူမရဲ့အဖေဘက်က အဘိုးဖြစ်သူဟာ ဆယ်ကျော်သက်ဘဝတည်းက အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့တာ ဖြစ်ပြီး ကျန်တဲ့မျိုးဆက်အားလုံးကတော့ အမေရိကန်နိုင်ငံထဲမှာပဲ မွေးဖွားကြီးပြင်းခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Olivia တို့မိသားစုဟာ သူတို့ရဲ့ မျိုးရိုးအစဉ်အလာကို ထိန်းသိမ်းကြပြီး ဖိလစ်ပိုင်အစားအစာတွေကိုလည်း နှစ်သက်ကြတယ်လို့ ဆိုပါတယ်။ သူမရဲ့ဖခင်ကတော့ family therapist တစ်ယောက် ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကျောင်းဆရာမ ဖြစ်ပါတယ်။

သရုပ်ဆောင်အဖြစ်နဲ့ ခြေလှမ်းစခဲ့တဲ့ Olivia

တကယ်တော့ Olivia ဟာ ယခုအချိန်မှာ သူမရဲ့ဂီတနဲ့ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပေမယ့် သူမရဲ့ခရီးအစကတော့ သရုပ်ဆောင်အလုပ် ဖြစ်ပါတယ်။ Olivia ဟာ အသက်(၁၂)နှစ်အရွယ်မှာပဲ Grace Stirs Up Success ဆိုတဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ပြီး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ အသက်(၁၃)နှစ်အရွယ် ၂၀၁၆ ခုနှစ်အရောက်မှာတော့ Disney Channel က ထုတ်လွှင့်ပြသတဲ့ Bizaardvark ဆိုတဲ့ စီးရီးထဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ Disney+ ရဲ့စီးရီးဖြစ်တဲ့ High School Musical: The Musical: The Series ထဲမှာ Nini Salazar ဇာတ်ရုပ်ကနေ ပါဝင်ခွင့် ရခဲ့ပြန်ပါသေးတယ်။ အဲဒီဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်သီချင်း All I Want ကို သူမကိုယ်တိုင် ရေးစပ်ပေးခဲ့ပြီး TikTok မှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဂီတနဲ့ဖက်ပြီး ကြီးပြင်းခဲ့တဲ့ ကြယ်ပွင့်လေး Olivia

Photo: oliviarodrigo/ Instagram

တနေ့မှာ ကမ္ဘာကျော်တဲ့ ဂီတကြယ်ပွင့်ဖြစ်လာမယ့် Olivia ကတော့ ဂီတဟာ သူမရဲ့ အသွေးအသားထဲမှာကိုက စီးဆင်းနေခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက်(၅)နှစ်အရွယ်တည်းက သီချင်းတွေ စဆိုခဲ့တာ ဖြစ်ပြီး (၉)နှစ်အရွယ်မှာတော့ စန္ဒယားကို စတင်တီးခတ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကလေးဘဝမှာတော့ မိခင်ဖြစ်သူရဲ့ မိတ်ဆက်ပေးမှုနဲ့ Motor Head ၊ The Killers ၊ The White Stripes အစရှိတဲ့ rock band တွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့တာပါ။

တေးသီချင်း ရေးစပ်မှုအပိုင်းမှာတော့ Taylor Swift နဲ့ Lorde ဟာ သူမရဲ့စံပြပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ Olivia က ဆိုပါတယ်။ ဒါ့အပြင် Taylor Swift ဟာ သူမရဲ့အနှစ်သက်ဆုံး Artist ဖြစ်တယ်လို့လည်း အင်တာဗျူးတိုင်းမှာ ဖြေဆိုထားပါတယ်။ သူမရဲ့ ဆိုရှယ်မီဒီယာတွေမှာဆိုရင် Taylor Swift အကြောင်းကို မကြာခဏ ပို့စ်တင်တတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Taylor Swift ကလည်း Olivia ကို သူမရဲ့ သမီးလေးလို့ သတ်မှတ်ထားပြီး Folklore အယ်လ်ဘမ် ထွက်တုန်းကဆိုရင် အယ်လ်ဘမ်နဲ့အတူ ရောင်းချတဲ့ Cardigan အင်္ကျီလေးကိုတောင် Olivia ဆီ ပေးပို့ခဲ့ပါသေးတယ်။

တဟုန်ထိုး ရရှိလာတဲ့ အောင်မြင်မှုများ

Photo: oliviarodrigo/ Instagram

၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့မှာတော့ Olivia ဟာ သူမရဲ့ ပထမဆုံး ဆင်ဂယ်လ်တေးသီချင်းအဖြစ် drivers license ကို ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းကတော့ နေ့ချင်းညချင်းမှာပဲ လူတွေကြားထဲ ပေါက်သွားပြီး streaming platform ပေါင်းများစွာမှာ စံချိန်တင်သွားပါတယ်။ ဒီသီချင်းကတော့ Disney ရှိုးမှာ သူမနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ Joshua Bassett အကြောင်းကို ရေးသား သီဆိုထားတာလို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ သို့သော်လည်း Olivia ကတော့ တစုံတရာ မဖြေရှင်းခဲ့ပါဘူး။

ဒီလိုနဲ့ အသက်(၁၈)နှစ်အရွယ်မှာတော့ သူမရဲ့ပထမဆုံး ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် Sour ကို ထွက်ရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာလည်း ကြောက်ခမန်းလိလိ အောင်မြင်ခဲ့ပြီး အယ်လ်ဘမ်ထဲက Good 4 u ၊ traitor ၊ deja vu အစရှိတဲ့ သီချင်းတွေဟာလည်း music chart တွေမှာ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။

Photo: oliviarodrigo/ Instagram

ဒါ့အပြင် လူငယ်တွေကြားမှာ ရေပန်းစား အောင်မြင်တဲ့ artist တစ်ယောက် ဖြစ်လာတာကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာတော့ အိမ်ဖြူတော်ရဲ့ ဖိတ်ကြားခြင်းကို ခံခဲ့ရပါတယ်။ အဲဒါကတော့ လူငယ်တွေကြားမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအတွက် သူမက ဝိုင်းဝန်း လှုံ့ဆော်ပေးဖို့ပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတော့ Olivia ရဲ့ နှစ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ သူမဟာ ဂီတထူးချွန်ဆုများစွာကို ရရှိခဲ့ပြီး Met Gala ပွဲကြီးကိုလည်း ပထမဆုံးအကြိမ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် Time မဂ္ဂဇင်းက ထုတ်ပြန်တဲ့ Entertainer of the Year အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါသေးတယ်။ ဒီလိုနဲ့ ၂၀၂၂ ခုနှစ်ကို ရောက်ရှိလာတဲ့အခါမှာတော့ သူမအတွက် ပိုကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ Olivia ဟာ ဂရမ်မီ တေးဂီတ ထူးချွန်ဆုပေးပွဲအတွက် စံကာတင်(၇)ဆုတောင် ဝင်ခဲ့‌ပြီး အိမ်ကိုတော့ ဆု(၃)နဲ့ ပြန်နိုင်ခဲ့ပါတယ်။

ဒါကတော့ Olivia Rodrigo ရဲ့ ဘဝစာမျက်နှာတွေပဲ ဖြစ်ပြီး သူမဟာ ငယ်ရွယ်လွန်းသေးတာကြောင့် ရှေ့လာမယ့် အနာဂတ်မှာတော့ အခုထက်ပိုပြီး တောက်ပလင်းလက်လာဦးမယ်ဆိုတာ အသေအချာပါပဲ။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post စူပါစတားဖြစ်ဖို့ မွေးဖွားလာခဲ့တဲ့ Olivia Rodrigo ရဲ့ ဘဝစာမျက်နှာ appeared first on San Yit Wine.

]]>
America Chavez ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိလာသူ Xochitl Gomez ရဲ့ဘဝအကြောင်း https://sanyitwine.com/america-chavez-xochitl-gomez-bio/?utm_source=rss&utm_medium=rss&utm_campaign=america-chavez-xochitl-gomez-bio Tue, 10 May 2022 06:22:00 +0000 https://sanyitwine.com/?p=28258 Xochitl Gomez ကတော့ Marvel Cinematic Universe ရဲ့ စူပါဟီးရိုးအသစ် America Chavez အဖြစ် သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို အချိန်တိုလေးအတွင်း တဟုန်ထိုး ရရှိလာသူလည်း ဖြစ်ပါတယ်။ အသက်(၁၆)နှစ်အရွယ်သာ ရှိသေးတဲ့ Gomez ဟာ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာ America Chavez အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူမအတွက်တော့ ဒီဇာတ်ရုပ်ဟာ သာမန်ဇာတ်ရုပ်တွေထက် အဓိပ္ပာယ်တွေများစွာ ရှိနေတာလည်း ဖြစ်ပါတယ်။ Xochitl Gomez ကတော့ ဧပြီလ(၂၉)ရက် ၂၀၀၆ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မွေးဖွားရာ ဇာတိမြို့ကတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ ဖြစ်ပါတယ်။ […]

The post America Chavez ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိလာသူ Xochitl Gomez ရဲ့ဘဝအကြောင်း appeared first on San Yit Wine.

]]>
Xochitl Gomez ကတော့ Marvel Cinematic Universe ရဲ့ စူပါဟီးရိုးအသစ် America Chavez အဖြစ် သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို အချိန်တိုလေးအတွင်း တဟုန်ထိုး ရရှိလာသူလည်း ဖြစ်ပါတယ်။ အသက်(၁၆)နှစ်အရွယ်သာ ရှိသေးတဲ့ Gomez ဟာ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာ America Chavez အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူမအတွက်တော့ ဒီဇာတ်ရုပ်ဟာ သာမန်ဇာတ်ရုပ်တွေထက် အဓိပ္ပာယ်တွေများစွာ ရှိနေတာလည်း ဖြစ်ပါတယ်။

Xochitl Gomez ကတော့ ဧပြီလ(၂၉)ရက် ၂၀၀၆ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မွေးဖွားရာ ဇာတိမြို့ကတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ ဖြစ်ပါတယ်။ အမေရိကန်-မက္ကဆီကန်မလေး ဖြစ်ပြီး သရုပ်ဆောင်အလုပ်တွေ မတိုင်ခင်မှာတော့ ကြော်ငြာမော်ဒယ်လ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ Shadow Wolves ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ Raven’s Home ဆိုတဲ့ sit-com ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

Photo Credit: Jay Maidment/ Marvel Studios

Marvel စတူဒီယိုက သူမကို သတိထားမိစေခဲ့တဲ့ ဇာတ်ရုပ်ကတော့ ၂၀၂၀ ခုနှစ်မှာ Netflix က ထုတ်လွှင့်ခဲ့တဲ့ The Baby-Sitters Club ဇာတ်လမ်းတွဲထဲက Dawn Schafer ဇာတ်ရုပ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဒီဇာတ်ရုပ်ကို အသက်(၁၂)နှစ်အရွယ်မှာ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း season 1 သရုပ်ဆောင်ပြီးနောက်မှာတော့ Marvel နဲ့ အချိန်ဇယားတွေ ညှိနှိုင်းလို့ မရတော့တာကြောင့် ဒီရှိုးကနေ ထွက်ခွာခဲ့ပါတယ်။

သူမရဲ့အမည်ဟာ “ပန်းကလေး”လို့ အဓိပ္ပာယ်ရပါတယ်။

သူမရဲ့အမည်က ရှေ့အမည် Xochitl ကတော့ “So-Chee” လို့ အသံထွက်ပါတယ်။ ဒီစကားလုံးဟာ မက္ကဆီကိုနိုင်ငံရဲ့ ဒေသသုံး တိုင်းရင်းသား ဘာသာစကားတစ်ခု ဖြစ်တဲ့ Nahuatl ဘာသာစကား ဖြစ်ပြီး “ပန်းကလေး”လို့ အဓိပ္ပာယ်ရပါတယ်။

Photo: xochitlgomez/ Instagram

Multiverse of Madness ထဲက ဇာတ်ရုပ်ဟာ သူမအတွက် သီးသန့်ရေးပေးထားတာ ဖြစ်ပါတယ်။

တကယ်တော့ Gomez ဟာ Multiverse of Madness ရုပ်ရှင်အတွက် လူရွေးပွဲ ဝင်ပြိုင်စဉ်က သူမကိုယ်သူမ သိပ်ပြီး မျှော်လင့်ချက် မထားခဲ့ပါဘူး။ အကြောင်းကတော့ သူမဟာ အဲဒီအချိန်တုန်းက အသက်(၁၃)နှစ်သာ ရှိသေးတာဖြစ်ပြီး America Chavez ရဲ့ ဇာတ်ရုပ်အတွက် မူလက ရေးသားထားတဲ့ ဇာတ်ညွှန်းဟာ အသက်(၁၈)နှစ်အရွယ် ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အဖြစ် ပုံဖော်ထားတာ ဖြစ်လို့ပါပဲ။

သို့သော်လည်း လူရွေးပွဲ ဝင်ပြိုင်ပြီး တစ်လအကြာမှာတော့ နောက်ထပ်တစ်ခေါက် လူရွေးပွဲ ဝင်ပြိုင်ပေးဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ America Chavez ရဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်မယ့် Gomez ရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်သွားအောင် ပိုငယ်တဲ့ ဗားရှင်းအဖြစ် ပြောင်းလဲပေးခဲ့ကြပါတယ်။

Photo Credit: Marvel Studios/ Disney Studios

Gomez အတွက်တော့ Diversity ရှိမှုဟာ အလွန်အရေးပါပါတယ်။

Marvel Cinematic Universe ထဲက ပထမဆုံးသော queer လက်တင် စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ရခြင်းဟာ Gomez အတွက်တော့ အဓိပ္ပာယ်များစွာ ရှိပါတယ်။ အကြောင်းကတော့ သူမ ငယ်ရွယ်စဉ်တုန်းကဆိုရင် လေးစားအားကျစရာ လက်တင်အမျိုးသမီး ဇာတ်ရုပ်ရယ်လို့ များများစားစား မရှိခဲ့လို့ပါပဲ။ ဒါဟာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေက သရုပ်ဆောင်တွေ ရွေးချယ်တဲ့အခါ diversity လို့ခေါ်တဲ့ လူမျိုး၊ အသားအရောင် စုံလင်မှု မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင်တော့ မိန်းမငယ်လေးပေါင်းများစွာဟာ သူမကိုကြည့်ပြီး စိတ်အားတက်ကြွလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: xochitlgomez/ Instagram

“Selena Gomez နဲ့ Dora The Explorer ကလွဲရင် ဖန်သားပြင်ပေါ်မှာ ကျွန်မတို့လို လူမျိုးတွေကို ကိုယ်စားပြုမှုက တော်တော်လေး နည်းပါတယ်။ ဒါကြောင့် America Chavez အဖြစ် သရုပ်ဆောင်ရတာ ဂုဏ်ယူပါတယ်။ ပြီးတော့ သူမကို MCU ထဲ ခေါ်လာရမှာကိုလည်း သိပ်စိတ်လှုပ်ရှားမိပါတယ်။ သူ့ကို ကျွန်မကြိုက်တဲ့ အချက်ကတော့ သူက ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့လူလည်း ဖြစ်တယ်။ သူ့ဘာသာ lesbian ဖြစ်နေပေမယ့် အဲဒါကို focus လုပ်စရာ မလိုဘူးလေ …” လို့ Elite Daily သတင်းဌာနနဲ့ အင်တာဗျူးမှာ Gomez က ပြောထားပါတယ်။

သူမရဲ့ TikTok အကောင့်ဟာ ပိတ်ခံခဲ့ရပါတယ်။

Gomez ရဲ့ America Chavez ဇာတ်ရုပ်ဟာ MCU ထဲမှာ LGBTQ အသိုင်းအဝိုင်းအတွက် ကိုယ်စားပြုမှု ရရှိလာခြင်းနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားပေမယ့် တစ်ဖက်မှာတော့ ဝေဖန်မှုများစွာနဲ့လည်း ရင်ဆိုင်နေရပါသေးတယ်။ Multiverse of Madness ရုပ်ရှင်ဟာ အီဂျစ်နဲ့ ဆော်ဒီအာရေဘီးယားနိုင်ငံတွေမှာ ရုံတင်ခွင့် ပိတ်ခံခဲ့ရသလို Gomez ရဲ့ TikTok အကောင့်ဟာလည်း အမုန်းတရားများ ပြည့်နှက်နေတဲ့ ကောမန့်များစွာ ရရှိမှုကြောင့် ပိတ်ခံခဲ့ရပါသေးတယ်။

Photo: xochitlgomez/ Instagram

သို့သော်လည်း နောက်ဆုံးမှာတော့ Gomez ဟာ သူမရဲ့ TikTok အကောင့်ကို ပြန်လည် ရရှိခဲ့ပြီး အမုန်းစကားတွေ ပြောကြားတဲ့ hater တွေကိုလည်း သတင်းစကားပါးထားပါသေးတယ်။ “ဘယ်အရာကမှ ကျွန်မကို ပြိုလဲသွားအောင် မလုပ်နိုင်ပါဘူး။ ဒီထက်ပိုပြီး ကြံ့ခိုင်သန်မာအောင် နေပြီး ရှေ့ဆက်သွားနေဦးမှာပါ။ ဘာလို့လည်းဆိုတော့ ငယ်ရွယ်သေးတဲ့ ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကြည့်ရမယ့် အကောင်းမြင်စိတ်ရှိသူတစ်ယောက် ရှိနေဖို့ လိုအပ်တယ်လေ …”

“ကျွန်မရဲ့ပုံစံအတိုင်းပဲ အရိုးသားဆုံး ကြိုးစား နေထိုင်သွားမှာပါ။ တချို့ hater တွေထက် ပိုပြီးလည်း အသံကျယ်လောင်တဲ့အပြင် ပိုပြီးလည်း စိတ်အားထက်သန်မှုရှိတဲ့၊ ကျွန်မကို အားပေးကြတဲ့ ပရိသတ်တွေ ရှိနေတာကိုလည်း တကယ် ကျေးဇူးတင်မိပါတယ် …” လို့ သူမက ဆိုထားပါတယ်။

သူမဟာ စကိတ်ဘုတ်စီးရတာ နှစ်သက်သူ ဖြစ်ပါတယ်။

Photo: xochitlgomez/ Instagram

Gomez ရဲ့ ပျော်ရွှင်စရာ ဝါသနာတစ်ခုကတော့ စကိတ်ဘုတ်စီးရတာ နှစ်သက်ခြင်းပါပဲ။ စကိတ်ဘုတ်စီး သင်ယူ လေ့ကျင့်နေတဲ့ ဗွီဒီယိုတချို့ကိုတော့ သူမရဲ့အင်စတာဂရမ်မှာ မျှဝေပေးထားပါသေးတယ်။ သူမအနေနဲ့ စကိတ်ဘုတ်စီးရတာကို ပျော်ရွှင် နှစ်သက်ပေမယ့် အရေးကြီး ဇာတ်ရုပ်တွေ ရရှိထားတဲ့အတွက် ထိခိုက်ဒဏ်ရာ မဖြစ်အောင် ဖြည်းဖြည်းအေးအေးသာ စီးနင်းနေတယ်လို့လည်း ဆိုပါတယ်။

“ကျွန်မ စကိတ်ဘုတ်လည်း နည်းနည်းပါးပါး စီးတတ်ပါတယ်။ ဒါပေမယ့် ဇာတ်ရုပ်တွေ ကမ်းလှမ်းခံလာရတည်းက ထိခိုက်ဒဏ်ရာ ရသွားလို့ မဖြစ်တော့ နည်းနည်းပါးပါး ပွန်းရုံလောက်လေးပဲ စီးနေတာပေါ့ …”လို့ Gomez က ဆိုပါတယ်။

ဒါကတော့ Marvel သရုပ်ဆောင် Xochitl Gomez ရဲ့ စိတ်ဝင်စားစရာ ဘဝအကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post America Chavez ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိလာသူ Xochitl Gomez ရဲ့ဘဝအကြောင်း appeared first on San Yit Wine.

]]>
မလွယ်ကူတဲ့ဘဝကနေ ကမ္ဘာ့ထိပ်တန်း ပရိသတ်အချစ်တော်မင်းသား ဖြစ်လာခဲ့တဲ့ Leonardo DiCaprio  https://sanyitwine.com/life-story-of-leonardo-dicaprio/?utm_source=rss&utm_medium=rss&utm_campaign=life-story-of-leonardo-dicaprio Wed, 22 Sep 2021 13:03:54 +0000 https://sanyitwine.com/?p=19994 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ နာမည်ကျော် မင်းသား Leonardo DiCaprio ဟာ နာမည်ကျော် အမေရိကန် မင်းသားတစ်လက် ဖြစ်ရုံသာမက ရုပ်ရှင် producer တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အများအားဖြင့် သူဟာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်တတ်ပြီး အတ္ထုပ္ပတ္တိဇာတ်လမ်းတွေမှာလည်း သရုပ်ဆောင်လေ့ရှိသူ ဖြစ်ပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေရဲ့ စုစုပေါင်းဝင်ငွေဟာ ၂၀၁၉ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၇.၂)ဘီလျံကျော် ရှိနေပါတယ်။ ဒါကြောင့်လည်း နှစ်စဉ် ကမ္ဘာ့ကြေးအမြင့်ဆုံး မင်းသားတွေရဲ့စာရင်းမှာ ရှစ်ကြိမ်ခန့် ပါဝင်ထားသူ ဖြစ်နေတာပါ။ Leo ကိုတော့ ၁၉၇၄ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အမည်ရင်းကတော့ Leonardo Wilhelm DiCaprio ဖြစ်ပြီး […]

The post မလွယ်ကူတဲ့ဘဝကနေ ကမ္ဘာ့ထိပ်တန်း ပရိသတ်အချစ်တော်မင်းသား ဖြစ်လာခဲ့တဲ့ Leonardo DiCaprio  appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မင်းသား Leonardo DiCaprio ဟာ နာမည်ကျော် အမေရိကန် မင်းသားတစ်လက် ဖြစ်ရုံသာမက ရုပ်ရှင် producer တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အများအားဖြင့် သူဟာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်တတ်ပြီး အတ္ထုပ္ပတ္တိဇာတ်လမ်းတွေမှာလည်း သရုပ်ဆောင်လေ့ရှိသူ ဖြစ်ပါတယ်။

သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေရဲ့ စုစုပေါင်းဝင်ငွေဟာ ၂၀၁၉ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၇.၂)ဘီလျံကျော် ရှိနေပါတယ်။ ဒါကြောင့်လည်း နှစ်စဉ် ကမ္ဘာ့ကြေးအမြင့်ဆုံး မင်းသားတွေရဲ့စာရင်းမှာ ရှစ်ကြိမ်ခန့် ပါဝင်ထားသူ ဖြစ်နေတာပါ။

Leo ကိုတော့ ၁၉၇၄ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အမည်ရင်းကတော့ Leonardo Wilhelm DiCaprio ဖြစ်ပြီး တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ ဥပဒေ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ကောမစ်စာအုပ်တွေကို ရေးသားထုတ်ဝေ ဖြန့်ချိသူပါ။ ဖခင်ဖြစ်သူက အီတလီ-ဂျာမန်‌ သွေးနှောတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ရုရှား သွေးနှောထားသူ ဖြစ်ပါတယ်။

Photo: citazionidicaprio/ InstagramLeonardo ဆိုတဲ့ နာမည်ကို ရလာတဲ့ အကြောင်းရင်းကတော့ မိခင်ဖြစ်သူဟာ သူ့ရဲ့ကိုယ်ဝန်နဲ့ အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့မှာရှိတဲ့ အနုပညာပြတိုက်ထဲက နာမည်ကျော် ဂန္ထဝင်ပန်းချီဆရာကြီး Leonardo da Vinci ရဲ့ ပန်းချီကားကို ကြည့်ရှုနေတုန်းမှာ ဗိုက်ထဲက သားလေးဟာ ပထမဆုံးအကြိမ် ကန်တာကို ခံစားမိခဲ့လို့ ဒီနာမည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့မိဘတွေဟာ သူ တစ်နှစ်သားအရွယ်မှာတင် ကွဲသွားခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကလေးအတွက် စဉ်းစားပြီး မိဘနှစ်ယောက်ဟာ အိမ်ချင်းကပ်လျက် နေထိုင်ခဲ့ကြပါသေးတယ်။ နောက်ပိုင်းမှာတော့ Leo နဲ့ မိခင်ဖြစ်သူတို့ဟာ လော့စ်အိန်ဂျလိစ်မြို့ ပတ်ဝန်းကျင်မှာပဲ အိမ်တွေ တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ပြီး နေထိုင်ခဲ့ကြရပါတယ်။ မိခင်ဖြစ်သူဟာ အလုပ်ပေါင်းစုံ လုပ်ကိုင်ခဲ့ရပြီး အိမ်ရဲ့ စီးပွားရေး အခြေအနေဟာလည်း ယိုင်နဲ့နဲ့ ဖြစ်နေခဲ့တာပါ။

Photo: citazionidicaprio/ Instagram

ဒါကြောင့်လည်း ငယ်ငယ်က ကျောင်းတက်ရတာကို မုန်းတဲ့ Leo ဟာ ကျောင်းသွားခိုင်းမယ့်အစား သရုပ်ဆောင်ရွေးပွဲတွေကိုသာ ပို့ပေးဖို့ အမေဖြစ်သူကို တောင်းဆိုခဲ့ပါတယ်။ အကြောင်းကတော့ သူသာ သရုပ်ဆောင်အဖြစ် လုပ်ခွင့်ရမယ်ဆိုရင် အိမ်ရဲ့စီးပွားရေးဟာလည်း သိသိသာသာ ကောင်းလာမှာကို သိနေခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အထက်တန်းကျောင်း တတိယနှစ်မှာ ကျောင်းက ထွက်ခဲ့ပြီး နောက်ပိုင်းမှာမှ ဒီပလိုမာတစ်ခုကို ပြန်ယူခဲ့တာ ဖြစ်ပါတယ်။

Leo ရဲ့ ငယ်ဘဝအိပ်မက်ကတော့ အဏ္ဏဝါဇီဝဗေဒ ပညာရှင်၊ ဒါမှမဟုတ် သရုပ်ဆောင် ဖြစ်ချင်ခဲ့တာပါ။ ဒီနှစ်ခုထဲမှာဆိုရင်တော့ သူအကြိုက်ဆုံးအလုပ်ဟာ သရုပ်ဆောင်အလုပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ Leo ဟာ လူတွေရဲ့ အကျင့်စရိုက်တွေကို တုပပြီး လိုက်လုပ်ရတာကို ကြိုက်နှစ်သက်သူဖြစ်လို့ သရုပ်ဆောင်အလုပ်ဟာ သူနဲ့လည်း တကယ် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငယ်ငယ်တည်းက ကြော်ငြာမော်ဒယ်လ်အဖြစ်နဲ့ရော ဇာတ်ပို့၊ ဇာတ်ရန်အဖြစ်နဲ့ပါ သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Photo: citazionidicaprio/ Instagram

ဒီလိုနဲ့ သရုပ်ဆောင်လောကကို ဝင်ရောက်ဖို့ ကြိုးစားချိန်မှာတော့ အေးဂျင့် ရှာမရတဲ့ အခက်အခဲကို ကြုံခဲ့ရပါသေးတယ်။ အေးဂျင့်တစ်ယောက်ကတော့ သူ့ရဲ့နာမည်ကို အမေရိကန်ပရိသတ်တွေ စိတ်ဝင်စားလာစေဖို့ Lenny Williams လို့ ပြောင်းလိုက်ရင် အဆင်ပြေလောက်တယ်လို့ အကြံပြုခဲ့ပါသေးတယ်။ Leo ကတော့ သူ့နာမည်ကို ပြောင်းလဲဖို့ လုံးဝ စိတ်ကူးမရှိခဲ့ပါဘူး။

သရုပ်ဆောင်ရွေးပွဲ တစ်ရာကျော်ကို ဝင်ရောက်ယှဉ်ပြိုင်ပြီးတာတောင် အရွေးမခံခဲ့ရတဲ့ Leo ဟာ တစ်နှစ်ခွဲလောက် အလုပ်လက်မဲ့ ဖြစ်နေခဲ့ပါသေးတယ်။ ဒီအခြေအနေကြီးကို မကျော်ဖြတ်နိုင်တော့ဘူးလို့ စိတ်ဓာတ်ကျလာတဲ့ Leo ဟာ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် လက်မလျှော့လိုက်ဖို့ ဖခင်ဖြစ်သူက အားပေးခဲ့တာကြောင့် စိတ်အားတင်းပြီး ဆက်ကြိုးစားခဲ့ရာမှ အချို့သော ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပြဇာတ်တွေမှာ အရန်နေရာလောက်ကနေ ပါဝင်ခွင့် ရလာခဲ့တာ ဖြစ်ပါတယ်။

Photo: citazionidicaprio/ Instagram

ပုဂ္ဂိုလ်ရေးဘဝနဲ့ ပတ်သက်ရင်တော့ Leo ဟာ အလွန်သိုသိပ် လျှို့ဝှက်တတ်သူဖြစ်ပြီး တော်ရုံတန်ရုံ အင်တာဗျူးတွေလည်း လက်ခံပြောကြားလေ့ မရှိသူ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ အသက်နှစ်ဆယ်ကျော် ကောင်မလေးတွေနဲ့ တောက်လျှောက် ပတ်သက်ခဲ့တဲ့ သူ့ရဲ့အချစ်ရေးကတော့ မီဒီယာတွေမှာ အတွင်းကျကျ ပုံဖော် အာရုံစိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Leo ဟာ နာမည်ကျော် ဘရာဇီးလ်မော်ဒယ်လ် Gisele Bündchen နဲ့ ၁၉၉၉ခုနှစ်ကနေ ၂၀၀၅ခုနှစ်အထိ တွဲခဲ့ပါသေးတယ်။ အဲ့ဒီ့နောက် ၂၀၀၅ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ အစ္စရေးလ်မော်ဒယ်လ် Bar Refaeli နဲ့ ချစ်ရေးချစ်ရာအရ ပတ်သက်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ဂျာမန် ဖက်ရှင်မော်ဒယ်လ် Toni Garrn နဲ့ တွဲလိုက် ပြတ်လိုက် ဖြစ်ခဲ့ပါသေးတယ်။

Photo: citazionidicaprio/ Instagram

မော်ဒယ်လ်တွေနဲ့ ကံစပ်လွန်းတဲ့ Leo ဟာ ၂၀၀၅ခုနှစ်မှာတော့ မော်ဒယ်လ် Aretha Wilson ကြောင့် မျက်နှာတစ်ခုလုံးမှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့ဖူးပါသေးတယ်။ အဲ့ဒါကတော့ ဟောလိဝုဒ်ပါတီတစ်ခုမှာ အဲ့ဒီ့မော်ဒယ်လ်က ပုလင်းကွဲနဲ့ Leo ရဲ့ မျက်နှာကို ရိုက်နှက်ခဲ့လို့ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တရားရုံးက အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ကာ သူမကို ထောင်ဒဏ်နှစ်နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

Leo နဲ့ ပတ်သက်လို့ ပြောစမှတ်ပြုရမယ့် ကိစ္စတစ်ရပ်လည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ၂၀၁၇ခုနှစ် ဇူလိုင်လမှာ Leo ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Wolf of Wall Street ဇာတ်ကားရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Red Granite Pictures ကုမ္ပဏီဟာ ငွေကြေးခဝါချမှုနဲ့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှာတင် Leo ဟာ အဲ့ဒီကုမ္ပဏီနဲ့ သူ အလုပ်လုပ်ခဲ့တုန်းက ကုမ္ပဏီဘက်က ပေးခဲ့ဖူးတဲ့ လက်ဆောင်ပဏ္ဏာတွေ အားလုံးကို အမေရိကန်အစိုးရကို လွှဲပြောင်းပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။

Photo: citazionidicaprio/ Instagram

ဟောလိဝုဒ်ရဲ့ ထူးခြားတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ပရိသတ် သန်းပေါင်းများစွာရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ Leo ကတော့ နောက်နှစ်ပေါင်းများစွာအထိ အောင်မြင်နေဦးမယ်ဆိုတာ သူ့ပရိသတ်တွေက သက်သေပါပဲ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ မင္းသား Leonardo DiCaprio ဟာ နာမည္ေက်ာ္ အေမရိကန္ မင္းသားတစ္လက္ ျဖစ္႐ုံသာမက ႐ုပ္ရွင္ producer တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႔ ပတ္သက္ၿပီး တက္ႂကြလွုပ္ရွားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အမ်ားအားျဖင့္ သူဟာ ဇာတ္႐ုပ္မ်ိဳးစုံကို သ႐ုပ္ေဆာင္တတ္ၿပီး အတၳဳပၸတၱိဇာတ္လမ္းေတြမွာလည္း သ႐ုပ္ေဆာင္ေလ့ရွိသူ ျဖစ္ပါတယ္။

Photo: citazionidicaprio/ Instagram

သူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြရဲ႕ စုစုေပါင္းဝင္ေငြဟာ ၂၀၁၉ခုႏွစ္အထိ အေမရိကန္ေဒၚလာ (၇.၂)ဘီလ်ံေက်ာ္ ရွိေနပါတယ္။ ဒါေၾကာင့္လည္း ႏွစ္စဥ္ ကမာၻ႔ေၾကးအျမင့္ဆုံး မင္းသားေတြရဲ႕စာရင္းမွာ ရွစ္ႀကိမ္ခန႔္ ပါဝင္ထားသူ ျဖစ္ေနတာပါ။

Leo ကိုေတာ့ ၁၉၇၄ခုႏွစ္ ႏိုဝင္ဘာလ(၁၁)ရက္ေန႔မွာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ အမည္ရင္းကေတာ့ Leonardo Wilhelm DiCaprio ျဖစ္ၿပီး တစ္ဦးတည္းေသာသား ျဖစ္ပါတယ္။ မိခင္ျဖစ္သူကေတာ့ ဥပေဒ အတြင္းေရးမႉးတစ္ေယာက္ျဖစ္ၿပီး ဖခင္ျဖစ္သူကေတာ့ ေကာမစ္စာအုပ္ေတြကို ေရးသားထုတ္ေဝ ျဖန႔္ခ်ိသူပါ။ ဖခင္ျဖစ္သူက အီတလီ-ဂ်ာမန္‌ ေသြးေႏွာတစ္ေယာက္ျဖစ္ၿပီး မိခင္ျဖစ္သူကေတာ့ ႐ုရွား ေသြးေႏွာထားသူ ျဖစ္ပါတယ္။

Photo: citazionidicaprio/ Instagram

Leonardo ဆိုတဲ့ နာမည္ကို ရလာတဲ့ အေၾကာင္းရင္းကေတာ့ မိခင္ျဖစ္သူဟာ သူ႔ရဲ႕ကိုယ္ဝန္နဲ႔ အီတလီႏိုင္ငံ၊ ဖေလာရင့္စ္ၿမိဳ႕မွာရွိတဲ့ အႏုပညာျပတိုက္ထဲက နာမည္ေက်ာ္ ဂႏၴဝင္ပန္းခ်ီဆရာႀကီး Leonardo da Vinci ရဲ႕ ပန္းခ်ီကားကို ၾကည့္ရႈေနတုန္းမွာ ဗိုက္ထဲက သားေလးဟာ ပထမဆုံးအႀကိမ္ ကန္တာကို ခံစားမိခဲ့လို႔ ဒီနာမည္ကို ေပးခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕မိဘေတြဟာ သူ တစ္ႏွစ္သားအ႐ြယ္မွာတင္ ကြဲသြားခဲ့ၾကတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ကေလးအတြက္ စဥ္းစားၿပီး မိဘႏွစ္ေယာက္ဟာ အိမ္ခ်င္းကပ္လ်က္ ေနထိုင္ခဲ့ၾကပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ Leo နဲ႔ မိခင္ျဖစ္သူတို႔ဟာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ ပတ္ဝန္းက်င္မွာပဲ အိမ္ေတြ တစ္ခုၿပီးတစ္ခု ေျပာင္းေ႐ႊ႕ၿပီး ေနထိုင္ခဲ့ၾကရပါတယ္။ မိခင္ျဖစ္သူဟာ အလုပ္ေပါင္းစုံ လုပ္ကိုင္ခဲ့ရၿပီး အိမ္ရဲ႕ စီးပြားေရး အေျခအေနဟာလည္း ယိုင္နဲ႔နဲ႔ ျဖစ္ေနခဲ့တာပါ။

Photo: citazionidicaprio/ Instagram

ဒါေၾကာင့္လည္း ငယ္ငယ္က ေက်ာင္းတက္ရတာကို မုန္းတဲ့ Leo ဟာ ေက်ာင္းသြားခိုင္းမယ့္အစား သ႐ုပ္ေဆာင္ေရြးပြဲေတြကိုသာ ပို႔ေပးဖို႔ အေမျဖစ္သူကို ေတာင္းဆိုခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူသာ သ႐ုပ္ေဆာင္အျဖစ္ လုပ္ခြင့္ရမယ္ဆိုရင္ အိမ္ရဲ့စီးပြားေရးဟာလည္း သိသိသာသာ ေကာင္းလာမွာကို သိေနခဲ့လို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အထက္တန္းေက်ာင္း တတိယႏွစ္မွာ ေက်ာင္းက ထြက္ခဲ့ၿပီး ေနာက္ပိုင္းမွာမွ ဒီပလိုမာတစ္ခုကို ျပန္ယူခဲ့တာ ျဖစ္ပါတယ္။

Leo ရဲ႕ ငယ္ဘဝအိပ္မက္ကေတာ့ အဏၰဝါဇီဝေဗဒ ပညာရွင္၊ ဒါမွမဟုတ္ သ႐ုပ္ေဆာင္ ျဖစ္ခ်င္ခဲ့တာပါ။ ဒီႏွစ္ခုထဲမွာဆိုရင္ေတာ့ သူအႀကိဳက္ဆုံးအလုပ္ဟာ သ႐ုပ္ေဆာင္အလုပ္သာ ျဖစ္တယ္လို႔ ဆိုပါတယ္။ Leo ဟာ လူေတြရဲ႕ အက်င့္စ႐ိုက္ေတြကို တုပၿပီး လိုက္လုပ္ရတာကို ႀကိဳက္ႏွစ္သက္သူျဖစ္လို႔ သ႐ုပ္ေဆာင္အလုပ္ဟာ သူနဲ႔လည္း တကယ္ အသင့္ေတာ္ဆုံး ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ငယ္ငယ္တည္းက ေၾကာ္ျငာေမာ္ဒယ္လ္အျဖစ္နဲ႔ေရာ ဇာတ္ပို႔၊ ဇာတ္ရန္အျဖစ္နဲ႔ပါ သ႐ုပ္ေဆာင္ေလာကကို ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

Photo: citazionidicaprio/ Instagram

ဒီလိုနဲ႔ သ႐ုပ္ေဆာင္ေလာကကို ဝင္ေရာက္ဖို႔ ႀကိဳးစားခ်ိန္မွာေတာ့ ေအးဂ်င့္ ရွာမရတဲ့ အခက္အခဲကို ႀကဳံခဲ့ရပါေသးတယ္။ ေအးဂ်င့္တစ္ေယာက္ကေတာ့ သူ႔ရဲ႕နာမည္ကို အေမရိကန္ပရိသတ္ေတြ စိတ္ဝင္စားလာေစဖို႔ Lenny Williams လို႔ ေျပာင္းလိုက္ရင္ အဆင္ေျပေလာက္တယ္လို႔ အႀကံျပဳခဲ့ပါေသးတယ္။ Leo ကေတာ့ သူ႔နာမည္ကို ေျပာင္းလဲဖို႔ လုံးဝ စိတ္ကူးမရွိခဲ့ပါဘူး။

သ႐ုပ္ေဆာင္ေ႐ြးပြဲ တစ္ရာေက်ာ္ကို ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးတာေတာင္ အေ႐ြးမခံခဲ့ရတဲ့ Leo ဟာ တစ္ႏွစ္ခြဲေလာက္ အလုပ္လက္မဲ့ ျဖစ္ေနခဲ့ပါေသးတယ္။ ဒီအေျခအေနႀကီးကို မေက်ာ္ျဖတ္ႏိုင္ေတာ့ဘူးလို႔ စိတ္ဓာတ္က်လာတဲ့ Leo ဟာ သ႐ုပ္ေဆာင္အလုပ္ကို စြန႔္လႊတ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ လက္မေလွ်ာ့လိုက္ဖို႔ ဖခင္ျဖစ္သူက အားေပးခဲ့တာေၾကာင့္ စိတ္အားတင္းၿပီး ဆက္ႀကိဳးစားခဲ့ရာမွ အခ်ိဳ႕ေသာ ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ျပဇာတ္ေတြမွာ အရန္ေနရာေလာက္ကေန ပါဝင္ခြင့္ ရလာခဲ့တာ ျဖစ္ပါတယ္။

Photo: citazionidicaprio/ Instagram

ပုဂၢိဳလ္ေရးဘဝနဲ႔ ပတ္သက္ရင္ေတာ့ Leo ဟာ အလြန္သိုသိပ္ လွ်ိဳ႕ဝွက္တတ္သူျဖစ္ၿပီး ေတာ္႐ုံတန္႐ုံ အင္တာဗ်ဴးေတြလည္း လက္ခံေျပာၾကားေလ့ မရွိသူ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုေလာက္အတြင္းမွာ အသက္ႏွစ္ဆယ္ေက်ာ္ ေကာင္မေလးေတြနဲ႔ ေတာက္ေလွ်ာက္ ပတ္သက္ခဲ့တဲ့ သူ႔ရဲ႕အခ်စ္ေရးကေတာ့ မီဒီယာေတြမွာ အတြင္းက်က် ပုံေဖာ္ အာ႐ုံစိုက္ခံခဲ့ရတာ ျဖစ္ပါတယ္။

Leo ဟာ နာမည္ေက်ာ္ ဘရာဇီးလ္ေမာ္ဒယ္လ္ Gisele Bündchen နဲ႔ ၁၉၉၉ခုႏွစ္ကေန ၂၀၀၅ခုႏွစ္အထိ တြဲခဲ့ပါေသးတယ္။ အဲ့ဒီ့ေနာက္ ၂၀၀၅ခုႏွစ္ကေန ၂၀၁၁ခုႏွစ္အထိ အစၥေရးလ္ေမာ္ဒယ္လ္ Bar Refaeli နဲ႔ ခ်စ္ေရးခ်စ္ရာအရ ပတ္သက္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ ၂၀၁၃ခုႏွစ္ကေန ၂၀၁၇ခုႏွစ္အထိ ဂ်ာမန္ ဖက္ရွင္ေမာ္ဒယ္လ္ Toni Garrn နဲ႔ တြဲလိုက္ ျပတ္လိုက္ ျဖစ္ခဲ့ပါေသးတယ္။

Photo: citazionidicaprio/ Instagram

ေမာ္ဒယ္လ္ေတြနဲ႔ ကံစပ္လြန္းတဲ့ Leo ဟာ ၂၀၀၅ခုႏွစ္မွာေတာ့ ေမာ္ဒယ္လ္ Aretha Wilson ေၾကာင့္ မ်က္ႏွာတစ္ခုလုံးမွာ ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ ရခဲ့ဖူးပါေသးတယ္။ အဲ့ဒါကေတာ့ ေဟာလိဝုဒ္ပါတီတစ္ခုမွာ အဲ့ဒီ့ေမာ္ဒယ္လ္က ပုလင္းကြဲနဲ႔ Leo ရဲ႕ မ်က္ႏွာကို ႐ိုက္ႏွက္ခဲ့လို႔ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ တရား႐ုံးက အျပစ္ရွိေၾကာင္း အမိန႔္ခ်မွတ္ခဲ့ကာ သူမကို ေထာင္ဒဏ္ႏွစ္ႏွစ္ က်ခံေစဖို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

Leo နဲ႔ ပတ္သက္လို႔ ေျပာစမွတ္ျပဳရမယ့္ ကိစၥတစ္ရပ္လည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ ၂၀၁၇ခုႏွစ္ ဇူလိုင္လမွာ Leo ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ The Wolf of Wall Street ဇာတ္ကားရဲ႕ ထုတ္လုပ္သူျဖစ္တဲ့ Red Granite Pictures ကုမၸဏီဟာ ေငြေၾကးခဝါခ်မႈနဲ႔ သတင္းထြက္ခဲ့တာ ျဖစ္ပါတယ္။ ဒီမွာတင္ Leo ဟာ အဲ့ဒီကုမၸဏီနဲ႔ သူ အလုပ္လုပ္ခဲ့တုန္းက ကုမၸဏီဘက္က ေပးခဲ့ဖူးတဲ့ လက္ေဆာင္ပဏၰာေတြ အားလုံးကို အေမရိကန္အစိုးရကို လႊဲေျပာင္းေပးအပ္လိုက္တာပဲ ျဖစ္ပါတယ္။

Photo: citazionidicaprio/ Instagram

ေဟာလိဝုဒ္ရဲ့ ထူးျခားတဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ၿပီး ပရိသတ္ သန္းေပါင္းမ်ားစြာရဲ့ ခ်စ္ခင္ေလးစားမွုကို ရရွိထားတဲ့ Leo ကေတာ့ ေနာက္ႏွစ္ေပါင္းမ်ားစြာအထိ ေအာင္ျမင္ေနဦးမယ္ဆိုတာ သူ႔ပရိသတ္ေတြက သက္ေသပါပဲ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

The post မလွယ်ကူတဲ့ဘဝကနေ ကမ္ဘာ့ထိပ်တန်း ပရိသတ်အချစ်တော်မင်းသား ဖြစ်လာခဲ့တဲ့ Leonardo DiCaprio  appeared first on San Yit Wine.

]]>
ဒရာမာချစ်သူတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ Song Kang ရဲ့ ဘဝပုံရိပ်လွှာ https://sanyitwine.com/song-kang-bios-and-facts/?utm_source=rss&utm_medium=rss&utm_campaign=song-kang-bios-and-facts Mon, 16 Aug 2021 10:01:06 +0000 https://sanyitwine.com/?p=18438 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ Song Kang ကတော့ ကိုရီးယားဒရာမာလောကမှာ တစထက်တစ နေရာယူလာတဲ့ မင်းသားချောတစ်လက် ဖြစ်ပါတယ်။ Song Kang ဟာ ပြည်တွင်းက ရုပ်သံလိုင်းတွေနဲ့တင်မက Netflix က ထုတ်လွှင့်ပြသတဲ့ ဒရာမာတွေမှာပါ သရုပ်ဆောင်လာနိုင်ခဲ့တာကြောင့် နိုင်ငံတကာအတိုင်းအတာထိ ထိုးဖောက်နိုင်တဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာ Nevertheless ဒရာမာနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ Song Kang ရဲ့ ဘဝအကြောင်းကတော့ … ကိုယ်ရေးအကျဉ်း Song Kang ကတော့ ၁၉၉၄ ခုနှစ် ဧပြီလ(၂၃)ရက်နေ့မှာ မွေးဖွားတဲ့ Taurus ရာသီဖွားတစ်ယောက် ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ စူဝန်မြို့ဇာတိ ဖြစ်ပြီး အသက်ကတော့ (၂၇)နှစ် ရှိပါပြီ။ ပညာအရည်အချင်းကတော့ Konkuk တက္ကသိုလ်မှာ […]

The post ဒရာမာချစ်သူတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ Song Kang ရဲ့ ဘဝပုံရိပ်လွှာ appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Song Kang ကတော့ ကိုရီးယားဒရာမာလောကမှာ တစထက်တစ နေရာယူလာတဲ့ မင်းသားချောတစ်လက် ဖြစ်ပါတယ်။ Song Kang ဟာ ပြည်တွင်းက ရုပ်သံလိုင်းတွေနဲ့တင်မက Netflix က ထုတ်လွှင့်ပြသတဲ့ ဒရာမာတွေမှာပါ သရုပ်ဆောင်လာနိုင်ခဲ့တာကြောင့် နိုင်ငံတကာအတိုင်းအတာထိ ထိုးဖောက်နိုင်တဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာ Nevertheless ဒရာမာနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ Song Kang ရဲ့ ဘဝအကြောင်းကတော့ …

ကိုယ်ရေးအကျဉ်း
Photo: songkang_b/ Instagram

Song Kang ကတော့ ၁၉၉၄ ခုနှစ် ဧပြီလ(၂၃)ရက်နေ့မှာ မွေးဖွားတဲ့ Taurus ရာသီဖွားတစ်ယောက် ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ စူဝန်မြို့ဇာတိ ဖြစ်ပြီး အသက်ကတော့ (၂၇)နှစ် ရှိပါပြီ။ ပညာအရည်အချင်းကတော့ Konkuk တက္ကသိုလ်မှာ ရုပ်ရှင်မေဂျာနဲ့ တက်ရောက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က စတင်ပြီး ဒရာမာလောကထဲကို ဝင်ရောက်လာသူ ဖြစ်ကာ အေဂျင်စီကတော့ Namoo Actors နဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။

တောင့်တင်းကြံ့ခိုင်တဲ့ ကိုယ်ကာယပိုင်ရှင် ဖြစ်ပါတယ်။
Photo: song_kLUV/ Twitter

Song Kang ဟာ အရပ် (၁၈၅)စင်တီမီတာ ရှည်ပြီး ကျယ်ပြန့်တဲ့ ပုခုံးတွေနဲ့ တောက်ပတဲ့အပြုံးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်း ဖြစ်နေသူပါ။ ကြံ့ခိုင်တဲ့ ကိုယ်ကာယအချိုးအစားကို ဖခင်ဖြစ်သူဆီက အမွေရရှိထားရုံတင် မဟုတ်ဘဲ သူကိုယ်တိုင်ကလည်း ကိုယ်ကာယလေ့ကျင့်ခန်းတွေကို နှစ်သက်သူ ဖြစ်ပါတယ်။ သတင်းဌာနအချို့ရဲ့ ဖော်ပြချက်အရ Sweet Home ထဲက ဇာတ်ရုပ်အတွက် သူ့ရဲ့ ကိုယ်ခန္ဓာဟာ သန်မာကြံ့ခိုင်လွန်းနေတဲ့အတွက် နည်းနည်း လူကောင်ပိန်တဲ့ပုံစံဖြစ်အောင် လုပ်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

Leonardo DiCaprio ဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်။
Photo: songkang_b/ Instagram

ကျောင်းပြီးကာစ လူငယ်အများစုလိုပဲ Song Kang ဟာလည်း အထက်တန်းကျောင်း ပြီးသွားတဲ့အချိန်မှာ ဘဝမှာ ဘာလုပ်ရမယ်မှန်း မသေချာဘဲ ဝိုးတဝါး ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း သတင်းဌာနတွေနဲ့ တွေ့ဆုံပြီး အင်တာဗျူးလုပ်တိုင်းမှာတော့ သူ အမြဲပြောပြခဲ့တဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ Titanic ဇာတ်ကားထဲက နာမည်ကျော် မင်းသား Leonardo DiCaprio ကို ကြည့်ပြီးတဲ့နောက်မှာ စိတ်အားတက်ခဲ့ရပြီး သရုပ်ဆောင်ဘဝကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာပါပဲ။

ကေပေါ့ပ်အေဂျင်စီတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။
Photo: songkang_b/ Instagram

၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Liar and His Lover ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကကို ပွဲဦးမထွက်ခင်တည်းက ကေပေါ့ပ် အေဂျင်စီများစွာဟာ Song Kang ကို ကမ်းလှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ အရှိန်အဝါ တောက်ပမှုနဲ့ မော်ဒယ်လ်နဲ့တူတဲ့ အချိုးအစားတွေကြောင့် ဒရာမာသရုပ်ဆောင်မလုပ်ဘဲ Idol လုပ်ဖို့ကို ကမ်းလှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း Song Kang ကတော့ အဆိုပါကမ်းလှမ်းမှုတွေကို လက်မခံခဲ့ဘဲ သူ့စိတ်ထဲက တကယ် ပြင်းပြစွာ ဆန္ဒရှိနေတဲ့ သရုပ်ဆောင်ဖြစ်ဖို့ကိုပဲ အပတ်တကုပ် ကြိုးစားခဲ့ပါတယ်။

Love Alarm ဒရာမာနဲ့ စတားတစ်ယောက်ဘဝကို ရရှိလာခဲ့သူပါ။
Photo: songkang_b/ Instagram

Song Kang ဟာ Netflix က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Love Alarm ဒရာမာနဲ့ စတားဘဝကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ Netflix ဟာ ဒီဒရာမာထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Hwang Sun Oh နေရာမှာ သရုပ်ဆောင်ဖို့ လူရွေးချယ်ခဲ့ရာ လူပေါင်း(၉၀၀)ကျော် ဝင်ရောက်အရွေးခံခဲ့ကြပြီး Song Kang က အရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်အပေါ် ထားရှိတဲ့ ခံစားချက်တွေကို မကြောက်မရွံ့ ထုတ်ပြတတ်တဲ့ ကောင်လေးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကြားမှာ တခါတည်း ရေပန်းစား ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Love Alarm season (1) ရဲ့ အောင်မြင်မှုနောက်မှာ Netflix ရဲ့ Sweet Home နဲ့ Navillera ဒရာမာတွေမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ရတာ ဖြစ်ပြီး Love Alarm season (2) မှာလည်း ထပ်မံ ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။ Netflix ရဲ့ original ဒရာမာတွေမှာ ဆက်တိုက်ပါဝင်ပြီး နာမည်ကျော်ကြားလာသူ ဖြစ်တာကြောင့် တချို့ကတော့ “Netflix ရဲ့ သားတော်လေး” လို့တောင် ချစ်စနိုးနဲ့ နာမည်ပြောင် ပေးထားကြပါတယ်။

introvert တစ်ယောက် ဖြစ်ပါတယ်။
Photo: songkang_b/ Instagram

သူ သရုပ်ဆောင်ထားတဲ့ Love Alarm ထဲက ဇာတ်ကောင်နဲ့ မတူတဲ့ သူ့ရဲ့ ပြင်ပဘဝက တကယ့်ပုံစံကတော့ လူအများနဲ့ နေထိုင်ရတာကို မနှစ်သက်ဘဲ သီးသန့်နေထိုင်ရတာကို နှစ်ခြိုက်တဲ့ introvert တစ်ယောက် ဖြစ်ပါတယ်လို့ Forbes နဲ့ အင်တာဗျူးမှာ ပြောပြထားဖူးပါတယ်။

ဒါကတော့ လက်ရှိ ကိုရီးယားဒရာမာ ပရိသတ်တွေကြားမှာ ရေပန်းစား ကျော်ကြားနေတဲ့ မင်းသားချော Song Kang ရဲ့ စိတ်ဝင်စားစရာ ဘဝပုံရိပ်လွှာအချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Song Kang ကေတာ့ ကိုရီးယားဒရာမာေလာကမွာ တစထက္တစ ေနရာယူလာတဲ့ မင္းသားေခ်ာတစ္လက္ ျဖစ္ပါတယ္။ Song Kang ဟာ ျပည္တြင္းက ႐ုပ္သံလိုင္းေတြနဲ႔တင္မက Netflix က ထုတ္လႊင့္ျပသတဲ့ ဒရာမာေတြမွာပါ သ႐ုပ္ေဆာင္လာႏိုင္ခဲ့တာေၾကာင့္ ႏိုင္ငံတကာအတိုင္းအတာထိ ထိုးေဖာက္ႏိုင္တဲ့ မင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ ေလာေလာဆယ္မွာ Nevertheless ဒရာမာနဲ႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိေနတဲ့ Song Kang ရဲ႕ ဘဝအေၾကာင္းကေတာ့ …

ကိုယ္ေရးအက်ဥ္း
Photo: songkang_b/ Instagram

Song Kang ကေတာ့ ၁၉၉၄ ခုႏွစ္ ဧၿပီလ(၂၃)ရက္ေန႔မွာ ေမြးဖြားတဲ့ Taurus ရာသီဖြားတစ္ေယာက္ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံ၊ စူဝန္ၿမိဳ႕ဇာတိ ျဖစ္ၿပီး အသက္ကေတာ့ (၂၇)ႏွစ္ ရွိပါၿပီ။ ပညာအရည္အခ်င္းကေတာ့ Konkuk တကၠသိုလ္မွာ ႐ုပ္ရွင္ေမဂ်ာနဲ႔ တက္ေရာက္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္က စတင္ၿပီး ဒရာမာေလာကထဲကို ဝင္ေရာက္လာသူ ျဖစ္ကာ ေအဂ်င္စီကေတာ့ Namoo Actors နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

ေတာင့္တင္းႀကံ့ခိုင္တဲ့ ကိုယ္ကာယပိုင္ရွင္ ျဖစ္ပါတယ္။
Photo: song_kLUV/ Twitter

Song Kang ဟာ အရပ္ (၁၈၅)စင္တီမီတာ ရွည္ၿပီး က်ယ္ျပန႔္တဲ့ ပုခုံးေတြနဲ႔ ေတာက္ပတဲ့အၿပဳံးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အသည္းတစ္ျခမ္း ျဖစ္ေနသူပါ။ ႀကံ့ခိုင္တဲ့ ကိုယ္ကာယအခ်ိဳးအစားကို ဖခင္ျဖစ္သူဆီက အေမြရရွိထား႐ုံတင္ မဟုတ္ဘဲ သူကိုယ္တိုင္ကလည္း ကိုယ္ကာယေလ့က်င့္ခန္းေတြကို ႏွစ္သက္သူ ျဖစ္ပါတယ္။ သတင္းဌာနအခ်ိဳ႕ရဲ႕ ေဖာ္ျပခ်က္အရ Sweet Home ထဲက ဇာတ္႐ုပ္အတြက္ သူ႔ရဲ႕ ကိုယ္ခႏၶာဟာ သန္မာႀကံ့ခိုင္လြန္းေနတဲ့အတြက္ နည္းနည္း လူေကာင္ပိန္တဲ့ပုံစံျဖစ္ေအာင္ လုပ္ခဲ့ရေသးတယ္လို႔ ဆိုပါတယ္။

Leonardo DiCaprio ဟာ သူ႔ရဲ႕ စံျပပုဂၢိဳလ္ ျဖစ္ပါတယ္။
Photo: songkang_b/ Instagram

ေက်ာင္းၿပီးကာစ လူငယ္အမ်ားစုလိုပဲ Song Kang ဟာလည္း အထက္တန္းေက်ာင္း ၿပီးသြားတဲ့အခ်ိန္မွာ ဘဝမွာ ဘာလုပ္ရမယ္မွန္း မေသခ်ာဘဲ ဝိုးတဝါး ျဖစ္ခဲ့ပါတယ္။ သို႔ေသာ္လည္း သတင္းဌာနေတြနဲ႔ ေတြ႕ဆုံၿပီး အင္တာဗ်ဴးလုပ္တိုင္းမွာေတာ့ သူ အၿမဲေျပာျပခဲ့တဲ့ အရာတစ္ခု ရွိပါတယ္။ အဲဒါကေတာ့ Titanic ဇာတ္ကားထဲက နာမည္ေက်ာ္ မင္းသား Leonardo DiCaprio ကို ၾကည့္ၿပီးတဲ့ေနာက္မွာ စိတ္အားတက္ခဲ့ရၿပီး သ႐ုပ္ေဆာင္ဘဝကို ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္ဆိုတာပါပဲ။

ေကေပါ့ပ္ေအဂ်င္စီေတြရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့ပါတယ္။
Photo: songkang_b/ Instagram

၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Liar and His Lover ဇာတ္လမ္းတြဲနဲ႔ သ႐ုပ္ေဆာင္ေလာကကို ပြဲဦးမထြက္ခင္တည္းက ေကေပါ့ပ္ ေအဂ်င္စီမ်ားစြာဟာ Song Kang ကို ကမ္းလွမ္းခဲ့ၾကတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ အရွိန္အဝါ ေတာက္ပမႈနဲ႔ ေမာ္ဒယ္လ္နဲ႔တူတဲ့ အခ်ိဳးအစားေတြေၾကာင့္ ဒရာမာသ႐ုပ္ေဆာင္မလုပ္ဘဲ Idol လုပ္ဖို႔ကို ကမ္းလွမ္းခဲ့ၾကတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း Song Kang ကေတာ့ အဆိုပါကမ္းလွမ္းမႈေတြကို လက္မခံခဲ့ဘဲ သူ႔စိတ္ထဲက တကယ္ ျပင္းျပစြာ ဆႏၵရွိေနတဲ့ သ႐ုပ္ေဆာင္ျဖစ္ဖို႔ကိုပဲ အပတ္တကုပ္ ႀကိဳးစားခဲ့ပါတယ္။

Love Alarm ဒရာမာနဲ႔ စတားတစ္ေယာက္ဘဝကို ရရွိလာခဲ့သူပါ။
Photo: songkang_b/ Instagram

Song Kang ဟာ Netflix က ႐ိုက္ကူးထုတ္လုပ္ခဲ့တဲ့ Love Alarm ဒရာမာနဲ႔ စတားဘဝကို ေရာက္ရွိလာသူ ျဖစ္ပါတယ္။ Netflix ဟာ ဒီဒရာမာထဲက အဓိကဇာတ္ေကာင္ျဖစ္တဲ့ Hwang Sun Oh ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လူေ႐ြးခ်ယ္ခဲ့ရာ လူေပါင္း(၉၀၀)ေက်ာ္ ဝင္ေရာက္အေ႐ြးခံခဲ့ၾကၿပီး Song Kang က အေ႐ြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။ သူ ႏွစ္သက္တဲ့ မိန္းကေလးတစ္ေယာက္အေပၚ ထားရွိတဲ့ ခံစားခ်က္ေတြကို မေၾကာက္မ႐ြံ႕ ထုတ္ျပတတ္တဲ့ ေကာင္ေလးအျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြၾကားမွာ တခါတည္း ေရပန္းစား ေက်ာ္ၾကားလာခဲ့သူ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း Love Alarm season (1) ရဲ႕ ေအာင္ျမင္မႈေနာက္မွာ Netflix ရဲ႕ Sweet Home နဲ႔ Navillera ဒရာမာေတြမွာ အဓိကဇာတ္ေကာင္အျဖစ္ ပါဝင္ခဲ့ရတာ ျဖစ္ၿပီး Love Alarm season (2) မွာလည္း ထပ္မံ ပါဝင္သြားဦးမွာ ျဖစ္ပါတယ္။ Netflix ရဲ႕ original ဒရာမာေတြမွာ ဆက္တိုက္ပါဝင္ၿပီး နာမည္ေက်ာ္ၾကားလာသူ ျဖစ္တာေၾကာင့္ တခ်ိဳ႕ကေတာ့ “Netflix ရဲ႕ သားေတာ္ေလး” လို႔ေတာင္ ခ်စ္စႏိုးနဲ႔ နာမည္ေျပာင္ ေပးထားၾကပါတယ္။

introvert တစ္ေယာက္ ျဖစ္ပါတယ္။
Photo: songkang_b/ Instagram

သူ သ႐ုပ္ေဆာင္ထားတဲ့ Love Alarm ထဲက ဇာတ္ေကာင္နဲ႔ မတူတဲ့ သူ႔ရဲ႕ ျပင္ပဘဝက တကယ့္ပုံစံကေတာ့ လူအမ်ားနဲ႔ ေနထိုင္ရတာကို မႏွစ္သက္ဘဲ သီးသန႔္ေနထိုင္ရတာကို ႏွစ္ၿခိဳက္တဲ့ introvert တစ္ေယာက္ ျဖစ္ပါတယ္လို႔ Forbes နဲ႔ အင္တာဗ်ဴးမွာ ေျပာျပထားဖူးပါတယ္။

ဒါကေတာ့ လက္ရွိ ကိုရီးယားဒရာမာ ပရိသတ္ေတြၾကားမွာ ေရပန္းစား ေက်ာ္ၾကားေနတဲ့ မင္းသားေခ်ာ Song Kang ရဲ႕ စိတ္ဝင္စားစရာ ဘဝပုံရိပ္လႊာအခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

The post ဒရာမာချစ်သူတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ Song Kang ရဲ့ ဘဝပုံရိပ်လွှာ appeared first on San Yit Wine.

]]>
နှစ်ပေါင်း(၆၀)ကြာသည်အထိ နှမျောတသဖြစ်ရဆဲ Marilyn Monroe ရဲ့ သေဆုံးမှု https://sanyitwine.com/marilyn-monroe-nearly-60-anni/?utm_source=rss&utm_medium=rss&utm_campaign=marilyn-monroe-nearly-60-anni Sat, 19 Jun 2021 08:52:09 +0000 https://sanyitwine.com/?p=16622 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ ရွှေအိုရောင်ဆံနွယ်တွေနဲ့ ဂန္ထဝင်ဆန်ဆန် လှပတဲ့ မင်းသမီးချော Marilyn Monroe ဟာ ယနေ့အချိန်အထိ နာမည်ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် ငယ်ရွယ်ဆဲ၊ နုနယ်လှပဆဲ၊ အောင်မြင်မှုတွေ ဝေဆာနေဆဲ အချိန်မှာပဲ သူမဟာ လောကကြီးကနေ ရုတ်တရက် ထွက်ခွာသွားခဲ့ပါတယ်။ အခုဆိုရင် သူမ ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ရှိတော့မှာ ဖြစ်ပေမယ့် သူမရဲ့ သေဆုံးမှုကတော့ ယနေ့ထက်ထိ ပရိသတ်တွေကြား အမှတ်ရ လွမ်းဆွတ်နေကြဆဲ ဖြစ်ပါတယ်။ ကြေကွဲဖွယ်ရာ အဆုံးသတ် ၁၉၆၂ခုနှစ် ဩဂုတ်လ(၅)ရက်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Brentwood မြို့က ရဲစခန်းဆီကို အံ့ဩစရာ ဖုန်းတစ်ခု ဝင်လာခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာနဲ့အဝှမ်းမှာ အောင်မြင်ကျော်ကြားလှတဲ့ Marilyn Monroe ဟာ အသက်(၃၆)နှစ်အရွယ်မှာပဲ သေဆုံးသွားပြီဆိုတဲ့သတင်း […]

The post နှစ်ပေါင်း(၆၀)ကြာသည်အထိ နှမျောတသဖြစ်ရဆဲ Marilyn Monroe ရဲ့ သေဆုံးမှု appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရွှေအိုရောင်ဆံနွယ်တွေနဲ့ ဂန္ထဝင်ဆန်ဆန် လှပတဲ့ မင်းသမီးချော Marilyn Monroe ဟာ ယနေ့အချိန်အထိ နာမည်ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် ငယ်ရွယ်ဆဲ၊ နုနယ်လှပဆဲ၊ အောင်မြင်မှုတွေ ဝေဆာနေဆဲ အချိန်မှာပဲ သူမဟာ လောကကြီးကနေ ရုတ်တရက် ထွက်ခွာသွားခဲ့ပါတယ်။ အခုဆိုရင် သူမ ကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ရှိတော့မှာ ဖြစ်ပေမယ့် သူမရဲ့ သေဆုံးမှုကတော့ ယနေ့ထက်ထိ ပရိသတ်တွေကြား အမှတ်ရ လွမ်းဆွတ်နေကြဆဲ ဖြစ်ပါတယ်။

ကြေကွဲဖွယ်ရာ အဆုံးသတ်

၁၉၆၂ခုနှစ် ဩဂုတ်လ(၅)ရက်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Brentwood မြို့က ရဲစခန်းဆီကို အံ့ဩစရာ ဖုန်းတစ်ခု ဝင်လာခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာနဲ့အဝှမ်းမှာ အောင်မြင်ကျော်ကြားလှတဲ့ Marilyn Monroe ဟာ အသက်(၃၆)နှစ်အရွယ်မှာပဲ သေဆုံးသွားပြီဆိုတဲ့သတင်း ဖြစ်ပါတယ်။

Photo via wikipedia

Monroe ရဲ့ အလောင်းကိုတော့ သူမရဲ့အိပ်ရာပေါ်မှာ ကိုယ်လုံးတီး အနေအထားနဲ့ တွေ့ခဲ့ရတာဖြစ်ပြီး လက်တစ်ဖက်က တယ်လီဖုန်းကို ကိုင်ထားတယ်လို့ ဆိုပါတယ်။ သူမရဲ့နံဘေးမှာတော့ ပျံ့ကျဲနေတဲ့ အိပ်ဆေးပုလင်းခွံတွေက နေရာယူထားပါတယ်။ သူမရဲ့ရုပ်အလောင်းကိုတော့ အိမ်အကူဖြစ်သူက အရင်ဆုံး တွေ့ရှိခဲ့တာပါ။

သူမရဲ့ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပြီး သူမ တကယ် ဘာဖြစ်သွားတာလည်းဆိုတာကို မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အဲဒီနောက်ပိုင်းကစလို့ သူမရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကောလာဟလပေါင်းများစွာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Photo via wikipedia
လျှို့ဝှက်ဒိုင်ယာရီတစ်ခု ရှိခဲ့သလား ?

Monroe သေဆုံးမှုနဲ့ ပတ်သက်ပြီး ပဟေဠိများစွာထဲက ထူးခြားတဲ့တစ်ခုကတော့ သူမမှာ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်တစ်အုပ် ထားရှိခဲ့တယ်ဆိုတဲ့ အကြောင်းပါပဲ။ တချို့ကတော့ အဆိုပါ စာအုပ်ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အံ့ဩလောက်စရာ လျှို့ဝှက်ချက်တွေ ပါရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဥပမာအနေနဲ့ ပြောရရင် Monroe ဟာ အမေရိကန်သမ္မတ John F. Kennedy နဲ့ သူ့ရဲ့ညီအစ်ကို တော်စပ်သူ ရှေ့နေချုပ် Robert Kennedy တို့ နှစ်ယောက်လုံးနဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ လူတွေရဲ့ ယုံကြည်ချက်ကို တလျှောက်လုံး သည်းခံ အံကြိတ်ခဲ့ရတယ်ဆိုတာမျိုး ဖြစ်ပါတယ်။ တချို့ကျပြန်တော့လည်း သူမရဲ့ ဒိုင်ယာရီစာအုပ်ဟာ လိပ်စာမှတ်တဲ့ စာအုပ်တစ်အုပ်မျှသာပဲလို့ ပြောကြတာလည်း ရှိပါတယ်။

Photo Credit: MiltonHGrenne/ via marilynmonroe/ Instagram
ဒဏ်ရာရ နှလုံးသား

“တကယ်တော့ သူမဟာ သိပ် သိပ်ကို ကြံ့ကြံ့ခံနိုင်သူ တစ်ယောက်ပါ။ ဒါပေမယ့် သူမ အရွယ်ရောက်လာတာနဲ့အမျှ အဖေလုပ်သူကိုလည်း လိုက်ရှာခဲ့တယ်။ အမေလုပ်သူကိုလည်း လိုက်ရှာခဲ့တယ်။ သူ့ဘဝရဲ့ အဖြေတွေကိုလည်း လိုက်ရှာနေခဲ့တယ်။ ပြီးတော့ သူ ဘာကိုမှ ရှာမတွေ့ခဲ့ရှာပါဘူး … ” လို့ Monroe ရဲ့ ဓာတ်ပုံဆရာ Lawrence Schiller ကတော့ သူ သိတဲ့ Monroe ရဲ့ စိတ်ခံစားချက်အချို့ကို ပြောပြထားဖူးပါတယ်။

အတက်အကျများလွန်းတဲ့ ဘဝခရီး

Monroe ဟာ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀‌ခုနှစ်ကြားကာလမှာ ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး မင်းသမီးတစ်လက် ဖြစ်ခဲ့ပြီး အဲဒီအချိန်က ဆွဲဆောင်မှုအပြင်းထန်ဆုံး သင်္ကေတအဖြစ်တောင် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါတင်မက သူမဟာ ဆယ်စုနှစ်တစ်ခုစာလောက် ကြေးအမြင့်ဆုံး ရရှိခဲ့တဲ့ ထိပ်တန်း မင်းသမီးတစ်လက် ဖြစ်ပြီး သူမ ရုပ်ရှင်ကားတွေရဲ့ ဝင်ငွေစုစုပေါင်းဟာ ဒေါ်လာသန်း(၂၀၀)ခန့် ရှိခဲ့ပါတယ်။ ဒါဟာ ဒီနေ့ခေတ် ငွေတန်ဖိုးနဲ့ တွက်မယ်ဆိုရင် ဒေါ်လာ(၂)ဘီလျံလောက်နဲ့ ညီမျှတယ်လို့လည်း ဆိုပါတယ်။

Photo Credit: SamShawPhoto/ via marilynmonroe/ Instagram

သူမဟာ ခန့်မှန်းချေ ရုပ်ရှင်(၃၇)ကားခန့် ရိုက်ကူးခဲ့ပြီး သူမရဲ့ နာမည်အကြီးဆုံး ရုပ်ရှင်ဇာတ်ကားတွေကတော့ Some Like It Hot ၊ Gentlemen Prefer Blondes ၊ The Seven Year Itch ၊ Niagara ၊ River of No Return စတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

သူမဟာ တစ်ဘက်မှာ ဟုန်းဟုန်းတောက် အောင်မြင်နေသလို တစ်ဘက်မှာတော့ သူမရဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ တရိပ်ရိပ် ကျဆင်းနေခဲ့ပါတယ်။ Monroe ဟာ စိတ်ကျရောဂါသာမက စိတ်ပူပန်လွန်းတာ၊ ထိတ်လန့်ကြောက်ရွံ့မှုတွေ ခံစားရတာ၊ မကြာခဏ စိတ်ခံစားချက်တွေ ပြောင်းလဲတာ၊ မိမိကိုယ့်ကို ယုံကြည်မှု ပျောက်ဆုံးတာနဲ့ ပြင်းထန်လွန်းတဲ့ ညအိပ်မပျော်နိုင်တဲ့ ရောဂါတွေပါ ခံစားခဲ့ရသူ ဖြစ်ပါတယ်။ ဒါတွေဟာ မူးယစ်ဆေးဝါးနဲ့ အရက်ကို အလွန်အကျွံ မှီဝဲရာက ရရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်ပါတယ်။

Photo Credit: SamShawPhoto/ via marilynmonroe/ Instagram

Monroe ဟာ ပရိသတ်တွေကြား တခဲနက် အားပေးမှု ရရှိပြီး တရှိန်ထိုး အောင်မြင်လာခဲ့ပေမယ့် တစ်ဘက်မှာတော့ ပရော်ဖက်ရှင်နယ် မဆန်မှုတွေကြောင့် ရုပ်ရှင်စတူဒီယိုတွေနဲ့ မျက်နှာပျက်စရာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ သူမကြောင့် ရုပ်ရှင်ရိုက်ကူးရေးကို ရွှေ့ဆိုင်းရတာ၊ သူမ ပြောရမယ့် ဒိုင်ယာလော့ခ်တွေကို မေ့တာ စသဖြင့် အလုပ်မတွင်မှုတွေ ဖြစ်လာတာပါပဲ။ ဒါဟာ သူမရဲ့ မူးယစ်ဆေး သုံးစွဲမှုကြောင့် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပြီး တဖြည်းဖြည်းနဲ့ အလုပ်လုပ်ရခက်တဲ့ လူတစ်ယောက်အဖြစ် စတူဒီယိုတွေကြားမှာ နာမည်ထိခိုက်လာခဲ့ပါတယ်။

ဒါကပဲ သူမရဲ့ အောင်မြင်မှုတွေကို ဇောက်ထိုး ကျဆင်းစေခဲ့တဲ့ အကြောင်းရင်းဖြစ်ပြီး သူမ မသေဆုံးခင် နှစ်အနည်းငယ်ခန့် အလိုမှာ နာမည်ကြီး ရုပ်ရှင်စတူဒီယိုတွေဟာ သူမနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ ငြင်းပယ်တာတွေအထိ ဖြစ်လာပါတော့တယ်။ ၁၉၆၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Let’s Make Love နဲ့ ၁၉၆၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Misfits ရုပ်ရှင်နှစ်ကားဟာ သူမရဲ့ နောက်ဆုံး ရုပ်ရှင်ကားတွေ ဖြစ်ပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ပက်ပက်စက်စက် ဝေဖန်မှုတွေ ရရှိခဲ့သလို ဝင်ငွေအရလည်း ရှုံးခဲ့ပါတယ်။

Photo Credit: MiltonHGrenne/ via marilynmonroe/ Instagram

Monroe ဟာ တရားဝင် အိမ်ထောင်သုံးဆက် ရှိခဲ့ဖူးတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ၁၉၄၂ခုနှစ်မှ ၁၉၄၆ခုနှစ်အထိ အမေရိကန် ရဲအရာရှိ James Dougherty နဲ့ ပေါင်းသင်းခဲ့ပြီး ၁၉၅၄ခုနှစ်မှ ၁၉၅၅ခုနှစ်အထိ အမေရိကန် ဘေ့စ်ဘောကစားသမား Joe DiMaggio နဲ့ ပေါင်းသင်းခဲ့ပါတယ်။ သူမရဲ့ တတိယမြောက်နဲ့ နောက်ဆုံး ခင်ပွန်းကတော့ Arthur Miller ဖြစ်ပြီး ပြဇာတ်ရေးဆရာတစ်ယောက် ဖြစ်ကာ ၁၉၅၆ခုနှစ်မှ ၁၉၆၁ခုနှစ်အထိ ပေါင်းသင်းခဲ့ပါတယ်။

နောက်ဆက်တွဲသီအိုရီများ

ရဲမှုခင်း စစ်ဆေးချက်တွေအရ Monroe ဟာ ဆေးလွန်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပြီး သူမရဲ့ရုပ်အလောင်းမှာလည်း ပွန်းပဲ့ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာ စသဖြင့် မသင်္ကာစရာ တစုံတရာမှ မတွေ့ရှိခဲ့ရဘူးလို့ ဆိုပါတယ်။ သို့ပေမယ့်လည်း သူမ သေဆုံးပြီး နောက်ပိုင်းနှစ်တွေကျမှ သီအိုရီတွေ တစ်ခုပြီးတစ်ခု ထွက်ရှိလာပါတယ်။ အဲဒါကတော့ Monroe ဟာ သူမဘာသာ သတ်သေသွားခဲ့တာ မဟုတ်ဘဲ အသတ်ခံခဲ့ရတာဆိုတဲ့ ယူဆချက်တွေပဲ ဖြစ်ပါတယ်။

အဆိုပါ ယူဆချက် သီအိုရီတွေကတော့ အမေရိကန်သမ္မတ John F. Kennedy နဲ့ သူ့ရဲ့ညီအစ်ကိုတော်စပ်သူ Robert Kennedy အပါအဝင် အမေရိကန် အလုပ်သမားသမဂ္ဂခေါင်းဆောင် Jimmy Hoffa နဲ့ နာမည်ကြီး လူဆိုးဂိုဏ်းခေါင်းဆောင် Sam Giancana တို့နဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်။ သီအိုရီအများစုကတော့ နိုင်ငံရေးနဲ့ ပတ်သက်နေပြီး Monroe ကြောင့် အရေးကြီးတဲ့ လျှို့ဝှက်အချက်အလက်တွေ မပေါက်ကြားရအောင် လုပ်ကြံတယ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်။

Photo Credit: SamShawPhoto/ via marilynmonroe/ Instagram

တဖြည်းဖြည်းနဲ့ များပြား ဆူလောင်လာတဲ့ သီအိုရီ၊ ထင်ကြေးများစွာကြောင့် ၁၉၈၂ခုနှစ်မှာတော့ လော့စ်အိန်ဂျလိစ် ရှေ့နေရုံးက Monroe ရဲ့အမှုဖိုင်ကို ပြန်လည်စစ်ဆေးကြည့်ခဲ့ပြီး မူလ စစ်ဆေးချက်ရလဒ်တွေနဲ့ ငြင်းပယ်ရလောက်အောင် ခိုင်မာတဲ့ အချက်အလက်မျိုး မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

မည်သို့ဆိုစေ သူမရဲ့ အလှနဲ့ ဂုဏ်သတင်းကတော့ နောက်နှစ်ပေါင်းများစွာအထိ ဆက်လက် သင်းပျံ့နေဦးမယ်ဆိုတာ အသေအချာပါပဲ။

Linda December

Source: people/ wiki

(Zawgyi Version)

ေ႐ႊအိုေရာင္ဆံႏြယ္ေတြနဲ႔ ဂႏၴဝင္ဆန္ဆန္ လွပတဲ့ မင္းသမီးေခ်ာ Marilyn Monroe ဟာ ယေန႔အခ်ိန္အထိ နာမည္ေက်ာ္ၾကားေနဆဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ ငယ္႐ြယ္ဆဲ၊ ႏုနယ္လွပဆဲ၊ ေအာင္ျမင္မႈေတြ ေဝဆာေနဆဲ အခ်ိန္မွာပဲ သူမဟာ ေလာကႀကီးကေန ႐ုတ္တရက္ ထြက္ခြာသြားခဲ့ပါတယ္။ အခုဆိုရင္ သူမ ကြယ္လြန္သြားခဲ့တာ ႏွစ္ေပါင္း ေျခာက္ဆယ္ရွိေတာ့မွာ ျဖစ္ေပမယ့္ သူမရဲ႕ ေသဆုံးမႈကေတာ့ ယေန႔ထက္ထိ ပရိသတ္ေတြၾကား အမွတ္ရ လြမ္းဆြတ္ေနၾကဆဲ ျဖစ္ပါတယ္။

ေၾကကြဲဖြယ္ရာ အဆုံးသတ္

၁၉၆၂ခုႏွစ္ ဩဂုတ္လ(၅)ရက္ေန႔မွာေတာ့ ကယ္လီဖိုးနီးယားျပည္နယ္၊ Brentwood ၿမိဳ႕က ရဲစခန္းဆီကို အံ့ဩစရာ ဖုန္းတစ္ခု ဝင္လာခဲ့ပါတယ္။ အဲဒါကေတာ့ ကမာၻနဲ႔အဝွမ္းမွာ ေအာင္ျမင္ေက်ာ္ၾကားလွတဲ့ Marilyn Monroe ဟာ အသက္(၃၆)ႏွစ္အ႐ြယ္မွာပဲ ေသဆုံးသြားၿပီဆိုတဲ့သတင္း ျဖစ္ပါတယ္။

Photo via wikipedia

Monroe ရဲ႕ အေလာင္းကိုေတာ့ သူမရဲ႕အိပ္ရာေပၚမွာ ကိုယ္လုံးတီး အေနအထားနဲ႔ ေတြ႕ခဲ့ရတာျဖစ္ၿပီး လက္တစ္ဖက္က တယ္လီဖုန္းကို ကိုင္ထားတယ္လို႔ ဆိုပါတယ္။ သူမရဲ႕နံေဘးမွာေတာ့ ပ်ံ႕က်ဲေနတဲ့ အိပ္ေဆးပုလင္းခြံေတြက ေနရာယူထားပါတယ္။ သူမရဲ႕႐ုပ္အေလာင္းကိုေတာ့ အိမ္အကူျဖစ္သူက အရင္ဆုံး ေတြ႕ရွိခဲ့တာပါ။

သူမရဲ႕ ေသဆုံးမႈဟာ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံစည္မႈ ျဖစ္ႏိုင္တယ္လို႔ ထုတ္ျပန္ခဲ့ေပမယ့္ သူမရဲ႕ ပရိသတ္ေတြကေတာ့ ဒါဟာ မျဖစ္ႏိုင္ဘူးလို႔ ထင္ခဲ့ၾကၿပီး သူမ တကယ္ ဘာျဖစ္သြားတာလည္းဆိုတာကို ေမးခြန္းေတြ ထုတ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္း အဲဒီေနာက္ပိုင္းကစလို႔ သူမရဲ႕ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ေကာလာဟလေပါင္းမ်ားစြာ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

Photo via wikipedia
လွ်ိဳ႕ဝွက္ဒိုင္ယာရီတစ္ခု ရွိခဲ့သလား ?

Monroe ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ပေဟဠိမ်ားစြာထဲက ထူးျခားတဲ့တစ္ခုကေတာ့ သူမမွာ လွ်ိဳ႕ဝွက္ဒိုင္ယာရီ စာအုပ္တစ္အုပ္ ထားရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းပါပဲ။ တခ်ိဳ႕ကေတာ့ အဆိုပါ စာအုပ္ထဲမွာ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ အံ့ဩေလာက္စရာ လွ်ိဳ႕ဝွက္ခ်က္ေတြ ပါရွိေနႏိုင္တယ္လို႔ ဆိုပါတယ္။

ဥပမာအေနနဲ႔ ေျပာရရင္ Monroe ဟာ အေမရိကန္သမၼတ John F. Kennedy နဲ႔ သူ႔ရဲ႕ညီအစ္ကို ေတာ္စပ္သူ ေရွ႕ေနခ်ဳပ္ Robert Kennedy တို႔ ႏွစ္ေယာက္လုံးနဲ႔ ေဖာက္ျပန္ခဲ့တယ္ဆိုတဲ့ လူေတြရဲ႕ ယုံၾကည္ခ်က္ကို တေလွ်ာက္လုံး သည္းခံ အံႀကိတ္ခဲ့ရတယ္ဆိုတာမ်ိဳး ျဖစ္ပါတယ္။ တခ်ိဳ႕က်ျပန္ေတာ့လည္း သူမရဲ႕ ဒိုင္ယာရီစာအုပ္ဟာ လိပ္စာမွတ္တဲ့ စာအုပ္တစ္အုပ္မွ်သာပဲလို႔ ေျပာၾကတာလည္း ရွိပါတယ္။

Photo Credit: MiltonHGrenne/ via marilynmonroe/ Instagram
ဒဏ္ရာရ ႏွလုံးသား

“တကယ္ေတာ့ သူမဟာ သိပ္ သိပ္ကို ႀကံ့ႀကံ့ခံႏိုင္သူ တစ္ေယာက္ပါ။ ဒါေပမယ့္ သူမ အ႐ြယ္ေရာက္လာတာနဲ႔အမွ် အေဖလုပ္သူကိုလည္း လိုက္ရွာခဲ့တယ္။ အေမလုပ္သူကိုလည္း လိုက္ရွာခဲ့တယ္။ သူ႔ဘဝရဲ႕ အေျဖေတြကိုလည္း လိုက္ရွာေနခဲ့တယ္။ ၿပီးေတာ့ သူ ဘာကိုမွ ရွာမေတြ႕ခဲ့ရွာပါဘူး … ” လို႔ Monroe ရဲ႕ ဓာတ္ပုံဆရာ Lawrence Schiller ကေတာ့ သူ သိတဲ့ Monroe ရဲ႕ စိတ္ခံစားခ်က္အခ်ိဳ႕ကို ေျပာျပထားဖူးပါတယ္။

အတက္အက်မ်ားလြန္းတဲ့ ဘဝခရီး

Monroe ဟာ ၁၉၅၀ခုႏွစ္နဲ႔ ၁၉၆၀‌ခုႏွစ္ၾကားကာလမွာ ေဟာလိဝုဒ္ရဲ႕ နာမည္အႀကီးဆုံး မင္းသမီးတစ္လက္ ျဖစ္ခဲ့ၿပီး အဲဒီအခ်ိန္က ဆြဲေဆာင္မႈအျပင္းထန္ဆုံး သေကၤတအျဖစ္ေတာင္ သတ္မွတ္ခံခဲ့ရသူ ျဖစ္ပါတယ္။ ဒါတင္မက သူမဟာ ဆယ္စုႏွစ္တစ္ခုစာေလာက္ ေၾကးအျမင့္ဆုံး ရရွိခဲ့တဲ့ ထိပ္တန္း မင္းသမီးတစ္လက္ ျဖစ္ၿပီး သူမ ႐ုပ္ရွင္ကားေတြရဲ႕ ဝင္ေငြစုစုေပါင္းဟာ ေဒၚလာသန္း(၂၀၀)ခန႔္ ရွိခဲ့ပါတယ္။ ဒါဟာ ဒီေန႔ေခတ္ ေငြတန္ဖိုးနဲ႔ တြက္မယ္ဆိုရင္ ေဒၚလာ(၂)ဘီလ်ံေလာက္နဲ႔ ညီမွ်တယ္လို႔လည္း ဆိုပါတယ္။

Photo Credit: SamShawPhoto/ via marilynmonroe/ Instagram

သူမဟာ ခန႔္မွန္းေခ် ႐ုပ္ရွင္(၃၇)ကားခန႔္ ႐ိုက္ကူးခဲ့ၿပီး သူမရဲ႕ နာမည္အႀကီးဆုံး ႐ုပ္ရွင္ဇာတ္ကားေတြကေတာ့ Some Like It Hot ၊ Gentlemen Prefer Blondes ၊ The Seven Year Itch ၊ Niagara ၊ River of No Return စတဲ့ ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။

သူမဟာ တစ္ဘက္မွာ ဟုန္းဟုန္းေတာက္ ေအာင္ျမင္ေနသလို တစ္ဘက္မွာေတာ့ သူမရဲ႕ စိတ္က်န္းမာေရး အေျခအေနဟာ တရိပ္ရိပ္ က်ဆင္းေနခဲ့ပါတယ္။ Monroe ဟာ စိတ္က်ေရာဂါသာမက စိတ္ပူပန္လြန္းတာ၊ ထိတ္လန႔္ေၾကာက္႐ြံ႕မႈေတြ ခံစားရတာ၊ မၾကာခဏ စိတ္ခံစားခ်က္ေတြ ေျပာင္းလဲတာ၊ မိမိကိုယ့္ကို ယုံၾကည္မႈ ေပ်ာက္ဆုံးတာနဲ႔ ျပင္းထန္လြန္းတဲ့ ညအိပ္မေပ်ာ္ႏိုင္တဲ့ ေရာဂါေတြပါ ခံစားခဲ့ရသူ ျဖစ္ပါတယ္။ ဒါေတြဟာ မူးယစ္ေဆးဝါးနဲ႔ အရက္ကို အလြန္အကြၽံ မွီဝဲရာက ရရွိလာတဲ့ ေဘးထြက္ဆိုးက်ိဳးေတြလည္း ျဖစ္ပါတယ္။

Photo Credit: MiltonHGrenne/ via marilynmonroe/ Instagram

Monroe ဟာ ပရိသတ္ေတြၾကား တခဲနက္ အားေပးမႈ ရရွိၿပီး တရွိန္ထိုး ေအာင္ျမင္လာခဲ့ေပမယ့္ တစ္ဘက္မွာေတာ့ ပေရာ္ဖက္ရွင္နယ္ မဆန္မႈေတြေၾကာင့္ ႐ုပ္ရွင္စတူဒီယိုေတြနဲ႔ မ်က္ႏွာပ်က္စရာေတြ ျဖစ္လာခဲ့ပါတယ္။ အဲဒါကေတာ့ သူမေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးေရးကို ေ႐ႊ႕ဆိုင္းရတာ၊ သူမ ေျပာရမယ့္ ဒိုင္ယာေလာ့ခ္ေတြကို ေမ့တာ စသျဖင့္ အလုပ္မတြင္မႈေတြ ျဖစ္လာတာပါပဲ။

ဒါဟာ သူမရဲ႕ မူးယစ္ေဆး သုံးစြဲမႈေၾကာင့္ ျဖစ္လာတဲ့ ေဘးထြက္ဆိုးက်ိဳးတစ္ခု ျဖစ္ၿပီး တျဖည္းျဖည္းနဲ႔ အလုပ္လုပ္ရခက္တဲ့ လူတစ္ေယာက္အျဖစ္ စတူဒီယိုေတြၾကားမွာ နာမည္ထိခိုက္လာခဲ့ပါတယ္။ ဒါကပဲ သူမရဲ႕ ေအာင္ျမင္မႈေတြကို ေဇာက္ထိုး က်ဆင္းေစခဲ့တဲ့ အေၾကာင္းရင္းျဖစ္ၿပီး သူမ မေသဆုံးခင္ ႏွစ္အနည္းငယ္ခန႔္ အလိုမွာ နာမည္ႀကီး ႐ုပ္ရွင္စတူဒီယိုေတြဟာ သူမနဲ႔ ႐ုပ္ရွင္႐ိုက္ကူးဖို႔ ျငင္းပယ္တာေတြအထိ ျဖစ္လာပါေတာ့တယ္။ ၁၉၆၀ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Let’s Make Love နဲ႔ ၁၉၆၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Misfits ႐ုပ္ရွင္ႏွစ္ကားဟာ သူမရဲ႕ ေနာက္ဆုံး ႐ုပ္ရွင္ကားေတြ ျဖစ္ၿပီး ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ပက္ပက္စက္စက္ ေဝဖန္မႈေတြ ရရွိခဲ့သလို ဝင္ေငြအရလည္း ရႈံးခဲ့ပါတယ္။

Photo Credit: SamShawPhoto/ via marilynmonroe/ Instagram

Monroe ဟာ တရားဝင္ အိမ္ေထာင္သုံးဆက္ ရွိခဲ့ဖူးတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ ၁၉၄၂ခုႏွစ္မွ ၁၉၄၆ခုႏွစ္အထိ အေမရိကန္ ရဲအရာရွိ James Dougherty နဲ႔ ေပါင္းသင္းခဲ့ၿပီး ၁၉၅၄ခုႏွစ္မွ ၁၉၅၅ခုႏွစ္အထိ အေမရိကန္ ေဘ့စ္ေဘာကစားသမား Joe DiMaggio နဲ႔ ေပါင္းသင္းခဲ့ပါတယ္။ သူမရဲ႕ တတိယေျမာက္နဲ႔ ေနာက္ဆုံး ခင္ပြန္းကေတာ့ Arthur Miller ျဖစ္ၿပီး ျပဇာတ္ေရးဆရာတစ္ေယာက္ ျဖစ္ကာ ၁၉၅၆ခုႏွစ္မွ ၁၉၆၁ခုႏွစ္အထိ ေပါင္းသင္းခဲ့ပါတယ္။

ေနာက္ဆက္တြဲသီအိုရီမ်ား

ရဲမႈခင္း စစ္ေဆးခ်က္ေတြအရ Monroe ဟာ ေဆးလြန္ၿပီး ေသဆုံးခဲ့ရတာ ျဖစ္ၿပီး သူမရဲ႕႐ုပ္အေလာင္းမွာလည္း ပြန္းပဲ့ဒဏ္ရာ၊ ထိုးသြင္းဒဏ္ရာ စသျဖင့္ မသကၤာစရာ တစုံတရာမွ မေတြ႕ရွိခဲ့ရဘူးလို႔ ဆိုပါတယ္။ သို႔ေပမယ့္လည္း သူမ ေသဆုံးၿပီး ေနာက္ပိုင္းႏွစ္ေတြက်မွ သီအိုရီေတြ တစ္ခုၿပီးတစ္ခု ထြက္ရွိလာပါတယ္။ အဲဒါကေတာ့ Monroe ဟာ သူမဘာသာ သတ္ေသသြားခဲ့တာ မဟုတ္ဘဲ အသတ္ခံခဲ့ရတာဆိုတဲ့ ယူဆခ်က္ေတြပဲ ျဖစ္ပါတယ္။

Photo Credit: SamShawPhoto/ via marilynmonroe/ Instagram

အဆိုပါ ယူဆခ်က္ သီအိုရီေတြကေတာ့ အေမရိကန္သမၼတ John F. Kennedy နဲ႔ သူ႔ရဲ႕ညီအစ္ကိုေတာ္စပ္သူ Robert Kennedy အပါအဝင္ အေမရိကန္ အလုပ္သမားသမဂၢေခါင္းေဆာင္ Jimmy Hoffa နဲ႔ နာမည္ႀကီး လူဆိုးဂိုဏ္းေခါင္းေဆာင္ Sam Giancana တို႔နဲ႔ ပတ္သက္ေနတာ ျဖစ္ပါတယ္။ သီအိုရီအမ်ားစုကေတာ့ ႏိုင္ငံေရးနဲ႔ ပတ္သက္ေနၿပီး Monroe ေၾကာင့္ အေရးႀကီးတဲ့ လွ်ိဳ႕ဝွက္အခ်က္အလက္ေတြ မေပါက္ၾကားရေအာင္ လုပ္ႀကံတယ္ဆိုတာမ်ိဳးေတြ ျဖစ္ပါတယ္။

တျဖည္းျဖည္းနဲ႔ မ်ားျပား ဆူေလာင္လာတဲ့ သီအိုရီ၊ ထင္ေၾကးမ်ားစြာေၾကာင့္ ၁၉၈၂ခုႏွစ္မွာေတာ့ ေလာ့စ္အိန္ဂ်လိစ္ ေရွ႕ေန႐ုံးက Monroe ရဲ႕အမႈဖိုင္ကို ျပန္လည္စစ္ေဆးၾကည့္ခဲ့ၿပီး မူလ စစ္ေဆးခ်က္ရလဒ္ေတြနဲ႔ ျငင္းပယ္ရေလာက္ေအာင္ ခိုင္မာတဲ့ အခ်က္အလက္မ်ိဳး မေတြ႕ခဲ့ရဘူးလို႔ ဆိုပါတယ္။

မည္သို႔ဆိုေစ သူမရဲ႕ အလွနဲ႔ ဂုဏ္သတင္းကေတာ့ ေနာက္ႏွစ္ေပါင္းမ်ားစြာအထိ ဆက္လက္ သင္းပ်ံ႕ေနဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

Linda December

Source: people/ wiki

 

The post နှစ်ပေါင်း(၆၀)ကြာသည်အထိ နှမျောတသဖြစ်ရဆဲ Marilyn Monroe ရဲ့ သေဆုံးမှု appeared first on San Yit Wine.

]]>
သုညဘဝကနေ Rap God ဘဝကို ရောက်ရှိလာခဲ့တဲ့ Eminem ရဲ့ ဘဝပုံရိပ်လွှာ https://sanyitwine.com/mnm-personal-and-music/?utm_source=rss&utm_medium=rss&utm_campaign=mnm-personal-and-music Thu, 03 Dec 2020 09:23:29 +0000 https://sanyitwine.com/?p=13336 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။ Eminem ဟာ နာမည်ကြီး အမေရိကန် ရက်ပ်ပါတစ်ယောက် ဖြစ်သလို ဓာတ်ပြားတိုက်ပိုင်ရှင်လည်း ဖြစ်ကာ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် (၂၁)ရာစုရဲ့ အငြင်းပွားရဆုံးနဲ့ အယ်လ်ဘမ် အရောင်းရဆုံး artist တစ်ယောက်လည်း ဖြစ်ပါတယ်။ အမည်ရင်းကတော့ Marshall Bruce Mathers III ဖြစ်ပြီး ၁၉၇၂ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ Missouri ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးနေ့သက္ကရာဇ် အတိအကျကတော့ အောက်တိုဘာလ(၁၇)ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး Libra ရာသီခွင်ဖွား ဖြစ်ပါတယ်။ Eminem ဟာ ကြမ်းတမ်းတဲ့ ငယ်ဘဝနဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပြီး ကိုးတန်းနဲ့ ကျောင်းထွက်ကာ အလုပ်ပေါင်းစုံ လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၉၉ခုနှစ် အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ […]

The post သုညဘဝကနေ Rap God ဘဝကို ရောက်ရှိလာခဲ့တဲ့ Eminem ရဲ့ ဘဝပုံရိပ်လွှာ appeared first on San Yit Wine.

]]>
ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Eminem ဟာ နာမည်ကြီး အမေရိကန် ရက်ပ်ပါတစ်ယောက် ဖြစ်သလို ဓာတ်ပြားတိုက်ပိုင်ရှင်လည်း ဖြစ်ကာ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် (၂၁)ရာစုရဲ့ အငြင်းပွားရဆုံးနဲ့ အယ်လ်ဘမ် အရောင်းရဆုံး artist တစ်ယောက်လည်း ဖြစ်ပါတယ်။

အမည်ရင်းကတော့ Marshall Bruce Mathers III ဖြစ်ပြီး ၁၉၇၂ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ Missouri ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးနေ့သက္ကရာဇ် အတိအကျကတော့ အောက်တိုဘာလ(၁၇)ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး Libra ရာသီခွင်ဖွား ဖြစ်ပါတယ်။

Eminem ဟာ ကြမ်းတမ်းတဲ့ ငယ်ဘဝနဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပြီး ကိုးတန်းနဲ့ ကျောင်းထွက်ကာ အလုပ်ပေါင်းစုံ လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၉၉ခုနှစ် အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ The Slim Shady LP ကြောင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲပြီး ဟုန်းဟုန်းတောက် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယ်လ်ဘမ်ဟာ ပလက်တီနမ်ဓာတ်ပြားဆုပေါင်းများစွာ ရရှိခဲ့ပြီး ဂရမ်မီဆု နှစ်ဆုနဲ့ MTV က ပေးအပ်တဲ့ VMAs ဆုပေးပွဲမှာ ဆုပေါင်း လေးဆု ဆွတ်ခူးခဲ့တဲ့အထိပါပဲ။

Photo: eminem/ Instagram

၂၀၀၀ခုနှစ်အရောက်မှာတော့ The Marshall Mathers LP ကို ထပ်မံထွက်ရှိခဲ့ပြီး ရက်ပ်ဂီတ သမိုင်းတစ်လျှောက်မှာ အမြန်ဆုံး ရောင်းအားတက်ခဲ့တဲ့ အယ်လ်ဘမ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နောက်ထပ် နှစ်နှစ်အကြာမှာတော့ သူ့ရဲ့ဘဝ တစ်စိတ်တစ်ပိုင်းကို အခြေခံ ရိုက်ကူးထားတဲ့ 8 Mile ရုပ်ရှင်ဇာတ်ကားထဲက Lose Yourself ဆိုတဲ့ ဇာတ်ဝင်တေးနဲ့ အော်စကာဆု ရရှိခဲ့ပါတယ်။

Eminem ဟာ ဂင်းနစ်စံချိန်များစွာကို စံချိန်တင်ထားနိုင်တဲ့ Rap Artist တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်အထိ ဂရမ်မီဆု(၁၅)ဆု ဆွတ်ခူးထားကာ Shady Records ဆိုတဲ့ ဓာတ်ပြားတိုက်ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။ Eminem ဆိုတဲ့အမည်အ‌ပြင် သူ့ကို Slim Shady ၊ Rap God စသဖြင့်လည်း တင်စားခေါ်ဝေါ်ကြပါသေးတယ်။

Photo: eminem/ Instagram
Eminem ရဲ့ မိဘများ

Eminem ဟာ အဖေဘယ်သူဆိုတာ မသိဘဲနဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။ သူ့ဖခင်ရဲ့ အမည်ကတော့ Marshall Mathers Jr. လို့ခေါ်ပြီး Eminem မွေးကင်းစ အရွယ်လေးမှာတည်းက မိသားစုကို ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ Eminem ဟာ သူ့ရဲ့ကလေးဘဝတစ်လျှောက်မှာ ဖခင်ဖြစ်သူနဲ့ ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ပြင်းထန် ရက်စက်စွာ ငြင်းပယ်ခံခဲ့ရပါတယ်။

အဖေဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ရင် Eminem ရဲ့ဘဝမှာ အတော်လေး ခါးသီးစေခဲ့ပါတယ်။ “ကျွန်တော့် အဖေလား။ တစ်ခါမှ မတွေ့ဖူးဘူး။ သူ့ဓာတ်ပုံတောင် တစ်ခါမှ မမြင်ဖူးဘူး။ အကြိမ်ပေါင်းများစွာပါပဲ။ အဖေ ဖုန်းများ ခေါ်လာမလားဆိုပြီး တီဗွီကြည့်ရင်း၊ ဆေးရောင်တွေ ခြယ်ရင်း စောင့်နေခဲ့တယ်။ သူ့အနေနဲ့ ကျွန်တော့်ကို တစ်ခုခုတော့ ပြောသင့်တယ်လေ။ မဟုတ်ဘူးလား။ ကျွန်တော့်ဘဝမှာ အဖေဆိုလို့ ပြစရာ ဘယ်သူမှ မရှိခဲ့ပါဘူး ……” လို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။

Photo via the sun

ဒီလိုနဲ့ Eminem အကြီးအကျယ် အောင်မြင်နေပြီဖြစ်တဲ့ ၂၀၀၁ခုနှစ် ပတ်ဝန်းကျင်မှာတော့ ဖခင်ဖြစ်သူဟာ သားဖြစ်သူနဲ့ အဆက်အသွယ်ရဖို့ မီဒီယာကနေတစ်ဆင့် ကြိုးစားခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ Eminem တို့ သားအမိတွေကို လိုက်ရှာခဲ့ပေမယ့် အိမ်တွေ ခဏခဏ ပြောင်းခဲ့ရတာကြောင့် အဆက်အသွယ် ပြတ်သွားခဲ့ရတာ ဖြစ်ပြီး သားဖြစ်သူကို ချစ်ကြောင်း၊ သူ့ကိုသာ ပြန်လက်ခံမယ်ဆိုရင် အဖေတစ်ယောက်အနေနဲ့ အသင့်ရှိနေကြောင်း The Mirror သတင်းစာကနေတစ်ဆင့် ပြောခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း Eminem ဘက်ကတော့ ဖခင်ရဲ့စကားလုံး လှလှလေးတွေကို မခံစားတတ်ခဲ့တော့ပါဘူး။ “အဖေက ကျွန်တော့်ကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ ကြားတယ်။ ဒါပေမယ့် အခုတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆို ကျွန်တော် သူ့ဆီက စာတစ်စောင်တောင် မရခဲ့ဖူးလို့ပါ။ ပြောရရင် သူ့ဆီက ဘာကိုမှ မရခဲ့ဖူးတာပါ။ အနည်းဆုံးတော့ သူ့အနေနဲ့ စာလေးတော့ ရေးခဲ့သင့်တယ် မဟုတ်ဘူးလား။ တစ်ခုခုတော့ လုပ်ပေးခဲ့သင့်တယ်လေ။ နည်းနည်းတော့ အားလေးစိုက်ထုတ်သင့်တာပေါ့ … ” လို့ အဖေဖြစ်သူနဲ့ ပတ်သက်တဲ့ ခံစားချက်တချို့ကို ပြောပြခဲ့ဖူးပါတယ်။

Eminem ရဲ့ဖခင်ဟာ ၂၀၁၉ခုနှစ် ဇွန်လ(၂၆)ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၆၇)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ငယ်စဉ်မှာ ဖခင်ဖြစ်သူကို တမ်းတခဲ့တဲ့ Eminem ဟာ ရက်စက်လွန်းတဲ့ ပစ်ပယ်မှုကို ခံရပြီးနောက် စိတ်ဒဏ်ရာ အတော်လေး ရသွားပုံ ရပါတယ်။ အကြောင်းကတော့ သူဟာ ဖခင်ဖြစ်သူ သေဆုံးသွားချိန်အထိ ဖခင်နဲ့ တစ်ခါလေးမျှတောင် မတွေ့လိုက်တာကြောင့်ပါပဲ။

Photo credit to rightful owner

ဖခင်ရဲ့ စွန့်ပစ်မှုကြောင့်ပဲ သူဟာ မိခင်ဖြစ်သူ Deborah Mathers ရဲ့ ပျိုးထောင်မှုအောက်မှာ ကြီးပြင်းခဲ့ရပါတယ်။ Eminem ဟာ မိခင်ဖြစ်သူရဲ့ ပြုစုပျိုးထောင်ပုံ နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။ မိခင်ဖြစ်သူ Deborah ဟာ မူးယစ်ဆေးတွေ စွဲနေခဲ့ပြီး သူ့အပေါ် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ သူ့ရဲ့သီချင်းစာသားတွေကနေတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မိခင်ဖြစ်သူဘက်က လုံးဝ ငြင်းဆိုခဲ့ပြီး ၁၉၉၉ခုနှစ်မှာတော့ အသရေဖျက်မှုနဲ့ သားဖြစ်သူကို ဒေါ်လာ(၁၀)သန်းတန် အမှုတစ်ခု စွဲဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း သွေးက ရေထက် ပျစ်တာကြောင့် ဒေါ်လာ နှစ်သောင်းခွဲနဲ့ အမှုကို ကျေအေးပေးခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၀၈ခုနှစ်မှာတော့ မိခင်ဖြစ်သူ Deborah ဟာ My Son Marshall, My Son Eminem: Setting The Record Straight on My Life As Eminem’s Mother ဆိုတဲ့ အမည်နဲ့ အမှတ်တရဖြစ်ရပ်များကို စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။ အဆိုပါ စာအုပ်ထဲမှာတော့ မိခင်တစ်ယောက်အနေနဲ့ သူမဘက်က ခံစားရတဲ့ ရှုထောင့်အမြင်နဲ့ ခံစားချက်တွေကို ဖော်ပြထားပြီး သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ အကြောင်းအရာကိစ္စတွေကိုလည်း ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ သားဖြစ်သူကို ဘယ်တုန်းကမှ အသုံးချတာမျိုး မလုပ်ခဲ့သလို သူမရဲ့စိတ်အာရုံဟာ သူမ သားသမီးတွေအတွက် စိုးရိမ်ပူပန်မှုတစ်ခုပဲ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

Eminem ရဲ့ ငယ်ဘဝ

Eminem ရဲ့ မိခင်ဖြစ်သူ Deborah ဟာ ဘယ်နေရာမှာမှ အလုပ်တစ်ခုကို ခုနှစ်လထက် ပိုပြီး မလုပ်နိုင်ခဲ့တာကြောင့် Missouri နဲ့ Michigan ပြည်နယ်နှစ်ခုကြားမှာ ဟိုပြောင်းဒီရွှေ့နဲ့ နေထိုင်ခဲ့ရပြီး အစိုးရပိုင် တိုက်တန်းလျားတွေမှာပဲ အများစု နေထိုင်ခဲ့ရပါတယ်။

Photo: eminem/ Instagram

“တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ကျောင်းပြောင်းရတယ်။ အားလုံးထဲမှာ အဲ့ဒါက အကြမ်းတမ်းဆုံး အပိုင်းတခုပါပဲ … ” လို့ ပြောပြခဲ့ဖူးပါတယ်။

ဒီလို မတည်ငြိမ်တဲ့ ဘဝနေထိုင်မှုပုံစံကြောင့်လည်း သူ့ရဲ့တစ်ကိုယ်ရည်ဘဝကို အများကြီး ထိခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်းရယ်လို့ မရှိခဲ့ဘဲ တစ်ယောက်တည်းသာ အထီးကျန် နေထိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ကျောင်းတွေ အသစ်ပြောင်းတိုင်းမှာလည်း အပယ်ခံတစ်ယောက်လို အမြဲတမ်း ဆက်ဆံခံခဲ့ရသူ ဖြစ်ပါတယ်။

“အိမ်သာထဲမှာ အရိုက်ခံရတယ်။ ဟောခန်းမထဲမှာ အရိုက်ခံရတယ်။ လော့ကာတွေထဲကို ထည့်ပိတ်ခံရတယ် …” လို့ ငယ်ဘဝက နာကျင်စရာ ဖြစ်ရပ်တွေကို ပြောပြဖူးပါတယ်။

Photo: eminem/ Instagram

Eminem ဟာ Michigan ပြည်နယ်က Lincoln အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့တာဖြစ်ပြီး ကိုးတန်းနှစ်မှာ စာမေးပွဲ သုံးကြိမ်ကျတာကြောင့် အသက်(၁၇)နှစ်အရွယ်နဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ သူဟာ စာမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် မဟုတ်ပေမယ့် ဘာသာစကားတွေနဲ့ ပတ်သက်ရင် နက်နဲစွာ လေ့လာရတာကို နှစ်သက်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကောမစ်စာအုပ်တွေကို သည်းကြီးမည်းကြီး ဖတ်တတ်သလို အဘိဓာန်တွေကိုပါ ကျက်မှတ်လေ့ရှိသူ ဖြစ်ပါတယ်။

“ကျွန်တော် ကျောင်းမှာ ဘယ်လောက်ပဲ စာညံ့ညံ့၊ တခါတလေ အဆင့်တွေက ဘယ်လောက်ပဲ ကျသွားသွား၊ အင်္ဂလိပ်စာမှာတော့ အမြဲတမ်း တော်တယ်ဆိုတာ ကိုယ့်ဘာသာ သိတယ်။ ကျွန်တော် ခံစားမိတာက ဒီစကားလုံးတွေအားလုံးကို ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ရှိထားချင်တာ။ ကျွန်‌တော် အလိုရှိလို့ ဆွဲထုတ်လိုက်တာနဲ့ အဲ့ဒီ့ဝေါဟာရတွေက အဆင်သင့် ထွက်လာတာမျိုး လိုချင်ခဲ့တာ။ အဲ့ဒီ့တော့ ဒါတွေက ကျွန်တော့်ရဲ့ အတွင်းတစ်နေရာမှာ သိုမှီးထားသလို ဖြစ်နေတာပေါ့ဗျာ … ” လို့ ဆိုကာ သူ့ကိုဝေါဟာရတွေ ကြွယ်ဝစေခဲ့တဲ့ အကြောင်းရင်းကို ပြောပြခဲ့ဖူးပါတယ်။

Eminem ရဲ့ ဇနီးဟောင်းနဲ့ တစ်ဦးတည်းသောသမီးလေး

Eminem ဟာ တစ်ချိန်မှာ သူ့ဇနီးဖြစ်လာမယ့် Kim Ann Scott ကို အိမ်တစ်အိမ်ရဲ့ ပါတီပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်တုန်းက Eminem ဟာ အသက်(၁၅)နှစ်သာ ရှိသေးပြီး Kim ကတော့ အသက်(၁၃)နှစ်သာ ရှိပါသေးတယ်။

Photo: eminemsfam/ Instagram

Kim ဟာလည်း Eminem နဲ့ ဘဝတူလို့ ပြောရမလိုပဲ သူမရဲ့အဖေဟာ ဘယ်သူဘယ်ဝှာမှန်း မသိရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပထွေးဖြစ်သူရဲ့ လိင်အမြတ်ထုတ် အကြမ်းဖက်မှုတွေကိုပါ ခံစားခဲ့ရလို့ Eminem တို့ သားအမိတွေရဲ့အိမ်မှာ လာရောက်နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ နှစ်ယောက်သား ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။

သို့ပေမယ့် သူတို့ရဲ့ အချစ်ခရီးလမ်းအစဟာ ကြမ်းတမ်းခဲ့ပါတယ်။ အကြောင်းကတော့ နှစ်ယောက်လုံးက ငယ်ရွယ်သေးတဲ့ အရွယ် ဖြစ်ရုံတင်မကဘဲ ငွေကြေးကလည်း ဆင်းရဲကြသူတွေ ဖြစ်တာကြောင့် ပန်းခင်းလမ်းလို မချောမွေ့တာတော့ သဘာဝတစ်ခုပါပဲ။ အဲ့ဒီ့နောက် Eminem က ကျောင်းထွက်လိုက်ချိန်မှာတော့ မိခင်ဖြစ်သူ Deborah က သူတို့အတွဲကို အိမ်ပေါ်ကနေ မောင်းချလိုက်ပါတော့တယ်။

၁၉၉၅ခုနှစ်မှာတော့ သူတို့နှစ်ဦးမှာ Hailie Jade Scott ဆိုတဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ Eminem နဲ့ Kim ဟာ ချစ်သူဘဝနဲ့ပဲ အကြိမ်ကြိမ် ပြတ်လိုက်၊ ပြန်ဆက်လိုက်၊ လမ်းခွဲလိုက်၊ ပြန်တွဲလိုက် ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၉၉ခုနှစ်မှာ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ် မသွားခင်လေးမှာပဲ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတယ်။ သို့ပေမယ့် ၂၀၀၀ခုနှစ်မှာတော့ ပြန်လည် ကွာရှင်းခဲ့ကြပါတယ်။

Photo: hailiejade/ Instagram

နှစ်ယောက်သားဟာ ကွာရှင်းပြီးနောက်မှာလည်း တကျက်ကျက် ရန်ဖြစ်ရင်း တွဲလိုက်၊ ပြတ်လိုက် ဖြစ်နေပြန်ပါသေးတယ်။ အဲ့ဒီ့နောက် ၂၀၀၆ခုနှစ်မှာတော့ နောက်ထပ်တစ်ကြိမ် ထပ်မံလက်ထပ်ခဲ့ကြပါတယ်။ လအနည်းငယ် ကြာပြီးနောက်မှာတော့ နောက်ထပ် တစ်ခေါက် ထပ်မံကွာရှင်းခဲ့ကြပြန်ပါတယ်။ ဒုတိယအကြိမ် ကွာရှင်းပြီးနောက်မှာတော့ သူတို့နှစ်ယောက်ကြားက ရန်ပွဲဟာ ထင်ထားတာထက် ပိုမိုကြာရှည်ခဲ့ပြီး သမီးဖြစ်သူ Hailie ကို အုပ်ထိန်းခွင့် ရရှိဖို့အတွက် အကြီးအကျယ် ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြပါတယ်။

Eminem ဟာ သူ့ရဲ့သမီးလေး Hailie ကို အလွန်ချစ်မြတ်နိုးသူ ဖြစ်ပြီး သူ့ရဲ့သီချင်းပေါင်းများစွာထဲမှာ ထည့်သွင်းသီဆိုခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ Hailie ဟာ Michigan ပြည်နယ်က တက္ကသိုလ်တစ်ခုမှာ စိတ်ပညာအထူးပြုနဲ့ ဘွဲ့ရရှိထားပြီး Instagram Influencer ဖြစ်နေပါပြီ။

Eminem ဘယ်လို Rapper ဖြစ်လာခဲ့သလဲ?

ဆယ်ကျော်သက်ရွယ် ကျောင်းထွက်တစ်ယောက်ဖြစ်တဲ့ Eminem ဟာ လူငယ်ဘဝရဲ့ ဒေါသတွေကို ဖောက်ခွဲပစ်ဖို့နဲ့ ဘာသာစကားတွေအပေါ် ရူးသွပ်မှုတို့ကို ထုတ်ဖော်ပြသဖို့ရာ ဂီတလောကမှာ အသစ်ပေါ်ပေါက်လာတဲ့ hip-hop ဂီတကို ရွေးချယ်ခဲ့ပါတယ်။ နဂိုတုန်းကတော့ သူ့ရဲ့နာမည်အစ စာလုံးတွေကနေ M&M ဆိုတဲ့ အနုပညာအမည်ကို ရွေးချယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသံထွက်အရ Eminem လို့ ပြောင်းလဲရေးသား ခေါ်ဆိုခဲ့ပါတယ်။

Photo: eminem/ Instagram

Eminem ဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀အစောပိုင်း ကြားကာလမှာ အရာခပ်သိမ်းအပေါ် မယုံကြည်တဲ့ သုညဝါဒီဆန်ဆန် အမျက်ဒေါသတွေနဲ့ ရက်ပ်ဂီတကို ပုံဖော်ခဲ့ပါတယ်။ ဒါကြောင့်လည်း လော့စ်အိန်ဂျလိစ်မြို့ရဲ့ နာမည်ကြီး ဂိုဏ်းစတား ရက်ပ်အဖွဲ့ဖြစ်တဲ့ N.W.A ရဲ့ ခေါ်ယူမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီ့အချိန်ကာလတုန်းက ရက်ပ်ဂီတဆိုတာဟာ လူမည်းတွေချည်းပဲ သီးသန့်ထုတ်လုပ်နိုင်တဲ့ ဂီတအမျိုးအစားတစ်ခု ဖြစ်ခဲ့ပေမယ့် အသားအရောင် ဖြူဖျော့ဖျော့၊ မျက်လုံးအပြာနဲ့ Eminem ဟာ ရက်ပ်ဂီတလောကထဲကို ထူးခြားစွာပဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Eminem ဟာ Detroit မြို့ရဲ့ rap battle တွေထဲမှာ မကြာခဏ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ စကေးမြင့်လွန်းတဲ့ ဖရီးစတိုင်လ် ရက်ပ် ရွတ်ဆိုနိုင်မှုတွေကြောင့် ခဏလေးအတွင်းမှာပဲ Detroit မြို့က underground rap လောကမှာ လူလေးစားခံရတဲ့ ရက်ပ်ပါတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Photo: eminem/ Instagram

“နောက်ဆုံးတော့ ကျွန်တော် တစ်စုံတစ်ခုကို ရှာတွေ့ခဲ့တယ်ဗျ။ ကျွန်တော်နဲ့ရွယ်တူ တစ်ခြားကောင်တွေက စော်ပိုကြည်ချင် ကြည်လိမ့်မယ်။ ဝတ်ကောင်းစားကောင်းတွေ ပိုဝတ်ချင် ဝတ်နိုင်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ့ကောင်တွေ ကျွန်တော့်လိုတော့ လိုက်မလုပ်နိုင်ဘူး။ ကျွန်တော် ပြောချင်တာ သိတယ်မှတ်လား။ ကျွန်တော်ရေးနေတဲ့ ရက်ပ်စာသားတွေမျိုး ဒီကောင်တွေ လိုက်မရေးနိုင်ဘူး။ အဲ့ဒီ့မှာတင် Marshall လေးကတော့ လူတွေဆီက respect နည်းနည်း ရလာပြီဆိုတဲ့ ခံစားချက်မျိုး စပြီး ခံစားခဲ့ရတာပဲ …” လို့ သူ့ရဲ့ ရက်ပ်ပါဘဝ အစောပိုင်းတုန်းက ခံစားချက်တွေကို ပြောပြဖူးပါတယ်။

အဲ့ဒီ့အချိန်ကာလတွေဟာ Eminem အတွက်တော့ အရုန်းကန်ရဆုံး အချိန်တွေ ဖြစ်ပါတယ်။ တစ်ဖက်မှာ rap battle တွေကို ဝင်ရောက်ယှဉ်ပြိုင်ရုံတင် မဟုတ်ဘဲ တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက် အလုပ်ပေါင်းစုံကို လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီကြားထဲကမှ ဓာတ်ပြားတိုက်တစ်ခုခုနဲ့ စာချုပ်ချုပ်နိုင်ဖို့ကိုလည်း အသေအလဲ မျှော်လင့်တောင့်တခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ့အကြောင်းတွေကိုတော့ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို အခြေခံ ရိုက်ကူးထားတဲ့ 8 Mile ဇာတ်ကားထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo: eminem/ Instagram

၁၉၉၆ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံး ခြေလှမ်းအနေနဲ့ Infinite ဆိုတဲ့ ရက်ပ်အယ်လ်ဘမ်တစ်ချပ်ကို ပထမဆုံး ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီ့အယ်လ်ဘမ်မှာတော့ သူ့ရဲ့ရက်ပ်စကေးလ်တွေကို ပြသနိုင်ခဲ့ပေမယ့် ဘတ်ဂျက်နည်းနည်းလေးနဲ့ အသံသွင်းခဲ့ရတာကြောင့်ရော၊ ဇာတ်ကြောင်းပြောတဲ့အပိုင်းမှာ ပြင်းထန်မှုတွေ ပါဝင်နေခဲ့တာကြောင့်ရော အနည်းငယ်သာ ရောင်းချခဲ့ရပါတယ်။ ဒီအယ်လ်ဘမ်ဟာ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာပဲ နာမည်ရခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် ၁၉၉၇ခုနှစ်မှာတော့ The Slim Shady EP ကို ထွက်ရှိခဲ့ပါတယ်။ ဒီအခွေဟာ N.W.A ရဲ့ ထုတ်လုပ်သူဟောင်းလည်းဖြစ်၊ တကယ့် ထိတ်ထိတ်ကြဲ ဂန္ထဝင် ရက်ပ်ပါကြီးလည်း ဖြစ်တဲ့ Dr. Dre ဆီကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာတော့ Eminem ဟာ လော့စ်အိန်ဂျလိစ်မြို့ကို သွားရောက်ပြီး Rap Olympics MC Battle ကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဒုတိယဆု ရရှိခဲ့ပါတယ်။

Photo: eminem/ Instagram

ဒီလိုနဲ့ တစ်ချိန်မှာ Eminem အတွက် ဖခင်သဖွယ် ဖြစ်လာမယ့် Dr. Dre ဟာ The Slim Shady EP ကို မြေအောက်ခန်းထဲမှာ ကတ်ဆတ်ဖွင့်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Eminem ကို သိပ်အထင်ကြီးပြီး ကြိုက်နှစ်သက်သွားတာကြောင့် သူ့ရဲ့ Interscope Records Label နဲ့ စာချုပ်ချုပ်လိုက်ပါတယ်။ အဲ့ဒီ့နောက် နှစ်နှစ်အကြာမှာတော့ Eminem ရဲ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေမယ့် The Slim Shady LP ကို ထွက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ကာရန်တွေနဲ့ ပတ်သက်ပြီးတော့ Eminem ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလည်း ရှိပါသေးတယ်။ “ကျွန်တော့်ရဲ့ ကာရန်အများစုက လူတွေကို ရယ်မောအောင် လုပ်ဖို့ပါပဲ။ ဦးနှောက်တစ်ခြမ်းလောက် ပါတဲ့လူဆိုရင်တောင် ကျွန်တော်ပြောတဲ့ ဘယ်ဟာက သောက်ခွက်ပြောင်နေတယ်ဆိုတာနဲ့၊ ဘယ်ဟာက အတည်ပြောနေတာလည်းဆိုတာ သိနိုင်မှာပါ … ” လို့ ဆိုထားဖူးပါတယ်။

Photo: eminem/ Instagram

ဒီလိုနဲ့ပဲ Eminem ဟာ ပရိသတ်အားပေးမှု အများဆုံး ရရှိထားတဲ့ ရက်ပ်ပါတစ်ယောက်ဘဝကို ရရှိလာခဲ့ပါတယ်။ Eminem ဟာ ရက်ပ်ဂီတကို ပင်မဂီတရေစီးကြောင်းထဲမှာ စီးမျောနိုင်ဖို့ ကူးပြောင်းမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ရက်ပ်ပါတွေထဲမှာလည်း ထင်ရှားစွာ ပါဝင်သူ ဖြစ်ပါတယ်။

Eminem ဟာ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် (၁၁)ချပ်၊ compilation album (၁)ချပ်၊ collaborative album (၂)ချပ်နဲ့ soundtrack album (၂)ချပ်တို့ကို ထွက်ရှိထားပြီး ဖြစ်ပါတယ်။ အယ်လ်ဘမ်ချပ်ရေ သန်းနဲ့ချီပြီး ရောင်းရထားတဲ့ အအောင်မြင်ဆုံး ရက်ပ်ပါတစ်ယောက် ဖြစ်နေသလို ဆက်လက်ပြီးတော့လည်း ပရိသတ်သန်းပေါင်းများစွာရဲ့ အားပေးမှုကို ရရှိနေဦးမယ်ဆိုတာ အသေအချာပါပဲလို့ ဆိုရင်း … ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Eminem ဟာ နာမည္ႀကီး အေမရိကန္ ရက္ပ္ပါတစ္ေယာက္ ျဖစ္သလို ဓာတ္ျပားတိုက္ပိုင္ရွင္လည္း ျဖစ္ကာ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ (၂၁)ရာစုရဲ႕ အျငင္းပြားရဆုံးနဲ႔ အယ္လ္ဘမ္ အေရာင္းရဆုံး artist တစ္ေယာက္လည္း ျဖစ္ပါတယ္။

အမည္ရင္းကေတာ့ Marshall Bruce Mathers III ျဖစ္ၿပီး ၁၉၇၂ခုႏွစ္မွာ အေမရိကန္ျပည္ေထာင္စု၊ Missouri ျပည္နယ္မွာ ေမြးဖြားခဲ့ပါတယ္။ ေမြးေန႔သကၠရာဇ္ အတိအက်ကေတာ့ ေအာက္တိုဘာလ(၁၇)ရက္ေန႔မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး Libra ရာသီခြင္ဖြား ျဖစ္ပါတယ္။

Eminem ဟာ ၾကမ္းတမ္းတဲ့ ငယ္ဘဝနဲ႔ ႀကီးျပင္းလာခဲ့ရသူ ျဖစ္ၿပီး ကိုးတန္းနဲ႔ ေက်ာင္းထြက္ကာ အလုပ္ေပါင္းစုံ လုပ္ခဲ့ရသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၁၉၉၉ခုႏွစ္ အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ The Slim Shady LP ေၾကာင့္ ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲၿပီး ဟုန္းဟုန္းေတာက္ ေအာင္ျမင္လာခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ အယ္လ္ဘမ္ဟာ ပလက္တီနမ္ဓာတ္ျပားဆုေပါင္းမ်ားစြာ ရရွိခဲ့ၿပီး ဂရမ္မီဆု ႏွစ္ဆုနဲ႔ MTV က ေပးအပ္တဲ့ VMAs ဆုေပးပြဲမွာ ဆုေပါင္း ေလးဆု ဆြတ္ခူးခဲ့တဲ့အထိပါပဲ။

Photo: eminem/ Instagram

၂၀၀၀ခုႏွစ္အေရာက္မွာေတာ့ The Marshall Mathers LP ကို ထပ္မံထြက္ရွိခဲ့ၿပီး ရက္ပ္ဂီတ သမိုင္းတစ္ေလွ်ာက္မွာ အျမန္ဆုံး ေရာင္းအားတက္ခဲ့တဲ့ အယ္လ္ဘမ္အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ေနာက္ထပ္ ႏွစ္ႏွစ္အၾကာမွာေတာ့ သူ႔ရဲ႕ဘဝ တစ္စိတ္တစ္ပိုင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ 8 Mile ႐ုပ္ရွင္ဇာတ္ကားထဲက Lose Yourself ဆိုတဲ့ ဇာတ္ဝင္ေတးနဲ႔ ေအာ္စကာဆု ရရွိခဲ့ပါတယ္။

Eminem ဟာ ဂင္းနစ္စံခ်ိန္မ်ားစြာကို စံခ်ိန္တင္ထားႏိုင္တဲ့ Rap Artist တစ္ေယာက္ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ဂရမ္မီဆု(၁၅)ဆု ဆြတ္ခူးထားကာ Shady Records ဆိုတဲ့ ဓာတ္ျပားတိုက္ကို တည္ေထာင္ထားသူလည္း ျဖစ္ပါတယ္။ Eminem ဆိုတဲ့အမည္အ‌ျပင္ သူ႔ကို Slim Shady ၊ Rap God စသျဖင့္လည္း တင္စားေခၚေဝၚၾကပါေသးတယ္။

Photo: eminem/ Instagram
Eminem ရဲ႕ မိဘမ်ား

Eminem ဟာ အေဖဘယ္သူဆိုတာ မသိဘဲနဲ႔ ႀကီးျပင္းလာခဲ့ရသူ ျဖစ္ပါတယ္။ သူ႔ဖခင္ရဲ႕ အမည္ကေတာ့ Marshall Mathers Jr. လို႔ေခၚၿပီး Eminem ေမြးကင္းစ အ႐ြယ္ေလးမွာတည္းက မိသားစုကို ပစ္ထားခဲ့တာ ျဖစ္ပါတယ္။ Eminem ဟာ သူ႔ရဲ႕ကေလးဘဝတစ္ေလွ်ာက္မွာ ဖခင္ျဖစ္သူနဲ႔ ဆက္သြယ္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ ျပင္းထန္ ရက္စက္စြာ ျငင္းပယ္ခံခဲ့ရပါတယ္။

အေဖဆိုတဲ့ စကားလုံးနဲ႔ ပတ္သက္ရင္ Eminem ရဲ႕ဘဝမွာ အေတာ္ေလး ခါးသီးေစခဲ့ပါတယ္။ “ကြၽန္ေတာ့္ အေဖလား။ တစ္ခါမွ မေတြ႕ဖူးဘူး။ သူ႔ဓာတ္ပုံေတာင္ တစ္ခါမွ မျမင္ဖူးဘူး။ အႀကိမ္ေပါင္းမ်ားစြာပါပဲ။ အေဖ ဖုန္းမ်ား ေခၚလာမလားဆိုၿပီး တီဗြီၾကည့္ရင္း၊ ေဆးေရာင္ေတြ ျခယ္ရင္း ေစာင့္ေနခဲ့တယ္။ သူ႔အေနနဲ႔ ကြၽန္ေတာ့္ကို တစ္ခုခုေတာ့ ေျပာသင့္တယ္ေလ။ မဟုတ္ဘူးလား။ ကြၽန္ေတာ့္ဘဝမွာ အေဖဆိုလို႔ ျပစရာ ဘယ္သူမွ မရွိခဲ့ပါဘူး ……” လို႔ ရင္ဖြင့္ခဲ့ဖူးပါတယ္။

Photo via the sun

ဒီလိုနဲ႔ Eminem အႀကီးအက်ယ္ ေအာင္ျမင္ေနၿပီျဖစ္တဲ့ ၂၀၀၁ခုႏွစ္ ပတ္ဝန္းက်င္မွာေတာ့ ဖခင္ျဖစ္သူဟာ သားျဖစ္သူနဲ႔ အဆက္အသြယ္ရဖို႔ မီဒီယာကေနတစ္ဆင့္ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ Eminem တို႔ သားအမိေတြကို လိုက္ရွာခဲ့ေပမယ့္ အိမ္ေတြ ခဏခဏ ေျပာင္းခဲ့ရတာေၾကာင့္ အဆက္အသြယ္ ျပတ္သြားခဲ့ရတာ ျဖစ္ၿပီး သားျဖစ္သူကို ခ်စ္ေၾကာင္း၊ သူ႔ကိုသာ ျပန္လက္ခံမယ္ဆိုရင္ အေဖတစ္ေယာက္အေနနဲ႔ အသင့္ရွိေနေၾကာင္း The Mirror သတင္းစာကေနတစ္ဆင့္ ေျပာခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္လည္း Eminem ဘက္ကေတာ့ ဖခင္ရဲ႕စကားလုံး လွလွေလးေတြကို မခံစားတတ္ခဲ့ေတာ့ပါဘူး။ “အေဖက ကြၽန္ေတာ့္ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနတယ္လို႔ ၾကားတယ္။ ဒါေပမယ့္ အခုေတာ့ မဟုတ္ပါဘူး။ ဘာလို႔လည္းဆို ကြၽန္ေတာ္ သူ႔ဆီက စာတစ္ေစာင္ေတာင္ မရခဲ့ဖူးလို႔ပါ။ ေျပာရရင္ သူ႔ဆီက ဘာကိုမွ မရခဲ့ဖူးတာပါ။ အနည္းဆုံးေတာ့ သူ႔အေနနဲ႔ စာေလးေတာ့ ေရးခဲ့သင့္တယ္ မဟုတ္ဘူးလား။ တစ္ခုခုေတာ့ လုပ္ေပးခဲ့သင့္တယ္ေလ။ နည္းနည္းေတာ့ အားေလးစိုက္ထုတ္သင့္တာေပါ့ … ” လို႔ အေဖျဖစ္သူနဲ႔ ပတ္သက္တဲ့ ခံစားခ်က္တခ်ိဳ႕ကို ေျပာျပခဲ့ဖူးပါတယ္။

Eminem ရဲ႕ဖခင္ဟာ ၂၀၁၉ခုႏွစ္ ဇြန္လ(၂၆)ရက္ေန႔မွာ ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္(၆၇)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ ငယ္စဥ္မွာ ဖခင္ျဖစ္သူကို တမ္းတခဲ့တဲ့ Eminem ဟာ ရက္စက္လြန္းတဲ့ ပစ္ပယ္မႈကို ခံရၿပီးေနာက္ စိတ္ဒဏ္ရာ အေတာ္ေလး ရသြားပုံ ရပါတယ္။ အေၾကာင္းကေတာ့ သူဟာ ဖခင္ျဖစ္သူ ေသဆုံးသြားခ်ိန္အထိ ဖခင္နဲ႔ တစ္ခါေလးမွ်ေတာင္ မေတြ႕လိုက္တာေၾကာင့္ပါပဲ။

Photo credit to rightful owner

ဖခင္ရဲ႕ စြန႔္ပစ္မႈေၾကာင့္ပဲ သူဟာ မိခင္ျဖစ္သူ Deborah Mathers ရဲ႕ ပ်ိဳးေထာင္မႈေအာက္မွာ ႀကီးျပင္းခဲ့ရပါတယ္။ Eminem ဟာ မိခင္ျဖစ္သူရဲ႕ ျပဳစုပ်ိဳးေထာင္ပုံ နည္းလမ္းေတြနဲ႔ ပတ္သက္လို႔လည္း ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါေသးတယ္။ မိခင္ျဖစ္သူ Deborah ဟာ မူးယစ္ေဆးေတြ စြဲေနခဲ့ၿပီး သူ႔အေပၚ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာပါ ညႇင္းပန္းႏွိပ္စက္ခဲ့တယ္လို႔ သူ႔ရဲ႕သီခ်င္းစာသားေတြကေနတစ္ဆင့္ ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ မိခင္ျဖစ္သူဘက္က လုံးဝ ျငင္းဆိုခဲ့ၿပီး ၁၉၉၉ခုႏွစ္မွာေတာ့ အသေရဖ်က္မႈနဲ႔ သားျဖစ္သူကို ေဒၚလာ(၁၀)သန္းတန္ အမႈတစ္ခု စြဲဆိုခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေသြးက ေရထက္ ပ်စ္တာေၾကာင့္ ေဒၚလာ ႏွစ္ေသာင္းခြဲနဲ႔ အမႈကို ေက်ေအးေပးခဲ့ပါတယ္။

ဒီလိုနဲ႔ ၂၀၀၈ခုႏွစ္မွာေတာ့ မိခင္ျဖစ္သူ Deborah ဟာ My Son Marshall, My Son Eminem: Setting The Record Straight on My Life As Eminem’s Mother ဆိုတဲ့ အမည္နဲ႔ အမွတ္တရျဖစ္ရပ္မ်ားကို စာအုပ္တစ္အုပ္ ေရးသားထုတ္ေဝခဲ့ပါတယ္။ အဆိုပါ စာအုပ္ထဲမွာေတာ့ မိခင္တစ္ေယာက္အေနနဲ႔ သူမဘက္က ခံစားရတဲ့ ရႈေထာင့္အျမင္နဲ႔ ခံစားခ်က္ေတြကို ေဖာ္ျပထားၿပီး သားအမိႏွစ္ေယာက္ၾကားက ရႈပ္ေထြးတဲ့ အေၾကာင္းအရာကိစၥေတြကိုလည္း ေရးသား ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ သူမအေနနဲ႔ သားျဖစ္သူကို ဘယ္တုန္းကမွ အသုံးခ်တာမ်ိဳး မလုပ္ခဲ့သလို သူမရဲ႕စိတ္အာ႐ုံဟာ သူမ သားသမီးေတြအတြက္ စိုးရိမ္ပူပန္မႈတစ္ခုပဲ ရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

Eminem ရဲ႕ ငယ္ဘဝ

Eminem ရဲ႕ မိခင္ျဖစ္သူ Deborah ဟာ ဘယ္ေနရာမွာမွ အလုပ္တစ္ခုကို ခုႏွစ္လထက္ ပိုၿပီး မလုပ္ႏိုင္ခဲ့တာေၾကာင့္ Missouri နဲ႔ Michigan ျပည္နယ္ႏွစ္ခုၾကားမွာ ဟိုေျပာင္းဒီေ႐ႊ႕နဲ႔ ေနထိုင္ခဲ့ရၿပီး အစိုးရပိုင္ တိုက္တန္းလ်ားေတြမွာပဲ အမ်ားစု ေနထိုင္ခဲ့ရပါတယ္။

Photo: eminem/ Instagram

“တစ္ႏွစ္မွာ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေလာက္ ေက်ာင္းေျပာင္းရတယ္။ အားလုံးထဲမွာ အဲ့ဒါက အၾကမ္းတမ္းဆုံး အပိုင္းတခုပါပဲ … ” လို႔ ေျပာျပခဲ့ဖူးပါတယ္။

ဒီလို မတည္ၿငိမ္တဲ့ ဘဝေနထိုင္မႈပုံစံေၾကာင့္လည္း သူ႔ရဲ႕တစ္ကိုယ္ရည္ဘဝကို အမ်ားႀကီး ထိခိုက္မႈေတြ ျဖစ္ေစခဲ့ပါတယ္။ သူ႔မွာ ရင္းႏွီးတဲ့ သူငယ္ခ်င္းရယ္လို႔ မရွိခဲ့ဘဲ တစ္ေယာက္တည္းသာ အထီးက်န္ ေနထိုင္ခဲ့ရပါတယ္။ ဒါ့အျပင္ ေက်ာင္းေတြ အသစ္ေျပာင္းတိုင္းမွာလည္း အပယ္ခံတစ္ေယာက္လို အၿမဲတမ္း ဆက္ဆံခံခဲ့ရသူ ျဖစ္ပါတယ္။

“အိမ္သာထဲမွာ အ႐ိုက္ခံရတယ္။ ေဟာခန္းမထဲမွာ အ႐ိုက္ခံရတယ္။ ေလာ့ကာေတြထဲကို ထည့္ပိတ္ခံရတယ္ …” လို႔ ငယ္ဘဝက နာက်င္စရာ ျဖစ္ရပ္ေတြကို ေျပာျပဖူးပါတယ္။

Photo: eminem/ Instagram

Eminem ဟာ Michigan ျပည္နယ္က Lincoln အထက္တန္းေက်ာင္းမွာ တက္ေရာက္ခဲ့တာျဖစ္ၿပီး ကိုးတန္းႏွစ္မွာ စာေမးပြဲ သုံးႀကိမ္က်တာေၾကာင့္ အသက္(၁၇)ႏွစ္အ႐ြယ္နဲ႔ ေက်ာင္းထြက္ခဲ့ရပါတယ္။ သူဟာ စာမွာ ထူးခြၽန္တဲ့ ေက်ာင္းသားတစ္ေယာက္ မဟုတ္ေပမယ့္ ဘာသာစကားေတြနဲ႔ ပတ္သက္ရင္ နက္နဲစြာ ေလ့လာရတာကို ႏွစ္သက္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေကာမစ္စာအုပ္ေတြကို သည္းႀကီးမည္းႀကီး ဖတ္တတ္သလို အဘိဓာန္ေတြကိုပါ က်က္မွတ္ေလ့ရွိသူ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေက်ာင္းမွာ ဘယ္ေလာက္ပဲ စာညံ့ညံ့၊ တခါတေလ အဆင့္ေတြက ဘယ္ေလာက္ပဲ က်သြားသြား၊ အဂၤလိပ္စာမွာေတာ့ အၿမဲတမ္း ေတာ္တယ္ဆိုတာ ကိုယ့္ဘာသာ သိတယ္။ ကြၽန္ေတာ္ ခံစားမိတာက ဒီစကားလုံးေတြအားလုံးကို ကြၽန္ေတာ့္ရဲ႕ ပိုင္ဆိုင္မႈအေနနဲ႔ ရွိထားခ်င္တာ။ ကြၽန္‌ေတာ္ အလိုရွိလို႔ ဆြဲထုတ္လိုက္တာနဲ႔ အဲ့ဒီ့ေဝါဟာရေတြက အဆင္သင့္ ထြက္လာတာမ်ိဳး လိုခ်င္ခဲ့တာ။ အဲ့ဒီ့ေတာ့ ဒါေတြက ကြၽန္ေတာ့္ရဲ႕ အတြင္းတစ္ေနရာမွာ သိုမွီးထားသလို ျဖစ္ေနတာေပါ့ဗ်ာ … ” လို႔ ဆိုကာ သူ႔ကိုေဝါဟာရေတြ ႂကြယ္ဝေစခဲ့တဲ့ အေၾကာင္းရင္းကို ေျပာျပခဲ့ဖူးပါတယ္။

Eminem ရဲ႕ ဇနီးေဟာင္းနဲ႔ တစ္ဦးတည္းေသာသမီးေလး

Eminem ဟာ တစ္ခ်ိန္မွာ သူ႔ဇနီးျဖစ္လာမယ့္ Kim Ann Scott ကို အိမ္တစ္အိမ္ရဲ႕ ပါတီပြဲတစ္ခုမွာ စတင္ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက Eminem ဟာ အသက္(၁၅)ႏွစ္သာ ရွိေသးၿပီး Kim ကေတာ့ အသက္(၁၃)ႏွစ္သာ ရွိပါေသးတယ္။

Photo: eminemsfam/ Instagram

Kim ဟာလည္း Eminem နဲ႔ ဘဝတူလို႔ ေျပာရမလိုပဲ သူမရဲ႕အေဖဟာ ဘယ္သူဘယ္ဝွာမွန္း မသိရွိသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ပေထြးျဖစ္သူရဲ႕ လိင္အျမတ္ထုတ္ အၾကမ္းဖက္မႈေတြကိုပါ ခံစားခဲ့ရလို႔ Eminem တို႔ သားအမိေတြရဲ႕အိမ္မွာ လာေရာက္ေနထိုင္ခဲ့ပါတယ္။ ဒီလိုနဲ႔ မၾကာခင္မွာပဲ ႏွစ္ေယာက္သား ခ်စ္သူေတြ ျဖစ္သြားခဲ့ၾကပါတယ္။

သို႔ေပမယ့္ သူတို႔ရဲ႕ အခ်စ္ခရီးလမ္းအစဟာ ၾကမ္းတမ္းခဲ့ပါတယ္။ အေၾကာင္းကေတာ့ ႏွစ္ေယာက္လုံးက ငယ္႐ြယ္ေသးတဲ့ အ႐ြယ္ ျဖစ္႐ုံတင္မကဘဲ ေငြေၾကးကလည္း ဆင္းရဲၾကသူေတြ ျဖစ္တာေၾကာင့္ ပန္းခင္းလမ္းလို မေခ်ာေမြ႕တာေတာ့ သဘာဝတစ္ခုပါပဲ။ အဲ့ဒီ့ေနာက္ Eminem က ေက်ာင္းထြက္လိုက္ခ်ိန္မွာေတာ့ မိခင္ျဖစ္သူ Deborah က သူတို႔အတြဲကို အိမ္ေပၚကေန ေမာင္းခ်လိုက္ပါေတာ့တယ္။

၁၉၉၅ခုႏွစ္မွာေတာ့ သူတို႔ႏွစ္ဦးမွာ Hailie Jade Scott ဆိုတဲ့ သမီးေလးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ Eminem နဲ႔ Kim ဟာ ခ်စ္သူဘဝနဲ႔ပဲ အႀကိမ္ႀကိမ္ ျပတ္လိုက္၊ ျပန္ဆက္လိုက္၊ လမ္းခြဲလိုက္၊ ျပန္တြဲလိုက္ ျဖစ္ခဲ့ၾကပါတယ္။ ဒီလိုနဲ႔ ၁၉၉၉ခုႏွစ္မွာ နယ္လွည့္ေဖ်ာ္ေျဖေရး ခရီးစဥ္ မသြားခင္ေလးမွာပဲ ႏွစ္ေယာက္သား လက္ထပ္လိုက္ၾကပါတယ္။ သို႔ေပမယ့္ ၂၀၀၀ခုႏွစ္မွာေတာ့ ျပန္လည္ ကြာရွင္းခဲ့ၾကပါတယ္။

Photo: hailiejade/ Instagram

ႏွစ္ေယာက္သားဟာ ကြာရွင္းၿပီးေနာက္မွာလည္း တက်က္က်က္ ရန္ျဖစ္ရင္း တြဲလိုက္၊ ျပတ္လိုက္ ျဖစ္ေနျပန္ပါေသးတယ္။ အဲ့ဒီ့ေနာက္ ၂၀၀၆ခုႏွစ္မွာေတာ့ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံလက္ထပ္ခဲ့ၾကပါတယ္။ လအနည္းငယ္ ၾကာၿပီးေနာက္မွာေတာ့ ေနာက္ထပ္ တစ္ေခါက္ ထပ္မံကြာရွင္းခဲ့ၾကျပန္ပါတယ္။ ဒုတိယအႀကိမ္ ကြာရွင္းၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ရန္ပြဲဟာ ထင္ထားတာထက္ ပိုမိုၾကာရွည္ခဲ့ၿပီး သမီးျဖစ္သူ Hailie ကို အုပ္ထိန္းခြင့္ ရရွိဖို႔အတြက္ အႀကီးအက်ယ္ ၿပိဳင္ဆိုင္ တိုက္ခိုက္ခဲ့ၾကပါတယ္။

Eminem ဟာ သူ႔ရဲ႕သမီးေလး Hailie ကို အလြန္ခ်စ္ျမတ္ႏိုးသူ ျဖစ္ၿပီး သူ႔ရဲ႕သီခ်င္းေပါင္းမ်ားစြာထဲမွာ ထည့္သြင္းသီဆိုခဲ့ဖူးပါတယ္။ ယခုအခ်ိန္မွာေတာ့ Hailie ဟာ Michigan ျပည္နယ္က တကၠသိုလ္တစ္ခုမွာ စိတ္ပညာအထူးျပဳနဲ႔ ဘြဲ႕ရရွိထားၿပီး Instagram Influencer ျဖစ္ေနပါၿပီ။

Eminem ဘယ္လို Rapper ျဖစ္လာခဲ့သလဲ?

ဆယ္ေက်ာ္သက္႐ြယ္ ေက်ာင္းထြက္တစ္ေယာက္ျဖစ္တဲ့ Eminem ဟာ လူငယ္ဘဝရဲ႕ ေဒါသေတြကို ေဖာက္ခြဲပစ္ဖို႔နဲ႔ ဘာသာစကားေတြအေပၚ ႐ူးသြပ္မႈတို႔ကို ထုတ္ေဖာ္ျပသဖို႔ရာ ဂီတေလာကမွာ အသစ္ေပၚေပါက္လာတဲ့ hip-hop ဂီတကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ နဂိုတုန္းကေတာ့ သူ႔ရဲ႕နာမည္အစ စာလုံးေတြကေန M&M ဆိုတဲ့ အႏုပညာအမည္ကို ေ႐ြးခ်ယ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အသံထြက္အရ Eminem လို႔ ေျပာင္းလဲေရးသား ေခၚဆိုခဲ့ပါတယ္။

Photo: eminem/ Instagram

Eminem ဟာ ၁၉၈၀ေႏွာင္းပိုင္းနဲ႔ ၁၉၉၀အေစာပိုင္း ၾကားကာလမွာ အရာခပ္သိမ္းအေပၚ မယုံၾကည္တဲ့ သုညဝါဒီဆန္ဆန္ အမ်က္ေဒါသေတြနဲ႔ ရက္ပ္ဂီတကို ပုံေဖာ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရဲ႕ နာမည္ႀကီး ဂိုဏ္းစတား ရက္ပ္အဖြဲ႕ျဖစ္တဲ့ N.W.A ရဲ႕ ေခၚယူမႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။

အဲ့ဒီ့အခ်ိန္ကာလတုန္းက ရက္ပ္ဂီတဆိုတာဟာ လူမည္းေတြခ်ည္းပဲ သီးသန႔္ထုတ္လုပ္ႏိုင္တဲ့ ဂီတအမ်ိဳးအစားတစ္ခု ျဖစ္ခဲ့ေပမယ့္ အသားအေရာင္ ျဖဴေဖ်ာ့ေဖ်ာ့၊ မ်က္လုံးအျပာနဲ႔ Eminem ဟာ ရက္ပ္ဂီတေလာကထဲကို ထူးျခားစြာပဲ ဝင္ေရာက္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Eminem ဟာ Detroit ၿမိဳ႕ရဲ႕ rap battle ေတြထဲမွာ မၾကာခဏ ပါဝင္ခဲ့ပါတယ္။ သူ႔ရဲ႕ စေကးျမင့္လြန္းတဲ့ ဖရီးစတိုင္လ္ ရက္ပ္ ႐ြတ္ဆိုႏိုင္မႈေတြေၾကာင့္ ခဏေလးအတြင္းမွာပဲ Detroit ၿမိဳ႕က underground rap ေလာကမွာ လူေလးစားခံရတဲ့ ရက္ပ္ပါတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

Photo: eminem/ Instagram

“ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ တစ္စုံတစ္ခုကို ရွာေတြ႕ခဲ့တယ္ဗ်။ ကြၽန္ေတာ္နဲ႔႐ြယ္တူ တစ္ျခားေကာင္ေတြက ေစာ္ပိုၾကည္ခ်င္ ၾကည္လိမ့္မယ္။ ဝတ္ေကာင္းစားေကာင္းေတြ ပိုဝတ္ခ်င္ ဝတ္ႏိုင္လိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ အဲ့ဒီ့ေကာင္ေတြ ကြၽန္ေတာ့္လိုေတာ့ လိုက္မလုပ္ႏိုင္ဘူး။ ကြၽန္ေတာ္ ေျပာခ်င္တာ သိတယ္မွတ္လား။ ကြၽန္ေတာ္ေရးေနတဲ့ ရက္ပ္စာသားေတြမ်ိဳး ဒီေကာင္ေတြ လိုက္မေရးႏိုင္ဘူး။ အဲ့ဒီ့မွာတင္ Marshall ေလးကေတာ့ လူေတြဆီက respect နည္းနည္း ရလာၿပီဆိုတဲ့ ခံစားခ်က္မ်ိဳး စၿပီး ခံစားခဲ့ရတာပဲ …” လို႔ သူ႔ရဲ႕ ရက္ပ္ပါဘဝ အေစာပိုင္းတုန္းက ခံစားခ်က္ေတြကို ေျပာျပဖူးပါတယ္။

အဲ့ဒီ့အခ်ိန္ကာလေတြဟာ Eminem အတြက္ေတာ့ အ႐ုန္းကန္ရဆုံး အခ်ိန္ေတြ ျဖစ္ပါတယ္။ တစ္ဖက္မွာ rap battle ေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္႐ုံတင္ မဟုတ္ဘဲ တစ္ဖက္မွာလည္း စားဝတ္ေနေရးအတြက္ အလုပ္ေပါင္းစုံကို လုပ္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီၾကားထဲကမွ ဓာတ္ျပားတိုက္တစ္ခုခုနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ကိုလည္း အေသအလဲ ေမွ်ာ္လင့္ေတာင့္တခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီ့အေၾကာင္းေတြကိုေတာ့ သူ႔ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ 8 Mile ဇာတ္ကားထဲမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Photo: eminem/ Instagram

၁၉၉၆ခုႏွစ္မွာေတာ့ သူ႔ရဲ႕ပထမဆုံး ေျခလွမ္းအေနနဲ႔ Infinite ဆိုတဲ့ ရက္ပ္အယ္လ္ဘမ္တစ္ခ်ပ္ကို ပထမဆုံး ထြက္ရွိခဲ့ပါတယ္။ အဲ့ဒီ့အယ္လ္ဘမ္မွာေတာ့ သူ႔ရဲ႕ရက္ပ္စေကးလ္ေတြကို ျပသႏိုင္ခဲ့ေပမယ့္ ဘတ္ဂ်က္နည္းနည္းေလးနဲ႔ အသံသြင္းခဲ့ရတာေၾကာင့္ေရာ၊ ဇာတ္ေၾကာင္းေျပာတဲ့အပိုင္းမွာ ျပင္းထန္မႈေတြ ပါဝင္ေနခဲ့တာေၾကာင့္ေရာ အနည္းငယ္သာ ေရာင္းခ်ခဲ့ရပါတယ္။ ဒီအယ္လ္ဘမ္ဟာ သူ႔ပတ္ဝန္းက်င္ အသိုင္းအဝိုင္းထဲမွာပဲ နာမည္ရခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ့ေနာက္ ၁၉၉၇ခုႏွစ္မွာေတာ့ The Slim Shady EP ကို ထြက္ရွိခဲ့ပါတယ္။ ဒီအေခြဟာ N.W.A ရဲ႕ ထုတ္လုပ္သူေဟာင္းလည္းျဖစ္၊ တကယ့္ ထိတ္ထိတ္ႀကဲ ဂႏၴဝင္ ရက္ပ္ပါႀကီးလည္း ျဖစ္တဲ့ Dr. Dre ဆီကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္မွာေတာ့ Eminem ဟာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ကို သြားေရာက္ၿပီး Rap Olympics MC Battle ကို ဝင္ေရာက္ယွဥ္ၿပိဳင္ကာ ဒုတိယဆု ရရွိခဲ့ပါတယ္။

Photo: eminem/ Instagram

ဒီလိုနဲ႔ တစ္ခ်ိန္မွာ Eminem အတြက္ ဖခင္သဖြယ္ ျဖစ္လာမယ့္ Dr. Dre ဟာ The Slim Shady EP ကို ေျမေအာက္ခန္းထဲမွာ ကတ္ဆတ္ဖြင့္ၿပီး နားေထာင္ျဖစ္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Eminem ကို သိပ္အထင္ႀကီးၿပီး ႀကိဳက္ႏွစ္သက္သြားတာေၾကာင့္ သူ႔ရဲ႕ Interscope Records Label နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္ပါတယ္။ အဲ့ဒီ့ေနာက္ ႏွစ္ႏွစ္အၾကာမွာေတာ့ Eminem ရဲ႕ဘဝကို တစ္ဆစ္ခ်ိဳး ေျပာင္းလဲေစမယ့္ The Slim Shady LP ကို ထြက္ရွိႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ကာရန္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ Eminem ေျပာခဲ့ဖူးတဲ့ စကားတစ္ခြန္းလည္း ရွိပါေသးတယ္။ “ကြၽန္ေတာ့္ရဲ႕ ကာရန္အမ်ားစုက လူေတြကို ရယ္ေမာေအာင္ လုပ္ဖို႔ပါပဲ။ ဦးေႏွာက္တစ္ျခမ္းေလာက္ ပါတဲ့လူဆိုရင္ေတာင္ ကြၽန္ေတာ္ေျပာတဲ့ ဘယ္ဟာက ေသာက္ခြက္ေျပာင္ေနတယ္ဆိုတာနဲ႔၊ ဘယ္ဟာက အတည္ေျပာေနတာလည္းဆိုတာ သိႏိုင္မွာပါ … ” လို႔ ဆိုထားဖူးပါတယ္။

Photo: eminem/ Instagram

ဒီလိုနဲ႔ပဲ Eminem ဟာ ပရိသတ္အားေပးမႈ အမ်ားဆုံး ရရွိထားတဲ့ ရက္ပ္ပါတစ္ေယာက္ဘဝကို ရရွိလာခဲ့ပါတယ္။ Eminem ဟာ ရက္ပ္ဂီတကို ပင္မဂီတေရစီးေၾကာင္းထဲမွာ စီးေမ်ာႏိုင္ဖို႔ ကူးေျပာင္းမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ရက္ပ္ပါေတြထဲမွာလည္း ထင္ရွားစြာ ပါဝင္သူ ျဖစ္ပါတယ္။

Eminem ဟာ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ (၁၁)ခ်ပ္၊ compilation album (၁)ခ်ပ္၊ collaborative album (၂)ခ်ပ္နဲ႔ soundtrack album (၂)ခ်ပ္တို႔ကို ထြက္ရွိထားၿပီး ျဖစ္ပါတယ္။ အယ္လ္ဘမ္ခ်ပ္ေရ သန္းနဲ႔ခ်ီၿပီး ေရာင္းရထားတဲ့ အေအာင္ျမင္ဆုံး ရက္ပ္ပါတစ္ေယာက္ ျဖစ္ေနသလို ဆက္လက္ၿပီးေတာ့လည္း ပရိသတ္သန္းေပါင္းမ်ားစြာရဲ႕ အားေပးမႈကို ရရွိေနဦးမယ္ဆိုတာ အေသအခ်ာပါပဲလို႔ ဆိုရင္း … ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

The post သုညဘဝကနေ Rap God ဘဝကို ရောက်ရှိလာခဲ့တဲ့ Eminem ရဲ့ ဘဝပုံရိပ်လွှာ appeared first on San Yit Wine.

]]>