HomeBiographyသုညဘဝကနေ Rap God ဘဝကို ရောက်ရှိလာခဲ့တဲ့ Eminem ရဲ့ ဘဝပုံရိပ်လွှာ

သုညဘဝကနေ Rap God ဘဝကို ရောက်ရှိလာခဲ့တဲ့ Eminem ရဲ့ ဘဝပုံရိပ်လွှာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Eminem ဟာ နာမည်ကြီး အမေရိကန် ရက်ပ်ပါတစ်ယောက် ဖြစ်သလို ဓာတ်ပြားတိုက်ပိုင်ရှင်လည်း ဖြစ်ကာ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် (၂၁)ရာစုရဲ့ အငြင်းပွားရဆုံးနဲ့ အယ်လ်ဘမ် အရောင်းရဆုံး artist တစ်ယောက်လည်း ဖြစ်ပါတယ်။

အမည်ရင်းကတော့ Marshall Bruce Mathers III ဖြစ်ပြီး ၁၉၇၂ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ Missouri ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးနေ့သက္ကရာဇ် အတိအကျကတော့ အောက်တိုဘာလ(၁၇)ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး Libra ရာသီခွင်ဖွား ဖြစ်ပါတယ်။

Eminem ဟာ ကြမ်းတမ်းတဲ့ ငယ်ဘဝနဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပြီး ကိုးတန်းနဲ့ ကျောင်းထွက်ကာ အလုပ်ပေါင်းစုံ လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၉၉ခုနှစ် အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ The Slim Shady LP ကြောင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲပြီး ဟုန်းဟုန်းတောက် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယ်လ်ဘမ်ဟာ ပလက်တီနမ်ဓာတ်ပြားဆုပေါင်းများစွာ ရရှိခဲ့ပြီး ဂရမ်မီဆု နှစ်ဆုနဲ့ MTV က ပေးအပ်တဲ့ VMAs ဆုပေးပွဲမှာ ဆုပေါင်း လေးဆု ဆွတ်ခူးခဲ့တဲ့အထိပါပဲ။

Photo: eminem/ Instagram

၂၀၀၀ခုနှစ်အရောက်မှာတော့ The Marshall Mathers LP ကို ထပ်မံထွက်ရှိခဲ့ပြီး ရက်ပ်ဂီတ သမိုင်းတစ်လျှောက်မှာ အမြန်ဆုံး ရောင်းအားတက်ခဲ့တဲ့ အယ်လ်ဘမ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နောက်ထပ် နှစ်နှစ်အကြာမှာတော့ သူ့ရဲ့ဘဝ တစ်စိတ်တစ်ပိုင်းကို အခြေခံ ရိုက်ကူးထားတဲ့ 8 Mile ရုပ်ရှင်ဇာတ်ကားထဲက Lose Yourself ဆိုတဲ့ ဇာတ်ဝင်တေးနဲ့ အော်စကာဆု ရရှိခဲ့ပါတယ်။

Eminem ဟာ ဂင်းနစ်စံချိန်များစွာကို စံချိန်တင်ထားနိုင်တဲ့ Rap Artist တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်အထိ ဂရမ်မီဆု(၁၅)ဆု ဆွတ်ခူးထားကာ Shady Records ဆိုတဲ့ ဓာတ်ပြားတိုက်ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။ Eminem ဆိုတဲ့အမည်အ‌ပြင် သူ့ကို Slim Shady ၊ Rap God စသဖြင့်လည်း တင်စားခေါ်ဝေါ်ကြပါသေးတယ်။

Photo: eminem/ Instagram
Eminem ရဲ့ မိဘများ

Eminem ဟာ အဖေဘယ်သူဆိုတာ မသိဘဲနဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။ သူ့ဖခင်ရဲ့ အမည်ကတော့ Marshall Mathers Jr. လို့ခေါ်ပြီး Eminem မွေးကင်းစ အရွယ်လေးမှာတည်းက မိသားစုကို ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ Eminem ဟာ သူ့ရဲ့ကလေးဘဝတစ်လျှောက်မှာ ဖခင်ဖြစ်သူနဲ့ ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ပြင်းထန် ရက်စက်စွာ ငြင်းပယ်ခံခဲ့ရပါတယ်။

အဖေဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ရင် Eminem ရဲ့ဘဝမှာ အတော်လေး ခါးသီးစေခဲ့ပါတယ်။ “ကျွန်တော့် အဖေလား။ တစ်ခါမှ မတွေ့ဖူးဘူး။ သူ့ဓာတ်ပုံတောင် တစ်ခါမှ မမြင်ဖူးဘူး။ အကြိမ်ပေါင်းများစွာပါပဲ။ အဖေ ဖုန်းများ ခေါ်လာမလားဆိုပြီး တီဗွီကြည့်ရင်း၊ ဆေးရောင်တွေ ခြယ်ရင်း စောင့်နေခဲ့တယ်။ သူ့အနေနဲ့ ကျွန်တော့်ကို တစ်ခုခုတော့ ပြောသင့်တယ်လေ။ မဟုတ်ဘူးလား။ ကျွန်တော့်ဘဝမှာ အဖေဆိုလို့ ပြစရာ ဘယ်သူမှ မရှိခဲ့ပါဘူး ……” လို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။

Photo via the sun

ဒီလိုနဲ့ Eminem အကြီးအကျယ် အောင်မြင်နေပြီဖြစ်တဲ့ ၂၀၀၁ခုနှစ် ပတ်ဝန်းကျင်မှာတော့ ဖခင်ဖြစ်သူဟာ သားဖြစ်သူနဲ့ အဆက်အသွယ်ရဖို့ မီဒီယာကနေတစ်ဆင့် ကြိုးစားခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ Eminem တို့ သားအမိတွေကို လိုက်ရှာခဲ့ပေမယ့် အိမ်တွေ ခဏခဏ ပြောင်းခဲ့ရတာကြောင့် အဆက်အသွယ် ပြတ်သွားခဲ့ရတာ ဖြစ်ပြီး သားဖြစ်သူကို ချစ်ကြောင်း၊ သူ့ကိုသာ ပြန်လက်ခံမယ်ဆိုရင် အဖေတစ်ယောက်အနေနဲ့ အသင့်ရှိနေကြောင်း The Mirror သတင်းစာကနေတစ်ဆင့် ပြောခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း Eminem ဘက်ကတော့ ဖခင်ရဲ့စကားလုံး လှလှလေးတွေကို မခံစားတတ်ခဲ့တော့ပါဘူး။ “အဖေက ကျွန်တော့်ကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ ကြားတယ်။ ဒါပေမယ့် အခုတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆို ကျွန်တော် သူ့ဆီက စာတစ်စောင်တောင် မရခဲ့ဖူးလို့ပါ။ ပြောရရင် သူ့ဆီက ဘာကိုမှ မရခဲ့ဖူးတာပါ။ အနည်းဆုံးတော့ သူ့အနေနဲ့ စာလေးတော့ ရေးခဲ့သင့်တယ် မဟုတ်ဘူးလား။ တစ်ခုခုတော့ လုပ်ပေးခဲ့သင့်တယ်လေ။ နည်းနည်းတော့ အားလေးစိုက်ထုတ်သင့်တာပေါ့ … ” လို့ အဖေဖြစ်သူနဲ့ ပတ်သက်တဲ့ ခံစားချက်တချို့ကို ပြောပြခဲ့ဖူးပါတယ်။

Eminem ရဲ့ဖခင်ဟာ ၂၀၁၉ခုနှစ် ဇွန်လ(၂၆)ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၆၇)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ငယ်စဉ်မှာ ဖခင်ဖြစ်သူကို တမ်းတခဲ့တဲ့ Eminem ဟာ ရက်စက်လွန်းတဲ့ ပစ်ပယ်မှုကို ခံရပြီးနောက် စိတ်ဒဏ်ရာ အတော်လေး ရသွားပုံ ရပါတယ်။ အကြောင်းကတော့ သူဟာ ဖခင်ဖြစ်သူ သေဆုံးသွားချိန်အထိ ဖခင်နဲ့ တစ်ခါလေးမျှတောင် မတွေ့လိုက်တာကြောင့်ပါပဲ။

Photo credit to rightful owner

ဖခင်ရဲ့ စွန့်ပစ်မှုကြောင့်ပဲ သူဟာ မိခင်ဖြစ်သူ Deborah Mathers ရဲ့ ပျိုးထောင်မှုအောက်မှာ ကြီးပြင်းခဲ့ရပါတယ်။ Eminem ဟာ မိခင်ဖြစ်သူရဲ့ ပြုစုပျိုးထောင်ပုံ နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။ မိခင်ဖြစ်သူ Deborah ဟာ မူးယစ်ဆေးတွေ စွဲနေခဲ့ပြီး သူ့အပေါ် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ သူ့ရဲ့သီချင်းစာသားတွေကနေတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မိခင်ဖြစ်သူဘက်က လုံးဝ ငြင်းဆိုခဲ့ပြီး ၁၉၉၉ခုနှစ်မှာတော့ အသရေဖျက်မှုနဲ့ သားဖြစ်သူကို ဒေါ်လာ(၁၀)သန်းတန် အမှုတစ်ခု စွဲဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း သွေးက ရေထက် ပျစ်တာကြောင့် ဒေါ်လာ နှစ်သောင်းခွဲနဲ့ အမှုကို ကျေအေးပေးခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၀၈ခုနှစ်မှာတော့ မိခင်ဖြစ်သူ Deborah ဟာ My Son Marshall, My Son Eminem: Setting The Record Straight on My Life As Eminem’s Mother ဆိုတဲ့ အမည်နဲ့ အမှတ်တရဖြစ်ရပ်များကို စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။ အဆိုပါ စာအုပ်ထဲမှာတော့ မိခင်တစ်ယောက်အနေနဲ့ သူမဘက်က ခံစားရတဲ့ ရှုထောင့်အမြင်နဲ့ ခံစားချက်တွေကို ဖော်ပြထားပြီး သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ အကြောင်းအရာကိစ္စတွေကိုလည်း ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ သားဖြစ်သူကို ဘယ်တုန်းကမှ အသုံးချတာမျိုး မလုပ်ခဲ့သလို သူမရဲ့စိတ်အာရုံဟာ သူမ သားသမီးတွေအတွက် စိုးရိမ်ပူပန်မှုတစ်ခုပဲ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

Eminem ရဲ့ ငယ်ဘဝ

Eminem ရဲ့ မိခင်ဖြစ်သူ Deborah ဟာ ဘယ်နေရာမှာမှ အလုပ်တစ်ခုကို ခုနှစ်လထက် ပိုပြီး မလုပ်နိုင်ခဲ့တာကြောင့် Missouri နဲ့ Michigan ပြည်နယ်နှစ်ခုကြားမှာ ဟိုပြောင်းဒီရွှေ့နဲ့ နေထိုင်ခဲ့ရပြီး အစိုးရပိုင် တိုက်တန်းလျားတွေမှာပဲ အများစု နေထိုင်ခဲ့ရပါတယ်။

Photo: eminem/ Instagram

“တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ကျောင်းပြောင်းရတယ်။ အားလုံးထဲမှာ အဲ့ဒါက အကြမ်းတမ်းဆုံး အပိုင်းတခုပါပဲ … ” လို့ ပြောပြခဲ့ဖူးပါတယ်။

ဒီလို မတည်ငြိမ်တဲ့ ဘဝနေထိုင်မှုပုံစံကြောင့်လည်း သူ့ရဲ့တစ်ကိုယ်ရည်ဘဝကို အများကြီး ထိခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်းရယ်လို့ မရှိခဲ့ဘဲ တစ်ယောက်တည်းသာ အထီးကျန် နေထိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ကျောင်းတွေ အသစ်ပြောင်းတိုင်းမှာလည်း အပယ်ခံတစ်ယောက်လို အမြဲတမ်း ဆက်ဆံခံခဲ့ရသူ ဖြစ်ပါတယ်။

“အိမ်သာထဲမှာ အရိုက်ခံရတယ်။ ဟောခန်းမထဲမှာ အရိုက်ခံရတယ်။ လော့ကာတွေထဲကို ထည့်ပိတ်ခံရတယ် …” လို့ ငယ်ဘဝက နာကျင်စရာ ဖြစ်ရပ်တွေကို ပြောပြဖူးပါတယ်။

Photo: eminem/ Instagram

Eminem ဟာ Michigan ပြည်နယ်က Lincoln အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့တာဖြစ်ပြီး ကိုးတန်းနှစ်မှာ စာမေးပွဲ သုံးကြိမ်ကျတာကြောင့် အသက်(၁၇)နှစ်အရွယ်နဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ သူဟာ စာမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် မဟုတ်ပေမယ့် ဘာသာစကားတွေနဲ့ ပတ်သက်ရင် နက်နဲစွာ လေ့လာရတာကို နှစ်သက်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကောမစ်စာအုပ်တွေကို သည်းကြီးမည်းကြီး ဖတ်တတ်သလို အဘိဓာန်တွေကိုပါ ကျက်မှတ်လေ့ရှိသူ ဖြစ်ပါတယ်။

“ကျွန်တော် ကျောင်းမှာ ဘယ်လောက်ပဲ စာညံ့ညံ့၊ တခါတလေ အဆင့်တွေက ဘယ်လောက်ပဲ ကျသွားသွား၊ အင်္ဂလိပ်စာမှာတော့ အမြဲတမ်း တော်တယ်ဆိုတာ ကိုယ့်ဘာသာ သိတယ်။ ကျွန်တော် ခံစားမိတာက ဒီစကားလုံးတွေအားလုံးကို ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ရှိထားချင်တာ။ ကျွန်‌တော် အလိုရှိလို့ ဆွဲထုတ်လိုက်တာနဲ့ အဲ့ဒီ့ဝေါဟာရတွေက အဆင်သင့် ထွက်လာတာမျိုး လိုချင်ခဲ့တာ။ အဲ့ဒီ့တော့ ဒါတွေက ကျွန်တော့်ရဲ့ အတွင်းတစ်နေရာမှာ သိုမှီးထားသလို ဖြစ်နေတာပေါ့ဗျာ … ” လို့ ဆိုကာ သူ့ကိုဝေါဟာရတွေ ကြွယ်ဝစေခဲ့တဲ့ အကြောင်းရင်းကို ပြောပြခဲ့ဖူးပါတယ်။

Eminem ရဲ့ ဇနီးဟောင်းနဲ့ တစ်ဦးတည်းသောသမီးလေး

Eminem ဟာ တစ်ချိန်မှာ သူ့ဇနီးဖြစ်လာမယ့် Kim Ann Scott ကို အိမ်တစ်အိမ်ရဲ့ ပါတီပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်တုန်းက Eminem ဟာ အသက်(၁၅)နှစ်သာ ရှိသေးပြီး Kim ကတော့ အသက်(၁၃)နှစ်သာ ရှိပါသေးတယ်။

Photo: eminemsfam/ Instagram

Kim ဟာလည်း Eminem နဲ့ ဘဝတူလို့ ပြောရမလိုပဲ သူမရဲ့အဖေဟာ ဘယ်သူဘယ်ဝှာမှန်း မသိရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပထွေးဖြစ်သူရဲ့ လိင်အမြတ်ထုတ် အကြမ်းဖက်မှုတွေကိုပါ ခံစားခဲ့ရလို့ Eminem တို့ သားအမိတွေရဲ့အိမ်မှာ လာရောက်နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ နှစ်ယောက်သား ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။

သို့ပေမယ့် သူတို့ရဲ့ အချစ်ခရီးလမ်းအစဟာ ကြမ်းတမ်းခဲ့ပါတယ်။ အကြောင်းကတော့ နှစ်ယောက်လုံးက ငယ်ရွယ်သေးတဲ့ အရွယ် ဖြစ်ရုံတင်မကဘဲ ငွေကြေးကလည်း ဆင်းရဲကြသူတွေ ဖြစ်တာကြောင့် ပန်းခင်းလမ်းလို မချောမွေ့တာတော့ သဘာဝတစ်ခုပါပဲ။ အဲ့ဒီ့နောက် Eminem က ကျောင်းထွက်လိုက်ချိန်မှာတော့ မိခင်ဖြစ်သူ Deborah က သူတို့အတွဲကို အိမ်ပေါ်ကနေ မောင်းချလိုက်ပါတော့တယ်။

၁၉၉၅ခုနှစ်မှာတော့ သူတို့နှစ်ဦးမှာ Hailie Jade Scott ဆိုတဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ Eminem နဲ့ Kim ဟာ ချစ်သူဘဝနဲ့ပဲ အကြိမ်ကြိမ် ပြတ်လိုက်၊ ပြန်ဆက်လိုက်၊ လမ်းခွဲလိုက်၊ ပြန်တွဲလိုက် ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၉၉ခုနှစ်မှာ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ် မသွားခင်လေးမှာပဲ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတယ်။ သို့ပေမယ့် ၂၀၀၀ခုနှစ်မှာတော့ ပြန်လည် ကွာရှင်းခဲ့ကြပါတယ်။

Photo: hailiejade/ Instagram

နှစ်ယောက်သားဟာ ကွာရှင်းပြီးနောက်မှာလည်း တကျက်ကျက် ရန်ဖြစ်ရင်း တွဲလိုက်၊ ပြတ်လိုက် ဖြစ်နေပြန်ပါသေးတယ်။ အဲ့ဒီ့နောက် ၂၀၀၆ခုနှစ်မှာတော့ နောက်ထပ်တစ်ကြိမ် ထပ်မံလက်ထပ်ခဲ့ကြပါတယ်။ လအနည်းငယ် ကြာပြီးနောက်မှာတော့ နောက်ထပ် တစ်ခေါက် ထပ်မံကွာရှင်းခဲ့ကြပြန်ပါတယ်။ ဒုတိယအကြိမ် ကွာရှင်းပြီးနောက်မှာတော့ သူတို့နှစ်ယောက်ကြားက ရန်ပွဲဟာ ထင်ထားတာထက် ပိုမိုကြာရှည်ခဲ့ပြီး သမီးဖြစ်သူ Hailie ကို အုပ်ထိန်းခွင့် ရရှိဖို့အတွက် အကြီးအကျယ် ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြပါတယ်။

Eminem ဟာ သူ့ရဲ့သမီးလေး Hailie ကို အလွန်ချစ်မြတ်နိုးသူ ဖြစ်ပြီး သူ့ရဲ့သီချင်းပေါင်းများစွာထဲမှာ ထည့်သွင်းသီဆိုခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ Hailie ဟာ Michigan ပြည်နယ်က တက္ကသိုလ်တစ်ခုမှာ စိတ်ပညာအထူးပြုနဲ့ ဘွဲ့ရရှိထားပြီး Instagram Influencer ဖြစ်နေပါပြီ။

Eminem ဘယ်လို Rapper ဖြစ်လာခဲ့သလဲ?

ဆယ်ကျော်သက်ရွယ် ကျောင်းထွက်တစ်ယောက်ဖြစ်တဲ့ Eminem ဟာ လူငယ်ဘဝရဲ့ ဒေါသတွေကို ဖောက်ခွဲပစ်ဖို့နဲ့ ဘာသာစကားတွေအပေါ် ရူးသွပ်မှုတို့ကို ထုတ်ဖော်ပြသဖို့ရာ ဂီတလောကမှာ အသစ်ပေါ်ပေါက်လာတဲ့ hip-hop ဂီတကို ရွေးချယ်ခဲ့ပါတယ်။ နဂိုတုန်းကတော့ သူ့ရဲ့နာမည်အစ စာလုံးတွေကနေ M&M ဆိုတဲ့ အနုပညာအမည်ကို ရွေးချယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသံထွက်အရ Eminem လို့ ပြောင်းလဲရေးသား ခေါ်ဆိုခဲ့ပါတယ်။

Photo: eminem/ Instagram

Eminem ဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀အစောပိုင်း ကြားကာလမှာ အရာခပ်သိမ်းအပေါ် မယုံကြည်တဲ့ သုညဝါဒီဆန်ဆန် အမျက်ဒေါသတွေနဲ့ ရက်ပ်ဂီတကို ပုံဖော်ခဲ့ပါတယ်။ ဒါကြောင့်လည်း လော့စ်အိန်ဂျလိစ်မြို့ရဲ့ နာမည်ကြီး ဂိုဏ်းစတား ရက်ပ်အဖွဲ့ဖြစ်တဲ့ N.W.A ရဲ့ ခေါ်ယူမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီ့အချိန်ကာလတုန်းက ရက်ပ်ဂီတဆိုတာဟာ လူမည်းတွေချည်းပဲ သီးသန့်ထုတ်လုပ်နိုင်တဲ့ ဂီတအမျိုးအစားတစ်ခု ဖြစ်ခဲ့ပေမယ့် အသားအရောင် ဖြူဖျော့ဖျော့၊ မျက်လုံးအပြာနဲ့ Eminem ဟာ ရက်ပ်ဂီတလောကထဲကို ထူးခြားစွာပဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Eminem ဟာ Detroit မြို့ရဲ့ rap battle တွေထဲမှာ မကြာခဏ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ စကေးမြင့်လွန်းတဲ့ ဖရီးစတိုင်လ် ရက်ပ် ရွတ်ဆိုနိုင်မှုတွေကြောင့် ခဏလေးအတွင်းမှာပဲ Detroit မြို့က underground rap လောကမှာ လူလေးစားခံရတဲ့ ရက်ပ်ပါတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Photo: eminem/ Instagram

“နောက်ဆုံးတော့ ကျွန်တော် တစ်စုံတစ်ခုကို ရှာတွေ့ခဲ့တယ်ဗျ။ ကျွန်တော်နဲ့ရွယ်တူ တစ်ခြားကောင်တွေက စော်ပိုကြည်ချင် ကြည်လိမ့်မယ်။ ဝတ်ကောင်းစားကောင်းတွေ ပိုဝတ်ချင် ဝတ်နိုင်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ့ကောင်တွေ ကျွန်တော့်လိုတော့ လိုက်မလုပ်နိုင်ဘူး။ ကျွန်တော် ပြောချင်တာ သိတယ်မှတ်လား။ ကျွန်တော်ရေးနေတဲ့ ရက်ပ်စာသားတွေမျိုး ဒီကောင်တွေ လိုက်မရေးနိုင်ဘူး။ အဲ့ဒီ့မှာတင် Marshall လေးကတော့ လူတွေဆီက respect နည်းနည်း ရလာပြီဆိုတဲ့ ခံစားချက်မျိုး စပြီး ခံစားခဲ့ရတာပဲ …” လို့ သူ့ရဲ့ ရက်ပ်ပါဘဝ အစောပိုင်းတုန်းက ခံစားချက်တွေကို ပြောပြဖူးပါတယ်။

အဲ့ဒီ့အချိန်ကာလတွေဟာ Eminem အတွက်တော့ အရုန်းကန်ရဆုံး အချိန်တွေ ဖြစ်ပါတယ်။ တစ်ဖက်မှာ rap battle တွေကို ဝင်ရောက်ယှဉ်ပြိုင်ရုံတင် မဟုတ်ဘဲ တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက် အလုပ်ပေါင်းစုံကို လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီကြားထဲကမှ ဓာတ်ပြားတိုက်တစ်ခုခုနဲ့ စာချုပ်ချုပ်နိုင်ဖို့ကိုလည်း အသေအလဲ မျှော်လင့်တောင့်တခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ့အကြောင်းတွေကိုတော့ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို အခြေခံ ရိုက်ကူးထားတဲ့ 8 Mile ဇာတ်ကားထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo: eminem/ Instagram

၁၉၉၆ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံး ခြေလှမ်းအနေနဲ့ Infinite ဆိုတဲ့ ရက်ပ်အယ်လ်ဘမ်တစ်ချပ်ကို ပထမဆုံး ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီ့အယ်လ်ဘမ်မှာတော့ သူ့ရဲ့ရက်ပ်စကေးလ်တွေကို ပြသနိုင်ခဲ့ပေမယ့် ဘတ်ဂျက်နည်းနည်းလေးနဲ့ အသံသွင်းခဲ့ရတာကြောင့်ရော၊ ဇာတ်ကြောင်းပြောတဲ့အပိုင်းမှာ ပြင်းထန်မှုတွေ ပါဝင်နေခဲ့တာကြောင့်ရော အနည်းငယ်သာ ရောင်းချခဲ့ရပါတယ်။ ဒီအယ်လ်ဘမ်ဟာ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာပဲ နာမည်ရခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် ၁၉၉၇ခုနှစ်မှာတော့ The Slim Shady EP ကို ထွက်ရှိခဲ့ပါတယ်။ ဒီအခွေဟာ N.W.A ရဲ့ ထုတ်လုပ်သူဟောင်းလည်းဖြစ်၊ တကယ့် ထိတ်ထိတ်ကြဲ ဂန္ထဝင် ရက်ပ်ပါကြီးလည်း ဖြစ်တဲ့ Dr. Dre ဆီကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာတော့ Eminem ဟာ လော့စ်အိန်ဂျလိစ်မြို့ကို သွားရောက်ပြီး Rap Olympics MC Battle ကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဒုတိယဆု ရရှိခဲ့ပါတယ်။

Photo: eminem/ Instagram

ဒီလိုနဲ့ တစ်ချိန်မှာ Eminem အတွက် ဖခင်သဖွယ် ဖြစ်လာမယ့် Dr. Dre ဟာ The Slim Shady EP ကို မြေအောက်ခန်းထဲမှာ ကတ်ဆတ်ဖွင့်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Eminem ကို သိပ်အထင်ကြီးပြီး ကြိုက်နှစ်သက်သွားတာကြောင့် သူ့ရဲ့ Interscope Records Label နဲ့ စာချုပ်ချုပ်လိုက်ပါတယ်။ အဲ့ဒီ့နောက် နှစ်နှစ်အကြာမှာတော့ Eminem ရဲ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေမယ့် The Slim Shady LP ကို ထွက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ကာရန်တွေနဲ့ ပတ်သက်ပြီးတော့ Eminem ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလည်း ရှိပါသေးတယ်။ “ကျွန်တော့်ရဲ့ ကာရန်အများစုက လူတွေကို ရယ်မောအောင် လုပ်ဖို့ပါပဲ။ ဦးနှောက်တစ်ခြမ်းလောက် ပါတဲ့လူဆိုရင်တောင် ကျွန်တော်ပြောတဲ့ ဘယ်ဟာက သောက်ခွက်ပြောင်နေတယ်ဆိုတာနဲ့၊ ဘယ်ဟာက အတည်ပြောနေတာလည်းဆိုတာ သိနိုင်မှာပါ … ” လို့ ဆိုထားဖူးပါတယ်။

Photo: eminem/ Instagram

ဒီလိုနဲ့ပဲ Eminem ဟာ ပရိသတ်အားပေးမှု အများဆုံး ရရှိထားတဲ့ ရက်ပ်ပါတစ်ယောက်ဘဝကို ရရှိလာခဲ့ပါတယ်။ Eminem ဟာ ရက်ပ်ဂီတကို ပင်မဂီတရေစီးကြောင်းထဲမှာ စီးမျောနိုင်ဖို့ ကူးပြောင်းမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ရက်ပ်ပါတွေထဲမှာလည်း ထင်ရှားစွာ ပါဝင်သူ ဖြစ်ပါတယ်။

Eminem ဟာ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် (၁၁)ချပ်၊ compilation album (၁)ချပ်၊ collaborative album (၂)ချပ်နဲ့ soundtrack album (၂)ချပ်တို့ကို ထွက်ရှိထားပြီး ဖြစ်ပါတယ်။ အယ်လ်ဘမ်ချပ်ရေ သန်းနဲ့ချီပြီး ရောင်းရထားတဲ့ အအောင်မြင်ဆုံး ရက်ပ်ပါတစ်ယောက် ဖြစ်နေသလို ဆက်လက်ပြီးတော့လည်း ပရိသတ်သန်းပေါင်းများစွာရဲ့ အားပေးမှုကို ရရှိနေဦးမယ်ဆိုတာ အသေအချာပါပဲလို့ ဆိုရင်း … ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Eminem ဟာ နာမည္ႀကီး အေမရိကန္ ရက္ပ္ပါတစ္ေယာက္ ျဖစ္သလို ဓာတ္ျပားတိုက္ပိုင္ရွင္လည္း ျဖစ္ကာ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ (၂၁)ရာစုရဲ႕ အျငင္းပြားရဆုံးနဲ႔ အယ္လ္ဘမ္ အေရာင္းရဆုံး artist တစ္ေယာက္လည္း ျဖစ္ပါတယ္။

အမည္ရင္းကေတာ့ Marshall Bruce Mathers III ျဖစ္ၿပီး ၁၉၇၂ခုႏွစ္မွာ အေမရိကန္ျပည္ေထာင္စု၊ Missouri ျပည္နယ္မွာ ေမြးဖြားခဲ့ပါတယ္။ ေမြးေန႔သကၠရာဇ္ အတိအက်ကေတာ့ ေအာက္တိုဘာလ(၁၇)ရက္ေန႔မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး Libra ရာသီခြင္ဖြား ျဖစ္ပါတယ္။

Eminem ဟာ ၾကမ္းတမ္းတဲ့ ငယ္ဘဝနဲ႔ ႀကီးျပင္းလာခဲ့ရသူ ျဖစ္ၿပီး ကိုးတန္းနဲ႔ ေက်ာင္းထြက္ကာ အလုပ္ေပါင္းစုံ လုပ္ခဲ့ရသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၁၉၉၉ခုႏွစ္ အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ The Slim Shady LP ေၾကာင့္ ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲၿပီး ဟုန္းဟုန္းေတာက္ ေအာင္ျမင္လာခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ အယ္လ္ဘမ္ဟာ ပလက္တီနမ္ဓာတ္ျပားဆုေပါင္းမ်ားစြာ ရရွိခဲ့ၿပီး ဂရမ္မီဆု ႏွစ္ဆုနဲ႔ MTV က ေပးအပ္တဲ့ VMAs ဆုေပးပြဲမွာ ဆုေပါင္း ေလးဆု ဆြတ္ခူးခဲ့တဲ့အထိပါပဲ။

Photo: eminem/ Instagram

၂၀၀၀ခုႏွစ္အေရာက္မွာေတာ့ The Marshall Mathers LP ကို ထပ္မံထြက္ရွိခဲ့ၿပီး ရက္ပ္ဂီတ သမိုင္းတစ္ေလွ်ာက္မွာ အျမန္ဆုံး ေရာင္းအားတက္ခဲ့တဲ့ အယ္လ္ဘမ္အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ေနာက္ထပ္ ႏွစ္ႏွစ္အၾကာမွာေတာ့ သူ႔ရဲ႕ဘဝ တစ္စိတ္တစ္ပိုင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ 8 Mile ႐ုပ္ရွင္ဇာတ္ကားထဲက Lose Yourself ဆိုတဲ့ ဇာတ္ဝင္ေတးနဲ႔ ေအာ္စကာဆု ရရွိခဲ့ပါတယ္။

Eminem ဟာ ဂင္းနစ္စံခ်ိန္မ်ားစြာကို စံခ်ိန္တင္ထားႏိုင္တဲ့ Rap Artist တစ္ေယာက္ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ဂရမ္မီဆု(၁၅)ဆု ဆြတ္ခူးထားကာ Shady Records ဆိုတဲ့ ဓာတ္ျပားတိုက္ကို တည္ေထာင္ထားသူလည္း ျဖစ္ပါတယ္။ Eminem ဆိုတဲ့အမည္အ‌ျပင္ သူ႔ကို Slim Shady ၊ Rap God စသျဖင့္လည္း တင္စားေခၚေဝၚၾကပါေသးတယ္။

Photo: eminem/ Instagram
Eminem ရဲ႕ မိဘမ်ား

Eminem ဟာ အေဖဘယ္သူဆိုတာ မသိဘဲနဲ႔ ႀကီးျပင္းလာခဲ့ရသူ ျဖစ္ပါတယ္။ သူ႔ဖခင္ရဲ႕ အမည္ကေတာ့ Marshall Mathers Jr. လို႔ေခၚၿပီး Eminem ေမြးကင္းစ အ႐ြယ္ေလးမွာတည္းက မိသားစုကို ပစ္ထားခဲ့တာ ျဖစ္ပါတယ္။ Eminem ဟာ သူ႔ရဲ႕ကေလးဘဝတစ္ေလွ်ာက္မွာ ဖခင္ျဖစ္သူနဲ႔ ဆက္သြယ္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ ျပင္းထန္ ရက္စက္စြာ ျငင္းပယ္ခံခဲ့ရပါတယ္။

အေဖဆိုတဲ့ စကားလုံးနဲ႔ ပတ္သက္ရင္ Eminem ရဲ႕ဘဝမွာ အေတာ္ေလး ခါးသီးေစခဲ့ပါတယ္။ “ကြၽန္ေတာ့္ အေဖလား။ တစ္ခါမွ မေတြ႕ဖူးဘူး။ သူ႔ဓာတ္ပုံေတာင္ တစ္ခါမွ မျမင္ဖူးဘူး။ အႀကိမ္ေပါင္းမ်ားစြာပါပဲ။ အေဖ ဖုန္းမ်ား ေခၚလာမလားဆိုၿပီး တီဗြီၾကည့္ရင္း၊ ေဆးေရာင္ေတြ ျခယ္ရင္း ေစာင့္ေနခဲ့တယ္။ သူ႔အေနနဲ႔ ကြၽန္ေတာ့္ကို တစ္ခုခုေတာ့ ေျပာသင့္တယ္ေလ။ မဟုတ္ဘူးလား။ ကြၽန္ေတာ့္ဘဝမွာ အေဖဆိုလို႔ ျပစရာ ဘယ္သူမွ မရွိခဲ့ပါဘူး ……” လို႔ ရင္ဖြင့္ခဲ့ဖူးပါတယ္။

Photo via the sun

ဒီလိုနဲ႔ Eminem အႀကီးအက်ယ္ ေအာင္ျမင္ေနၿပီျဖစ္တဲ့ ၂၀၀၁ခုႏွစ္ ပတ္ဝန္းက်င္မွာေတာ့ ဖခင္ျဖစ္သူဟာ သားျဖစ္သူနဲ႔ အဆက္အသြယ္ရဖို႔ မီဒီယာကေနတစ္ဆင့္ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ Eminem တို႔ သားအမိေတြကို လိုက္ရွာခဲ့ေပမယ့္ အိမ္ေတြ ခဏခဏ ေျပာင္းခဲ့ရတာေၾကာင့္ အဆက္အသြယ္ ျပတ္သြားခဲ့ရတာ ျဖစ္ၿပီး သားျဖစ္သူကို ခ်စ္ေၾကာင္း၊ သူ႔ကိုသာ ျပန္လက္ခံမယ္ဆိုရင္ အေဖတစ္ေယာက္အေနနဲ႔ အသင့္ရွိေနေၾကာင္း The Mirror သတင္းစာကေနတစ္ဆင့္ ေျပာခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္လည္း Eminem ဘက္ကေတာ့ ဖခင္ရဲ႕စကားလုံး လွလွေလးေတြကို မခံစားတတ္ခဲ့ေတာ့ပါဘူး။ “အေဖက ကြၽန္ေတာ့္ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနတယ္လို႔ ၾကားတယ္။ ဒါေပမယ့္ အခုေတာ့ မဟုတ္ပါဘူး။ ဘာလို႔လည္းဆို ကြၽန္ေတာ္ သူ႔ဆီက စာတစ္ေစာင္ေတာင္ မရခဲ့ဖူးလို႔ပါ။ ေျပာရရင္ သူ႔ဆီက ဘာကိုမွ မရခဲ့ဖူးတာပါ။ အနည္းဆုံးေတာ့ သူ႔အေနနဲ႔ စာေလးေတာ့ ေရးခဲ့သင့္တယ္ မဟုတ္ဘူးလား။ တစ္ခုခုေတာ့ လုပ္ေပးခဲ့သင့္တယ္ေလ။ နည္းနည္းေတာ့ အားေလးစိုက္ထုတ္သင့္တာေပါ့ … ” လို႔ အေဖျဖစ္သူနဲ႔ ပတ္သက္တဲ့ ခံစားခ်က္တခ်ိဳ႕ကို ေျပာျပခဲ့ဖူးပါတယ္။

Eminem ရဲ႕ဖခင္ဟာ ၂၀၁၉ခုႏွစ္ ဇြန္လ(၂၆)ရက္ေန႔မွာ ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္(၆၇)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ ငယ္စဥ္မွာ ဖခင္ျဖစ္သူကို တမ္းတခဲ့တဲ့ Eminem ဟာ ရက္စက္လြန္းတဲ့ ပစ္ပယ္မႈကို ခံရၿပီးေနာက္ စိတ္ဒဏ္ရာ အေတာ္ေလး ရသြားပုံ ရပါတယ္။ အေၾကာင္းကေတာ့ သူဟာ ဖခင္ျဖစ္သူ ေသဆုံးသြားခ်ိန္အထိ ဖခင္နဲ႔ တစ္ခါေလးမွ်ေတာင္ မေတြ႕လိုက္တာေၾကာင့္ပါပဲ။

Photo credit to rightful owner

ဖခင္ရဲ႕ စြန႔္ပစ္မႈေၾကာင့္ပဲ သူဟာ မိခင္ျဖစ္သူ Deborah Mathers ရဲ႕ ပ်ိဳးေထာင္မႈေအာက္မွာ ႀကီးျပင္းခဲ့ရပါတယ္။ Eminem ဟာ မိခင္ျဖစ္သူရဲ႕ ျပဳစုပ်ိဳးေထာင္ပုံ နည္းလမ္းေတြနဲ႔ ပတ္သက္လို႔လည္း ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါေသးတယ္။ မိခင္ျဖစ္သူ Deborah ဟာ မူးယစ္ေဆးေတြ စြဲေနခဲ့ၿပီး သူ႔အေပၚ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာပါ ညႇင္းပန္းႏွိပ္စက္ခဲ့တယ္လို႔ သူ႔ရဲ႕သီခ်င္းစာသားေတြကေနတစ္ဆင့္ ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ မိခင္ျဖစ္သူဘက္က လုံးဝ ျငင္းဆိုခဲ့ၿပီး ၁၉၉၉ခုႏွစ္မွာေတာ့ အသေရဖ်က္မႈနဲ႔ သားျဖစ္သူကို ေဒၚလာ(၁၀)သန္းတန္ အမႈတစ္ခု စြဲဆိုခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေသြးက ေရထက္ ပ်စ္တာေၾကာင့္ ေဒၚလာ ႏွစ္ေသာင္းခြဲနဲ႔ အမႈကို ေက်ေအးေပးခဲ့ပါတယ္။

ဒီလိုနဲ႔ ၂၀၀၈ခုႏွစ္မွာေတာ့ မိခင္ျဖစ္သူ Deborah ဟာ My Son Marshall, My Son Eminem: Setting The Record Straight on My Life As Eminem’s Mother ဆိုတဲ့ အမည္နဲ႔ အမွတ္တရျဖစ္ရပ္မ်ားကို စာအုပ္တစ္အုပ္ ေရးသားထုတ္ေဝခဲ့ပါတယ္။ အဆိုပါ စာအုပ္ထဲမွာေတာ့ မိခင္တစ္ေယာက္အေနနဲ႔ သူမဘက္က ခံစားရတဲ့ ရႈေထာင့္အျမင္နဲ႔ ခံစားခ်က္ေတြကို ေဖာ္ျပထားၿပီး သားအမိႏွစ္ေယာက္ၾကားက ရႈပ္ေထြးတဲ့ အေၾကာင္းအရာကိစၥေတြကိုလည္း ေရးသား ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ သူမအေနနဲ႔ သားျဖစ္သူကို ဘယ္တုန္းကမွ အသုံးခ်တာမ်ိဳး မလုပ္ခဲ့သလို သူမရဲ႕စိတ္အာ႐ုံဟာ သူမ သားသမီးေတြအတြက္ စိုးရိမ္ပူပန္မႈတစ္ခုပဲ ရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

Eminem ရဲ႕ ငယ္ဘဝ

Eminem ရဲ႕ မိခင္ျဖစ္သူ Deborah ဟာ ဘယ္ေနရာမွာမွ အလုပ္တစ္ခုကို ခုႏွစ္လထက္ ပိုၿပီး မလုပ္ႏိုင္ခဲ့တာေၾကာင့္ Missouri နဲ႔ Michigan ျပည္နယ္ႏွစ္ခုၾကားမွာ ဟိုေျပာင္းဒီေ႐ႊ႕နဲ႔ ေနထိုင္ခဲ့ရၿပီး အစိုးရပိုင္ တိုက္တန္းလ်ားေတြမွာပဲ အမ်ားစု ေနထိုင္ခဲ့ရပါတယ္။

Photo: eminem/ Instagram

“တစ္ႏွစ္မွာ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေလာက္ ေက်ာင္းေျပာင္းရတယ္။ အားလုံးထဲမွာ အဲ့ဒါက အၾကမ္းတမ္းဆုံး အပိုင္းတခုပါပဲ … ” လို႔ ေျပာျပခဲ့ဖူးပါတယ္။

ဒီလို မတည္ၿငိမ္တဲ့ ဘဝေနထိုင္မႈပုံစံေၾကာင့္လည္း သူ႔ရဲ႕တစ္ကိုယ္ရည္ဘဝကို အမ်ားႀကီး ထိခိုက္မႈေတြ ျဖစ္ေစခဲ့ပါတယ္။ သူ႔မွာ ရင္းႏွီးတဲ့ သူငယ္ခ်င္းရယ္လို႔ မရွိခဲ့ဘဲ တစ္ေယာက္တည္းသာ အထီးက်န္ ေနထိုင္ခဲ့ရပါတယ္။ ဒါ့အျပင္ ေက်ာင္းေတြ အသစ္ေျပာင္းတိုင္းမွာလည္း အပယ္ခံတစ္ေယာက္လို အၿမဲတမ္း ဆက္ဆံခံခဲ့ရသူ ျဖစ္ပါတယ္။

“အိမ္သာထဲမွာ အ႐ိုက္ခံရတယ္။ ေဟာခန္းမထဲမွာ အ႐ိုက္ခံရတယ္။ ေလာ့ကာေတြထဲကို ထည့္ပိတ္ခံရတယ္ …” လို႔ ငယ္ဘဝက နာက်င္စရာ ျဖစ္ရပ္ေတြကို ေျပာျပဖူးပါတယ္။

Photo: eminem/ Instagram

Eminem ဟာ Michigan ျပည္နယ္က Lincoln အထက္တန္းေက်ာင္းမွာ တက္ေရာက္ခဲ့တာျဖစ္ၿပီး ကိုးတန္းႏွစ္မွာ စာေမးပြဲ သုံးႀကိမ္က်တာေၾကာင့္ အသက္(၁၇)ႏွစ္အ႐ြယ္နဲ႔ ေက်ာင္းထြက္ခဲ့ရပါတယ္။ သူဟာ စာမွာ ထူးခြၽန္တဲ့ ေက်ာင္းသားတစ္ေယာက္ မဟုတ္ေပမယ့္ ဘာသာစကားေတြနဲ႔ ပတ္သက္ရင္ နက္နဲစြာ ေလ့လာရတာကို ႏွစ္သက္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေကာမစ္စာအုပ္ေတြကို သည္းႀကီးမည္းႀကီး ဖတ္တတ္သလို အဘိဓာန္ေတြကိုပါ က်က္မွတ္ေလ့ရွိသူ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေက်ာင္းမွာ ဘယ္ေလာက္ပဲ စာညံ့ညံ့၊ တခါတေလ အဆင့္ေတြက ဘယ္ေလာက္ပဲ က်သြားသြား၊ အဂၤလိပ္စာမွာေတာ့ အၿမဲတမ္း ေတာ္တယ္ဆိုတာ ကိုယ့္ဘာသာ သိတယ္။ ကြၽန္ေတာ္ ခံစားမိတာက ဒီစကားလုံးေတြအားလုံးကို ကြၽန္ေတာ့္ရဲ႕ ပိုင္ဆိုင္မႈအေနနဲ႔ ရွိထားခ်င္တာ။ ကြၽန္‌ေတာ္ အလိုရွိလို႔ ဆြဲထုတ္လိုက္တာနဲ႔ အဲ့ဒီ့ေဝါဟာရေတြက အဆင္သင့္ ထြက္လာတာမ်ိဳး လိုခ်င္ခဲ့တာ။ အဲ့ဒီ့ေတာ့ ဒါေတြက ကြၽန္ေတာ့္ရဲ႕ အတြင္းတစ္ေနရာမွာ သိုမွီးထားသလို ျဖစ္ေနတာေပါ့ဗ်ာ … ” လို႔ ဆိုကာ သူ႔ကိုေဝါဟာရေတြ ႂကြယ္ဝေစခဲ့တဲ့ အေၾကာင္းရင္းကို ေျပာျပခဲ့ဖူးပါတယ္။

Eminem ရဲ႕ ဇနီးေဟာင္းနဲ႔ တစ္ဦးတည္းေသာသမီးေလး

Eminem ဟာ တစ္ခ်ိန္မွာ သူ႔ဇနီးျဖစ္လာမယ့္ Kim Ann Scott ကို အိမ္တစ္အိမ္ရဲ႕ ပါတီပြဲတစ္ခုမွာ စတင္ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက Eminem ဟာ အသက္(၁၅)ႏွစ္သာ ရွိေသးၿပီး Kim ကေတာ့ အသက္(၁၃)ႏွစ္သာ ရွိပါေသးတယ္။

Photo: eminemsfam/ Instagram

Kim ဟာလည္း Eminem နဲ႔ ဘဝတူလို႔ ေျပာရမလိုပဲ သူမရဲ႕အေဖဟာ ဘယ္သူဘယ္ဝွာမွန္း မသိရွိသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ပေထြးျဖစ္သူရဲ႕ လိင္အျမတ္ထုတ္ အၾကမ္းဖက္မႈေတြကိုပါ ခံစားခဲ့ရလို႔ Eminem တို႔ သားအမိေတြရဲ႕အိမ္မွာ လာေရာက္ေနထိုင္ခဲ့ပါတယ္။ ဒီလိုနဲ႔ မၾကာခင္မွာပဲ ႏွစ္ေယာက္သား ခ်စ္သူေတြ ျဖစ္သြားခဲ့ၾကပါတယ္။

သို႔ေပမယ့္ သူတို႔ရဲ႕ အခ်စ္ခရီးလမ္းအစဟာ ၾကမ္းတမ္းခဲ့ပါတယ္။ အေၾကာင္းကေတာ့ ႏွစ္ေယာက္လုံးက ငယ္႐ြယ္ေသးတဲ့ အ႐ြယ္ ျဖစ္႐ုံတင္မကဘဲ ေငြေၾကးကလည္း ဆင္းရဲၾကသူေတြ ျဖစ္တာေၾကာင့္ ပန္းခင္းလမ္းလို မေခ်ာေမြ႕တာေတာ့ သဘာဝတစ္ခုပါပဲ။ အဲ့ဒီ့ေနာက္ Eminem က ေက်ာင္းထြက္လိုက္ခ်ိန္မွာေတာ့ မိခင္ျဖစ္သူ Deborah က သူတို႔အတြဲကို အိမ္ေပၚကေန ေမာင္းခ်လိုက္ပါေတာ့တယ္။

၁၉၉၅ခုႏွစ္မွာေတာ့ သူတို႔ႏွစ္ဦးမွာ Hailie Jade Scott ဆိုတဲ့ သမီးေလးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ Eminem နဲ႔ Kim ဟာ ခ်စ္သူဘဝနဲ႔ပဲ အႀကိမ္ႀကိမ္ ျပတ္လိုက္၊ ျပန္ဆက္လိုက္၊ လမ္းခြဲလိုက္၊ ျပန္တြဲလိုက္ ျဖစ္ခဲ့ၾကပါတယ္။ ဒီလိုနဲ႔ ၁၉၉၉ခုႏွစ္မွာ နယ္လွည့္ေဖ်ာ္ေျဖေရး ခရီးစဥ္ မသြားခင္ေလးမွာပဲ ႏွစ္ေယာက္သား လက္ထပ္လိုက္ၾကပါတယ္။ သို႔ေပမယ့္ ၂၀၀၀ခုႏွစ္မွာေတာ့ ျပန္လည္ ကြာရွင္းခဲ့ၾကပါတယ္။

Photo: hailiejade/ Instagram

ႏွစ္ေယာက္သားဟာ ကြာရွင္းၿပီးေနာက္မွာလည္း တက်က္က်က္ ရန္ျဖစ္ရင္း တြဲလိုက္၊ ျပတ္လိုက္ ျဖစ္ေနျပန္ပါေသးတယ္။ အဲ့ဒီ့ေနာက္ ၂၀၀၆ခုႏွစ္မွာေတာ့ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံလက္ထပ္ခဲ့ၾကပါတယ္။ လအနည္းငယ္ ၾကာၿပီးေနာက္မွာေတာ့ ေနာက္ထပ္ တစ္ေခါက္ ထပ္မံကြာရွင္းခဲ့ၾကျပန္ပါတယ္။ ဒုတိယအႀကိမ္ ကြာရွင္းၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ရန္ပြဲဟာ ထင္ထားတာထက္ ပိုမိုၾကာရွည္ခဲ့ၿပီး သမီးျဖစ္သူ Hailie ကို အုပ္ထိန္းခြင့္ ရရွိဖို႔အတြက္ အႀကီးအက်ယ္ ၿပိဳင္ဆိုင္ တိုက္ခိုက္ခဲ့ၾကပါတယ္။

Eminem ဟာ သူ႔ရဲ႕သမီးေလး Hailie ကို အလြန္ခ်စ္ျမတ္ႏိုးသူ ျဖစ္ၿပီး သူ႔ရဲ႕သီခ်င္းေပါင္းမ်ားစြာထဲမွာ ထည့္သြင္းသီဆိုခဲ့ဖူးပါတယ္။ ယခုအခ်ိန္မွာေတာ့ Hailie ဟာ Michigan ျပည္နယ္က တကၠသိုလ္တစ္ခုမွာ စိတ္ပညာအထူးျပဳနဲ႔ ဘြဲ႕ရရွိထားၿပီး Instagram Influencer ျဖစ္ေနပါၿပီ။

Eminem ဘယ္လို Rapper ျဖစ္လာခဲ့သလဲ?

ဆယ္ေက်ာ္သက္႐ြယ္ ေက်ာင္းထြက္တစ္ေယာက္ျဖစ္တဲ့ Eminem ဟာ လူငယ္ဘဝရဲ႕ ေဒါသေတြကို ေဖာက္ခြဲပစ္ဖို႔နဲ႔ ဘာသာစကားေတြအေပၚ ႐ူးသြပ္မႈတို႔ကို ထုတ္ေဖာ္ျပသဖို႔ရာ ဂီတေလာကမွာ အသစ္ေပၚေပါက္လာတဲ့ hip-hop ဂီတကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ နဂိုတုန္းကေတာ့ သူ႔ရဲ႕နာမည္အစ စာလုံးေတြကေန M&M ဆိုတဲ့ အႏုပညာအမည္ကို ေ႐ြးခ်ယ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အသံထြက္အရ Eminem လို႔ ေျပာင္းလဲေရးသား ေခၚဆိုခဲ့ပါတယ္။

Photo: eminem/ Instagram

Eminem ဟာ ၁၉၈၀ေႏွာင္းပိုင္းနဲ႔ ၁၉၉၀အေစာပိုင္း ၾကားကာလမွာ အရာခပ္သိမ္းအေပၚ မယုံၾကည္တဲ့ သုညဝါဒီဆန္ဆန္ အမ်က္ေဒါသေတြနဲ႔ ရက္ပ္ဂီတကို ပုံေဖာ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရဲ႕ နာမည္ႀကီး ဂိုဏ္းစတား ရက္ပ္အဖြဲ႕ျဖစ္တဲ့ N.W.A ရဲ႕ ေခၚယူမႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။

အဲ့ဒီ့အခ်ိန္ကာလတုန္းက ရက္ပ္ဂီတဆိုတာဟာ လူမည္းေတြခ်ည္းပဲ သီးသန႔္ထုတ္လုပ္ႏိုင္တဲ့ ဂီတအမ်ိဳးအစားတစ္ခု ျဖစ္ခဲ့ေပမယ့္ အသားအေရာင္ ျဖဴေဖ်ာ့ေဖ်ာ့၊ မ်က္လုံးအျပာနဲ႔ Eminem ဟာ ရက္ပ္ဂီတေလာကထဲကို ထူးျခားစြာပဲ ဝင္ေရာက္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Eminem ဟာ Detroit ၿမိဳ႕ရဲ႕ rap battle ေတြထဲမွာ မၾကာခဏ ပါဝင္ခဲ့ပါတယ္။ သူ႔ရဲ႕ စေကးျမင့္လြန္းတဲ့ ဖရီးစတိုင္လ္ ရက္ပ္ ႐ြတ္ဆိုႏိုင္မႈေတြေၾကာင့္ ခဏေလးအတြင္းမွာပဲ Detroit ၿမိဳ႕က underground rap ေလာကမွာ လူေလးစားခံရတဲ့ ရက္ပ္ပါတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

Photo: eminem/ Instagram

“ေနာက္ဆုံးေတာ့ ကြၽန္ေတာ္ တစ္စုံတစ္ခုကို ရွာေတြ႕ခဲ့တယ္ဗ်။ ကြၽန္ေတာ္နဲ႔႐ြယ္တူ တစ္ျခားေကာင္ေတြက ေစာ္ပိုၾကည္ခ်င္ ၾကည္လိမ့္မယ္။ ဝတ္ေကာင္းစားေကာင္းေတြ ပိုဝတ္ခ်င္ ဝတ္ႏိုင္လိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ အဲ့ဒီ့ေကာင္ေတြ ကြၽန္ေတာ့္လိုေတာ့ လိုက္မလုပ္ႏိုင္ဘူး။ ကြၽန္ေတာ္ ေျပာခ်င္တာ သိတယ္မွတ္လား။ ကြၽန္ေတာ္ေရးေနတဲ့ ရက္ပ္စာသားေတြမ်ိဳး ဒီေကာင္ေတြ လိုက္မေရးႏိုင္ဘူး။ အဲ့ဒီ့မွာတင္ Marshall ေလးကေတာ့ လူေတြဆီက respect နည္းနည္း ရလာၿပီဆိုတဲ့ ခံစားခ်က္မ်ိဳး စၿပီး ခံစားခဲ့ရတာပဲ …” လို႔ သူ႔ရဲ႕ ရက္ပ္ပါဘဝ အေစာပိုင္းတုန္းက ခံစားခ်က္ေတြကို ေျပာျပဖူးပါတယ္။

အဲ့ဒီ့အခ်ိန္ကာလေတြဟာ Eminem အတြက္ေတာ့ အ႐ုန္းကန္ရဆုံး အခ်ိန္ေတြ ျဖစ္ပါတယ္။ တစ္ဖက္မွာ rap battle ေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္႐ုံတင္ မဟုတ္ဘဲ တစ္ဖက္မွာလည္း စားဝတ္ေနေရးအတြက္ အလုပ္ေပါင္းစုံကို လုပ္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီၾကားထဲကမွ ဓာတ္ျပားတိုက္တစ္ခုခုနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ကိုလည္း အေသအလဲ ေမွ်ာ္လင့္ေတာင့္တခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီ့အေၾကာင္းေတြကိုေတာ့ သူ႔ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ 8 Mile ဇာတ္ကားထဲမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Photo: eminem/ Instagram

၁၉၉၆ခုႏွစ္မွာေတာ့ သူ႔ရဲ႕ပထမဆုံး ေျခလွမ္းအေနနဲ႔ Infinite ဆိုတဲ့ ရက္ပ္အယ္လ္ဘမ္တစ္ခ်ပ္ကို ပထမဆုံး ထြက္ရွိခဲ့ပါတယ္။ အဲ့ဒီ့အယ္လ္ဘမ္မွာေတာ့ သူ႔ရဲ႕ရက္ပ္စေကးလ္ေတြကို ျပသႏိုင္ခဲ့ေပမယ့္ ဘတ္ဂ်က္နည္းနည္းေလးနဲ႔ အသံသြင္းခဲ့ရတာေၾကာင့္ေရာ၊ ဇာတ္ေၾကာင္းေျပာတဲ့အပိုင္းမွာ ျပင္းထန္မႈေတြ ပါဝင္ေနခဲ့တာေၾကာင့္ေရာ အနည္းငယ္သာ ေရာင္းခ်ခဲ့ရပါတယ္။ ဒီအယ္လ္ဘမ္ဟာ သူ႔ပတ္ဝန္းက်င္ အသိုင္းအဝိုင္းထဲမွာပဲ နာမည္ရခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ့ေနာက္ ၁၉၉၇ခုႏွစ္မွာေတာ့ The Slim Shady EP ကို ထြက္ရွိခဲ့ပါတယ္။ ဒီအေခြဟာ N.W.A ရဲ႕ ထုတ္လုပ္သူေဟာင္းလည္းျဖစ္၊ တကယ့္ ထိတ္ထိတ္ႀကဲ ဂႏၴဝင္ ရက္ပ္ပါႀကီးလည္း ျဖစ္တဲ့ Dr. Dre ဆီကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္မွာေတာ့ Eminem ဟာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ကို သြားေရာက္ၿပီး Rap Olympics MC Battle ကို ဝင္ေရာက္ယွဥ္ၿပိဳင္ကာ ဒုတိယဆု ရရွိခဲ့ပါတယ္။

Photo: eminem/ Instagram

ဒီလိုနဲ႔ တစ္ခ်ိန္မွာ Eminem အတြက္ ဖခင္သဖြယ္ ျဖစ္လာမယ့္ Dr. Dre ဟာ The Slim Shady EP ကို ေျမေအာက္ခန္းထဲမွာ ကတ္ဆတ္ဖြင့္ၿပီး နားေထာင္ျဖစ္ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Eminem ကို သိပ္အထင္ႀကီးၿပီး ႀကိဳက္ႏွစ္သက္သြားတာေၾကာင့္ သူ႔ရဲ႕ Interscope Records Label နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္ပါတယ္။ အဲ့ဒီ့ေနာက္ ႏွစ္ႏွစ္အၾကာမွာေတာ့ Eminem ရဲ႕ဘဝကို တစ္ဆစ္ခ်ိဳး ေျပာင္းလဲေစမယ့္ The Slim Shady LP ကို ထြက္ရွိႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ကာရန္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ Eminem ေျပာခဲ့ဖူးတဲ့ စကားတစ္ခြန္းလည္း ရွိပါေသးတယ္။ “ကြၽန္ေတာ့္ရဲ႕ ကာရန္အမ်ားစုက လူေတြကို ရယ္ေမာေအာင္ လုပ္ဖို႔ပါပဲ။ ဦးေႏွာက္တစ္ျခမ္းေလာက္ ပါတဲ့လူဆိုရင္ေတာင္ ကြၽန္ေတာ္ေျပာတဲ့ ဘယ္ဟာက ေသာက္ခြက္ေျပာင္ေနတယ္ဆိုတာနဲ႔၊ ဘယ္ဟာက အတည္ေျပာေနတာလည္းဆိုတာ သိႏိုင္မွာပါ … ” လို႔ ဆိုထားဖူးပါတယ္။

Photo: eminem/ Instagram

ဒီလိုနဲ႔ပဲ Eminem ဟာ ပရိသတ္အားေပးမႈ အမ်ားဆုံး ရရွိထားတဲ့ ရက္ပ္ပါတစ္ေယာက္ဘဝကို ရရွိလာခဲ့ပါတယ္။ Eminem ဟာ ရက္ပ္ဂီတကို ပင္မဂီတေရစီးေၾကာင္းထဲမွာ စီးေမ်ာႏိုင္ဖို႔ ကူးေျပာင္းမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ရက္ပ္ပါေတြထဲမွာလည္း ထင္ရွားစြာ ပါဝင္သူ ျဖစ္ပါတယ္။

Eminem ဟာ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ (၁၁)ခ်ပ္၊ compilation album (၁)ခ်ပ္၊ collaborative album (၂)ခ်ပ္နဲ႔ soundtrack album (၂)ခ်ပ္တို႔ကို ထြက္ရွိထားၿပီး ျဖစ္ပါတယ္။ အယ္လ္ဘမ္ခ်ပ္ေရ သန္းနဲ႔ခ်ီၿပီး ေရာင္းရထားတဲ့ အေအာင္ျမင္ဆုံး ရက္ပ္ပါတစ္ေယာက္ ျဖစ္ေနသလို ဆက္လက္ၿပီးေတာ့လည္း ပရိသတ္သန္းေပါင္းမ်ားစြာရဲ႕ အားေပးမႈကို ရရွိေနဦးမယ္ဆိုတာ အေသအခ်ာပါပဲလို႔ ဆိုရင္း … ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular