Anime Archives - San Yit Wine https://sanyitwine.com/category/anime/ Tue, 04 Jul 2023 09:30:14 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Anime Archives - San Yit Wine https://sanyitwine.com/category/anime/ 32 32 Isekai Anime Series အဖြစ် ထွက်ရှိလာမယ့် DC ရဲ့ Suicide Squad https://sanyitwine.com/isekai-anime-series-suucidesquad/?utm_source=rss&utm_medium=rss&utm_campaign=isekai-anime-series-suucidesquad Tue, 04 Jul 2023 09:29:56 +0000 https://sanyitwine.com/?p=38815 DC Studios ကတော့ မကြာသေးခင်ကပဲ ပရိသတ်တွေကို Surprise တိုက်လိုက်ပါတယ်။ အဲဒါကတော့ Suicide Squad ဇာတ်လမ်းကို Isekai Anime Series အဖြစ် ထွက်ရှိလာမယ်လို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ နာမည်ကိုတော့ Suicide Squad Isekai လို့ ပေးထားပြီး ဒီသတင်းနဲ့အတူ ထွေလာကိုပါ ထုတ်ပေးထားပါတယ်။ ထွေလာထဲမှာတော့ Joker နဲ့ Harley Quinn တို့နှစ်ယောက်ကလွဲရင် Suicide Squad ရဲ့ အခြားအဖွဲ့ဝင်တွေကို မတွေ့ခဲ့ရပါဘူး။ ဒီ Anime Series ကိုတော့ Jujutsu Kaisen ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Eri Osada က ရိုက်ကူးထားပါတယ်။ Animation ပိုင်းကိုတော့ Attack on […]

The post Isekai Anime Series အဖြစ် ထွက်ရှိလာမယ့် DC ရဲ့ Suicide Squad appeared first on San Yit Wine.

]]>
DC Studios ကတော့ မကြာသေးခင်ကပဲ ပရိသတ်တွေကို Surprise တိုက်လိုက်ပါတယ်။ အဲဒါကတော့ Suicide Squad ဇာတ်လမ်းကို Isekai Anime Series အဖြစ် ထွက်ရှိလာမယ်လို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ နာမည်ကိုတော့ Suicide Squad Isekai လို့ ပေးထားပြီး ဒီသတင်းနဲ့အတူ ထွေလာကိုပါ ထုတ်ပေးထားပါတယ်။ ထွေလာထဲမှာတော့ Joker နဲ့ Harley Quinn တို့နှစ်ယောက်ကလွဲရင် Suicide Squad ရဲ့ အခြားအဖွဲ့ဝင်တွေကို မတွေ့ခဲ့ရပါဘူး။

photo credit DC Studio

ဒီ Anime Series ကိုတော့ Jujutsu Kaisen ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Eri Osada က ရိုက်ကူးထားပါတယ်။ Animation ပိုင်းကိုတော့ Attack on Titans နဲ့ Vinland Saga တို့ကို ဖန်တီးခဲ့တဲ့ WIT Studio က ဖန်တီးထားပါတယ်။ Isekai Anime ကတော့ ပေါ်ပျူလာဖြစ်တဲ့ Anime ဇာတ်လမ်းအမျိူးအစားတစ်ခု ဖြစ်ပြီး သာမန်လူဖြစ်တဲ့ အဓိကဇာတ်ကောင်က မှော်ပညာတွေ၊ ဒါမှမဟုတ် Fantasy Element တွေ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့ ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။

DC Studios ကတော့ Suicide Squad Isekai ထွက်လာမယ့်အကြောင်းကို တွစ်တာပေါ်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ တမူထူးခြားနေတဲ့ ထွေလာကိုပါ ပြသခဲ့ပါတယ်။

ယခုအချိန်မှာတော့ DC Studio ဟာ CEO အပြောင်းအလဲတွေကြောင့် ဘယ်ပရောဂျက်တွေက Canon ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာတော့ ပြောရခက်နေပါတယ်။ Suicide Squad Isekai ရဲ့ ထွေလာထဲမှာတော့ Joker ၊ Harley Quinn နဲ့ Waller တို့ကို မြင်တွေ့ခဲ့ရပြီး Joker ရဲ့ ဒီဇိုင်းကလည်း တမူထူးခြားနေပါတယ်။ ဒါ့အပြင် ဒီထွေလာထဲမှာ DC Studio ရဲ့ Logo မပါဝင်တာကြောင့် Canon မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။

Legos

Source: Screenrant

The post Isekai Anime Series အဖြစ် ထွက်ရှိလာမယ့် DC ရဲ့ Suicide Squad appeared first on San Yit Wine.

]]>
၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် Studio Ghibli ရဲ့ Anime ဇာတ်လမ်းအသစ် https://sanyitwine.com/studio-ghibli-new-anime/?utm_source=rss&utm_medium=rss&utm_campaign=studio-ghibli-new-anime Wed, 14 Dec 2022 08:06:40 +0000 https://sanyitwine.com/?p=36103 မကြာခင်ကပဲ Studio Ghibli ကတော့ Legendary Filmmaker ဖြစ်တဲ့ Hayao Miyazaki ဖန်တီးထားတဲ့ Anime ဇာတ်လမ်းအသစ်ရဲ့ ထွက်ရှိလာမယ့်ရက်ကို ကြေညာခဲ့ပါတယ်။ ဒီ Anime ရဲ့ နာမည်ကတော့ How Do You Live ဖြစ်ပြီး ၁၉၃၇ ခုနှစ် ထွက်ခဲ့တဲ့ စာရေးဆရာ Genzaburo Yoshino ရဲ့ ဝတ္ထုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ Miyazaki ကတော့ ၂၀၁၃ ခုနှစ်မှာ Anime လောကကနေ အနားယူသွားခဲ့ပြီး ယခုအချိန်မှာတော့ နောက်ဆုံးအနေနဲ့ ထပ်မံဖန်တီးထားတာလည်း ဖြစ်ပါတယ်။ Miyazaki ကတော့ ၁၉၈၅ ခုနှစ်မှာ Studio Ghibli ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ Princess Mononoke ၊ […]

The post ၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် Studio Ghibli ရဲ့ Anime ဇာတ်လမ်းအသစ် appeared first on San Yit Wine.

]]>
မကြာခင်ကပဲ Studio Ghibli ကတော့ Legendary Filmmaker ဖြစ်တဲ့ Hayao Miyazaki ဖန်တီးထားတဲ့ Anime ဇာတ်လမ်းအသစ်ရဲ့ ထွက်ရှိလာမယ့်ရက်ကို ကြေညာခဲ့ပါတယ်။ ဒီ Anime ရဲ့ နာမည်ကတော့ How Do You Live ဖြစ်ပြီး ၁၉၃၇ ခုနှစ် ထွက်ခဲ့တဲ့ စာရေးဆရာ Genzaburo Yoshino ရဲ့ ဝတ္ထုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ Miyazaki ကတော့ ၂၀၁၃ ခုနှစ်မှာ Anime လောကကနေ အနားယူသွားခဲ့ပြီး ယခုအချိန်မှာတော့ နောက်ဆုံးအနေနဲ့ ထပ်မံဖန်တီးထားတာလည်း ဖြစ်ပါတယ်။

photo via screenrant

Miyazaki ကတော့ ၁၉၈၅ ခုနှစ်မှာ Studio Ghibli ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ Princess Mononoke ၊ Spirited Away ၊ My Neighbor Totoro နဲ့ Howl’s Moving Castle တို့လို Anime ရုပ်ရှင်တွေဟာ နိုင်ငံတကာမှာပါ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွေ ဖြစ်ပြီး ဝင်ငွေအများဆုံး Anime ရုပ်ရှင် (၁၀)ကားထဲမှာ (၅)ကားကတော့ Miyazaki ရဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

မကြာခင်ကပဲ Studio Ghibli ဟာ တွစ်တာကနေ How Do You Live Anime ကို ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်ရုံတွေမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့မှာ ပြသသွားမယ်လို့ ကြေညာခဲ့ပါတယ်။ How Do You Live ဝတ္ထုကတော့ Miyazaki ရဲ့ အကြိုက်ဆုံးဝတ္ထုတစ်အုပ် ဖြစ်ပြီး ဒီ Anime ဇာတ်လမ်းဟာ Miyazaki ရဲ့ နောက်ဆုံးလက်ရာလည်း ဖြစ်တာကြောင့် Anime ပရိသတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Copper ဆိုတဲ့ (၁၅)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ဖခင်ကွယ်လွန်သွားအပြီးမှာတော့ ခက်ခဲလွန်းတဲ့ လောကကြီးထဲမှာ ရှင်သန်နေနိုင်ဖို့ ရင့်ကျက်လာအောင် ကြိုးစားရတဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ Anime တွေဟာ အမြဲတမ်းလိုလို ဂျပန်နိုင်ငံမှာ အရင်ဆုံးရုံတင်ပြသပြီးမှ နိုင်ငံတကာမှာ ရုံတင်လေ့ ရှိတာကြောင့် Miyazaki ရဲ့ နောက်ဆုံးလက်ရာ How Do You Live ကိုတော့ နိုင်ငံတကာမှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ကြည့်ရှုရမှာပါ။

Legos

Source: Screenrant

The post ၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် Studio Ghibli ရဲ့ Anime ဇာတ်လမ်းအသစ် appeared first on San Yit Wine.

]]>
My Hero Academia ကို Live Action ဖန်တီးသွားမယ့် Netflix https://sanyitwine.com/my-hero-academia-live-action-netflix/?utm_source=rss&utm_medium=rss&utm_campaign=my-hero-academia-live-action-netflix Tue, 13 Dec 2022 08:49:43 +0000 https://sanyitwine.com/?p=36071 Netflix ဟာ Legendary Entertainment နဲ့ ပူးပေါင်းပြီး My Hero Academia ဇာတ်လမ်းတွဲကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီ Anime ဇာတ်လမ်းတွဲကတော့ Kohei Horikoshi ရဲ့ Manga ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး လောလောဆယ်မှာတော့ Season 6 ကို ထုတ်လွှင့်ပြသနေပါတယ်။ ဒီစီးရီးဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ My Hero Academia ရဲ့ ဇာတ်လမ်းကတော့ ကမ္ဘာပေါ်က လူအများစုဟာ စူပါပါဝါတွေနဲ့ မွေးဖွားလာကြချိန်မှာ Izuku Midoriya ဆိုတဲ့ ကောင်လေးကတော့ ဘာစွမ်းအားမှမရှိဘဲ မွေးဖွားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း Midoriya ဟာ […]

The post My Hero Academia ကို Live Action ဖန်တီးသွားမယ့် Netflix appeared first on San Yit Wine.

]]>
Netflix ဟာ Legendary Entertainment နဲ့ ပူးပေါင်းပြီး My Hero Academia ဇာတ်လမ်းတွဲကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီ Anime ဇာတ်လမ်းတွဲကတော့ Kohei Horikoshi ရဲ့ Manga ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး လောလောဆယ်မှာတော့ Season 6 ကို ထုတ်လွှင့်ပြသနေပါတယ်။ ဒီစီးရီးဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

photo via screenrant

My Hero Academia ရဲ့ ဇာတ်လမ်းကတော့ ကမ္ဘာပေါ်က လူအများစုဟာ စူပါပါဝါတွေနဲ့ မွေးဖွားလာကြချိန်မှာ Izuku Midoriya ဆိုတဲ့ ကောင်လေးကတော့ ဘာစွမ်းအားမှမရှိဘဲ မွေးဖွားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း Midoriya ဟာ စူပါဟီးရိုး အလွန်ဖြစ်ချင်နေပြီး တစ်ရက်မှာတော့ သူ့ရဲ့အကြိုက်ဆုံး ဟီးရိုးဖြစ်တဲ့ All-Might နဲ့ ဆုံတွေ့ခဲ့ပြီး All-Might ရဲ့ စွမ်းအားတွေကိုပါ ရရှိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Midoriya ဟာ စွမ်းအားတွေ ပိုင်ဆိုင်ထားကြတဲ့ ကလေးတွေကို ဟီးရိုးတွေ ဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ ကျောင်းမှာ တက်ရောက်သင်ယူပြီး သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။

ယခုအချိန်မှာ‌တော့ Netflix ဟာ Legendary Entertainment နဲ့ ပူးပေါင်းပြီး My Hero Academia ဇာတ်လမ်းတွဲကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ Alice in Borderland နဲ့ Bleach Live Action တို့ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Shinsuke Sato က ရိုက်ကူးသွားမှာ ဖြစ်ပြီး Obi-Wan Kenobi ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးဆရာ Joby Harold လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Netflix ကတော့ Anime တွေကို Live Action အဖြစ် ပြန်လည်ဖန်တီးလေ့ရှိပြီး လောလောဆယ်မှာတော့ One Piece နဲ့ Death Note တို့လို Anime တွေကိုလည်း Live Action အဖြစ် ဖန်တီးနေတာတွေ ရှိပါသေးတယ်။ ယခုနောက်ပိုင်းမှာဆိုရင် Anime ဇာတ်လမ်းတွဲတွေဟာ ယခင်ကထက် ပိုမိုနာမည်ကြီးလာပြီး စူပါဟီးရိုးဇာတ်လမ်းတွေကလည်း ပရိသတ်တွေအကြိုက် ဖြစ်နေတာကြောင့် My Hero Academia လိုမျိူး စူပါဟီးရိုးအကြောင်း ဖန်တီးထားတဲ့ Anime ဇာတ်လမ်းကလည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိသွားဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

The post My Hero Academia ကို Live Action ဖန်တီးသွားမယ့် Netflix appeared first on San Yit Wine.

]]>
Your Name ဒါရိုက်တာ ရိုက်ကူးထားတဲ့ Anime ရုပ်ရှင်အသစ် Suzume https://sanyitwine.com/suzume-new-trailer/?utm_source=rss&utm_medium=rss&utm_campaign=suzume-new-trailer Wed, 07 Dec 2022 08:23:28 +0000 https://sanyitwine.com/?p=35876 Your Name ဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Makoto Shinkai ရဲ့ Anime ရုပ်ရှင်အသစ် ဖြစ်တဲ့ Suzume ရဲ့ ထွေလာအသစ်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒါရိုက်တာ Makoto Shinkai ကတော့ Anime ပရိသတ်တွေကြားမှာ မသိသူ မရှိလောက်အောင် နာမည်ကြီးပြီး သူ့ရဲ့ထူးခြားတဲ့ ဇာတ်လမ်းတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Your Name ဇာတ်လမ်းဟာလည်း Anime မကြိုက်တဲ့သူတွေကြားမှာတောင် နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ယခုခေတ်ရဲ့ အကောင်းဆုံး Anime ရုပ်ရှင်တွေထဲကတစ်ကားလို့တောင် သတ်မှတ်နိုင်ပါတယ်။ နောက်ထပ်သုံးနှစ် ကြာတဲ့အချိန်မှာတော့ Weathering with You ရုပ်ရှင် ဆက်လက်ထွက်ရှိလာခဲ့ပြီး အဲဒီ […]

The post Your Name ဒါရိုက်တာ ရိုက်ကူးထားတဲ့ Anime ရုပ်ရှင်အသစ် Suzume appeared first on San Yit Wine.

]]>
Your Name ဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Makoto Shinkai ရဲ့ Anime ရုပ်ရှင်အသစ် ဖြစ်တဲ့ Suzume ရဲ့ ထွေလာအသစ်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒါရိုက်တာ Makoto Shinkai ကတော့ Anime ပရိသတ်တွေကြားမှာ မသိသူ မရှိလောက်အောင် နာမည်ကြီးပြီး သူ့ရဲ့ထူးခြားတဲ့ ဇာတ်လမ်းတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။

photo via screenrant

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Your Name ဇာတ်လမ်းဟာလည်း Anime မကြိုက်တဲ့သူတွေကြားမှာတောင် နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ယခုခေတ်ရဲ့ အကောင်းဆုံး Anime ရုပ်ရှင်တွေထဲကတစ်ကားလို့တောင် သတ်မှတ်နိုင်ပါတယ်။ နောက်ထပ်သုံးနှစ် ကြာတဲ့အချိန်မှာတော့ Weathering with You ရုပ်ရှင် ဆက်လက်ထွက်ရှိလာခဲ့ပြီး အဲဒီ Anime ရုပ်ရှင်နဲ့ ဒါရိုက်တာ Makoto Shinkai ဟာ အော်စကာဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Suzume ဆိုတဲ့ (၁၇)နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဂျပန်နိုင်ငံအနှံ့အပြားမှာ ဘေးဒုက္ခတွေ ဖြစ်နေကြပြီး အဲဒီလိုဘေးဒုက္ခတွေ ဖြစ်စေတဲ့ တံခါးတွေကို သူမက လိုက်လံရှာဖွေပြီး ပိတ်ပစ်တာကို မြင်တွေ့ရမယ်လို့ Crunchyroll က ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လကပဲ ရုံတင်ခဲ့ပြီး ဂျပန်ယန်းငွေ (၇.၅)ဘီလျံ (ဒေါ်လာ ၅၅သန်း) ရရှိခဲ့ပါတယ်။

ဒီရုပ်ရှင်ကတော့ Your Name ရဲ့ Opening Weekend ဝင်ငွေကိုလည်း ကျော်တက်သွားတယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ Crunchyroll ဟာ ဒီရုပ်ရှင်ရဲ့ ထွေလာအသစ်တင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ရုံတင်သွားမယ့် နေ့ရက်ကိုလည်း ကြေညာပေးထားပါတယ်။ ဒီရုပ်ရှင်ကို အစောဆုံး ကြည့်ရှုရမှာကတော့ ပြင်သစ်နဲ့ Malta တို့ပဲ ၂၀၂၃ ခုနှစ် ဧပြီလ (၁၂)ရက်မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပေါ်မူတည်ပြီး ရုံတင်မယ့် နေ့ရက်တွေ ကွာခြားသွားပေမယ့် ဧပြီလအတွင်းမှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

The post Your Name ဒါရိုက်တာ ရိုက်ကူးထားတဲ့ Anime ရုပ်ရှင်အသစ် Suzume appeared first on San Yit Wine.

]]>
Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် Paprika Anime https://sanyitwine.com/live-action-paprika-anime/?utm_source=rss&utm_medium=rss&utm_campaign=live-action-paprika-anime Fri, 26 Aug 2022 09:37:16 +0000 https://sanyitwine.com/?p=33720 မကြာသေးခင်ကပဲ Paprika ကို Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Birds of Prey ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Cathy Yan က ရိုက်ကူးသွားမှာ ဖြစ်ပြီး Executive Producer အနေနဲ့လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ Paprika Anime ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နားလည်ရခက်တဲ့ Anime တစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ရောဂါကုဆရာဝန်တွေအတွက် ဖန်တီးထားပြီး လူတွေရဲ့ အိပ်မက်ထဲကို ဝင်ရောက်နိုင်တဲ့ စက်ပစ္စည်းတစ်ခုက ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ ထူးဆန်းတဲ့ မှုခင်းတွေ တောက်လျှောက် ဖြစ်ပေါ်လာပါတော့တယ်။ အဲဒီအချိန်မှာတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက် ဖြစ်တဲ့ Paprika ဟာ ဒီကိစ္စကို ဖြေရှင်းဖို့ […]

The post Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် Paprika Anime appeared first on San Yit Wine.

]]>
မကြာသေးခင်ကပဲ Paprika ကို Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Birds of Prey ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Cathy Yan က ရိုက်ကူးသွားမှာ ဖြစ်ပြီး Executive Producer အနေနဲ့လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ Paprika Anime ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နားလည်ရခက်တဲ့ Anime တစ်ခုလည်း ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ စိတ်ရောဂါကုဆရာဝန်တွေအတွက် ဖန်တီးထားပြီး လူတွေရဲ့ အိပ်မက်ထဲကို ဝင်ရောက်နိုင်တဲ့ စက်ပစ္စည်းတစ်ခုက ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ ထူးဆန်းတဲ့ မှုခင်းတွေ တောက်လျှောက် ဖြစ်ပေါ်လာပါတော့တယ်။ အဲဒီအချိန်မှာတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက် ဖြစ်တဲ့ Paprika ဟာ ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Amazon Studio နဲ့ Hivemind တို့ဟာ Paprika ဝတ္ထုကို Live Action ဇာတ်လမ်းတွဲအဖြစ် ဖန်တီးသွားမယ်လို့ သိရပါတယ်။ Paprika Anime ကတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Yasutaka Tsutsui ရဲ့ဝတ္ထုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲကတော့ အဲဒီဝတ္ထုကို တိုက်ရိုက်အခြေခံပြီး ဖန်တီးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Paprika Live Action ဇာတ်လမ်းတွဲက ဘယ်အချိန်မှာ ထွက်ရှိလာပြီး ဘယ်သရုပ်ဆောင်တွေ ပါဝင်မယ်ဆိုတဲ့ သတင်းတွေကိုတော့ မသိရသေးပါဘူး။ Paprika ရဲ့ ဇာတ်လမ်းကတော့ အနည်းငယ် ရှုပ်ထွေးပြီး နားလည်ရလည်း ခက်တာကြောင့် ဒီလိုဇာတ်လမ်းကို ဘယ်လိုဖန်တီးသွားမလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Amazon စတူဒီယိုက ထုတ်လုပ်သွားမှာ ဖြစ်တာကြောင့် စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုလို့တော့ ပြောနိုင်ပါတယ်။

Legos

Source: Screenrant

The post Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် Paprika Anime appeared first on San Yit Wine.

]]>
Ghibli Park ဆိုတဲ့ Theme Park တစ်ခု ဖွင့်လှစ်တော့မယ့် Studio Ghibli https://sanyitwine.com/theme-park-studio-ghibli/?utm_source=rss&utm_medium=rss&utm_campaign=theme-park-studio-ghibli Fri, 05 Aug 2022 07:27:46 +0000 https://sanyitwine.com/?p=32667 Studio Ghibli ကတော့ မကြာခင်မှာ Theme Park ဖွင့်လှစ်တော့မှာ ဖြစ်ပြီး ဒီ Theme Park အတွက် Animated ဗွီဒီယိုတစ်ခုကိုလည်း ထုတ်ပေးလိုက်ပါတယ်။ ဒီဗွီဒီယိုကိုတော့ နာမည်ကြီး Anime များစွာ ဖန်တီးခဲ့တဲ့ Hayao Miyazaki ကပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။ Studio Ghibli ကိုတော့ ဒါရိုက်တာတွေ ဖြစ်တဲ့ Hayao Miyazaki နဲ့ Isao Takahata တို့နှစ်ယောက်အပြင် Producer အနေနဲ့ Toshio Suzuki တို့က ပူးပေါင်းပြီး ၁၉၈၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Studio Ghibli ကတော့ နာမည်ကြီး Anime များစွာကို ထုတ်လုပ်ခဲ့ပြီး My Neighbor […]

The post Ghibli Park ဆိုတဲ့ Theme Park တစ်ခု ဖွင့်လှစ်တော့မယ့် Studio Ghibli appeared first on San Yit Wine.

]]>
Studio Ghibli ကတော့ မကြာခင်မှာ Theme Park ဖွင့်လှစ်တော့မှာ ဖြစ်ပြီး ဒီ Theme Park အတွက် Animated ဗွီဒီယိုတစ်ခုကိုလည်း ထုတ်ပေးလိုက်ပါတယ်။ ဒီဗွီဒီယိုကိုတော့ နာမည်ကြီး Anime များစွာ ဖန်တီးခဲ့တဲ့ Hayao Miyazaki ကပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။ Studio Ghibli ကိုတော့ ဒါရိုက်တာတွေ ဖြစ်တဲ့ Hayao Miyazaki နဲ့ Isao Takahata တို့နှစ်ယောက်အပြင် Producer အနေနဲ့ Toshio Suzuki တို့က ပူးပေါင်းပြီး ၁၉၈၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Studio Ghibli ကတော့ နာမည်ကြီး Anime များစွာကို ထုတ်လုပ်ခဲ့ပြီး My Neighbor Totoro ၊ Kiki’s Delivery Service နဲ့ Spirited Away တို့လို နာမည်ကြီး Anime အများစုကိုလည်း Hayao Miyazaki ကပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Studio Ghibli ဟာ Disney လိုမျိူးပဲ Theme Park တစ်ခုကို ဖန်တီးသွားတော့မှာ ဖြစ်ပါတယ်။

မကြာခင်ကပဲ Studio Ghibli ရဲ့ Official Twitter အကောင့်ကနေ Theme Park အတွက် ဗွီဒီယိုအတိုလေးတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ အဲဒီဗွီဒီယိုကိုတော့ Hayao Miyazaki က ဖန်တီးထားတာ ဖြစ်ပြီး Producer Toshio Suzuki ကတော့ ဇာတ်ကြောင်းပြောသူအနေနဲ့ ပါဝင်ထားပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ Studio Ghibli ရဲ့ အထင်ကရဇာတ်ကောင်တွေဟာ My Neighbor Totoro ထဲက Catbus ရဲ့ ရထားဗားရှင်းကို ပျော်ပျော်ရွှင်ရွှင် စီးနေကြတာ တွေ့ရပါတယ်။

ဒီ Theme Park ရဲ့ နာမည်ကတော့ Ghibli Park ပဲ ဖြစ်ပြီး လာမယ့် နိုဝင်ဘာလ (၁)ရက်နေ့မှာ ဂျပန်နိုင်ငံ Nagakute မြို့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ Ghibli Park အတွက် ကြိုတင်လက်မှတ်တွေကိုတော့ လာမယ့် (၁၀)ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ဒီဗွီဒီယိုထဲမှာ ကြေညာသွားပြီး စက်တင်ဘာလ (၁၀)ရက်နေ့မှာတော့ ပုံမှန်လက်မှတ်တွေကို စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Legos

Source: Screenrant

The post Ghibli Park ဆိုတဲ့ Theme Park တစ်ခု ဖွင့်လှစ်တော့မယ့် Studio Ghibli appeared first on San Yit Wine.

]]>
John Wick လို အက်ရှင်ခပ်ကြမ်းကြမ်းတွေ မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲများ https://sanyitwine.com/anime-like-john-wick/?utm_source=rss&utm_medium=rss&utm_campaign=anime-like-john-wick Tue, 02 Aug 2022 09:11:57 +0000 https://sanyitwine.com/?p=32501 John Wick Franchise ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ Franchise တစ်ခု ဖြစ်ပြီး ခပ်ကြမ်းကြမ်း အက်ရှင်ခန်းတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်ထားပါတယ်။ ဒီလိုဇာတ်လမ်းအမျိူးအစားကတော့ တစ်နေ့တာ အမောတွေကို ဖြေဖျောက်ပေးနိုင်ပြီး ကြည့်ရှုသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ John Wick လိုမျိူး အက်ရှင်ခပ်ကြမ်းကြမ်းတွေကို မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။ (7) Phantom: Requiem for the Phantom ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတိတ်မေ့နေတဲ့ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးနေပြီး သူတို့ရဲ့ အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ ကြိုးစားတဲ့အကြောင်း […]

The post John Wick လို အက်ရှင်ခပ်ကြမ်းကြမ်းတွေ မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲများ appeared first on San Yit Wine.

]]>
John Wick Franchise ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ Franchise တစ်ခု ဖြစ်ပြီး ခပ်ကြမ်းကြမ်း အက်ရှင်ခန်းတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်ထားပါတယ်။ ဒီလိုဇာတ်လမ်းအမျိူးအစားကတော့ တစ်နေ့တာ အမောတွေကို ဖြေဖျောက်ပေးနိုင်ပြီး ကြည့်ရှုသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ John Wick လိုမျိူး အက်ရှင်ခပ်ကြမ်းကြမ်းတွေကို မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Phantom: Requiem for the Phantom

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတိတ်မေ့နေတဲ့ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးနေပြီး သူတို့ရဲ့ အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်ပါတယ်။

(6) Black Lagoon

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျပန်လူမျိုး စီးပွားရေးသမားတစ်ယောက်ဟာ ခေတ်သစ်ပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ကုမ္ပဏီကတော့ သူ့ကိုကယ်တင်ဖို့တောင် မကြိုးစားခဲ့တာကြောင့် စီးပွားရေးသမားဘဝကို စိတ်ကုန်သွားပြီး သူ့ကို ဖမ်းထားတဲ့ ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းသွားပါတော့တယ်။

(5) Ghost in the Shell

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.9) ရရှိထားတဲ့အပြင် ဒီကားကိုပဲ ၂၀၁၇ ခုနှစ်မှာလည်း မင်းသမီး Scarlett Johansson သရုပ်ဆောင်ထားတဲ့ Live Action လည်း ထွက်ရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ လူတစ်ဝက်၊ စက်ရုပ်တစ်ဝက်ဖြစ်တဲ့ အေးဂျင့်ကောင်မလေးဟာ သူ့ရဲ့ပါတနာနဲ့အတူ ထူးဆန်းပြီး စွမ်းအားကြီးမားတဲ့ ဟက်ကာတစ်ယောက်ကို လိုက်လံစုံစမ်းပြီး ဖမ်းဆီးဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Anime ထဲမှာတော့ ကြမ်းတမ်းလွန်းတဲ့ အက်ရှင်ခန်းတွေ၊ အဝတ်မပါတဲ့ ဇာတ်ဝင်ခန်းများစွာနဲ့ ရိုင်းစိုင်းတဲ့ စကားလုံး အသုံးအနှုန်းတွေ ပါဝင်နေတာကြောင့် ကလေးတွေအတွက် မသင့်တော်ပါဘူး။

(4) Tokyo Revengers

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Takemichi Hanagaki ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောင်းသားဘဝတုန်းက တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းက သေဆုံးသွားတာကို သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် သူဟာ အတိတ်ကို ပြန်လည်ရောက်ရှိသွားပြီး သူ့ရဲ့ရည်းစားကို ကယ်တင်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာတော့ လက်ဗလာနဲ့ တိုက်ခိုက်တဲ့ အက်ရှင်ခန်းတွေများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(3) Trigun

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ များပြားလွန်းတဲ့ ဆုကြေးငွေ အထုတ်ခံထားရတဲ့ ဝရမ်းပြေးတစ်ယောက်ရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အဲဒီစွန့်စားခန်းတွေထဲမှာတော့ ဆုကြေးငွေကို လိုချင်တာကြောင့် လာရောက်တိုက်ခိုက်မယ့် Bounty Hunter တွေနဲ့ အက်ရှင်ခန်းတွေများစွာကိုလည်း မြင်တွေ့ရမှာပါ။

(2) Spy x Family

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ်မှာပဲ ထွက်ရှိခဲ့ပြီး IMDb (8.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အတော်ဆုံးစပိုင်လို့ သတ်မှတ်ခံထားရတဲ့ Agent Twilight ဟာ Undercover မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့ ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက်လည်း မွေးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီကောင်မလေးနဲ့ ကလေးလေးမှာလည်း လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ဒီဇာတ်လမ်းကတော့ John Wick လိုရုပ်ရှင်ကိုမှ ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။

(1) Cowboy Bebop

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.9) ရရှိထားပါတယ်။ လူသားတွေဟာ အာကာသထဲမှာ သွားလာနေနိုင်တဲ့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ Bounty Hunter တစ်ယောက်နဲ့ သူ့ရဲ့ကျွမ်းကျင်တဲ့ အဖွဲ့ဝင်တွေဟာ Solar System ထဲမှာ ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ခရီးသွားလာကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Anime ထဲမှာတော့ အာကာသထဲက အက်ရှင်ခန်းတွေကို မြင်တွေ့ရမယ့် Classic Anime တစ်ခု ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post John Wick လို အက်ရှင်ခပ်ကြမ်းကြမ်းတွေ မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲများ appeared first on San Yit Wine.

]]>
Murder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းများ https://sanyitwine.com/animes-show-murermystery/?utm_source=rss&utm_medium=rss&utm_campaign=animes-show-murermystery Tue, 26 Jul 2022 08:24:32 +0000 https://sanyitwine.com/?p=32307 Anime တွေကို လူကြိုက်များရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ဇာတ်လမ်းအမျိူးအစား များစွာ ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းအမျိူးအစားကို ရွေးချယ်ကြည့်ရှုနိုင်ကြပါတယ်။ ဒါ့အပြင် Anime တွေထဲမှာတော့ သာမန်ရုပ်ရှင်တွေ၊ Animation တွေထဲမှာ တွေ့ရလေ့မရှိတဲ့ ဇာတ်လမ်းအမျိူးအစားတွေလည်း ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ တစ်ပိုင်းစကြည့်ပြီးသွားရင် ဇာတ်သိမ်းအထိ တထိုင်တည်း ကြည့်ချင်သွားမယ့် Murder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။ (7) Talentless Nana ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်ကမှ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.0) ရရှိထားပါတယ်။ တစ်ရက်မှာတော့ လူသားတွေကို အန္တရာယ်ပေးနိုင်တဲ့ သတ္တဝါကြီးတွေ ကမ္ဘာပေါ်ကို ရောက်ရှိလာကြပါတယ်။ ဒါကြောင့်ပဲ အဲဒီအန္တရာယ်ကို ဖြေရှင်းဖို့အတွက် […]

The post Murder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းများ appeared first on San Yit Wine.

]]>
Anime တွေကို လူကြိုက်များရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ဇာတ်လမ်းအမျိူးအစား များစွာ ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းအမျိူးအစားကို ရွေးချယ်ကြည့်ရှုနိုင်ကြပါတယ်။ ဒါ့အပြင် Anime တွေထဲမှာတော့ သာမန်ရုပ်ရှင်တွေ၊ Animation တွေထဲမှာ တွေ့ရလေ့မရှိတဲ့ ဇာတ်လမ်းအမျိူးအစားတွေလည်း ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ တစ်ပိုင်းစကြည့်ပြီးသွားရင် ဇာတ်သိမ်းအထိ တထိုင်တည်း ကြည့်ချင်သွားမယ့် Murder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Talentless Nana

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်ကမှ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.0) ရရှိထားပါတယ်။ တစ်ရက်မှာတော့ လူသားတွေကို အန္တရာယ်ပေးနိုင်တဲ့ သတ္တဝါကြီးတွေ ကမ္ဘာပေါ်ကို ရောက်ရှိလာကြပါတယ်။ ဒါကြောင့်ပဲ အဲဒီအန္တရာယ်ကို ဖြေရှင်းဖို့အတွက် သဘာဝလွန် စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်တွေကို လေ့ကျင့်ပေးရပါတော့တယ်။ ဒီလိုစွမ်းအားတွေကို ပိုင်ဆိုင်ထားသူတွေကြားထဲမှာ ကောင်လေးတစ်ယောက်ကတော့ ဘာစွမ်းအားမှ မရှိဘဲ အဲ့ဒီလေ့ကျင့်ရေးတွေကို ပြုလုပ်နေပါတယ်။

(6) Cube of Evil Spirits

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Kiba ဆိုတဲ့ စုံထောက်တစ်ယောက်ဟာ ရထားနဲ့တိုက်မိသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမှုကို စုံစမ်းနေရင်းနဲ့ ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ ဒီအမှုထဲမှာတော့ သေတ္တာတစ်ခုနဲ့ ဆင်တူနေတဲ့ ထူးဆန်းတဲ့ ဆေးရုံတစ်ခုလည်း ပါဝင်နေပါတယ်။ အဲဒီနောက်မှာတော့ ကောင်မလေးတွေရဲ့ ခြေတွေ၊ လက်တွေကို တစ်စစီပိုင်းဖြတ်ထားပြီး ထည့်ထားတဲ့ ကတ်ထူဘူးတွေကို ရဲတွေက တောက်လျှောက် ရှာတွေ့နေပါတော့တယ်။

(5) Gosick

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ထားပြီး IMDb (7.3) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ၁၉၂၀ ကျော်လောက်က ဉရောပနိုင်ငံတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Kazuya Kujo ဆိုတဲ့ ကောင်လေးဟာ St. Marguerite Academy ကို ကျောင်းပြောင်းလာပါတယ်။ အဲဒီကျောင်းမှာပဲ သူဟာ ဉာဏ်လည်းအလွန်ကောင်းပြီး အရုပ်လေးလို ချောမောလှပတဲ့ ကောင်မလေးနဲ့ တွေ့ဆုံမိပြီး နောက်မှာတော့ စိတ်ဝင်စားစရာတွေ ဖြစ်ပျက်လာပါတော့တယ်။

(4) ID: Invaded

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်ကမှ ထွက်ထားတာဖြစ်ပြီး IMDb (7.6) ရရှိထားပါတယ်။ စုံထောက်တစ်ယောက်ဟာ သူ့ရဲ့သမီးကို သတ်သွားတဲ့ လူသတ်သမားကို လက်စားချေဖို့ ကြိုးစားရင်း ထောင်ကျသွားပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရဲတွေရဲ့ အမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူဟာ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့အတွက် Virtual Reality ထဲကို ရောက်သွားတဲ့အချိန်မှာတော့…။

(3) When They Cry

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Hinamizawa ဆိုတဲ့ရွာမှာ နေထိုင်တဲ့ သူငယ်ချင်းလေးယောက်ရဲ့ကြားမှာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေအကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ အဲဒီထူးဆန်းတဲ့ဖြစ်ရပ်ဟာ ဘာလည်းဆိုတာနဲ့ အဲဒီဖြစ်ရပ်နဲ့ သူတို့လေးယောက်ဟာ ဘယ်လို သက်ဆိုင်နေမလည်းဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှု ခံစားလိုက်ပါ။

(2) Monster

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (8.7) ရရှိထားပါတယ်။ Kenzo Tenma ဟာ ဂျာမနီနိုင်ငံမှာ နေထိုင်ပြီး အလွန်တော်တဲ့ ဂျပန်လူမျိုး အာရုံကြော ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူကုသပေးခဲ့ဖူးတဲ့ လူနာတစ်ယောက်ဟာ ကွင်းဆက်လူသတ်သမား ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူ့ရဲ့ဘဝဟာ လုံးဝကို ပြောင်းလဲသွားပါတော့တယ်။

(1) Death Note

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (9.0) အထိတောင် ရရှိထားပါတယ်။ Yagami ဆိုတဲ့ ကျောင်းသားတစ်ယောက်ဟာ Death Note လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့မိတာကနေ ဇာတ်လမ်းစပါတယ်။ ဘယ်သူ့ရဲ့နာမည်ကိုမဆို အဲဒီစာအုပ်ထဲမှာ ချရေးလိုက်တာနဲ့ အရေးခံရသူဟာ အချိန်တိုအတွင်း သေဆုံးသွားမှာ ဖြစ်ပါတယ်။ Yagami ဟာ ဒီစွမ်းအားတွေကို ဘယ်လိုနေရာမှာ အသုံးချမလည်းဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Murder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းများ appeared first on San Yit Wine.

]]>
Anime မကြည့်ဖူးတဲ့သူတောင် စွဲငြိသွားစေမယ့် Anime ဇာတ်လမ်းတွဲများ https://sanyitwine.com/short-anime-series-for-beginners/?utm_source=rss&utm_medium=rss&utm_campaign=short-anime-series-for-beginners Thu, 21 Jul 2022 10:38:26 +0000 https://sanyitwine.com/?p=32054 Anime တွေကတော့ တဖြည်းဖြည်းနဲ့ Pop Culture ထဲမှာ နေရာယူလာပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ အာရှမှာတင် မဟုတ်တော့ဘဲ ဥရောပဘက်မှာပါ Anime ပရိသတ်တွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုမျိူး အောင်မြင်မှုတွေ ရရှိနေပေမယ့်လည်း Anime အများစုဟာ ပုံမှန်ကြည့်ရှုနေကျ Animation တွေနဲ့ မတူညီဘဲ ထူးခြားနေတဲ့ အချက်တွေ ရှိနေတဲ့အပြင် အလွန်ရှည်လျားတဲ့ ဇာတ်လမ်းတွဲတွေလည်း ရှိတာကြောင့် Anime ကို မကြည့်ဖူးသူတွေကတော့ စတင်ကြည့်ရှုဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Anime မကြည့်ဖူးတဲ့သူတွေတောင် အကြိုက်တွေ့သွားစေမယ့် Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။ (7) The Promised Neverland ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး […]

The post Anime မကြည့်ဖူးတဲ့သူတောင် စွဲငြိသွားစေမယ့် Anime ဇာတ်လမ်းတွဲများ appeared first on San Yit Wine.

]]>
Anime တွေကတော့ တဖြည်းဖြည်းနဲ့ Pop Culture ထဲမှာ နေရာယူလာပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ အာရှမှာတင် မဟုတ်တော့ဘဲ ဥရောပဘက်မှာပါ Anime ပရိသတ်တွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုမျိူး အောင်မြင်မှုတွေ ရရှိနေပေမယ့်လည်း Anime အများစုဟာ ပုံမှန်ကြည့်ရှုနေကျ Animation တွေနဲ့ မတူညီဘဲ ထူးခြားနေတဲ့ အချက်တွေ ရှိနေတဲ့အပြင် အလွန်ရှည်လျားတဲ့ ဇာတ်လမ်းတွဲတွေလည်း ရှိတာကြောင့် Anime ကို မကြည့်ဖူးသူတွေကတော့ စတင်ကြည့်ရှုဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Anime မကြည့်ဖူးတဲ့သူတွေတောင် အကြိုက်တွေ့သွားစေမယ့် Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Promised Neverland

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDb (8.3) ရထားပါတယ်။ တောအုပ်တစ်ခုထဲမှာ မိဘမဲ့ကလေးတွေအတွက် ဆောက်လုပ်ထားတဲ့ မိဘမဲ့ဂေဟာတစ်ခု ရှိပါတယ်။ သို့သော်လည်း အဲဒီမိဘမဲ့ကလေးတွေအားလုံးဟာ ဒီဂေဟာထဲကနေ ထွက်ခွာခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း ကလေးတချို့က အဲဒီစည်းကမ်းကို ဖောက်ဖျက်မိသွားတဲ့အခါမှာတော့ ကြောက်စရာကောင်းတဲ့ အမှန်တရားကို ရှာတွေ့သွားကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ တခြားကလေးတွေအကုန်လုံးကိုပါ ကယ်တင်ဖို့အတွက် ကြိုးစားကြပါတော့တယ်။

(6) Parasyte: the Maxim

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကပ်ပါးကောင်တွေဟာ လူတွေနေတဲ့ ကမ္ဘာကို ကျူးကျော်လာကြပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပြီး ဦးနှောက်ကိုစားကာ လူအယောင်ဆောင်ပြီး နေနေကြပါတယ်။ ဒီလိုနဲ့ အသက်(၁၇)နှစ်အရွယ်ကောင်လေး  Shinichi Izumi ရဲ့ ကိုယ်ထဲကိုလည်း ကပ်ပါးကောင်က ဝင်သွားပါတယ်။ ဒါပေမဲ့လည်း ကပ်ပါးကောင်ဟာ ဦးနှောက်အထိ ရောက်အောင် မသွားနိုင်တော့ဘဲ သူ့ရဲ့လက်ကိုပဲ စားလိုက်ပြီးတော့ လက်အယောင်ဆောင်ပြီး နေနေပါတယ်။ အဲဒါကို Shinichi Izumi က သိသွားတဲ့အချိန်မှာ အဲဒီကပ်ပါးကောင်နဲ့ ပူးတွဲပြီး ဘယ်လိုနေရမလည်းဆိုတာ အဖြေရှာရပါတော့တယ်။

(5) Erased

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၂၉)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် လွန်ခဲ့တဲ့ (၁၈)နှစ်က အတိတ်ကာလကို ပြန်ရောက်သွားပါတယ်။ အဲဒီအချိန်မှာတော့ သူဟာ သူ့အမေရဲ့ သေဆုံးမှုကို တားဆီးဖို့အတွက် အစွမ်းကုန် ကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(4) Your Lie in April

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kousei Arima လို့ခေါ်တဲ့ စန္ဒယားပညာရှင်တစ်ယောက်ဟာ သူ့ရဲ့မိခင် ကွယ်လွန်သွားပြီးနောက်မှာ စန္ဒယားတီးတာကို စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း Kaori Miyazono လို့ခေါ်တဲ့ တယောဆရာမလေးတစ်ယောက်နဲ့ တွေ့သွားတဲ့အခါမှာတော့ သူ့ဘဝကို အသစ်က ပြန်စဖို့အတွက် အဲဒီကောင်မလေးက ကူညီပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း နီးစပ်လာတဲ့ သူတို့နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

(3) One Punch Man

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိထားတာ ဖြစ်ပြီး IMDb (8.7) ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Saitama လို့ခေါ်တဲ့ စူပါဟီးရိုးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူဟာ အမြဲဟာသတွေပဲ လုပ်နေပြီးတော့ ဘာကိုမှသိပ်ပြီး အလေးမထားဘဲ ပျင်းနေတတ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ်  အမြဲတမ်း သူ့ရဲ့လက်သီး တစ်ချက်တည်းနဲ့ပဲ အနိုင်ယူနိုင်သူတစ်ယောက် ဖြစ်ပါတယ်။

(2) Cowboy Bebop

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.9) ရရှိထားပါတယ်။ လူသားတွေဟာ အာကာသထဲမှာ သွားလာနေနိုင်တဲ့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ Bounty Hunter တစ်ယောက်နဲ့ သူ့ရဲ့ကျွမ်းကျင်တဲ့ အဖွဲ့ဝင်တွေဟာ Solar System ထဲမှာ ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ခရီးသွားလာကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Anime ကတော့ ကြည့်ရှုသူတွေ ရင်ထဲမှာ တစ်ခုခုကျန်ရစ်စေခဲ့မယ့် Classic Anime တစ်ခု ဖြစ်ပါတယ်။

(1) Death Note

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (9.0) အထိတောင် ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Yagami ဆိုတဲ့ ကျောင်းသားတစ်ယောက်ဟာ Death Note လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့မိတာကနေ စတင်ပါတယ်။ အဲဒီစာအုပ်ဟာ ဘယ်သူ့ရဲ့နာမည်ကိုမဆို စာအုပ်ထဲမှာ ချရေးလိုက်တာနဲ့ အရေးခံရသူဟာ အချိန်တိုအတွင်း သေဆုံးသွားစေတဲ့အစွမ်း ရှိပါတယ်။ Yagami တစ်ယောက် အဲဒီစွမ်းအားတွေကို ဘယ်လိုနေရာမှာ အသုံးချမလည်းဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Anime မကြည့်ဖူးတဲ့သူတောင် စွဲငြိသွားစေမယ့် Anime ဇာတ်လမ်းတွဲများ appeared first on San Yit Wine.

]]>
လက်တွေ့အကျဆုံး ဇာတ်လမ်းနဲ့ နာမည်ကျော် Anime (၇)ကား https://sanyitwine.com/famous-anime-storyline-real-life/?utm_source=rss&utm_medium=rss&utm_campaign=famous-anime-storyline-real-life Wed, 20 Jul 2022 11:03:23 +0000 https://sanyitwine.com/?p=31969 Anime တွေကတော့ များသောအားဖြင့် စူပါပါဝါတွေ၊ အလွန်ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ပါဝင်လေ့ ရှိပေမယ့်လည်း Anime တိုင်းကတော့ ဒီလိုဇာတ်လမ်းတွေနဲ့ တင်ဆက်ထားတာ မဟုတ်ပါဘူး။ အပြင်လောကရဲ့ သာမန်အဖြစ်အပျက်တွေကိုလည်း Anime ထဲမှာ ထူးထူးဆန်းဆန်းတွေ ဖြစ်အောင် ဖန်တီးထားတာမျိူးတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုမျိူး စိတ်ကူးယဉ်ဇာတ်လမ်းတွေကို မကြိုက်တဲ့သူတွေအတွက် လက်တွေ့ဆန်ဆန် ဖန်တီးထားတဲ့ Anime ဇာတ်လမ်းကောင်းတွေလည်း ရှိပါသေးတယ်။ (7) Wotakoi: Love is Hard for Otaku ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အဆက်အသွယ် ပြတ်သွားတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဟာ ရုံးတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်မိလျက်သား ဖြစ်နေရာက ပြန်လည် […]

The post လက်တွေ့အကျဆုံး ဇာတ်လမ်းနဲ့ နာမည်ကျော် Anime (၇)ကား appeared first on San Yit Wine.

]]>
Anime တွေကတော့ များသောအားဖြင့် စူပါပါဝါတွေ၊ အလွန်ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ပါဝင်လေ့ ရှိပေမယ့်လည်း Anime တိုင်းကတော့ ဒီလိုဇာတ်လမ်းတွေနဲ့ တင်ဆက်ထားတာ မဟုတ်ပါဘူး။ အပြင်လောကရဲ့ သာမန်အဖြစ်အပျက်တွေကိုလည်း Anime ထဲမှာ ထူးထူးဆန်းဆန်းတွေ ဖြစ်အောင် ဖန်တီးထားတာမျိူးတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုမျိူး စိတ်ကူးယဉ်ဇာတ်လမ်းတွေကို မကြိုက်တဲ့သူတွေအတွက် လက်တွေ့ဆန်ဆန် ဖန်တီးထားတဲ့ Anime ဇာတ်လမ်းကောင်းတွေလည်း ရှိပါသေးတယ်။

(7) Wotakoi: Love is Hard for Otaku

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အဆက်အသွယ် ပြတ်သွားတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဟာ ရုံးတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်မိလျက်သား ဖြစ်နေရာက ပြန်လည် ဆုံတွေ့သွားကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ် တွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ကြည်နူးစရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ရုံးဝန်ထမ်းတွေရဲ့ နေ့စဉ်ဘဝနဲ့ အရွယ်ရောက်ပြီးသား Anime ကြိုက်နှစ်သက်သူတွေရဲ့ အကြောင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(6) Given

photo via screenrant

ဒီ Anime ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားတဲ့ ဒရာမာ၊ Romance ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ LGBT ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီး Band တစ်ခုထဲက ယောက်ျားလေးတွေရဲ့ အချစ်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဂီတနဲ့ အချစ်ရေးကြားထဲမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(5) Silver Spoon

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Hachiken ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ စိတ်ရှုပ်ဖို့ကောင်းတဲ့ မြို့ကြီးပြကြီးကနေ ထွက်ခွာနိုင်ဖို့အတွက် စိုက်ပျိူးရေးပညာသင်ပေးတဲ့ ကျောင်းကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကျေးလက်ဒေသရဲ့ မတူညီတဲ့ နေထိုင်ပုံတွေနဲ့ အသားကျအောင် ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပြီး အရောင်အသွေးစုံတဲ့ ဇာတ်ကောင်မျိူးစုံလည်း ပါဝင်ထားပါတယ်။

(4) Horimiya

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းမှာ အနေအေးပြီး သူငယ်ချင်းလည်း သိပ်မရှိတဲ့ ကျောင်းသားလေးတစ်ယောက်တို့ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ကြပြီး တဖြည်းဖြည်း နီးစပ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

(3) Banana Fish

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၁၇)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လူတစ်ယောက် သေဆုံးသွားတာကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သေဆုံးသွားတဲ့သူ ပြောသွားတဲ့ နောက်ဆုံးစကားရဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ တကယ့်အပြင်ဘဝက အခက်အခဲတွေများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) Usagi Drop

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတစ်ယောက်ဟာ သူနဲ့ အဒေါ်တော်စပ်ပေမယ့် သူ့ထက်အသက်များစွာငယ်ပြီး အသက်(၆)နှစ်ပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားလိုက်ပါတယ်။ အဲဒီကောင်မလေးကိုတော့ သူ့ရဲ့ကိုယ်ပိုင်သားသမီးလို သဘောထားကာ ပြုစုစောင့်ရှောက်ပေးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ကလေးတစ်ယောက်ကို ပြုစုပျိူးထောင်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖခင်တစ်ယောက်ရဲ့ ရှုထောင့်ကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(1) Haikyuu!

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.8) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကို မကြည့်ဖူးသေးရင်တောင်မှ ဒီနာမည်နဲ့ ဇာတ်ကောင်ပုံစံတွေကိုတော့ မြင်ဖူး၊ တွေ့ဖူးကြမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ သိပ်ကို နာမည်ကြီးခဲ့တာဖြစ်ပြီး ဘော်လီဘောကစားနည်းကို အခြေခံပြီးတော့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘော်လီဘောကစားနည်းကို မကြိုက်ရင်တောင်မှ သူ့ရဲ့ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေဟာ စိတ်ဝင်စားဖို့ ကောင်းတာကြောင့် ကြည့်ရှုသင့်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post လက်တွေ့အကျဆုံး ဇာတ်လမ်းနဲ့ နာမည်ကျော် Anime (၇)ကား appeared first on San Yit Wine.

]]>