HomeAnimeလက်တွေ့အကျဆုံး ဇာတ်လမ်းနဲ့ နာမည်ကျော် Anime (၇)ကား

လက်တွေ့အကျဆုံး ဇာတ်လမ်းနဲ့ နာမည်ကျော် Anime (၇)ကား

Anime တွေကတော့ များသောအားဖြင့် စူပါပါဝါတွေ၊ အလွန်ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ပါဝင်လေ့ ရှိပေမယ့်လည်း Anime တိုင်းကတော့ ဒီလိုဇာတ်လမ်းတွေနဲ့ တင်ဆက်ထားတာ မဟုတ်ပါဘူး။ အပြင်လောကရဲ့ သာမန်အဖြစ်အပျက်တွေကိုလည်း Anime ထဲမှာ ထူးထူးဆန်းဆန်းတွေ ဖြစ်အောင် ဖန်တီးထားတာမျိူးတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုမျိူး စိတ်ကူးယဉ်ဇာတ်လမ်းတွေကို မကြိုက်တဲ့သူတွေအတွက် လက်တွေ့ဆန်ဆန် ဖန်တီးထားတဲ့ Anime ဇာတ်လမ်းကောင်းတွေလည်း ရှိပါသေးတယ်။

(7) Wotakoi: Love is Hard for Otaku

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အဆက်အသွယ် ပြတ်သွားတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဟာ ရုံးတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်မိလျက်သား ဖြစ်နေရာက ပြန်လည် ဆုံတွေ့သွားကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ် တွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ကြည်နူးစရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ရုံးဝန်ထမ်းတွေရဲ့ နေ့စဉ်ဘဝနဲ့ အရွယ်ရောက်ပြီးသား Anime ကြိုက်နှစ်သက်သူတွေရဲ့ အကြောင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(6) Given

photo via screenrant

ဒီ Anime ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားတဲ့ ဒရာမာ၊ Romance ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ LGBT ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီး Band တစ်ခုထဲက ယောက်ျားလေးတွေရဲ့ အချစ်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဂီတနဲ့ အချစ်ရေးကြားထဲမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(5) Silver Spoon

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Hachiken ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ စိတ်ရှုပ်ဖို့ကောင်းတဲ့ မြို့ကြီးပြကြီးကနေ ထွက်ခွာနိုင်ဖို့အတွက် စိုက်ပျိူးရေးပညာသင်ပေးတဲ့ ကျောင်းကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကျေးလက်ဒေသရဲ့ မတူညီတဲ့ နေထိုင်ပုံတွေနဲ့ အသားကျအောင် ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပြီး အရောင်အသွေးစုံတဲ့ ဇာတ်ကောင်မျိူးစုံလည်း ပါဝင်ထားပါတယ်။

(4) Horimiya

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းမှာ အနေအေးပြီး သူငယ်ချင်းလည်း သိပ်မရှိတဲ့ ကျောင်းသားလေးတစ်ယောက်တို့ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ကြပြီး တဖြည်းဖြည်း နီးစပ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

(3) Banana Fish

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၁၇)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လူတစ်ယောက် သေဆုံးသွားတာကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သေဆုံးသွားတဲ့သူ ပြောသွားတဲ့ နောက်ဆုံးစကားရဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ တကယ့်အပြင်ဘဝက အခက်အခဲတွေများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) Usagi Drop

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတစ်ယောက်ဟာ သူနဲ့ အဒေါ်တော်စပ်ပေမယ့် သူ့ထက်အသက်များစွာငယ်ပြီး အသက်(၆)နှစ်ပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားလိုက်ပါတယ်။ အဲဒီကောင်မလေးကိုတော့ သူ့ရဲ့ကိုယ်ပိုင်သားသမီးလို သဘောထားကာ ပြုစုစောင့်ရှောက်ပေးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ကလေးတစ်ယောက်ကို ပြုစုပျိူးထောင်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖခင်တစ်ယောက်ရဲ့ ရှုထောင့်ကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(1) Haikyuu!

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.8) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကို မကြည့်ဖူးသေးရင်တောင်မှ ဒီနာမည်နဲ့ ဇာတ်ကောင်ပုံစံတွေကိုတော့ မြင်ဖူး၊ တွေ့ဖူးကြမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ သိပ်ကို နာမည်ကြီးခဲ့တာဖြစ်ပြီး ဘော်လီဘောကစားနည်းကို အခြေခံပြီးတော့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘော်လီဘောကစားနည်းကို မကြိုက်ရင်တောင်မှ သူ့ရဲ့ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေဟာ စိတ်ဝင်စားဖို့ ကောင်းတာကြောင့် ကြည့်ရှုသင့်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular