HomeAnimeAnime မကြည့်ဖူးတဲ့သူတောင် စွဲငြိသွားစေမယ့် Anime ဇာတ်လမ်းတွဲများ

Anime မကြည့်ဖူးတဲ့သူတောင် စွဲငြိသွားစေမယ့် Anime ဇာတ်လမ်းတွဲများ

Anime တွေကတော့ တဖြည်းဖြည်းနဲ့ Pop Culture ထဲမှာ နေရာယူလာပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ အာရှမှာတင် မဟုတ်တော့ဘဲ ဥရောပဘက်မှာပါ Anime ပရိသတ်တွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုမျိူး အောင်မြင်မှုတွေ ရရှိနေပေမယ့်လည်း Anime အများစုဟာ ပုံမှန်ကြည့်ရှုနေကျ Animation တွေနဲ့ မတူညီဘဲ ထူးခြားနေတဲ့ အချက်တွေ ရှိနေတဲ့အပြင် အလွန်ရှည်လျားတဲ့ ဇာတ်လမ်းတွဲတွေလည်း ရှိတာကြောင့် Anime ကို မကြည့်ဖူးသူတွေကတော့ စတင်ကြည့်ရှုဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Anime မကြည့်ဖူးတဲ့သူတွေတောင် အကြိုက်တွေ့သွားစေမယ့် Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Promised Neverland

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDb (8.3) ရထားပါတယ်။ တောအုပ်တစ်ခုထဲမှာ မိဘမဲ့ကလေးတွေအတွက် ဆောက်လုပ်ထားတဲ့ မိဘမဲ့ဂေဟာတစ်ခု ရှိပါတယ်။ သို့သော်လည်း အဲဒီမိဘမဲ့ကလေးတွေအားလုံးဟာ ဒီဂေဟာထဲကနေ ထွက်ခွာခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း ကလေးတချို့က အဲဒီစည်းကမ်းကို ဖောက်ဖျက်မိသွားတဲ့အခါမှာတော့ ကြောက်စရာကောင်းတဲ့ အမှန်တရားကို ရှာတွေ့သွားကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ တခြားကလေးတွေအကုန်လုံးကိုပါ ကယ်တင်ဖို့အတွက် ကြိုးစားကြပါတော့တယ်။

(6) Parasyte: the Maxim

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကပ်ပါးကောင်တွေဟာ လူတွေနေတဲ့ ကမ္ဘာကို ကျူးကျော်လာကြပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပြီး ဦးနှောက်ကိုစားကာ လူအယောင်ဆောင်ပြီး နေနေကြပါတယ်။ ဒီလိုနဲ့ အသက်(၁၇)နှစ်အရွယ်ကောင်လေး  Shinichi Izumi ရဲ့ ကိုယ်ထဲကိုလည်း ကပ်ပါးကောင်က ဝင်သွားပါတယ်။ ဒါပေမဲ့လည်း ကပ်ပါးကောင်ဟာ ဦးနှောက်အထိ ရောက်အောင် မသွားနိုင်တော့ဘဲ သူ့ရဲ့လက်ကိုပဲ စားလိုက်ပြီးတော့ လက်အယောင်ဆောင်ပြီး နေနေပါတယ်။ အဲဒါကို Shinichi Izumi က သိသွားတဲ့အချိန်မှာ အဲဒီကပ်ပါးကောင်နဲ့ ပူးတွဲပြီး ဘယ်လိုနေရမလည်းဆိုတာ အဖြေရှာရပါတော့တယ်။

(5) Erased

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၂၉)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် လွန်ခဲ့တဲ့ (၁၈)နှစ်က အတိတ်ကာလကို ပြန်ရောက်သွားပါတယ်။ အဲဒီအချိန်မှာတော့ သူဟာ သူ့အမေရဲ့ သေဆုံးမှုကို တားဆီးဖို့အတွက် အစွမ်းကုန် ကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(4) Your Lie in April

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kousei Arima လို့ခေါ်တဲ့ စန္ဒယားပညာရှင်တစ်ယောက်ဟာ သူ့ရဲ့မိခင် ကွယ်လွန်သွားပြီးနောက်မှာ စန္ဒယားတီးတာကို စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း Kaori Miyazono လို့ခေါ်တဲ့ တယောဆရာမလေးတစ်ယောက်နဲ့ တွေ့သွားတဲ့အခါမှာတော့ သူ့ဘဝကို အသစ်က ပြန်စဖို့အတွက် အဲဒီကောင်မလေးက ကူညီပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း နီးစပ်လာတဲ့ သူတို့နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

(3) One Punch Man

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိထားတာ ဖြစ်ပြီး IMDb (8.7) ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Saitama လို့ခေါ်တဲ့ စူပါဟီးရိုးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူဟာ အမြဲဟာသတွေပဲ လုပ်နေပြီးတော့ ဘာကိုမှသိပ်ပြီး အလေးမထားဘဲ ပျင်းနေတတ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ်  အမြဲတမ်း သူ့ရဲ့လက်သီး တစ်ချက်တည်းနဲ့ပဲ အနိုင်ယူနိုင်သူတစ်ယောက် ဖြစ်ပါတယ်။

(2) Cowboy Bebop

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.9) ရရှိထားပါတယ်။ လူသားတွေဟာ အာကာသထဲမှာ သွားလာနေနိုင်တဲ့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ Bounty Hunter တစ်ယောက်နဲ့ သူ့ရဲ့ကျွမ်းကျင်တဲ့ အဖွဲ့ဝင်တွေဟာ Solar System ထဲမှာ ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ခရီးသွားလာကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Anime ကတော့ ကြည့်ရှုသူတွေ ရင်ထဲမှာ တစ်ခုခုကျန်ရစ်စေခဲ့မယ့် Classic Anime တစ်ခု ဖြစ်ပါတယ်။

(1) Death Note

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (9.0) အထိတောင် ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Yagami ဆိုတဲ့ ကျောင်းသားတစ်ယောက်ဟာ Death Note လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့မိတာကနေ စတင်ပါတယ်။ အဲဒီစာအုပ်ဟာ ဘယ်သူ့ရဲ့နာမည်ကိုမဆို စာအုပ်ထဲမှာ ချရေးလိုက်တာနဲ့ အရေးခံရသူဟာ အချိန်တိုအတွင်း သေဆုံးသွားစေတဲ့အစွမ်း ရှိပါတယ်။ Yagami တစ်ယောက် အဲဒီစွမ်းအားတွေကို ဘယ်လိုနေရာမှာ အသုံးချမလည်းဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular