HomeAnimeGhibli Park ဆိုတဲ့ Theme Park တစ်ခု ဖွင့်လှစ်တော့မယ့် Studio Ghibli

Ghibli Park ဆိုတဲ့ Theme Park တစ်ခု ဖွင့်လှစ်တော့မယ့် Studio Ghibli

Studio Ghibli ကတော့ မကြာခင်မှာ Theme Park ဖွင့်လှစ်တော့မှာ ဖြစ်ပြီး ဒီ Theme Park အတွက် Animated ဗွီဒီယိုတစ်ခုကိုလည်း ထုတ်ပေးလိုက်ပါတယ်။ ဒီဗွီဒီယိုကိုတော့ နာမည်ကြီး Anime များစွာ ဖန်တီးခဲ့တဲ့ Hayao Miyazaki ကပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။ Studio Ghibli ကိုတော့ ဒါရိုက်တာတွေ ဖြစ်တဲ့ Hayao Miyazaki နဲ့ Isao Takahata တို့နှစ်ယောက်အပြင် Producer အနေနဲ့ Toshio Suzuki တို့က ပူးပေါင်းပြီး ၁၉၈၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Studio Ghibli ကတော့ နာမည်ကြီး Anime များစွာကို ထုတ်လုပ်ခဲ့ပြီး My Neighbor Totoro ၊ Kiki’s Delivery Service နဲ့ Spirited Away တို့လို နာမည်ကြီး Anime အများစုကိုလည်း Hayao Miyazaki ကပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Studio Ghibli ဟာ Disney လိုမျိူးပဲ Theme Park တစ်ခုကို ဖန်တီးသွားတော့မှာ ဖြစ်ပါတယ်။

မကြာခင်ကပဲ Studio Ghibli ရဲ့ Official Twitter အကောင့်ကနေ Theme Park အတွက် ဗွီဒီယိုအတိုလေးတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ အဲဒီဗွီဒီယိုကိုတော့ Hayao Miyazaki က ဖန်တီးထားတာ ဖြစ်ပြီး Producer Toshio Suzuki ကတော့ ဇာတ်ကြောင်းပြောသူအနေနဲ့ ပါဝင်ထားပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ Studio Ghibli ရဲ့ အထင်ကရဇာတ်ကောင်တွေဟာ My Neighbor Totoro ထဲက Catbus ရဲ့ ရထားဗားရှင်းကို ပျော်ပျော်ရွှင်ရွှင် စီးနေကြတာ တွေ့ရပါတယ်။

ဒီ Theme Park ရဲ့ နာမည်ကတော့ Ghibli Park ပဲ ဖြစ်ပြီး လာမယ့် နိုဝင်ဘာလ (၁)ရက်နေ့မှာ ဂျပန်နိုင်ငံ Nagakute မြို့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ Ghibli Park အတွက် ကြိုတင်လက်မှတ်တွေကိုတော့ လာမယ့် (၁၀)ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ဒီဗွီဒီယိုထဲမှာ ကြေညာသွားပြီး စက်တင်ဘာလ (၁၀)ရက်နေ့မှာတော့ ပုံမှန်လက်မှတ်တွေကို စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular