HomeAnimeMurder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းများ

Murder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းများ

Anime တွေကို လူကြိုက်များရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ဇာတ်လမ်းအမျိူးအစား များစွာ ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းအမျိူးအစားကို ရွေးချယ်ကြည့်ရှုနိုင်ကြပါတယ်။ ဒါ့အပြင် Anime တွေထဲမှာတော့ သာမန်ရုပ်ရှင်တွေ၊ Animation တွေထဲမှာ တွေ့ရလေ့မရှိတဲ့ ဇာတ်လမ်းအမျိူးအစားတွေလည်း ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ တစ်ပိုင်းစကြည့်ပြီးသွားရင် ဇာတ်သိမ်းအထိ တထိုင်တည်း ကြည့်ချင်သွားမယ့် Murder Mystery ဇာတ်လမ်းအမျိူးအစား Anime ဇာတ်လမ်းတွဲကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Talentless Nana

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်ကမှ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.0) ရရှိထားပါတယ်။ တစ်ရက်မှာတော့ လူသားတွေကို အန္တရာယ်ပေးနိုင်တဲ့ သတ္တဝါကြီးတွေ ကမ္ဘာပေါ်ကို ရောက်ရှိလာကြပါတယ်။ ဒါကြောင့်ပဲ အဲဒီအန္တရာယ်ကို ဖြေရှင်းဖို့အတွက် သဘာဝလွန် စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်တွေကို လေ့ကျင့်ပေးရပါတော့တယ်။ ဒီလိုစွမ်းအားတွေကို ပိုင်ဆိုင်ထားသူတွေကြားထဲမှာ ကောင်လေးတစ်ယောက်ကတော့ ဘာစွမ်းအားမှ မရှိဘဲ အဲ့ဒီလေ့ကျင့်ရေးတွေကို ပြုလုပ်နေပါတယ်။

(6) Cube of Evil Spirits

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Kiba ဆိုတဲ့ စုံထောက်တစ်ယောက်ဟာ ရထားနဲ့တိုက်မိသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမှုကို စုံစမ်းနေရင်းနဲ့ ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ ဒီအမှုထဲမှာတော့ သေတ္တာတစ်ခုနဲ့ ဆင်တူနေတဲ့ ထူးဆန်းတဲ့ ဆေးရုံတစ်ခုလည်း ပါဝင်နေပါတယ်။ အဲဒီနောက်မှာတော့ ကောင်မလေးတွေရဲ့ ခြေတွေ၊ လက်တွေကို တစ်စစီပိုင်းဖြတ်ထားပြီး ထည့်ထားတဲ့ ကတ်ထူဘူးတွေကို ရဲတွေက တောက်လျှောက် ရှာတွေ့နေပါတော့တယ်။

(5) Gosick

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ထားပြီး IMDb (7.3) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ၁၉၂၀ ကျော်လောက်က ဉရောပနိုင်ငံတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Kazuya Kujo ဆိုတဲ့ ကောင်လေးဟာ St. Marguerite Academy ကို ကျောင်းပြောင်းလာပါတယ်။ အဲဒီကျောင်းမှာပဲ သူဟာ ဉာဏ်လည်းအလွန်ကောင်းပြီး အရုပ်လေးလို ချောမောလှပတဲ့ ကောင်မလေးနဲ့ တွေ့ဆုံမိပြီး နောက်မှာတော့ စိတ်ဝင်စားစရာတွေ ဖြစ်ပျက်လာပါတော့တယ်။

(4) ID: Invaded

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်ကမှ ထွက်ထားတာဖြစ်ပြီး IMDb (7.6) ရရှိထားပါတယ်။ စုံထောက်တစ်ယောက်ဟာ သူ့ရဲ့သမီးကို သတ်သွားတဲ့ လူသတ်သမားကို လက်စားချေဖို့ ကြိုးစားရင်း ထောင်ကျသွားပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရဲတွေရဲ့ အမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူဟာ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့အတွက် Virtual Reality ထဲကို ရောက်သွားတဲ့အချိန်မှာတော့…။

(3) When They Cry

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Hinamizawa ဆိုတဲ့ရွာမှာ နေထိုင်တဲ့ သူငယ်ချင်းလေးယောက်ရဲ့ကြားမှာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေအကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ အဲဒီထူးဆန်းတဲ့ဖြစ်ရပ်ဟာ ဘာလည်းဆိုတာနဲ့ အဲဒီဖြစ်ရပ်နဲ့ သူတို့လေးယောက်ဟာ ဘယ်လို သက်ဆိုင်နေမလည်းဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှု ခံစားလိုက်ပါ။

(2) Monster

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (8.7) ရရှိထားပါတယ်။ Kenzo Tenma ဟာ ဂျာမနီနိုင်ငံမှာ နေထိုင်ပြီး အလွန်တော်တဲ့ ဂျပန်လူမျိုး အာရုံကြော ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူကုသပေးခဲ့ဖူးတဲ့ လူနာတစ်ယောက်ဟာ ကွင်းဆက်လူသတ်သမား ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူ့ရဲ့ဘဝဟာ လုံးဝကို ပြောင်းလဲသွားပါတော့တယ်။

(1) Death Note

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (9.0) အထိတောင် ရရှိထားပါတယ်။ Yagami ဆိုတဲ့ ကျောင်းသားတစ်ယောက်ဟာ Death Note လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့မိတာကနေ ဇာတ်လမ်းစပါတယ်။ ဘယ်သူ့ရဲ့နာမည်ကိုမဆို အဲဒီစာအုပ်ထဲမှာ ချရေးလိုက်တာနဲ့ အရေးခံရသူဟာ အချိန်တိုအတွင်း သေဆုံးသွားမှာ ဖြစ်ပါတယ်။ Yagami ဟာ ဒီစွမ်းအားတွေကို ဘယ်လိုနေရာမှာ အသုံးချမလည်းဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular