HomeAnimeLive Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် Paprika Anime

Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးသွားမယ့် Paprika Anime

မကြာသေးခင်ကပဲ Paprika ကို Live Action ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Birds of Prey ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Cathy Yan က ရိုက်ကူးသွားမှာ ဖြစ်ပြီး Executive Producer အနေနဲ့လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ Paprika Anime ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နားလည်ရခက်တဲ့ Anime တစ်ခုလည်း ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ စိတ်ရောဂါကုဆရာဝန်တွေအတွက် ဖန်တီးထားပြီး လူတွေရဲ့ အိပ်မက်ထဲကို ဝင်ရောက်နိုင်တဲ့ စက်ပစ္စည်းတစ်ခုက ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ ထူးဆန်းတဲ့ မှုခင်းတွေ တောက်လျှောက် ဖြစ်ပေါ်လာပါတော့တယ်။ အဲဒီအချိန်မှာတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက် ဖြစ်တဲ့ Paprika ဟာ ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Amazon Studio နဲ့ Hivemind တို့ဟာ Paprika ဝတ္ထုကို Live Action ဇာတ်လမ်းတွဲအဖြစ် ဖန်တီးသွားမယ်လို့ သိရပါတယ်။ Paprika Anime ကတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Yasutaka Tsutsui ရဲ့ဝတ္ထုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲကတော့ အဲဒီဝတ္ထုကို တိုက်ရိုက်အခြေခံပြီး ဖန်တီးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Paprika Live Action ဇာတ်လမ်းတွဲက ဘယ်အချိန်မှာ ထွက်ရှိလာပြီး ဘယ်သရုပ်ဆောင်တွေ ပါဝင်မယ်ဆိုတဲ့ သတင်းတွေကိုတော့ မသိရသေးပါဘူး။ Paprika ရဲ့ ဇာတ်လမ်းကတော့ အနည်းငယ် ရှုပ်ထွေးပြီး နားလည်ရလည်း ခက်တာကြောင့် ဒီလိုဇာတ်လမ်းကို ဘယ်လိုဖန်တီးသွားမလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Amazon စတူဒီယိုက ထုတ်လုပ်သွားမှာ ဖြစ်တာကြောင့် စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုလို့တော့ ပြောနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular