HomeAnimeYour Name ဒါရိုက်တာ ရိုက်ကူးထားတဲ့ Anime ရုပ်ရှင်အသစ် Suzume

Your Name ဒါရိုက်တာ ရိုက်ကူးထားတဲ့ Anime ရုပ်ရှင်အသစ် Suzume

Your Name ဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Makoto Shinkai ရဲ့ Anime ရုပ်ရှင်အသစ် ဖြစ်တဲ့ Suzume ရဲ့ ထွေလာအသစ်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒါရိုက်တာ Makoto Shinkai ကတော့ Anime ပရိသတ်တွေကြားမှာ မသိသူ မရှိလောက်အောင် နာမည်ကြီးပြီး သူ့ရဲ့ထူးခြားတဲ့ ဇာတ်လမ်းတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။

photo via screenrant

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Your Name ဇာတ်လမ်းဟာလည်း Anime မကြိုက်တဲ့သူတွေကြားမှာတောင် နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ယခုခေတ်ရဲ့ အကောင်းဆုံး Anime ရုပ်ရှင်တွေထဲကတစ်ကားလို့တောင် သတ်မှတ်နိုင်ပါတယ်။ နောက်ထပ်သုံးနှစ် ကြာတဲ့အချိန်မှာတော့ Weathering with You ရုပ်ရှင် ဆက်လက်ထွက်ရှိလာခဲ့ပြီး အဲဒီ Anime ရုပ်ရှင်နဲ့ ဒါရိုက်တာ Makoto Shinkai ဟာ အော်စကာဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Suzume ဆိုတဲ့ (၁၇)နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဂျပန်နိုင်ငံအနှံ့အပြားမှာ ဘေးဒုက္ခတွေ ဖြစ်နေကြပြီး အဲဒီလိုဘေးဒုက္ခတွေ ဖြစ်စေတဲ့ တံခါးတွေကို သူမက လိုက်လံရှာဖွေပြီး ပိတ်ပစ်တာကို မြင်တွေ့ရမယ်လို့ Crunchyroll က ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လကပဲ ရုံတင်ခဲ့ပြီး ဂျပန်ယန်းငွေ (၇.၅)ဘီလျံ (ဒေါ်လာ ၅၅သန်း) ရရှိခဲ့ပါတယ်။

ဒီရုပ်ရှင်ကတော့ Your Name ရဲ့ Opening Weekend ဝင်ငွေကိုလည်း ကျော်တက်သွားတယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ Crunchyroll ဟာ ဒီရုပ်ရှင်ရဲ့ ထွေလာအသစ်တင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ရုံတင်သွားမယ့် နေ့ရက်ကိုလည်း ကြေညာပေးထားပါတယ်။ ဒီရုပ်ရှင်ကို အစောဆုံး ကြည့်ရှုရမှာကတော့ ပြင်သစ်နဲ့ Malta တို့ပဲ ၂၀၂၃ ခုနှစ် ဧပြီလ (၁၂)ရက်မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပေါ်မူတည်ပြီး ရုံတင်မယ့် နေ့ရက်တွေ ကွာခြားသွားပေမယ့် ဧပြီလအတွင်းမှာပဲ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular