HomeAnimeJohn Wick လို အက်ရှင်ခပ်ကြမ်းကြမ်းတွေ မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲများ

John Wick လို အက်ရှင်ခပ်ကြမ်းကြမ်းတွေ မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲများ

John Wick Franchise ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ Franchise တစ်ခု ဖြစ်ပြီး ခပ်ကြမ်းကြမ်း အက်ရှင်ခန်းတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်ထားပါတယ်။ ဒီလိုဇာတ်လမ်းအမျိူးအစားကတော့ တစ်နေ့တာ အမောတွေကို ဖြေဖျောက်ပေးနိုင်ပြီး ကြည့်ရှုသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ John Wick လိုမျိူး အက်ရှင်ခပ်ကြမ်းကြမ်းတွေကို မြင်တွေ့ရမယ့် Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Phantom: Requiem for the Phantom

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အတိတ်မေ့နေတဲ့ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးနေပြီး သူတို့ရဲ့ အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်ပါတယ်။

(6) Black Lagoon

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျပန်လူမျိုး စီးပွားရေးသမားတစ်ယောက်ဟာ ခေတ်သစ်ပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ကုမ္ပဏီကတော့ သူ့ကိုကယ်တင်ဖို့တောင် မကြိုးစားခဲ့တာကြောင့် စီးပွားရေးသမားဘဝကို စိတ်ကုန်သွားပြီး သူ့ကို ဖမ်းထားတဲ့ ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းသွားပါတော့တယ်။

(5) Ghost in the Shell

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.9) ရရှိထားတဲ့အပြင် ဒီကားကိုပဲ ၂၀၁၇ ခုနှစ်မှာလည်း မင်းသမီး Scarlett Johansson သရုပ်ဆောင်ထားတဲ့ Live Action လည်း ထွက်ရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ လူတစ်ဝက်၊ စက်ရုပ်တစ်ဝက်ဖြစ်တဲ့ အေးဂျင့်ကောင်မလေးဟာ သူ့ရဲ့ပါတနာနဲ့အတူ ထူးဆန်းပြီး စွမ်းအားကြီးမားတဲ့ ဟက်ကာတစ်ယောက်ကို လိုက်လံစုံစမ်းပြီး ဖမ်းဆီးဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Anime ထဲမှာတော့ ကြမ်းတမ်းလွန်းတဲ့ အက်ရှင်ခန်းတွေ၊ အဝတ်မပါတဲ့ ဇာတ်ဝင်ခန်းများစွာနဲ့ ရိုင်းစိုင်းတဲ့ စကားလုံး အသုံးအနှုန်းတွေ ပါဝင်နေတာကြောင့် ကလေးတွေအတွက် မသင့်တော်ပါဘူး။

(4) Tokyo Revengers

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Takemichi Hanagaki ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောင်းသားဘဝတုန်းက တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းက သေဆုံးသွားတာကို သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် သူဟာ အတိတ်ကို ပြန်လည်ရောက်ရှိသွားပြီး သူ့ရဲ့ရည်းစားကို ကယ်တင်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာတော့ လက်ဗလာနဲ့ တိုက်ခိုက်တဲ့ အက်ရှင်ခန်းတွေများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(3) Trigun

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ များပြားလွန်းတဲ့ ဆုကြေးငွေ အထုတ်ခံထားရတဲ့ ဝရမ်းပြေးတစ်ယောက်ရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အဲဒီစွန့်စားခန်းတွေထဲမှာတော့ ဆုကြေးငွေကို လိုချင်တာကြောင့် လာရောက်တိုက်ခိုက်မယ့် Bounty Hunter တွေနဲ့ အက်ရှင်ခန်းတွေများစွာကိုလည်း မြင်တွေ့ရမှာပါ။

(2) Spy x Family

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ်မှာပဲ ထွက်ရှိခဲ့ပြီး IMDb (8.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အတော်ဆုံးစပိုင်လို့ သတ်မှတ်ခံထားရတဲ့ Agent Twilight ဟာ Undercover မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့ ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက်လည်း မွေးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီကောင်မလေးနဲ့ ကလေးလေးမှာလည်း လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ဒီဇာတ်လမ်းကတော့ John Wick လိုရုပ်ရှင်ကိုမှ ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။

(1) Cowboy Bebop

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.9) ရရှိထားပါတယ်။ လူသားတွေဟာ အာကာသထဲမှာ သွားလာနေနိုင်တဲ့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ Bounty Hunter တစ်ယောက်နဲ့ သူ့ရဲ့ကျွမ်းကျင်တဲ့ အဖွဲ့ဝင်တွေဟာ Solar System ထဲမှာ ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ခရီးသွားလာကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Anime ထဲမှာတော့ အာကာသထဲက အက်ရှင်ခန်းတွေကို မြင်တွေ့ရမယ့် Classic Anime တစ်ခု ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular