HomeAnime၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် Studio Ghibli ရဲ့ Anime ဇာတ်လမ်းအသစ်

၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် Studio Ghibli ရဲ့ Anime ဇာတ်လမ်းအသစ်

မကြာခင်ကပဲ Studio Ghibli ကတော့ Legendary Filmmaker ဖြစ်တဲ့ Hayao Miyazaki ဖန်တီးထားတဲ့ Anime ဇာတ်လမ်းအသစ်ရဲ့ ထွက်ရှိလာမယ့်ရက်ကို ကြေညာခဲ့ပါတယ်။ ဒီ Anime ရဲ့ နာမည်ကတော့ How Do You Live ဖြစ်ပြီး ၁၉၃၇ ခုနှစ် ထွက်ခဲ့တဲ့ စာရေးဆရာ Genzaburo Yoshino ရဲ့ ဝတ္ထုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ Miyazaki ကတော့ ၂၀၁၃ ခုနှစ်မှာ Anime လောကကနေ အနားယူသွားခဲ့ပြီး ယခုအချိန်မှာတော့ နောက်ဆုံးအနေနဲ့ ထပ်မံဖန်တီးထားတာလည်း ဖြစ်ပါတယ်။

photo via screenrant

Miyazaki ကတော့ ၁၉၈၅ ခုနှစ်မှာ Studio Ghibli ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ Princess Mononoke ၊ Spirited Away ၊ My Neighbor Totoro နဲ့ Howl’s Moving Castle တို့လို Anime ရုပ်ရှင်တွေဟာ နိုင်ငံတကာမှာပါ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွေ ဖြစ်ပြီး ဝင်ငွေအများဆုံး Anime ရုပ်ရှင် (၁၀)ကားထဲမှာ (၅)ကားကတော့ Miyazaki ရဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

မကြာခင်ကပဲ Studio Ghibli ဟာ တွစ်တာကနေ How Do You Live Anime ကို ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်ရုံတွေမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့မှာ ပြသသွားမယ်လို့ ကြေညာခဲ့ပါတယ်။ How Do You Live ဝတ္ထုကတော့ Miyazaki ရဲ့ အကြိုက်ဆုံးဝတ္ထုတစ်အုပ် ဖြစ်ပြီး ဒီ Anime ဇာတ်လမ်းဟာ Miyazaki ရဲ့ နောက်ဆုံးလက်ရာလည်း ဖြစ်တာကြောင့် Anime ပရိသတ်တွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Copper ဆိုတဲ့ (၁၅)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ဖခင်ကွယ်လွန်သွားအပြီးမှာတော့ ခက်ခဲလွန်းတဲ့ လောကကြီးထဲမှာ ရှင်သန်နေနိုင်ဖို့ ရင့်ကျက်လာအောင် ကြိုးစားရတဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ Anime တွေဟာ အမြဲတမ်းလိုလို ဂျပန်နိုင်ငံမှာ အရင်ဆုံးရုံတင်ပြသပြီးမှ နိုင်ငံတကာမှာ ရုံတင်လေ့ ရှိတာကြောင့် Miyazaki ရဲ့ နောက်ဆုံးလက်ရာ How Do You Live ကိုတော့ နိုင်ငံတကာမှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ကြည့်ရှုရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular