HomeAnimeMy Hero Academia ကို Live Action ဖန်တီးသွားမယ့် Netflix

My Hero Academia ကို Live Action ဖန်တီးသွားမယ့် Netflix

Netflix ဟာ Legendary Entertainment နဲ့ ပူးပေါင်းပြီး My Hero Academia ဇာတ်လမ်းတွဲကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီ Anime ဇာတ်လမ်းတွဲကတော့ Kohei Horikoshi ရဲ့ Manga ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး လောလောဆယ်မှာတော့ Season 6 ကို ထုတ်လွှင့်ပြသနေပါတယ်။ ဒီစီးရီးဟာ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

photo via screenrant

My Hero Academia ရဲ့ ဇာတ်လမ်းကတော့ ကမ္ဘာပေါ်က လူအများစုဟာ စူပါပါဝါတွေနဲ့ မွေးဖွားလာကြချိန်မှာ Izuku Midoriya ဆိုတဲ့ ကောင်လေးကတော့ ဘာစွမ်းအားမှမရှိဘဲ မွေးဖွားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း Midoriya ဟာ စူပါဟီးရိုး အလွန်ဖြစ်ချင်နေပြီး တစ်ရက်မှာတော့ သူ့ရဲ့အကြိုက်ဆုံး ဟီးရိုးဖြစ်တဲ့ All-Might နဲ့ ဆုံတွေ့ခဲ့ပြီး All-Might ရဲ့ စွမ်းအားတွေကိုပါ ရရှိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Midoriya ဟာ စွမ်းအားတွေ ပိုင်ဆိုင်ထားကြတဲ့ ကလေးတွေကို ဟီးရိုးတွေ ဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ ကျောင်းမှာ တက်ရောက်သင်ယူပြီး သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။

ယခုအချိန်မှာ‌တော့ Netflix ဟာ Legendary Entertainment နဲ့ ပူးပေါင်းပြီး My Hero Academia ဇာတ်လမ်းတွဲကို Live Action အဖြစ် ဖန်တီးသွားမယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ Alice in Borderland နဲ့ Bleach Live Action တို့ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Shinsuke Sato က ရိုက်ကူးသွားမှာ ဖြစ်ပြီး Obi-Wan Kenobi ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးဆရာ Joby Harold လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Netflix ကတော့ Anime တွေကို Live Action အဖြစ် ပြန်လည်ဖန်တီးလေ့ရှိပြီး လောလောဆယ်မှာတော့ One Piece နဲ့ Death Note တို့လို Anime တွေကိုလည်း Live Action အဖြစ် ဖန်တီးနေတာတွေ ရှိပါသေးတယ်။ ယခုနောက်ပိုင်းမှာဆိုရင် Anime ဇာတ်လမ်းတွဲတွေဟာ ယခင်ကထက် ပိုမိုနာမည်ကြီးလာပြီး စူပါဟီးရိုးဇာတ်လမ်းတွေကလည်း ပရိသတ်တွေအကြိုက် ဖြစ်နေတာကြောင့် My Hero Academia လိုမျိူး စူပါဟီးရိုးအကြောင်း ဖန်တီးထားတဲ့ Anime ဇာတ်လမ်းကလည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိသွားဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular