Celebs Update News Archives - San Yit Wine https://sanyitwine.com/category/celebs_update_news/ Sun, 29 Oct 2023 06:01:49 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Celebs Update News Archives - San Yit Wine https://sanyitwine.com/category/celebs_update_news/ 32 32 FRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန် https://sanyitwine.com/matthew-perry-has-gone/?utm_source=rss&utm_medium=rss&utm_campaign=matthew-perry-has-gone Sun, 29 Oct 2023 06:01:37 +0000 https://sanyitwine.com/?p=39144 နာမည်ကြီး sitcom ဇာတ်လမ်းတွဲ FRIENDS ထဲမှာ ဟာသတွေ အမြဲပြောတတ်တဲ့ Chandler Bing ကတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံး ကာရိုက်တာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Chandler Bing နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Matthew Perry ဟာ မနေ့က စနေနေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားပြီလို့ သိရပါတယ်။ NBC သတင်းဌာနရဲ့ ဖော်ပြချက်အရ Perry ဟာ သူ့ရဲ့ Pacific Palisades နေအိမ်မှာပဲ ရေနစ်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။ ဒီသတင်းကိုတော့ Perry ရဲ့ကိုယ်စားလှယ်နဲ့ ရဲဝန်ထမ်းတစ်ဦးက NBC ကို ပြောပြထားတာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာတော့ Perry ဟာ အသက်(၅၄)နှစ် ရှိနေပါပြီ။ တာဝန်ရှိရဲဝန်ထမ်းရဲ့ ပြောပြချက်အရ […]

The post FRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန် appeared first on San Yit Wine.

]]>
နာမည်ကြီး sitcom ဇာတ်လမ်းတွဲ FRIENDS ထဲမှာ ဟာသတွေ အမြဲပြောတတ်တဲ့ Chandler Bing ကတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံး ကာရိုက်တာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Chandler Bing နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Matthew Perry ဟာ မနေ့က စနေနေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားပြီလို့ သိရပါတယ်။

NBC သတင်းဌာနရဲ့ ဖော်ပြချက်အရ Perry ဟာ သူ့ရဲ့ Pacific Palisades နေအိမ်မှာပဲ ရေနစ်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။ ဒီသတင်းကိုတော့ Perry ရဲ့ကိုယ်စားလှယ်နဲ့ ရဲဝန်ထမ်းတစ်ဦးက NBC ကို ပြောပြထားတာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာတော့ Perry ဟာ အသက်(၅၄)နှစ် ရှိနေပါပြီ။

Photo Credit: NBC

တာဝန်ရှိရဲဝန်ထမ်းရဲ့ ပြောပြချက်အရ ဒေသတွင်းစံတော်ချိန် (4:07)မိနစ်အချိန်မှာ 911 ကို အရေးပေါ်ဖုန်းဝင်လာခဲ့တာ ဖြစ်ပြီး ရေနစ်သူကို ကယ်ဆယ်တဲ့အတိုင်း အရေးပေါ်ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Brian Humphrey ကတော့ 911 ကို ဖုန်းဝင်လာပြီးနောက် ပထမဆုံး သွားရောက်ကယ်ဆယ်ခဲ့သူတွေဟာ “water emergency”လို့သာ သိခဲ့ရပြီး ဘယ်လိုအမျိုးအစားလည်းဆိုတာ အမျိုးအမည်မသိခဲ့ရဘူးလို့ ဆိုပါတယ်။

Photo Credit: NBC

အခင်းဖြစ်ပွားရာနေရာကို လော့စ်အိန်ဂျလိစ်မြို့ရဲ့ ရဲဝန်ထမ်းတွေလည်း ရောက်လာခဲ့ပြီး ဘယ်သူ့ကိုမှတော့ ဆေးရုံကို ခေါ်ဆောင်သွားခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်လာခဲ့ပေမယ့် Perry ကို အသက်မမီတော့တာ ဖြစ်ဖို့များပါတယ်။

အဲဒီနောက်မှာတော့ high-profile မှုခင်းတွေနဲ့ ဆယ်လီတွေ ပါဝင်ပတ်သက်နေတဲ့ မှုခင်းတွေကို စုံစမ်းစစ်ဆေးနေကျ LAPD ရဲ့ လုယက်မှု၊ လူသေမှုတွေကို ကိုင်တွယ်တဲ့ဌာနဟာလည်း ရောက်ရှိလာခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှာ သေမှုသေခင်းပဲ ဖြစ်ပြီး foul play လို့ ယူဆနိုင်စရာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Photo Credit: NBC

Matthew Perry ဟာ Friends ပရိသတ်တွေရဲ့ favorite character တစ်ယောက် ဖြစ်ပြီး သူ့အသက်(၂၄)နှစ် အရွယ်မှာပဲ ဒီဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ Perry ဟာ “Friends, Lovers, and the Big Terrible Thing: A Memoir” လို့ အမည်ပေးထားတဲ့ သူ့ဘဝရဲ့ အမှတ်တရစာအုပ်တစ်အုပ်ကို ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့ပါသေးတယ်။

Perry ဟာ မူးယစ်ဆေးတွေ စွဲလမ်းဖူးသလို အသက်ကြီးလာတဲ့နောက် ကျန်းမာရေးမှာလည်း ညံ့ခဲ့ပေမယ့် အခုလို မထင်ထားဘဲ ရေနစ်ပြီး သေဆုံးရလိမ့်မယ်လို့တော့ ဘယ်သူကမှ မတွေးခဲ့မိကြပါဘူး။ လူသန်းပေါင်းများစွာကို ရယ်ရွှင်မောရအောင် ဟာသတွေနဲ့ သရုပ်ဆောင်သွားခဲ့တဲ့ Perry တစ်ယောက် ငြိမ်းချမ်းရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Glasgow

Source: nbc

The post FRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန် appeared first on San Yit Wine.

]]>
Taika Waititi ကို လက်ထပ်ခွင့် ပြန်တောင်းခဲ့တဲ့ Rita Ora https://sanyitwine.com/rita-ora-proposes-taika-waititi/?utm_source=rss&utm_medium=rss&utm_campaign=rita-ora-proposes-taika-waititi Sat, 05 Aug 2023 08:50:08 +0000 https://sanyitwine.com/?p=38934 အဆိုတော် Rita Ora နဲ့ ဒါရိုက်တာ Taika Waititi တို့ဟာ ချစ်သူဘဝကနေ တိတ်တဆိတ်ပဲ လက်ထပ်ခဲ့ကြတာကြောင့် သူတို့နှစ်ယောက်အကြောင်းကိုတော့ မီဒီယာတွေက သိပ်မသိကြသေးပါဘူး။ သို့သော်လည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာပဲ သူတို့နှစ်ယောက်ရဲ့ လူမသိသေးတဲ့ အကြောင်းအရာတွေကို ပြောပြသွားပါတယ်။ ဩဂုတ်လ(၄)ရက်နေ့မှာ ထွက်ရှိလာတဲ့ Vogue မဂ္ဂဇင်းထဲက အင်တာဗျူးမှာတော့ Rita Ora ဘက်က စတင်ပြီး Taika Waititi ကို လက်ထပ်ခွင့် တောင်းခဲ့တာလို့ ပြောပြသွားပါတယ်။ “သူက ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ကျွန်တော်ကလည်း Yes လို့ပဲ ချက်ချင်း ပြန်ဖြေခဲ့ပါတယ် … “လို့ Waititi က အင်တာဗျူးမှာ ပြောသွားပါတယ်။ သူတို့နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်က […]

The post Taika Waititi ကို လက်ထပ်ခွင့် ပြန်တောင်းခဲ့တဲ့ Rita Ora appeared first on San Yit Wine.

]]>
အဆိုတော် Rita Ora နဲ့ ဒါရိုက်တာ Taika Waititi တို့ဟာ ချစ်သူဘဝကနေ တိတ်တဆိတ်ပဲ လက်ထပ်ခဲ့ကြတာကြောင့် သူတို့နှစ်ယောက်အကြောင်းကိုတော့ မီဒီယာတွေက သိပ်မသိကြသေးပါဘူး။ သို့သော်လည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာပဲ သူတို့နှစ်ယောက်ရဲ့ လူမသိသေးတဲ့ အကြောင်းအရာတွေကို ပြောပြသွားပါတယ်။

ဩဂုတ်လ(၄)ရက်နေ့မှာ ထွက်ရှိလာတဲ့ Vogue မဂ္ဂဇင်းထဲက အင်တာဗျူးမှာတော့ Rita Ora ဘက်က စတင်ပြီး Taika Waititi ကို လက်ထပ်ခွင့် တောင်းခဲ့တာလို့ ပြောပြသွားပါတယ်။ “သူက ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ကျွန်တော်ကလည်း Yes လို့ပဲ ချက်ချင်း ပြန်ဖြေခဲ့ပါတယ် … “လို့ Waititi က အင်တာဗျူးမှာ ပြောသွားပါတယ်။

Photo: ritaora/ Instagram

သူတို့နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်က Palm Springs ကို အပန်း‌ဖြေခရီး ထွက်နေကြတုန်းမှာပဲ သူတို့အတွက် ကြီးမားတဲ့ ခြေလှမ်းကို Rita Ora ဘက်က စလှမ်းခဲ့တာလို့ သိရပါတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်ကိုတော့ လက်ထပ်ခွင့်တောင်းပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ လူနည်းနည်းလေးနဲ့ တိတ်တဆိတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“သတင်းတွေမှာ လျှောက်ရေးနေကြသလို ကျွန်တော်တို့မင်္ဂလာဆောင်ကို လန်ဒန်မှာ လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ ပြင်သစ်မှာလည်း မဟုတ်ပါဘူး။ အယ်လ်အေက ကျွန်တော်တို့အိမ်မှာ လုပ်ခဲ့တာပါ။ မင်္ဂလာဆောင်အတွက် ဖိတ်ခဲ့တဲ့ ဧည့်ပရိသတ်ကတော့ စုစုပေါင်း ရှစ်ယောက်ပဲ ရှိပါတယ်။ တကယ့် အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ မိသားစုတွေပဲ ပါခဲ့တာပါ။ ကျွန်တော်တို့ မိဘတွေကတော့ Zoom ကနေပဲ မင်္ဂလာပွဲကို တက်ခဲ့တာပါ …”လို့ ပြောပြထားပါတယ်။

Photo: ritaora/ Instagram

Taika Waititi ဟာ အသက်(၄၈)နှစ် ရှိပြီဖြစ်ပြီး အရှေ့မှာ အိမ်ထောင်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီအိမ်ထောင်နဲ့ရတဲ့ ကလေးနှစ်ယောက်လည်း ရှိပါသေးတယ်။ Rita Ora ကတော့ အသက်(၃၂)နှစ်သာ ရှိသေးပြီး အရင်ကလည်း အိမ်ထောင်မကျဖူးသေးပါဘူး။ နှစ်ယောက်ကြားမှာ အသက်(၁၆)နှစ်ခန့် ကွာဟပေမယ့် Rita Ora နဲ့ Taika Waititi တို့ရဲ့ အချစ်ရေးကတော့ အဆင်ပြေကြပုံပေါ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း တော်တော်လေး ချစ်ခင်နွေးထွေးကြပုံ ရပါတယ်။

Vancouver

Source: hollywoodlife

The post Taika Waititi ကို လက်ထပ်ခွင့် ပြန်တောင်းခဲ့တဲ့ Rita Ora appeared first on San Yit Wine.

]]>
မိုက်နဲ့ပေါက်လိုက်ပေမယ့် အရေးယူခံရမှာမဟုတ်တဲ့ Cardi B https://sanyitwine.com/cardi-b-microphone-incidence/?utm_source=rss&utm_medium=rss&utm_campaign=cardi-b-microphone-incidence Sat, 05 Aug 2023 07:33:39 +0000 https://sanyitwine.com/?p=38927 လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ Cardi B ဟာ လက်စ်ဗေးဂက်စ်က သူမရဲ့ဖျော်ဖြေပွဲမှာ ပရိသတ်တစ်ယောက်ကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်လိုက်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ သို့သော်လည်း Cardi ဟာ ဒီကိစ္စအတွက် ဘာအရေးယူမှုမှ ခံရမှာ မဟုတ်ဘူးလို့ လက်စ်ဗေးဂက်စ်မြို့ရဲ့ ရဲအရာရှိတွေက ပြောထားပါတယ်။ အသက်(၃၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် Cardi B ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၉)ရက်နေ့ကပဲ သူမရဲ့ ဖျော်ဖြေပွဲကို လာကြည့်တဲ့ ပရိသတ်တစ်ယောက်ကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အကြောင်းကတော့ အောက်က ပရိသတ်တွေထဲက တစ်ယောက်ဟာ သူမကို အမျိုးအမည်မသိရတဲ့ အရည်တစ်ခုနဲ့ လှမ်းပက်ခဲ့လို့ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်စ်ဗေးဂက်စ်မြို့ ရဲဌာနက ဩဂုတ်လ(၃)ရက်နေ့မှာ ABC သတင်းဌာနကို ပြောသွားတာ ရှိပါတယ်။ အဲဒါကတော့ Cardi […]

The post မိုက်နဲ့ပေါက်လိုက်ပေမယ့် အရေးယူခံရမှာမဟုတ်တဲ့ Cardi B appeared first on San Yit Wine.

]]>
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ Cardi B ဟာ လက်စ်ဗေးဂက်စ်က သူမရဲ့ဖျော်ဖြေပွဲမှာ ပရိသတ်တစ်ယောက်ကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်လိုက်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ သို့သော်လည်း Cardi ဟာ ဒီကိစ္စအတွက် ဘာအရေးယူမှုမှ ခံရမှာ မဟုတ်ဘူးလို့ လက်စ်ဗေးဂက်စ်မြို့ရဲ့ ရဲအရာရှိတွေက ပြောထားပါတယ်။

အသက်(၃၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် Cardi B ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၉)ရက်နေ့ကပဲ သူမရဲ့ ဖျော်ဖြေပွဲကို လာကြည့်တဲ့ ပရိသတ်တစ်ယောက်ကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အကြောင်းကတော့ အောက်က ပရိသတ်တွေထဲက တစ်ယောက်ဟာ သူမကို အမျိုးအမည်မသိရတဲ့ အရည်တစ်ခုနဲ့ လှမ်းပက်ခဲ့လို့ ဖြစ်ပါတယ်။

Photo: iamcardib/ Instagram

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်စ်ဗေးဂက်စ်မြို့ ရဲဌာနက ဩဂုတ်လ(၃)ရက်နေ့မှာ ABC သတင်းဌာနကို ပြောသွားတာ ရှိပါတယ်။ အဲဒါကတော့ Cardi B ဟာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် သံသယဖြစ်ခံခဲ့ရပေမယ့် လုံလောက်တဲ့ သက်သေအထောက်အထား မရှိတဲ့အတွက် အမှုကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း လက်စ်ဗေးဂက်စ်မြို့ ရဲဌာနက အသိပေးပြောကြားသွားတာ ဖြစ်ပါတယ်။

Cardi ပစ်ပေါက်လိုက်တဲ့ မိုက်ခရိုဖုန်းဟာ စင်အောက်က အမျိုးသမီးပရိသတ်တစ်ယောက်ကို ထိသွားပြီး ပုခုံးနေရာမှာ ထိခိုက်မိသွားတယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသမီးကတော့ ဆေးရုံမှာ သွားရောက်ပြသခဲ့ရပေမယ့် Cardi ကတော့ ဒါနဲ့ ပတ်သက်ပြီး အရေးယူမှု တစုံတရာ ခံရမှာမဟုတ်ဘူးလို့ သိရပါတယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားမိတဲ့ ဗွီဒီယိုကလစ်ဟာလည်း ဆိုရှယ်မီဒီယာမှာ ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနောက် ရက်အနည်းငယ်အကြာမှာပဲ Cardi ဟာ “ဗေးဂက်စ်မှာ ဖြစ်ခဲ့တာ ဗေးဂက်စ်မှာပဲ ကျန်ခဲ့ပြီ …” လို့ အဓိပ္ပာယ်ရတဲ့ ကပ်ပရှင်နဲ့ twerk လုပ်နေတဲ့ ဗွီဒီယိုတစ်ခုကို အင်စတာဂရမ်မှာ တင်ထားပါသေးတယ်။

Vancouver

Source: hollywoodlife

The post မိုက်နဲ့ပေါက်လိုက်ပေမယ့် အရေးယူခံရမှာမဟုတ်တဲ့ Cardi B appeared first on San Yit Wine.

]]>
အိမ်ထောင်သက်(၂)နှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ Ariana Grande https://sanyitwine.com/ariana-grande-splits-with-her-husband/?utm_source=rss&utm_medium=rss&utm_campaign=ariana-grande-splits-with-her-husband Tue, 18 Jul 2023 10:44:06 +0000 https://sanyitwine.com/?p=38866 Ariana Grande နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Dalton Gomez တို့ဟာ အိမ်ထောင်သက်တမ်း (၂)နှစ်နဲ့ လမ်းခွဲလိုက်ကြပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တကယ်တော့ အသက်(၃၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Ariana နဲ့ အသက်(၂၇)နှစ်အရွယ် Dalton တို့ဟာ ယခုနှစ်အစောပိုင်းတည်းက သပ်သပ်စီ ခွဲနေနေကြတာလို့ အတွင်းသတင်းတွေက ဆိုပါတယ်။ သူတို့လမ်းခွဲလိုက်တဲ့ သတင်းကိုတော့ TMZ သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Ariana ဟာ သူမရဲ့ Wicked ရုပ်ရှင်ကို ရိုက်ကူးဖို့ လန်ဒန်ကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ weekend မှာ Wimbledon ကွင်းက ကစားပွဲကို လာရောက်ကြည့်ရှုခဲ့တုန်းက သူမရဲ့စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ် ဝတ်ထားတာကို မတွေ့ခဲ့ရတာက ဒီသတင်း စတင်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ တကယ်တော့ […]

The post အိမ်ထောင်သက်(၂)နှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ Ariana Grande appeared first on San Yit Wine.

]]>
Ariana Grande နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Dalton Gomez တို့ဟာ အိမ်ထောင်သက်တမ်း (၂)နှစ်နဲ့ လမ်းခွဲလိုက်ကြပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တကယ်တော့ အသက်(၃၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Ariana နဲ့ အသက်(၂၇)နှစ်အရွယ် Dalton တို့ဟာ ယခုနှစ်အစောပိုင်းတည်းက သပ်သပ်စီ ခွဲနေနေကြတာလို့ အတွင်းသတင်းတွေက ဆိုပါတယ်။

သူတို့လမ်းခွဲလိုက်တဲ့ သတင်းကိုတော့ TMZ သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Ariana ဟာ သူမရဲ့ Wicked ရုပ်ရှင်ကို ရိုက်ကူးဖို့ လန်ဒန်ကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ weekend မှာ Wimbledon ကွင်းက ကစားပွဲကို လာရောက်ကြည့်ရှုခဲ့တုန်းက သူမရဲ့စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ် ဝတ်ထားတာကို မတွေ့ခဲ့ရတာက ဒီသတင်း စတင်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

တကယ်တော့ မနှစ်က ဩဂုတ်လတုန်းက သူမဟာ makeup tutorial တစ်ခု တင်ခဲ့ပြီး အဲဒီထဲမှာ လက်ထပ်လက်စွပ် မဝတ်ထားတုန်းကလည်း ကွဲပြီဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီတုန်းကတော့ Ariana ဟာ ချက်ချင်းဆိုသလိုပဲ ပြန်ဖြေရှင်းခဲ့ပါတယ်။

“ကျွန်မ လက်ထပ်လက်စွပ်ကို မဝတ်ထားတာက သန့်ရှင်းရေး လုပ်ထားလို့ပါ။ ရှင်တို့ ထင်နေသလို ကျွန်မ ကွာရှင်းတော့မှာ မဟုတ်ပါဘူး …” လို့ အဲဒီတုန်းက ပြန်ဖြေရှင်းခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလတုန်းကလည်း သူတို့ရဲ့ နှစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို Ariana က ပို့စ်တစ်ခုတင်ပြီး Dalton ကို ဘယ်လောက်ချစ်ကြောင်း ပြောခဲ့ပါသေးတယ်။ သို့သော်လည်း ယခုလို သတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ လက်ရှိအချိန်ထိ ဘာမှဖြေရှင်းတာကိုတော့ မတွေ့ရသေးပါဘူး။

Photo: arianagrande/ Instagram

အတွင်းသတင်းတွေရဲ့ အဆိုအရ ဇိမ်ခံအိမ်ခြံမြေ အကျိုးဆောင် Dalton Gomez ဟာ အလုပ်ကြိုးစားပြီး ရိုးရိုးကုပ်ကုပ် နေတတ်သူလို့ သိရပါတယ်။ သူဟာ မထင်မရှားနေရတာကိုပဲ သဘောကျပြီး လူတွေဆီက အာရုံစိုက်မှုတွေကိုလည်း မလိုချင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Dalton ဟာ တခြားဆယ်လီတွေရဲ့ အထင်ကြီးမှုကို ရရှိနိုင်တဲ့သူ မဟုတ်ပေမယ့် Ariana အတွက်တော့ ပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်နေခဲ့တယ်လို့ အတွင်းသတင်းတွေက ပြောကြပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက စတွဲခဲ့ကြတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Vancouver

Source: people

 

The post အိမ်ထောင်သက်(၂)နှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ Ariana Grande appeared first on San Yit Wine.

]]>
(၁၉)နှစ်နဲ့ ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကြီး Robert De Niro ရဲ့မြေး Leandro https://sanyitwine.com/leandro-19-robert-grandson/?utm_source=rss&utm_medium=rss&utm_campaign=leandro-19-robert-grandson Tue, 04 Jul 2023 09:16:21 +0000 https://sanyitwine.com/?p=38811 သရုပ်ဆောင်ကြီး Robert De Niro ရဲ့ မြေးတော်စပ်သူ Leandro De Niro ဟာ အသက်(၁၉)နှစ်နဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ Leandro ဟာ A Star is Born နဲ့ အခြားရုပ်ရှင်တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Leandro ကိုတော့ ၂၀၀၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Collection နဲ့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Cabaret Maxime ရုပ်ရှင်တို့မှာ သရုပ်ဆောင်ဘဝ စတင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Star is Born ရုပ်ရှင်ကတော့ သူ့အတွက် အကြီးမားဆုံး Role တစ်ခုဖြစ်ခဲ့ပြီး သူ့ရဲ့မိခင် […]

The post (၁၉)နှစ်နဲ့ ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကြီး Robert De Niro ရဲ့မြေး Leandro appeared first on San Yit Wine.

]]>
သရုပ်ဆောင်ကြီး Robert De Niro ရဲ့ မြေးတော်စပ်သူ Leandro De Niro ဟာ အသက်(၁၉)နှစ်နဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ Leandro ဟာ A Star is Born နဲ့ အခြားရုပ်ရှင်တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Leandro ကိုတော့ ၂၀၀၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Collection နဲ့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Cabaret Maxime ရုပ်ရှင်တို့မှာ သရုပ်ဆောင်ဘဝ စတင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Star is Born ရုပ်ရှင်ကတော့ သူ့အတွက် အကြီးမားဆုံး Role တစ်ခုဖြစ်ခဲ့ပြီး သူ့ရဲ့မိခင် Drena De Niro နဲ့အတူ Leo နဲ့ Paulette သားအမိအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ Drena De Niro ဟာ သူမရဲ့သား ကွယ်လွန်သွားတဲ့အကြောင်း အင်စတာဂရမ်ပေါ်မှာ အသိပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ မင်းသားကြီး Robert De Niro ဟာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး Variety သတင်းဌာနကို ပြောပြခဲ့ပါတယ်။

မင်းသားကြီး Robert De Niro ကလည်း အင်စတာဂရမ်ပေါ်မှာ ဒီအကြောင်းကို အသိပေးထားပြီး “ကျွန်တော့်မြေးလေး ဆုံးသွားလို့ အတော်လေး ခံစားနေရပါတယ်။ လူတိုင်းရဲ့ စာနာမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ Leo ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းကြေကွဲဖို့ ကျွန်တော်တို့ကို Privacy တော့ ထားပေးပါ …” လို့ပြောထားပါတယ်။ လောလောဆယ်အထိတော့ Leandro ဟာ ဘာကြောင့် ကွယ်လွန်သွားတယ်ဆိုတာ မသိရသေးပါဘူး။

 

View this post on Instagram

 

A post shared by Drena (@drenadeniro)

ဒီသတင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ဟောလိဝုဒ်လောက,ကလည်း Leandro အတွက် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ပြောခဲ့ကြပါတယ်။ Leandro ဟာ မင်းသားကြီး Robert De Niro ရဲ့မြေးလည်း ဖြစ်သလို သရုပ်ဆောင်ဘဝကိုလည်း စတင်နေပြီ ဖြစ်တာကြောင့် သူ့အတွက် တက်လမ်းတွေများစွာ ရှိနေပါတယ်။ ဒါကြောင့်ပဲ ယခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတာဟာ Robert De Niro တို့ မိသားစုအတွက်ရော ဟောလိဝုဒ်လောကအတွက်ပါ နှမျောစရာတစ်ခု ဖြစ်ပါတယ်။

Legos

Source: Screenrant

The post (၁၉)နှစ်နဲ့ ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကြီး Robert De Niro ရဲ့မြေး Leandro appeared first on San Yit Wine.

]]>
လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရထားတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ Tenoch Huerta https://sanyitwine.com/tenoch-huerta-seualall-egations/?utm_source=rss&utm_medium=rss&utm_campaign=tenoch-huerta-seualall-egations Tue, 13 Jun 2023 11:48:42 +0000 https://sanyitwine.com/?p=38703 Black Panther: Wakanda Forever ထဲမှာ Namor အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Tenoch Huerta ကိုတော့ Saxophone တီးမှုတ်သူ Maria Elena က လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲထားပါတယ်။ Tenoch ကတော့ Sin nombre ၊ Narcos: Mexico နဲ့ The Forever Purge ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး Black Panther 2 ထဲမှာ သရုပ်ဆောင်ပြီးနောက်ပိုင်း ပိုမိုအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ Tenoch ကိုတော့ ၂၀၂၅ ခုနှစ်မှာ ထွက်လာမယ့် Avengers: The Kang Dynasty မှာ Namor အဖြစ် ပြန်လည်ပါဝင်လာဖို့ မျှော်လင့်ထားကြပေမယ့်လည်း ယခုကိစ္စတွေ ဖြစ်လာတာကြောင့် အနာဂတ်ကတော့ […]

The post လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရထားတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ Tenoch Huerta appeared first on San Yit Wine.

]]>
Black Panther: Wakanda Forever ထဲမှာ Namor အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Tenoch Huerta ကိုတော့ Saxophone တီးမှုတ်သူ Maria Elena က လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲထားပါတယ်။

Tenoch ကတော့ Sin nombre ၊ Narcos: Mexico နဲ့ The Forever Purge ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး Black Panther 2 ထဲမှာ သရုပ်ဆောင်ပြီးနောက်ပိုင်း ပိုမိုအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ Tenoch ကိုတော့ ၂၀၂၅ ခုနှစ်မှာ ထွက်လာမယ့် Avengers: The Kang Dynasty မှာ Namor အဖြစ် ပြန်လည်ပါဝင်လာဖို့ မျှော်လင့်ထားကြပေမယ့်လည်း ယခုကိစ္စတွေ ဖြစ်လာတာကြောင့် အနာဂတ်ကတော့ မရေမရာ ဖြစ်နေပါတယ်။

photo credit Marvel Studios

မကြာသေးခင်ကပဲ Maria Elena ဆိုတဲ့အမျိုးသမီးက Tenoch ကို လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခဲ့ကြောင်း မက္ကစီကို သတင်းဌာနတစ်ခုဖြစ်တဲ့ Reforma က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Maria ဟာ Poder Prieto ဆိုတဲ့ အဖွဲ့ဟာလည်း သူမကိုပေးရမယ့် ငွေကြေးတွေ မပေးဘူးလို့ စွပ်စွဲထားပါသေးတယ်။

Poder Prieto ကတော့ သရုပ်ဆောင်တွေ၊ မီဒီယာတွေနဲ့ နာမည်ကြီးတွေ စုပေါင်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး Entertainment Industry အတွင်းက လူမျိုးရေးခွဲခြားမှုတွေကို တိုက်ဖျက်ဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ Tenoch ကလည်း ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Tenoch ဟာ လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခံထားရတဲ့အပေါ် အင်စတာဂရမ်ကနေ ပြန်လည်တုံ့ပြန်ထားပါတယ်။

“ကျွန်တော့်ကို စွပ်စွဲထားတဲ့ မှားယွင်းပြီး သက်သေမရှိတဲ့ စွပ်စွဲချက်က တောမီးလိုပဲ ပြန့်သွားပါတယ်။ ဒါကို ဒီတိုင်းဆက်ပြီး ကြည့်မနေနိုင်တော့ပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော် Elena နဲ့ လအနည်းငယ် တွဲခဲ့ပါတယ်။ အဲဒီတုန်းက နှစ်ဦးသဘောတူပဲ တွဲခဲ့တာပါ။ ဒါကို တခြားလူတွေလည်း သက်သေခံပေးနိုင်ပါတယ်။ တွဲခဲ့တဲ့တစ်ချိန်လုံးမှာ ချစ်ခင်နွေးထွေးပြီး အပြန်အလှန် Support ဖြစ်တဲ့ Relationship ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြတ်ပြီးသွားတော့ Elena က ကျွန်တော့်ရဲ့ Private အချိန်မှာရော မိတ်ဆွေတွေရှေ့မှာပါ အနှောင့်အယှက်ပေးခဲ့ပါတယ် …”

“အဲဒါနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော်လည်း တာဝန်ရှိသူတွေဆီသွားပြီး ကျွန်တော့်ရဲ့ ဂုဏ်သတင်းကို ကာကွယ်ပေးဖို့ သင့်တော်တဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ထိခိုက်မှုတွေအများကြီး ဖြစ်လာနိုင်တဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကိုရောပေါ့ …”

“ကျွန်တော်ကလည်း ပြီးပြည့်စုံနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစွပ်စွဲချက်တွေကတော့ လုံးဝကို အမှန်မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် တိုးတက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီစွပ်စွဲချက်တွေက မှားယွင်းပြီး ကျွန်တော့်ကို စော်ကားသလို ဖြစ်နေတယ် ဆိုတာကိုတော့ သက်သေပြဖို့ လိုပါတယ် …”

“ပြီးတော့ အချက်အလက်တွေကို သေချာမကြည့်ဘဲ အလွယ်ကောက်ချက်ချတာမျိူး မလုပ်ခဲ့တဲ့ ကျွန်တော့်ကို Support ပေးနေတဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် …”

 

photo credit Marvel Studios

Tenoch ကတော့ ယခုလိုမျိူး လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရတဲ့ ဒုတိယမြောက် MCU သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ Kang နေရာမှာ သရုပ်ဆောင်ထားတဲ့ Jonathan Major ဟာလည်း မကြာသေးခင်ကပဲ လိင်အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရပြီး သူ့ရဲ့အနာဂတ်ဟာလည်း မရေမရာဖြစ်နေပါတယ်။ Tenoch ကလည်း Jonathan Major လိုပဲ ဖြစ်လာပြီး သူတို့ရဲ့ အမှုကိစ္စဟာလည်း ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

Legos

Source: Screenrant

The post လိင်အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရထားတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ Tenoch Huerta appeared first on San Yit Wine.

]]>
Subscriber (၄)သန်းဆုံးရှုံးမှုကြောင့် Disney+ကို ပြောင်းလဲတော့မယ့် Disney https://sanyitwine.com/subscriber-4mils-loss-disneypluschanges/?utm_source=rss&utm_medium=rss&utm_campaign=subscriber-4mils-loss-disneypluschanges Sat, 13 May 2023 07:01:35 +0000 https://sanyitwine.com/?p=38488 Disney+ ဟာ Indian Premier League Cricket ကိုပြသခွင့် ဆုံးရှုံးသွားတာကြောင့် Subscriber လေးသန်းခန့် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ Disney ရဲ့ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ CFO ဖြစ်တဲ့ Christine McCarthy ကတော့ Disney+ နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ Christine ဟာ Disney+ ရဲ့ ရှိပြီးသား Content တွေထဲက အချို့ကို ထုတ်ပစ်တော့မယ့်အပြင် Content အသစ်တွေကိုလည်း ပုံမှန်ထက်လျှော့ပြီး ဖန်တီးသွားမယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ MCU ကလည်း သူတို့ရဲ့ Disney+ Show တွေကို အရင်လိုမျိူး တစ်နှစ်အတွင်းမှာ အရေအတွက်များများ မထုတ်တော့ဘဲ Quality […]

The post Subscriber (၄)သန်းဆုံးရှုံးမှုကြောင့် Disney+ကို ပြောင်းလဲတော့မယ့် Disney appeared first on San Yit Wine.

]]>
Disney+ ဟာ Indian Premier League Cricket ကိုပြသခွင့် ဆုံးရှုံးသွားတာကြောင့် Subscriber လေးသန်းခန့် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ Disney ရဲ့ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ CFO ဖြစ်တဲ့ Christine McCarthy ကတော့ Disney+ နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

photo credit Disney+

Christine ဟာ Disney+ ရဲ့ ရှိပြီးသား Content တွေထဲက အချို့ကို ထုတ်ပစ်တော့မယ့်အပြင် Content အသစ်တွေကိုလည်း ပုံမှန်ထက်လျှော့ပြီး ဖန်တီးသွားမယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ MCU ကလည်း သူတို့ရဲ့ Disney+ Show တွေကို အရင်လိုမျိူး တစ်နှစ်အတွင်းမှာ အရေအတွက်များများ မထုတ်တော့ဘဲ Quality ထိန်းသွားမယ်လို့ ကြေညာထားပါတယ်။ Disney ကလည်း Disney+ မှာ Content အသစ်တွေ လျှော့ပြီးထုတ်မယ်လို့ ကြေညာလိုက်တာကြောင့် နောက်ပိုင်းမှာတော့ အရင်ထက် Quality ပိုကောင်းတဲ့ Disney+ Show တွေကို မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် ယခုလို Subscriber တွေ ကျဆင်းသွားတာကြောင့် Disney+ ရဲ့ လစဉ်ကြေးကိုလည်း ဈေးတက်သွားဦးမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ Disney+ ရဲ့ Ad-Free Service ဟာ တစ်လကို (၁၀.၉၉)ဒေါ်လာ ကျသင့်ပြီး Ad-Supported Service ကတော့ တစ်လကို (၇.၉၉)ဒေါ်လာ ကျသင့်နေပါတယ်။ ဈေးတက်သွားမှာကတော့ Ad-Free Service ဖြစ်ပြီး ဘယ်လောက် ပမာဏတိုးသွားမလည်း ဆိုတာတော့ မကြေညာသေးပါဘူး။

ဒါတင်မကသေးဘဲ Disney+ နဲ့ Hulu တို့ ပေါင်းစပ်သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီ Streaming Platform နှစ်ခုရဲ့ ပေါင်းစည်းမှုဟာ Warner Bros. နဲ့ Discovery တို့ ပေါင်းစပ်ခဲ့သလိုမျိူးတော့ မဟုတ်ပါဘူး။ တကယ်တော့ Hulu ရဲ့ရှယ်ယာ (၆၇)%ကို Disney က ပိုင်ဆိုင်ပြီးသားဖြစ်ပြီး Disney+ နဲ့ Hulu တို့ရဲ့ Content တွေအားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုနိုင်မယ့် App အသစ်ကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

The post Subscriber (၄)သန်းဆုံးရှုံးမှုကြောင့် Disney+ကို ပြောင်းလဲတော့မယ့် Disney appeared first on San Yit Wine.

]]>
Writer Strike ဖြစ်နေပေမယ့် ဇာတ်ညွှန်းရေးဆရာတွေကို ဖိအားပေးနေတဲ့စတူဒီယိုကြီးများ https://sanyitwine.com/writers-strike-diseny-hbo-demands/?utm_source=rss&utm_medium=rss&utm_campaign=writers-strike-diseny-hbo-demands Sat, 06 May 2023 09:15:41 +0000 https://sanyitwine.com/?p=38417 Disney နဲ့ HBO တို့လို စတူဒီယိုကြီးတွေဟာ Writers Strike ဖြစ်နေတာတောင် ဇာတ်ညွှန်းရေးဆရာတွေကို ဆက်အလုပ်လုပ်ဖို့ ဖိအားပေး စာတွေပို့ခဲ့ကြတယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းရေးဆရာ အဖွဲ့အစည်းဖြစ်တဲ့ Writer’s Guild of America ကတော့ မေလ(၂)ရက်နေ့မှာ စတင်ပြီး ရုပ်ရှင်စတူဒီယိုကြီးတွေကို သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲအများစုဟာလည်း ရိုက်ကူးရေး ရပ်နားထားရပါတယ်။ ဒါ့အပြင် WGA အဖွဲ့အစည်းအတွက် လက်ခံနိုင်တဲ့ ညှိုနှိုင်းမှုတစ်ခု မရမချင်း ဆက်လက်ဆန္ဒပြနေဦးမယ်လို့ ဆိုပါတယ်။ WGA ကတော့ အခြေခံလစာ တိုးမြှင့်ဖို့နဲ့ အလုပ်အကိုင် ခိုင်မာမှုတို့ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မေလ (၃)ရက်နေ့မှာတော့ Disney စတူဒီယိုဟာ WGA အစည်းအရုံးအဖွဲ့ဝင် Showrunner တွေကို […]

The post Writer Strike ဖြစ်နေပေမယ့် ဇာတ်ညွှန်းရေးဆရာတွေကို ဖိအားပေးနေတဲ့စတူဒီယိုကြီးများ appeared first on San Yit Wine.

]]>
Disney နဲ့ HBO တို့လို စတူဒီယိုကြီးတွေဟာ Writers Strike ဖြစ်နေတာတောင် ဇာတ်ညွှန်းရေးဆရာတွေကို ဆက်အလုပ်လုပ်ဖို့ ဖိအားပေး စာတွေပို့ခဲ့ကြတယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းရေးဆရာ အဖွဲ့အစည်းဖြစ်တဲ့ Writer’s Guild of America ကတော့ မေလ(၂)ရက်နေ့မှာ စတင်ပြီး ရုပ်ရှင်စတူဒီယိုကြီးတွေကို သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲအများစုဟာလည်း ရိုက်ကူးရေး ရပ်နားထားရပါတယ်။ ဒါ့အပြင် WGA အဖွဲ့အစည်းအတွက် လက်ခံနိုင်တဲ့ ညှိုနှိုင်းမှုတစ်ခု မရမချင်း ဆက်လက်ဆန္ဒပြနေဦးမယ်လို့ ဆိုပါတယ်။ WGA ကတော့ အခြေခံလစာ တိုးမြှင့်ဖို့နဲ့ အလုပ်အကိုင် ခိုင်မာမှုတို့ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မေလ (၃)ရက်နေ့မှာတော့ Disney စတူဒီယိုဟာ WGA အစည်းအရုံးအဖွဲ့ဝင် Showrunner တွေကို အလုပ်ပြန်လုပ်ဖို့ စာပို့ခဲ့တယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ HBO/ HBO Max နဲ့ CBS Studios အပါအဝင် အခြားသော စတူဒီယိုတွေဟာလည်း သပိတ်မှောက်နေကြတဲ့ ဇာတ်ညွှန်းရေးဆရာတွေအပေါ် ဖိအားပေးနေကြတယ်လို့ သိရပါတယ်။ အဲဒီလိုဖိအားပေးနေတဲ့ မက်ဆေ့ချ်တွေကတော့ မကြာသေးခင်ကပဲ ထွက်ပေါ်လာခဲ့ပါတယ်။

 

“မင်းတို့ကို Showrunner ဒါမဟုတ် writer-Producer အနေနဲ့ နောက်တစ်ခါထပ်ပြောချင်တယ်။ WGA strike ဖြစ်လာတာနဲ့ပဲ မင်းတို့ကို အလုပ်ထုတ်လိုက်တာ မဟုတ်ဘူးနော်။ စတူဒီယိုနဲ့ လုပ်ထားတဲ့ သဘောတူညီချက်တွေအရ မင်းတို့တွေ ပြန်ပြီးအလုပ်လုပ်ဖို့ လိုအပ်တယ်။

Strike ကာလအတွင်းမှာ ပြန်ပြီးအလုပ်လုပ်လို့ WGA က မင်းတို့ကို ဒဏ်ငွေရိုက်ဖို့ ကြိုးစားရင်တောင် ကိုယ်နဲ့သက်ဆိုင်ရာ ပရောဂျက်တွေမှာ ပြန်ပြီးအလုပ်လုပ်ရမှာပဲ။

စတူဒီယိုဘက်က မင်းတို့ကို အလုပ်ကနေ ရပ်နားထားတယ်၊ ထုတ်လိုက်တယ်လို့ မပြောမချင်း မင်းတို့အလုပ်က နားနေလို့မရဘူးလေ။ စတူဒီယိုက WGA Strike အတွင်းမှာလည်း ထုတ်လုပ်ရေးတွေ ဆက်လုပ်ဖို့ စီစဉ်ထားပြီးသား … ပြီးတော့ ငါတို့မှာ တရားဝင်လုပ်ပိုင်ခွင့်လည်း ရှိတယ် …” လို့ Disney စတူဒီယိုက သူ့ရဲ့ဇာတ်ညွှန်းရေးဆရာတွေကို ပြောထားပါတယ်။

HBO ကလည်း မေလ(၂)ရက်နေ့မှာ အလားတူစာမျိူး ပေးပို့ခဲ့ပြီး “WGA Strike ကြောင့် စာချုပ်ထဲမှာ သဘောတူညီထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ရင် HBO/HBO Max ကလည်း လစာဆက်ပြီး ပေးနေမှာ မဟုတ်ဘူး …” လို့ ဆိုပါတယ်။ WGA Strike ကတော့ စတင်တာ တစ်ပတ်တောင် မပြည့်သေးပေမယ့် ပရောဂျက်အများအပြားအပေါ် သက်ရောက်မှု ရှိနေပါတယ်။ ဒါ့အပြင် WGA Striker တွေဟာ Marvel ရဲ့ Wonder Man ဇာတ်လမ်းတွဲ ရိုက်ကွင်းကိုလည်း ဖျက်သိမ်းပေးဖို့ ကြိုးစားနေကြသလို Disney ဘက်ကတော့ ဒီလိုရပ်နားထားရတာကြောင့် တစ်ရက်ကို ဒေါ်လာ (၂)သိန်းလောက် ကုန်ကျနေတယ်လို့ သိရပါတယ်။

WGA Strike ဟာ (၁၅)နှစ်အတွင်းမှာ အကြီးမားဆုံးဖြစ်ပြီး နောက်ဆုံးဖြစ်ခဲ့တဲ့ Strike ကတော့ (၂၀၀၇-၂၀၀၈) တုန်းက ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ အခြားသော ရုပ်ရှင်လောကသားတွေကပါ ဇာတ်ညွှန်းရေးဆရာတွေဘက်နေ ဆန္ဒပြခဲ့ပြီး အဲဒီ Strike ဟာ သုံးလကျော်ကျော် ကြာမြင့်ခဲ့ပါတယ်။ ယခု WGA Strike ကတော့ ဘယ်လောက်အထိ ကြာမြင့်သွားမလည်းဆိုတာ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

The post Writer Strike ဖြစ်နေပေမယ့် ဇာတ်ညွှန်းရေးဆရာတွေကို ဖိအားပေးနေတဲ့စတူဒီယိုကြီးများ appeared first on San Yit Wine.

]]>
တရားရင်မဆိုင်ရသေးခင်မှာပဲ အမှုတွေ ထပ်တိုးလာတဲ့ Jonathan Majors https://sanyitwine.com/jonathan-majors-more-allegedabuse/?utm_source=rss&utm_medium=rss&utm_campaign=jonathan-majors-more-allegedabuse Thu, 20 Apr 2023 05:19:55 +0000 https://sanyitwine.com/?p=38243 သရုပ်ဆောင် Jonathan Majors ကတော့ မကြာခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အမှုတွေနဲ့ တရားရင်ဆိုင်နေရချိန်မှာပဲ နောက်ထပ်အမှုတွေ ထပ်မံတိုးလာခဲ့ပါတယ်။ Jonathan Majors ကတော့ Ant-Man 3 နဲ့ Creed 3 တို့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ အမျိူးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မိတာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ Jonathan ရဲ့ ရှေ့နေတွေကတော့ သူ့မှာ အပြစ်မရှိပါဘူးလို့ ငြင်းထားကြပေမယ့် ဒီကိစ္စတွေကြောင့်ပဲ Jonathan ပါဝင်လာဖို့ စီစဉ်ထားတဲ့ ပရောဂျက်အသစ်တွေကနေ ထုတ်ပစ်လိုက်ကြပါပြီ။ ယခုအချိန်မှာတော့ Jonathan ရဲ့ Abuse လုပ်မှုကို ခံခဲ့ရတယ်ဆိုတဲ့ အခြားသောလူတွေလည်း ထပ်မံထွက်ပေါ်လာပြီး Manhattan District Attorney ရုံးနဲ့ အမှုမှန်ပေါ်လာဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ […]

The post တရားရင်မဆိုင်ရသေးခင်မှာပဲ အမှုတွေ ထပ်တိုးလာတဲ့ Jonathan Majors appeared first on San Yit Wine.

]]>
သရုပ်ဆောင် Jonathan Majors ကတော့ မကြာခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အမှုတွေနဲ့ တရားရင်ဆိုင်နေရချိန်မှာပဲ နောက်ထပ်အမှုတွေ ထပ်မံတိုးလာခဲ့ပါတယ်။ Jonathan Majors ကတော့ Ant-Man 3 နဲ့ Creed 3 တို့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ အမျိူးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မိတာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ Jonathan ရဲ့ ရှေ့နေတွေကတော့ သူ့မှာ အပြစ်မရှိပါဘူးလို့ ငြင်းထားကြပေမယ့် ဒီကိစ္စတွေကြောင့်ပဲ Jonathan ပါဝင်လာဖို့ စီစဉ်ထားတဲ့ ပရောဂျက်အသစ်တွေကနေ ထုတ်ပစ်လိုက်ကြပါပြီ။

photo credit Warner Bros. Pictures

ယခုအချိန်မှာတော့ Jonathan ရဲ့ Abuse လုပ်မှုကို ခံခဲ့ရတယ်ဆိုတဲ့ အခြားသောလူတွေလည်း ထပ်မံထွက်ပေါ်လာပြီး Manhattan District Attorney ရုံးနဲ့ အမှုမှန်ပေါ်လာဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ ဒီလိုထပ်မံပေါ်ထွက်လာတဲ့ Victim တွေက ဘယ်သူ ဆိုတာနဲ့ သူတို့ရဲ့ စွပ်စွဲချက်တွေက ဘာလည်း ဆိုတာတွေကိုတော့ သေချာမသိရသေးပါဘူး။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Jonathan ရဲ့ ရှေ့နေ Priya Chaudhry ကတော့ အောက်ပါအတိုင်းပဲ ပြောခဲ့ပါတယ်။

“jonathan majors က အပြစ်မရှိပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း Abuse မလုပ်ခဲ့ဖူးပါဘူး။ ဒီစွပ်စွဲချက်တွေက အမှားတွေဆိုတာကို ငြင်းလို့မရတဲ့ သက်သေတွေနဲ့ ရှေ့နေရုံးချုပ်ကို တင်ပြထားပါတယ်။ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မယ်ဆိုတာ ယုံကြည်ပါတယ်။”

photo credit Marvel Studios

Jonathan Majors ကတော့ လာမယ့် မေလ (၈)ရက်နေ့မှာ ဒီအမှုတွေနဲ့ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Jonathan Majors ရဲ့ ရှေ့နေ Priya Chaudhry ကလည်း Jonathan အပြစ်မရှိကြောင်း ပြသနေတဲ့ ဗီဒီယိုသက်သေ ရှိပါတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ Jonathan အတွက် ခက်ခဲတဲ့ ကာလတစ်ခု ဖြစ်နေပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

The post တရားရင်မဆိုင်ရသေးခင်မှာပဲ အမှုတွေ ထပ်တိုးလာတဲ့ Jonathan Majors appeared first on San Yit Wine.

]]>
အသစ်ထွက်လာမယ့် ပရောဂျက်တွေကနေ အထုတ်ခံလိုက်ရတဲ့ Jonathan Majors https://sanyitwine.com/jonathan-majors-dropped-from-a-movie/?utm_source=rss&utm_medium=rss&utm_campaign=jonathan-majors-dropped-from-a-movie Wed, 19 Apr 2023 08:20:47 +0000 https://sanyitwine.com/?p=38227 MCU နဲ့ Creed Franchise တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Jonathan Majors ဟာ ပြီးခဲ့တဲ့လမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကြောင့် ယခုဆိုရင်တော့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ Creed 3 နဲ့ Ant-Man and the Wasp: Quantumania တို့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ Jonathan Majors ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတ ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ အမျိူးသမီးတစ်ယောက်ကို အကြမ်းဖက်ခဲ့တယ်လို့ဆိုပြီး အဲဒီအမျိူးသမီးကလည်း ဦးခေါင်းနဲ့ လည်ပင်းတွေမှာ ဒဏ်ရာအသေးစား ရရှိပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ Jonathan Majors ရဲ့ ကိုယ်စားလှယ်တွေကတော့ သူ့မှာအပြစ်မရှိကြောင်း ပြောဆိုထားပေမယ့် မကြာခင်ကပဲ သူ့ရဲ့ မန်နေဂျာနဲ့ The Lede Company […]

The post အသစ်ထွက်လာမယ့် ပရောဂျက်တွေကနေ အထုတ်ခံလိုက်ရတဲ့ Jonathan Majors appeared first on San Yit Wine.

]]>
MCU နဲ့ Creed Franchise တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Jonathan Majors ဟာ ပြီးခဲ့တဲ့လမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကြောင့် ယခုဆိုရင်တော့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ Creed 3 နဲ့ Ant-Man and the Wasp: Quantumania တို့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ Jonathan Majors ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတ ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ အမျိူးသမီးတစ်ယောက်ကို အကြမ်းဖက်ခဲ့တယ်လို့ဆိုပြီး အဲဒီအမျိူးသမီးကလည်း ဦးခေါင်းနဲ့ လည်ပင်းတွေမှာ ဒဏ်ရာအသေးစား ရရှိပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

photo credit Marvel Studios

Jonathan Majors ရဲ့ ကိုယ်စားလှယ်တွေကတော့ သူ့မှာအပြစ်မရှိကြောင်း ပြောဆိုထားပေမယ့် မကြာခင်ကပဲ သူ့ရဲ့ မန်နေဂျာနဲ့ The Lede Company ၊ Entertainment 360 တို့ဟာ Jonathan နဲ့ လက်တွဲဖြုတ်သွားကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုအချိန်မှာလည်း Jonathan ဟာ သူပါဝင်ဖို့ သဘောတူထားတဲ့ ပရောဂျက်အချို့ကနေပါ ထုတ်ပယ်ခံလိုက်ရပါပြီ။

အသစ်ထွက်ရှိလာမယ့် The Man in My Basement ရုပ်ရှင်၊ အဆိုတော် Otis Redding ရဲ့ Biopic အပြင် Texas Rangers တွေအတွက် ကြော်ငြာကမ်ပိန်းတွေကနေပါ ထုတ်ပယ်ခံလိုက်ရတယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် The Man in My Basement ရုပ်ရှင်ဟာ Jonathan ရဲ့ဇာတ်ကောင်အတွက် လူစားထိုးဖို့တောင် ရှာနေပြီလို့ သိရပါတယ်။

photo credit Warner Bros. Pictures

ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ Jonathan ရဲ့ MCU အနာဂတ်ဟာလည်း မရေမရာတွေ ဖြစ်လာပါပြီ။ လောလောဆယ်အထိတော့ Marvel Studios ဟာ Jonathan နေရာမှာ လူစားထိုးဖို့အတွက် ဆွေးနွေးတာမျိူး မရှိသေးဘူးလို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ Jonathan ကတော့ လာမယ့် မေလ (၈)ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး Marvel Studios က Jonathan နေရာမှာ လူစားထိုးမထိုး ဆိုတာကတော့ အဲဒီတရားရင်ဆိုင်မှုတွေရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

The post အသစ်ထွက်လာမယ့် ပရောဂျက်တွေကနေ အထုတ်ခံလိုက်ရတဲ့ Jonathan Majors appeared first on San Yit Wine.

]]>