HomeCelebs Update NewsInternationalတရားရင်မဆိုင်ရသေးခင်မှာပဲ အမှုတွေ ထပ်တိုးလာတဲ့ Jonathan Majors

တရားရင်မဆိုင်ရသေးခင်မှာပဲ အမှုတွေ ထပ်တိုးလာတဲ့ Jonathan Majors

သရုပ်ဆောင် Jonathan Majors ကတော့ မကြာခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အမှုတွေနဲ့ တရားရင်ဆိုင်နေရချိန်မှာပဲ နောက်ထပ်အမှုတွေ ထပ်မံတိုးလာခဲ့ပါတယ်။ Jonathan Majors ကတော့ Ant-Man 3 နဲ့ Creed 3 တို့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ အမျိူးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မိတာကြောင့် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ Jonathan ရဲ့ ရှေ့နေတွေကတော့ သူ့မှာ အပြစ်မရှိပါဘူးလို့ ငြင်းထားကြပေမယ့် ဒီကိစ္စတွေကြောင့်ပဲ Jonathan ပါဝင်လာဖို့ စီစဉ်ထားတဲ့ ပရောဂျက်အသစ်တွေကနေ ထုတ်ပစ်လိုက်ကြပါပြီ။

photo credit Warner Bros. Pictures

ယခုအချိန်မှာတော့ Jonathan ရဲ့ Abuse လုပ်မှုကို ခံခဲ့ရတယ်ဆိုတဲ့ အခြားသောလူတွေလည်း ထပ်မံထွက်ပေါ်လာပြီး Manhattan District Attorney ရုံးနဲ့ အမှုမှန်ပေါ်လာဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ ဒီလိုထပ်မံပေါ်ထွက်လာတဲ့ Victim တွေက ဘယ်သူ ဆိုတာနဲ့ သူတို့ရဲ့ စွပ်စွဲချက်တွေက ဘာလည်း ဆိုတာတွေကိုတော့ သေချာမသိရသေးပါဘူး။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Jonathan ရဲ့ ရှေ့နေ Priya Chaudhry ကတော့ အောက်ပါအတိုင်းပဲ ပြောခဲ့ပါတယ်။

“jonathan majors က အပြစ်မရှိပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း Abuse မလုပ်ခဲ့ဖူးပါဘူး။ ဒီစွပ်စွဲချက်တွေက အမှားတွေဆိုတာကို ငြင်းလို့မရတဲ့ သက်သေတွေနဲ့ ရှေ့နေရုံးချုပ်ကို တင်ပြထားပါတယ်။ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မယ်ဆိုတာ ယုံကြည်ပါတယ်။”

photo credit Marvel Studios

Jonathan Majors ကတော့ လာမယ့် မေလ (၈)ရက်နေ့မှာ ဒီအမှုတွေနဲ့ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Jonathan Majors ရဲ့ ရှေ့နေ Priya Chaudhry ကလည်း Jonathan အပြစ်မရှိကြောင်း ပြသနေတဲ့ ဗီဒီယိုသက်သေ ရှိပါတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ Jonathan အတွက် ခက်ခဲတဲ့ ကာလတစ်ခု ဖြစ်နေပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular