HomeCelebs Update NewsInternationalမိုက်နဲ့ပေါက်လိုက်ပေမယ့် အရေးယူခံရမှာမဟုတ်တဲ့ Cardi B

မိုက်နဲ့ပေါက်လိုက်ပေမယ့် အရေးယူခံရမှာမဟုတ်တဲ့ Cardi B

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ Cardi B ဟာ လက်စ်ဗေးဂက်စ်က သူမရဲ့ဖျော်ဖြေပွဲမှာ ပရိသတ်တစ်ယောက်ကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်လိုက်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ သို့သော်လည်း Cardi ဟာ ဒီကိစ္စအတွက် ဘာအရေးယူမှုမှ ခံရမှာ မဟုတ်ဘူးလို့ လက်စ်ဗေးဂက်စ်မြို့ရဲ့ ရဲအရာရှိတွေက ပြောထားပါတယ်။

အသက်(၃၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် Cardi B ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၉)ရက်နေ့ကပဲ သူမရဲ့ ဖျော်ဖြေပွဲကို လာကြည့်တဲ့ ပရိသတ်တစ်ယောက်ကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အကြောင်းကတော့ အောက်က ပရိသတ်တွေထဲက တစ်ယောက်ဟာ သူမကို အမျိုးအမည်မသိရတဲ့ အရည်တစ်ခုနဲ့ လှမ်းပက်ခဲ့လို့ ဖြစ်ပါတယ်။

Photo: iamcardib/ Instagram

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်စ်ဗေးဂက်စ်မြို့ ရဲဌာနက ဩဂုတ်လ(၃)ရက်နေ့မှာ ABC သတင်းဌာနကို ပြောသွားတာ ရှိပါတယ်။ အဲဒါကတော့ Cardi B ဟာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် သံသယဖြစ်ခံခဲ့ရပေမယ့် လုံလောက်တဲ့ သက်သေအထောက်အထား မရှိတဲ့အတွက် အမှုကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း လက်စ်ဗေးဂက်စ်မြို့ ရဲဌာနက အသိပေးပြောကြားသွားတာ ဖြစ်ပါတယ်။

Cardi ပစ်ပေါက်လိုက်တဲ့ မိုက်ခရိုဖုန်းဟာ စင်အောက်က အမျိုးသမီးပရိသတ်တစ်ယောက်ကို ထိသွားပြီး ပုခုံးနေရာမှာ ထိခိုက်မိသွားတယ်လို့ ဆိုပါတယ်။ အဆိုပါအမျိုးသမီးကတော့ ဆေးရုံမှာ သွားရောက်ပြသခဲ့ရပေမယ့် Cardi ကတော့ ဒါနဲ့ ပတ်သက်ပြီး အရေးယူမှု တစုံတရာ ခံရမှာမဟုတ်ဘူးလို့ သိရပါတယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားမိတဲ့ ဗွီဒီယိုကလစ်ဟာလည်း ဆိုရှယ်မီဒီယာမှာ ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနောက် ရက်အနည်းငယ်အကြာမှာပဲ Cardi ဟာ “ဗေးဂက်စ်မှာ ဖြစ်ခဲ့တာ ဗေးဂက်စ်မှာပဲ ကျန်ခဲ့ပြီ …” လို့ အဓိပ္ပာယ်ရတဲ့ ကပ်ပရှင်နဲ့ twerk လုပ်နေတဲ့ ဗွီဒီယိုတစ်ခုကို အင်စတာဂရမ်မှာ တင်ထားပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular