HomeCelebs Update NewsInternationalTaika Waititi ကို လက်ထပ်ခွင့် ပြန်တောင်းခဲ့တဲ့ Rita Ora

Taika Waititi ကို လက်ထပ်ခွင့် ပြန်တောင်းခဲ့တဲ့ Rita Ora

အဆိုတော် Rita Ora နဲ့ ဒါရိုက်တာ Taika Waititi တို့ဟာ ချစ်သူဘဝကနေ တိတ်တဆိတ်ပဲ လက်ထပ်ခဲ့ကြတာကြောင့် သူတို့နှစ်ယောက်အကြောင်းကိုတော့ မီဒီယာတွေက သိပ်မသိကြသေးပါဘူး။ သို့သော်လည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာပဲ သူတို့နှစ်ယောက်ရဲ့ လူမသိသေးတဲ့ အကြောင်းအရာတွေကို ပြောပြသွားပါတယ်။

ဩဂုတ်လ(၄)ရက်နေ့မှာ ထွက်ရှိလာတဲ့ Vogue မဂ္ဂဇင်းထဲက အင်တာဗျူးမှာတော့ Rita Ora ဘက်က စတင်ပြီး Taika Waititi ကို လက်ထပ်ခွင့် တောင်းခဲ့တာလို့ ပြောပြသွားပါတယ်။ “သူက ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ကျွန်တော်ကလည်း Yes လို့ပဲ ချက်ချင်း ပြန်ဖြေခဲ့ပါတယ် … “လို့ Waititi က အင်တာဗျူးမှာ ပြောသွားပါတယ်။

Photo: ritaora/ Instagram

သူတို့နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်က Palm Springs ကို အပန်း‌ဖြေခရီး ထွက်နေကြတုန်းမှာပဲ သူတို့အတွက် ကြီးမားတဲ့ ခြေလှမ်းကို Rita Ora ဘက်က စလှမ်းခဲ့တာလို့ သိရပါတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်ကိုတော့ လက်ထပ်ခွင့်တောင်းပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ လူနည်းနည်းလေးနဲ့ တိတ်တဆိတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“သတင်းတွေမှာ လျှောက်ရေးနေကြသလို ကျွန်တော်တို့မင်္ဂလာဆောင်ကို လန်ဒန်မှာ လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ ပြင်သစ်မှာလည်း မဟုတ်ပါဘူး။ အယ်လ်အေက ကျွန်တော်တို့အိမ်မှာ လုပ်ခဲ့တာပါ။ မင်္ဂလာဆောင်အတွက် ဖိတ်ခဲ့တဲ့ ဧည့်ပရိသတ်ကတော့ စုစုပေါင်း ရှစ်ယောက်ပဲ ရှိပါတယ်။ တကယ့် အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ မိသားစုတွေပဲ ပါခဲ့တာပါ။ ကျွန်တော်တို့ မိဘတွေကတော့ Zoom ကနေပဲ မင်္ဂလာပွဲကို တက်ခဲ့တာပါ …”လို့ ပြောပြထားပါတယ်။

Photo: ritaora/ Instagram

Taika Waititi ဟာ အသက်(၄၈)နှစ် ရှိပြီဖြစ်ပြီး အရှေ့မှာ အိမ်ထောင်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီအိမ်ထောင်နဲ့ရတဲ့ ကလေးနှစ်ယောက်လည်း ရှိပါသေးတယ်။ Rita Ora ကတော့ အသက်(၃၂)နှစ်သာ ရှိသေးပြီး အရင်ကလည်း အိမ်ထောင်မကျဖူးသေးပါဘူး။ နှစ်ယောက်ကြားမှာ အသက်(၁၆)နှစ်ခန့် ကွာဟပေမယ့် Rita Ora နဲ့ Taika Waititi တို့ရဲ့ အချစ်ရေးကတော့ အဆင်ပြေကြပုံပေါ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း တော်တော်လေး ချစ်ခင်နွေးထွေးကြပုံ ရပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular