HomeCelebs Update NewsInternational(၁၉)နှစ်နဲ့ ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကြီး Robert De Niro ရဲ့မြေး Leandro

(၁၉)နှစ်နဲ့ ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကြီး Robert De Niro ရဲ့မြေး Leandro

သရုပ်ဆောင်ကြီး Robert De Niro ရဲ့ မြေးတော်စပ်သူ Leandro De Niro ဟာ အသက်(၁၉)နှစ်နဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ Leandro ဟာ A Star is Born နဲ့ အခြားရုပ်ရှင်တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Leandro ကိုတော့ ၂၀၀၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Collection နဲ့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Cabaret Maxime ရုပ်ရှင်တို့မှာ သရုပ်ဆောင်ဘဝ စတင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Star is Born ရုပ်ရှင်ကတော့ သူ့အတွက် အကြီးမားဆုံး Role တစ်ခုဖြစ်ခဲ့ပြီး သူ့ရဲ့မိခင် Drena De Niro နဲ့အတူ Leo နဲ့ Paulette သားအမိအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ Drena De Niro ဟာ သူမရဲ့သား ကွယ်လွန်သွားတဲ့အကြောင်း အင်စတာဂရမ်ပေါ်မှာ အသိပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ မင်းသားကြီး Robert De Niro ဟာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး Variety သတင်းဌာနကို ပြောပြခဲ့ပါတယ်။

မင်းသားကြီး Robert De Niro ကလည်း အင်စတာဂရမ်ပေါ်မှာ ဒီအကြောင်းကို အသိပေးထားပြီး “ကျွန်တော့်မြေးလေး ဆုံးသွားလို့ အတော်လေး ခံစားနေရပါတယ်။ လူတိုင်းရဲ့ စာနာမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ Leo ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းကြေကွဲဖို့ ကျွန်တော်တို့ကို Privacy တော့ ထားပေးပါ …” လို့ပြောထားပါတယ်။ လောလောဆယ်အထိတော့ Leandro ဟာ ဘာကြောင့် ကွယ်လွန်သွားတယ်ဆိုတာ မသိရသေးပါဘူး။

 

View this post on Instagram

 

A post shared by Drena (@drenadeniro)

ဒီသတင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ဟောလိဝုဒ်လောက,ကလည်း Leandro အတွက် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ပြောခဲ့ကြပါတယ်။ Leandro ဟာ မင်းသားကြီး Robert De Niro ရဲ့မြေးလည်း ဖြစ်သလို သရုပ်ဆောင်ဘဝကိုလည်း စတင်နေပြီ ဖြစ်တာကြောင့် သူ့အတွက် တက်လမ်းတွေများစွာ ရှိနေပါတယ်။ ဒါကြောင့်ပဲ ယခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတာဟာ Robert De Niro တို့ မိသားစုအတွက်ရော ဟောလိဝုဒ်လောကအတွက်ပါ နှမျောစရာတစ်ခု ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular