HomeCelebs Update NewsInternationalSubscriber (၄)သန်းဆုံးရှုံးမှုကြောင့် Disney+ကို ပြောင်းလဲတော့မယ့် Disney

Subscriber (၄)သန်းဆုံးရှုံးမှုကြောင့် Disney+ကို ပြောင်းလဲတော့မယ့် Disney

Disney+ ဟာ Indian Premier League Cricket ကိုပြသခွင့် ဆုံးရှုံးသွားတာကြောင့် Subscriber လေးသန်းခန့် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ Disney ရဲ့ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ CFO ဖြစ်တဲ့ Christine McCarthy ကတော့ Disney+ နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

photo credit Disney+

Christine ဟာ Disney+ ရဲ့ ရှိပြီးသား Content တွေထဲက အချို့ကို ထုတ်ပစ်တော့မယ့်အပြင် Content အသစ်တွေကိုလည်း ပုံမှန်ထက်လျှော့ပြီး ဖန်တီးသွားမယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ MCU ကလည်း သူတို့ရဲ့ Disney+ Show တွေကို အရင်လိုမျိူး တစ်နှစ်အတွင်းမှာ အရေအတွက်များများ မထုတ်တော့ဘဲ Quality ထိန်းသွားမယ်လို့ ကြေညာထားပါတယ်။ Disney ကလည်း Disney+ မှာ Content အသစ်တွေ လျှော့ပြီးထုတ်မယ်လို့ ကြေညာလိုက်တာကြောင့် နောက်ပိုင်းမှာတော့ အရင်ထက် Quality ပိုကောင်းတဲ့ Disney+ Show တွေကို မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် ယခုလို Subscriber တွေ ကျဆင်းသွားတာကြောင့် Disney+ ရဲ့ လစဉ်ကြေးကိုလည်း ဈေးတက်သွားဦးမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ Disney+ ရဲ့ Ad-Free Service ဟာ တစ်လကို (၁၀.၉၉)ဒေါ်လာ ကျသင့်ပြီး Ad-Supported Service ကတော့ တစ်လကို (၇.၉၉)ဒေါ်လာ ကျသင့်နေပါတယ်။ ဈေးတက်သွားမှာကတော့ Ad-Free Service ဖြစ်ပြီး ဘယ်လောက် ပမာဏတိုးသွားမလည်း ဆိုတာတော့ မကြေညာသေးပါဘူး။

ဒါတင်မကသေးဘဲ Disney+ နဲ့ Hulu တို့ ပေါင်းစပ်သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီ Streaming Platform နှစ်ခုရဲ့ ပေါင်းစည်းမှုဟာ Warner Bros. နဲ့ Discovery တို့ ပေါင်းစပ်ခဲ့သလိုမျိူးတော့ မဟုတ်ပါဘူး။ တကယ်တော့ Hulu ရဲ့ရှယ်ယာ (၆၇)%ကို Disney က ပိုင်ဆိုင်ပြီးသားဖြစ်ပြီး Disney+ နဲ့ Hulu တို့ရဲ့ Content တွေအားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုနိုင်မယ့် App အသစ်ကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular