HomeCelebs Update NewsInternationalအသစ်ထွက်လာမယ့် ပရောဂျက်တွေကနေ အထုတ်ခံလိုက်ရတဲ့ Jonathan Majors

အသစ်ထွက်လာမယ့် ပရောဂျက်တွေကနေ အထုတ်ခံလိုက်ရတဲ့ Jonathan Majors

MCU နဲ့ Creed Franchise တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Jonathan Majors ဟာ ပြီးခဲ့တဲ့လမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကြောင့် ယခုဆိုရင်တော့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ Creed 3 နဲ့ Ant-Man and the Wasp: Quantumania တို့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာပဲ Jonathan Majors ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတ ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ အမျိူးသမီးတစ်ယောက်ကို အကြမ်းဖက်ခဲ့တယ်လို့ဆိုပြီး အဲဒီအမျိူးသမီးကလည်း ဦးခေါင်းနဲ့ လည်ပင်းတွေမှာ ဒဏ်ရာအသေးစား ရရှိပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

photo credit Marvel Studios

Jonathan Majors ရဲ့ ကိုယ်စားလှယ်တွေကတော့ သူ့မှာအပြစ်မရှိကြောင်း ပြောဆိုထားပေမယ့် မကြာခင်ကပဲ သူ့ရဲ့ မန်နေဂျာနဲ့ The Lede Company ၊ Entertainment 360 တို့ဟာ Jonathan နဲ့ လက်တွဲဖြုတ်သွားကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုအချိန်မှာလည်း Jonathan ဟာ သူပါဝင်ဖို့ သဘောတူထားတဲ့ ပရောဂျက်အချို့ကနေပါ ထုတ်ပယ်ခံလိုက်ရပါပြီ။

အသစ်ထွက်ရှိလာမယ့် The Man in My Basement ရုပ်ရှင်၊ အဆိုတော် Otis Redding ရဲ့ Biopic အပြင် Texas Rangers တွေအတွက် ကြော်ငြာကမ်ပိန်းတွေကနေပါ ထုတ်ပယ်ခံလိုက်ရတယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် The Man in My Basement ရုပ်ရှင်ဟာ Jonathan ရဲ့ဇာတ်ကောင်အတွက် လူစားထိုးဖို့တောင် ရှာနေပြီလို့ သိရပါတယ်။

photo credit Warner Bros. Pictures

ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ Jonathan ရဲ့ MCU အနာဂတ်ဟာလည်း မရေမရာတွေ ဖြစ်လာပါပြီ။ လောလောဆယ်အထိတော့ Marvel Studios ဟာ Jonathan နေရာမှာ လူစားထိုးဖို့အတွက် ဆွေးနွေးတာမျိူး မရှိသေးဘူးလို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ Jonathan ကတော့ လာမယ့် မေလ (၈)ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး Marvel Studios က Jonathan နေရာမှာ လူစားထိုးမထိုး ဆိုတာကတော့ အဲဒီတရားရင်ဆိုင်မှုတွေရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular