Character Archives - San Yit Wine https://sanyitwine.com/category/character/ Wed, 11 Oct 2023 08:46:48 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Character Archives - San Yit Wine https://sanyitwine.com/category/character/ 32 32 Gen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ? https://sanyitwine.com/gen-v-jordan-li-powers/?utm_source=rss&utm_medium=rss&utm_campaign=gen-v-jordan-li-powers Wed, 11 Oct 2023 08:46:36 +0000 https://sanyitwine.com/?p=39133 Gen V ထဲက ဇာတ်ကောင်တွေဟာ ထူးခြားတဲ့ စွမ်းအားတွေတစ်မျိူးစီ ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီထဲကမှ Jordan Li ကတော့ အထူးခြားဆုံးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Jordan Li ဟာ ယောကျာ်းလေးကနေ မိန်းကလေး၊ မိန်းကလေးကနေ ယောကျာ်းလေးအဖြစ် လိုသလို ပြောင်းလဲနိုင်ပြီး God U ရဲ့ စွမ်းအားအကြီးဆုံးလို့ သတ်မှတ်ခဲ့တဲ့ Golden Boy နဲ့တောင် တစ်ယောက်ချင်းယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Jordan Li ရဲ့ စွမ်းအားကို ဖော်ပြပေးချင်ပါတယ်။ Jordan Li ရဲ့ မိန်းကလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Landon Thor က ပါဝင်သရုပ်ဆောင်ထားပြီး ယောကျာ်းလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Derek Luh […]

The post Gen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ? appeared first on San Yit Wine.

]]>
Gen V ထဲက ဇာတ်ကောင်တွေဟာ ထူးခြားတဲ့ စွမ်းအားတွေတစ်မျိူးစီ ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီထဲကမှ Jordan Li ကတော့ အထူးခြားဆုံးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Jordan Li ဟာ ယောကျာ်းလေးကနေ မိန်းကလေး၊ မိန်းကလေးကနေ ယောကျာ်းလေးအဖြစ် လိုသလို ပြောင်းလဲနိုင်ပြီး God U ရဲ့ စွမ်းအားအကြီးဆုံးလို့ သတ်မှတ်ခဲ့တဲ့ Golden Boy နဲ့တောင် တစ်ယောက်ချင်းယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Jordan Li ရဲ့ စွမ်းအားကို ဖော်ပြပေးချင်ပါတယ်။

photo credit Amazon Prime

Jordan Li ရဲ့ မိန်းကလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Landon Thor က ပါဝင်သရုပ်ဆောင်ထားပြီး ယောကျာ်းလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Derek Luh က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ ယောကျာ်းလေးအဖြစ်ပဲ မွေးလာခဲ့တာဖြစ်ပြီး Compound V ကြောင့် ယခုလို Bi-Gender စွမ်းအားကို ရရှိသွားတာ ဖြစ်ပါတယ်။ တကယ်တော့ Jordan Li ရဲ့ ယောကျာ်းလေးပုံစံနဲ့ မိန်းကလေးပုံစံတို့မှာ မတူညီတဲ့ စွမ်းအားတွေ ရှိပါတယ်။

ဒီအချက်ကိုတော့ Jordan Li နဲ့ Luke တို့ရဲ့ တိုက်ပွဲမှာ မြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့ယောကျာ်းလေးပုံစံကတော့ Super Strength နဲ့ Durability တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ Strength နေရာမှာ စွမ်းအားကြီးတဲ့ Luke နဲ့ Sam တို့ကို ထိန်းထားနိုင်တာပါ။ မိန်းကလေးပုံစံမှာတော့ Superhuman Agility ကို ပိုင်ဆိုင်ထားပြီး Energy Blast တွေကိုလည်း ပစ်လွှတ်နိုင်ပါတယ်။

photo credit Amazon Prime

ဒါကြောင့်ပဲ Jordan Li ဟာ Luke နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ယောကျာ်းလေးပုံစံကို Defense အနေနဲ့ အသုံးပြုခဲ့ပြီး မိန်းကလေးပုံစံကိုတော့ Attack အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီစွမ်းအားနှစ်ခုကို အချိန်တိတိကျကျနဲ့ ရွေးချယ်မှုမှန်မှန် ပြုလုပ်ပြီး တိုက်ခိုက်တတ်တဲ့ Jordan Li ကတော့ Highly Skilled Supe တစ်ယောက်ပဲ ဖြစ်ပါတယ်။

Gen V ထဲက Supe တွေအကြောင်း ထပ်ပြီးတော့ တင်ပေးသွားဦးမှာ ဖြစ်တာကြောင့် နှစ်သက်ရင်တော့ Like & Share လုပ်ပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Gen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ? appeared first on San Yit Wine.

]]>
Spider-Man 2099 ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ https://sanyitwine.com/spider-man-2099-comic-origin-and-powers/?utm_source=rss&utm_medium=rss&utm_campaign=spider-man-2099-comic-origin-and-powers Tue, 18 Jul 2023 10:09:38 +0000 https://sanyitwine.com/?p=38851 မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Spider-Man: Across the Spider-Verse ဇာတ်လမ်းထဲမှာတော့ Spider-Man 2099 တဖြစ်လည်း Miguel O’Hara ဇာတ်ကောင်ဟာ အားလုံးနဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူဟာ Antagonist အဖြစ် ပါဝင်ထားပေမယ့်လည်း ပရိသတ်အများစုကတော့ Miguel ဇာတ်ကောင်ကို အလွန်ကြိုက်နှစ်သက်နေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Miguel ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။ ကောမစ် Origin Miguel ဟာ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spider-Man 2099 #1 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ Miguel ဟာ Earth-928 က ဖြစ်ပြီး Alternate Future Version တစ်ခုလည်း ဖြစ်ပါတယ်။ Miguel […]

The post Spider-Man 2099 ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ appeared first on San Yit Wine.

]]>
မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Spider-Man: Across the Spider-Verse ဇာတ်လမ်းထဲမှာတော့ Spider-Man 2099 တဖြစ်လည်း Miguel O’Hara ဇာတ်ကောင်ဟာ အားလုံးနဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူဟာ Antagonist အဖြစ် ပါဝင်ထားပေမယ့်လည်း ပရိသတ်အများစုကတော့ Miguel ဇာတ်ကောင်ကို အလွန်ကြိုက်နှစ်သက်နေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Miguel ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo credit Marvel Comics

Miguel ဟာ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spider-Man 2099 #1 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ Miguel ဟာ Earth-928 က ဖြစ်ပြီး Alternate Future Version တစ်ခုလည်း ဖြစ်ပါတယ်။ Miguel ကတော့ Nueva York မြို့မှာ ကြီးပြင်းလာတာ ဖြစ်ပါတယ်။ Miguel ဟာ ကလေးဘဝမှာ ဆိုးခဲ့ပေမယ့် သူ့ရဲ့ Genius Level ဉာဏ်ရည်ကြောင့် Alchemax School for Gifted Youngsters ကျောင်းမှာ တက်ရောက်ခွင့်ရခဲ့ပါတယ်။

Miguel ဟာ ခေါင်းမာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူအဖြစ် ကြီးပြင်းလာပြီး Alchemax ရဲ့ မျိူးရိုးဗီဇ ပရိုဂရမ်ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ အဲဒီပရိုဂရမ်ကတော့ အလွန်ကြီးမားတဲ့ Corporation တစ်ခုဖြစ်ပြီး သူတို့မြို့ရဲ့ ဥပဒေအရာရှိတွေအားလုံးရဲ့ အထက်မှာ ရှိပါတယ်။

Miguel ဟာ မျိူးရိုးဗီဇတွေကို စမ်းသပ်နေရာကနေ သေဆုံးသွားတာ ကြာပြီဖြစ်တဲ့ စူပါဟီးရိုးတွေရဲ့ Genetic Code တွေကို ကူးယူပြီး သာမန်လူသားတွေရဲ့ မျိူးရိုးဗီဇနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ Mr. Sims ဆိုတဲ့ အစမ်းသပ်ခံတစ်ယောက်ဟာ ကြောက်စရာ အကောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သေဆုံးသွားတဲ့အချိန်မှာတော့ Miguel ဟာ သူ့စမ်းသပ်မှုကို ရပ်တန့်ပြီး အလုပ်ထွက်စာ တင်လိုက်ပါတယ်။

သို့သော်လည်း သူ့ရဲ့အလုပ်ရှင် Tyler Stone ကတော့ Miguel ကို အလုပ်မထွက်စေချင်တာကြောင့် သောက်စရာတစ်ခုထဲမှာ ဆေးခပ်ပြီး တိုက်ခဲ့ပါတယ်။ အဲဒီဆေးကတော့ စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေပြီး အလွန်စွဲလမ်းစေပါတယ်။ Miguel ကလည်း ဒါကိုမသိဘဲ သောက်လိုက်မိပါတယ်။

အဲဒီနောက်မှာတော့ Miguel ဟာ အဲဒီဆေးကို သူ့ရဲ့ခန္ဓာကိုယ်ထဲက ထုတ်ပစ်ဖို့အတွက် Mr. Sims ကို သေသွားစေတဲ့ စမ်းသပ်မှုကို အနည်းငယ်ပြောင်းလဲပြီး သူ့ကိုယ်သူ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ Supervisor ဖြစ်တဲ့ Aaron Delgato ကတော့ အဲဒီစမ်းသပ်မှုကို နှောင့်ယှက်ခဲ့ပြီး Miguel ရဲ့ DNA နဲ့ ပင့်ကူရဲ့ မျိူးရိုးဗီဇကို ရောစပ်လိုက်ပါတယ်။ Aaron Delgato ဟာ Miguel ကို သေစေချင်တာကြောင့် အခုလိုလုပ်လိုက်တာ ဖြစ်ပေမယ့် Miguel ကတော့ မသေဘဲ ပင့်ကူစွမ်းအားတွေ ရရှိသွားပြီး Spider-Man ဖြစ်လာခဲ့ပါတယ်။

Spider-Man အများစုနဲ့ မတူတဲ့အချက်ကတော့ Miguel ဟာ ရုပ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အဲဒါကတော့ Miguel ရဲ့ ခြေနဲ့လက်တွေမှာ ချွန်ထက်ပြီး ရှည်လျားတဲ့ လက်သည်း၊ ခြေသည်းတွေ ပေါက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ Miguel ဟာ Unstable Molecule Fabric (UMF)နဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံကို ဖန်တီးခဲ့ပြီး လူချမ်းသာတွေရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ သာမန်လူတန်းစားတွေအတွက် တိုက်ပွဲဝင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

စွမ်းအားများ

photo credit Marvel Comics

Miguel ကတော့ Spider-Man တိုင်းမှာရှိတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားသလို သူ့ရဲ့မတူညီတဲ့ Origin ကြောင့် အခြား Spider-Man တွေအတွက် စိတ်တောင်မကူးနိုင်တဲ့ စွမ်းအားတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ Miguel ရဲ့ DNA ဟာ ပင့်ကူရဲ့ DNA နဲ့ အစားထိုးခံထားရတာကြောင့် ပင့်ကူတစ်ယောက်ရဲ့ လျင်မြန်ဖြတ်လတ်မှုတွေ ပိုင်ဆိုင်ထားတဲ့အပြင် Superhuman Strength ၊ Speed ၊ Agility နဲ့ Stamina တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Miguel ဟာ အလေးချိန် (၁၀)တန်ဝန်းကျင်လောက် မ,နိုင်ပြီး အမြင့်ပေ (၃၀)လောက်အထိလည်း ခုန်နိုင်ပါတယ်။ သူဟာ တိုက်ခိုက်နည်းတွေကို မသင်ယူထားပေမယ့်လည်း သူ့ရဲ့စွမ်းအားတွေ အားလုံးကို အသုံးချပြီး တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ အဝေးက အရာဝတ္ထုတွေကို အနီးကပ်ကြည့်ရှုနိုင်တဲ့ Telescopic Vision နဲ့ Night Vision တို့ကို ပိုင်ဆိုင်ထားတဲ့အပြင် ဒဏ်ရာရသွားရင်လည်း ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ထဲက Cell တွေဟာ သူ့အလိုလို ပြန်လည်ပြုပြင်နေတာကြောင့် သာမန်လူတွေထက်လည်း ပိုပြီးအသက်ရှည်ရှည် နေနိုင်ပါတယ်။

ဒါ့အပြင် စိတ်ချင်းဆက်သွယ်မှုလည်း ပြုလုပ်နိုင်ပါသေးတယ်။ သူ့ရဲ့ အန္တရာယ်အများဆုံး လက်နက်ကတော့ သူ့ရဲ့အဆိပ်ရှိတဲ့ လက်သည်း၊ ခြေသည်းတွေ ဖြစ်ပြီး ဘာစက်ပစ္စည်းအကူအညီမှ မလိုအပ်ဘဲ ပင့်ကူမျှင်ကိုလည်း လက်ကောက်ဝတ်ကနေ ထုတ်နိုင်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ Miguel မှာ Spider-Sense မရှိပါဘူး။

ဒါပေမယ့် အဲဒီအစား Ultra-Sensitive Hearing နဲ့ Vision တို့ကို ပိုင်ဆိုင်ထားပါတယ်။ သို့သော်လည်း Miguel ဟာ တခြား Spider-Man တွေလို နံရံမှာ မကပ်နိုင်ဘဲ သူ့ရဲ့ခြေသည်း၊ လက်သည်းတွေနဲ့ ကုပ်ထားရပါတယ်။ Miguel ရဲ့ ဝတ်စုံကတော့ ဖျက်ဆီးလို့ မဖြစ်နိုင်တဲ့ UMF နဲ့ ပြုလုပ်ထားပြီး ကျောဘက်မှာလည်း ပင့်ကူအိမ်လို အရွက်ပါဝင်တာကြောင့် လေဟုန်စီးနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Spider-Man 2099 ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ appeared first on San Yit Wine.

]]>
Nick Fury ဟာ Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory https://sanyitwine.com/nick-fury-skrull-fan-theory/?utm_source=rss&utm_medium=rss&utm_campaign=nick-fury-skrull-fan-theory Wed, 12 Jul 2023 08:44:37 +0000 https://sanyitwine.com/?p=38834 Secret Invasion ဇာတ်လမ်းတွဲထဲက တချို့အချက်တွေဟာ Nick Fury က Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ သီအိုရီကို ပြန်လည်ရေပန်းစားလာစေခဲ့ပါတယ်။ Secret Invasion ဇာတ်လမ်းတွဲထဲမှာတော့ ဘယ်ဇာတ်ကောင်မဆို Skrull ဖြစ်နေနိုင်ပြီး ဘယ်အချိန်ကတည်းက အစားထိုးဟန်ဆောင်နေလည်းဆိုတာ ခန့်မှန်းရခက်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Nick Fury က Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory ကို ဖော်ပြပေးချင်ပါတယ်။ ဒီသီအိုရီကို စတင်ဖြစ်ပေါ်လာစေတာကတော့ Captain Marvel ရုပ်ရှင်နဲ့ Age of Ultron ရုပ်ရှင်တို့ထဲက လူတွေသိပ်သတိမထားမိတဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ Captain Marvel ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Carol Danvers ဟာ Nick Fury ကို Skrull တွေ […]

The post Nick Fury ဟာ Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory appeared first on San Yit Wine.

]]>
Secret Invasion ဇာတ်လမ်းတွဲထဲက တချို့အချက်တွေဟာ Nick Fury က Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ သီအိုရီကို ပြန်လည်ရေပန်းစားလာစေခဲ့ပါတယ်။ Secret Invasion ဇာတ်လမ်းတွဲထဲမှာတော့ ဘယ်ဇာတ်ကောင်မဆို Skrull ဖြစ်နေနိုင်ပြီး ဘယ်အချိန်ကတည်းက အစားထိုးဟန်ဆောင်နေလည်းဆိုတာ ခန့်မှန်းရခက်စေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Nick Fury က Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory ကို ဖော်ပြပေးချင်ပါတယ်။

ဒီသီအိုရီကို စတင်ဖြစ်ပေါ်လာစေတာကတော့ Captain Marvel ရုပ်ရှင်နဲ့ Age of Ultron ရုပ်ရှင်တို့ထဲက လူတွေသိပ်သတိမထားမိတဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ Captain Marvel ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Carol Danvers ဟာ Nick Fury ကို Skrull တွေ လုံးဝမသိနိုင်တဲ့ အချက်တစ်ခုကို ပြောပြပါလို့ မေးခဲ့ပြီး Nick Fury ကတော့ ပေါင်မုန့်မီးကင်ကို ထောင့်ဖြတ်လှီးထားရင် မစားနိုင်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

photo credit Marvel Studios

ဒါပေမယ့်လည်း Avengers: Age of Ultron ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Nick Fury ဟာ ပေါင်မုန့်မီးကင်ကို ထောင့်ဖြတ်လှီးပြီး စားခဲ့ပါတယ်။ ဒီရုပ်ရှင်နှစ်ကားရဲ့ Timeline အရ Captain Marvel က ၁၉၉၀ ကျော်မှာ ဇာတ်အိမ်တည်ထားပြီး Age of Ultron ကတော့ ၂၀၁၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာကြောင့် ဒီဇာတ်ဝင်ခန်းဟာ Nick Fury က Skrull ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြထားတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Winter Soldier ရုပ်ရှင်ထဲမှာတော့ Nick Fury ဟာ သေချင်ယောင်ဆောင်သွားခဲ့ပါသေးတယ်။ Nick Fury ဟာ Bucky Barnes ပစ်လိုက်တဲ့ သေနတ်ကျည်ဆန်ကြောင့် ခွဲစိတ်ခန်းထဲရောက်နေပြီး Steve Rogers ကိုလည်း ဘယ်သူ့ကိုမှမယုံဖို့ မှာကြားပြီး သေသွားခဲ့ပါတယ်။ အဲဒီနောက်မှသာ Nick Fury က Bruce Banner တီထွင်ထားတဲ့ ဆေးရည်တစ်ခုနဲ့ နှလုံးခုန်နှုန်းကို လျှော့ချခဲ့ပြီး သေချင်ယောင်ဆောင်ခဲ့တယ်လို့ ပြသသွားပါတယ်။

photo credit Marvel Studios

ဒါကြောင့်ပဲ Nick Fury ဟာ Winter Soldier ရုပ်ရှင်ထဲမှာ တကယ်သေဆုံးသွားခဲ့တာ ဖြစ်နိုင်ပြီး Skrull တစ်ယောက်က အယောင်ဆောင်ပြီး ဝင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Captain Marvel ထဲမှာတော့ Nick Fury ဟာ Goose နဲ့ သွားဆော့မိလို့ မျက်လုံးတစ်ဘက် ကန်းသွားပါတယ်။ ဒါပေမယ့် Winter Soldier ထဲမှာတော့ Nick Fury ဟာ နောက်ဆုံးအကြိမ် တစ်ယောက်ယောက်ကို ယုံခဲ့တုန်းက သူ့မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ Nick Fury နေရာမှာ အစားဝင်ထားတဲ့ Skrull က Nick Fury ရဲ့ မျက်လုံးတစ်လုံး ဆုံးရှုံးရတာဟာ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခုခု ရှိနေမယ်လို့ ယူဆတာကြောင့် ယခုလိုပြောခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ သီအိုရီသက်သက်ပဲ ရှိသေးတာကြောင့် တကယ်ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Nick Fury ဟာ Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ Fan Theory appeared first on San Yit Wine.

]]>
Spider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့စွမ်းအားများ https://sanyitwine.com/spider-punk-comic-origin-and-powers/?utm_source=rss&utm_medium=rss&utm_campaign=spider-punk-comic-origin-and-powers Tue, 04 Jul 2023 09:56:28 +0000 https://sanyitwine.com/?p=38804 မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Spider-Man: Across the Spider-Verse ကတော့ Spider-Man Variant များစွာနဲ့ ပြည့်နှက်နေပါတယ်။ ဒီ Spider-Man Variant တွေထဲကမှ အထူးခြားဆုံး ဖြစ်နေတာကတော့ Spider-Punk ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Spider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။ Origin Spider-Punk ရဲ့ နာမည်အရင်းကတော့ Hobart “Hobie” Brown ဖြစ်ပြီး The Amazing Spider-Man #10 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အစတုန်းကတော့ Artist Oliver Coipel ဟာ Spider-UK အတွက် ဒီဇိုင်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း Marvel ကတော့ […]

The post Spider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့စွမ်းအားများ appeared first on San Yit Wine.

]]>
မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Spider-Man: Across the Spider-Verse ကတော့ Spider-Man Variant များစွာနဲ့ ပြည့်နှက်နေပါတယ်။ ဒီ Spider-Man Variant တွေထဲကမှ အထူးခြားဆုံး ဖြစ်နေတာကတော့ Spider-Punk ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Spider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Origin

photo credit Marvel Comics

Spider-Punk ရဲ့ နာမည်အရင်းကတော့ Hobart “Hobie” Brown ဖြစ်ပြီး The Amazing Spider-Man #10 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အစတုန်းကတော့ Artist Oliver Coipel ဟာ Spider-UK အတွက် ဒီဇိုင်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း Marvel ကတော့ အဲဒီဒီဇိုင်းကို Punk Inspire ပြုလုပ်ပြီး Spider-Punk အဖြစ် ပြောင်းလဲဖန်တီးခဲ့ပါတယ်။

Spider-Punk ကတော့ Earth-138 က ဖြစ်ပြီး အဲဒီ Universe မှာတော့ Norman Osborn ဟာ အမေရိကန်နိုင်ငံရဲ့သမ္မတ ဖြစ်နေပါတယ်။ Spider-Punk ဟာ လွတ်လပ်မှုကို ကြိုက်နှစ်သက်သူ ဖြစ်ပြီး Norman Osborn ဦးဆောင်တဲ့ ဖက်ဆစ်အစိုးရကို တော်လှန်ခဲ့ပါတယ်။ ဒါ့အပြင် Norman Osborn ဟာ နိုင်ငံသားတွေကို ဆင်းရဲမွဲတေတာထက် ပိုပြီး ဆင်းရဲအောင် ပြုလုပ်ထားခဲ့ပါတယ်။ ဒါကြောင့်ပဲ Spider-Punk ဟာ သူရဲ့စွမ်းအားတွေကို အသုံးပြုပြီး တော်လှန်ရေးခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

Norman Osborn ရဲ့ လက်အောက်ငယ်သားတွေဟာ အဆိပ်ရှိတဲ့ အညစ်အကြေးတွေကို စည်းကမ်းမရှိ စွန့်ပစ်ပြီး တိုင်းပြည်ကို အဆိပ်ခတ်နေခဲ့ပါတယ်။ အဲဒီအဆိပ်ရှိတဲ့ အညစ်အကြေးတွေကြောင့်ပဲ ပင့်ကူတစ်ကောင်ရဲ့ မျိူးရိုးဗီဇဟာ ပြောင်းလဲသွားပြီး ရေဒီယိုသတ္တိကြွပင့်ကူ ဖြစ်လာပါတယ်။ Spider-Punk ကတော့ အဲဒီပင့်ကူကိုက်ခံရတာကြောင့် Spider စွမ်းအားတွေ ရရှိလာတာပါ။

Spider-Punk ဟာ တော်လှန်ရေးတပ်ဖွဲ့ကို ဦးဆောင်ပြီး Norman Osborn နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Spider-Punk ဟာ သူ့ရဲ့ Electric Guitar နဲ့ Norman Osborn ရဲ့ခေါင်းကို ဖြတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ Identity ကို ပြည်သူတွေရှေ့မှာ ချပြခဲ့ပြီး အမေရိကန်နိုင်ငံကို ကယ်တင်သူအဖြစ် ပြည်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ Spider-Punk ဟာ အခြားသော Spider-Man တွေထက် ပိုမိုအကြမ်းဖက်တတ်သူ ဖြစ်ပါတယ်။ သာမန်ဆိုရင်တော့ Spider-Man တွေဟာ သူတို့ရဲ့ရန်သူကို အနိုင်ယူရုံပဲ တိုက်ခိုက်ကြပြီး သတ်ပစ်တာမျိူးတော့ မလုပ်တတ်ကြပါဘူး။ ဒါပေမယ့်လည်း Earth-138 ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာကြောင့် Norman Osborn ကို ဒီလိုသတ်ပစ်လိုက်တာဟာ မှားတယ်လို့တော့ ပြောလို့မရပါဘူး။

စွမ်းအားများ

photo credit Marvel Comics

Spider-Punk ကတော့ Spider-Man တိုင်းမှာရှိတဲ့ စွမ်းအားတွေတိုင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ သူဟာ ဘယ်လိုမျက်နှာပြင်မှာမဆို တွယ်ကပ်နေနိုင်ပြီး Spider-Sense ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Spider-Punk ဟာ အခြား Spider-Man တွေလို လက်ကောက်ဝတ်ကနေ ပင့်ကူမျှင်တွေ ပစ်လွှတ်နိုင်ပေမယ့်လည်း အဲဒါဟာ Web Shooter နဲ့ ပစ်တာလား၊ ဘာစက်အကူအညီမှ မလိုအပ်ဘဲ ပစ်နိုင်တာလားဆိုတာတော့ မဖော်ပြထားပါဘူး။ ဒါ့အပြင် သူ့ရဲ့ အချွန်တွေပါတဲ့ မျက်နှာဖုံးနဲ့ Electric Guitar ကိုလည်း လက်နက်အဖြစ် အသုံးပြုပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Spider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့စွမ်းအားများ appeared first on San Yit Wine.

]]>
Spider-Man: India ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားများ https://sanyitwine.com/across-the-spider-verse-spider-man-india-origin/?utm_source=rss&utm_medium=rss&utm_campaign=across-the-spider-verse-spider-man-india-origin Mon, 03 Jul 2023 11:10:40 +0000 https://sanyitwine.com/?p=38799 Spider-Man: Across the Spider-Verse ဇာတ်လမ်းကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Spider-Man Variant ပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီး စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့လည်း ပြည့်နှက်နေပါတယ်။ ဒါ့အပြင် Sony ဟာ ဇာတ်ကောင်တွေကို ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ Spider-Man: India ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။ Origin Pavitr Prabhakar ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man: India #1 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Pavitr ကတော့ အိန္ဒိယနိုင်ငံရဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး Mumbai မြို့ကို အဒေါ်ဖြစ်သူ Maya […]

The post Spider-Man: India ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားများ appeared first on San Yit Wine.

]]>
Spider-Man: Across the Spider-Verse ဇာတ်လမ်းကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Spider-Man Variant ပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီး စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့လည်း ပြည့်နှက်နေပါတယ်။ ဒါ့အပြင် Sony ဟာ ဇာတ်ကောင်တွေကို ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ Spider-Man: India ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Origin

photo credit Marvel Comics

Pavitr Prabhakar ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man: India #1 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Pavitr ကတော့ အိန္ဒိယနိုင်ငံရဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး Mumbai မြို့ကို အဒေါ်ဖြစ်သူ Maya ၊ ဦးလေးဖြစ်သူ Bhim တို့နဲ့အတူ ပြောင်းလာခဲ့ပါတယ်။ Pavitr ဟာ စကောလားရှစ်ကြောင့် ကျောင်းကောင်းကောင်း တက်ခွင့်ရခဲ့ပေမယ့် အခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရပါတယ်။ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းကတော့ Meera Jain ပဲ ဖြစ်ပါတယ်။ Meera Jain ကတော့ Earth-616 ရဲ့ Mary Jane Watson ကို Inspire ယူပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

တစ်ရက်မှာတော့ Pavitr ဟာ အနိုင်ကျင့်သူတွေလက်ထဲက ထွက်ပြေးနေရင်း ယောဂီတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီယောဂီဟာ Pavitr ကို ပင့်ကူတစ်ကောင်ရဲ့ စွမ်းအားတွေ ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ Pavitr ရဲ့ Spider-Man Origin ကတော့ အခြား Spider-Man Origin တွေနဲ့ အတော်လေး ကွာခြားနေပါတယ်။ Spider-Man တွေအများစုဟာ Radioactive Spider ကိုက်ခံရတာကြောင့် Spider-Man ဖြစ်လာခဲ့ပေမယ့် Pavitr ကတော့ မှော်ပညာကနေတဆင့် Spider-Man ဖြစ်လာခဲ့တာပါ။

Pavitr ဟာ စွမ်းအားတွေ ရခါစမှာတော့ စူပါဟီးရိုး ပြုလုပ်ဖို့ စိတ်ကူးမရှိသေးပါဘူး။ ဒါကြောင့်ပဲ ယောက်ျားတစ်စုက အမျိူးသမီးတစ်ယောက်ကို ရန်မူနေတဲ့အချိန်မှာတော့ ဝင်ရောက်ကူညီခဲ့ခြင်း မရှိပါဘူး။ အဲဒီအချိန်မှာပဲ ဦးလေးဖြစ်သူ Uncle Bhim က ရန်မူခံနေရတဲ့ အမျိူးသမီးကို ဝင်ရောက်ကူညီခဲ့တာကြောင့် ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့်ပဲ Pavitr ဟာ ကြီးမားတဲ့ စွမ်းအားတွေမှာ ကြီးလေးတဲ့ တာဝန်ယူမှုတွေ ရှိတယ်ဆိုတာကို သိသွားခဲ့ပါတယ်။ အဲဒီအချိန်ကျတော့မှ Pavitr ဟာ Mumbai ရဲ့ Spider-Man ဖြစ်လာခဲ့ပါတယ်။

စွမ်းအားများ

photo credit Marvel Comics

Pavitr ရဲ့ စွမ်းအားတွေကတော့ ကျွန်တော်တို့ သိထားတဲ့ Spider-Man စွမ်းအားတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ Pavitr ဟာ နံရံပေါ်ကို တက်နိုင်ပြီး Spider-Man တိုင်းမှာရှိတဲ့ Spider-Sense ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Strength ၊ Stamina ၊ Durability နဲ့ Speed တို့ဟာလည်း သာမန်လူတွေထက် သာလွန်ပြီး Healing Factor လည်း ရှိပါတယ်။ ဒါ့အပြင် Pavitr ဟာ Peter Parker လိုပဲ ဉာဏ်ရည်အလွန်ကောင်းသူလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Spider-Man: India ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားများ appeared first on San Yit Wine.

]]>
Secret Invasion ထဲမှာ Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြနေတဲ့အချက်များ https://sanyitwine.com/secret-invasion-rhodey-skrull-possible/?utm_source=rss&utm_medium=rss&utm_campaign=secret-invasion-rhodey-skrull-possible Fri, 30 Jun 2023 11:48:57 +0000 https://sanyitwine.com/?p=38787 *** Spoiler Alert *** Secret Invasion ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂)ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီအပိုင်းထဲက Rhodey နဲ့ Fury တို့စကားပြောကြတဲ့ ဇာတ်ဝင်ခန်းကို ကြည့်ရှုပြီးနောက်မှာ‌တော့ ပရိသတ်တွေဟာ Rhodey က Skrull ဖြစ်နေနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြသနေတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။ Fury ကို Nick လို့ခေါ်ခဲ့တဲ့ Rhodey Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြသနေတဲ့ အချက်တွေထဲက အသိသာဆုံးအချက်ကတော့ Rhodey ဟာ Fury ကို Nick လို့ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Captain […]

The post Secret Invasion ထဲမှာ Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြနေတဲ့အချက်များ appeared first on San Yit Wine.

]]>
*** Spoiler Alert ***

Secret Invasion ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂)ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီအပိုင်းထဲက Rhodey နဲ့ Fury တို့စကားပြောကြတဲ့ ဇာတ်ဝင်ခန်းကို ကြည့်ရှုပြီးနောက်မှာ‌တော့ ပရိသတ်တွေဟာ Rhodey က Skrull ဖြစ်နေနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြသနေတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Fury ကို Nick လို့ခေါ်ခဲ့တဲ့ Rhodey

photo credit Marvel Studios

Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြသနေတဲ့ အချက်တွေထဲက အသိသာဆုံးအချက်ကတော့ Rhodey ဟာ Fury ကို Nick လို့ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Captain Marvel ရုပ်ရှင်ထဲမှာတော့ Fury ဟာ ဒီနည်းလမ်းကိုပဲ အသုံးပြုပြီး Skrull က လူယောင်ဆောင်နေမှန်း သိခဲ့တာပါ။ ဒါ့အပြင် Fury ဟာ သူ့ကို ဘယ်သူ့ကမှ Nick လို့ မခေါ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း MCU ထဲက အချို့သော ဇာတ်ကောင်တွေကတော့ Fury ကို Nick လို့ခေါ်ခဲ့တာမျိူး ရှိပါတယ်။ ဥပမာပြောရရင် Tony Stark ကလည်း Nick လို့ ခေါ်ခဲ့ဖူးပြီး ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲမှာလည်း Maria ဟာ မသေဆုံးခင်လေးမှာ Nick လို့ ခေါ်သွားခဲ့ပါတယ်။

သို့သော်လည်း Rhodey ဟာ Fury ကို Nick လို့ ခေါ်ရလောက်တဲ့အထိ ရင်းနှီးလားဆိုတာကတော့ ပြောရခက်ပါတယ်။ ဒါ့အပြင် Rhodey ဟာ Fury ကို S.A.B.E.R. ကနေ အလုပ်ထုတ်လိုက်တာကြောင့် စော်ကားတဲ့အနေနဲ့ Nick လို့ ခေါ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

Skrull တွေရဲ့ ကျူးကျော်မှုအကြောင်းကို သိနေတဲ့ Rhodey

photo credit Marvel Studios

Fury နဲ့ စကားပြောနေတဲ့ ဇာတ်ဝင်ခန်းမှာပဲ Rhodey ဟာ Skrull တွေရဲ့ ကျူးကျော်မှုအကြောင်းကို လွန်ခဲ့တဲ့ (၁၅)နှစ်လောက်ကတည်းက သိနေတယ်လို့ ပြောသွားပါတယ်။ ဒါကြောင့်ပဲ MCU Timeline ရဲ့ ၂၀၁၀ ခုနှစ်လောက်မှာ Rhodey ဟာ Skrull တွေအကြောင်း Presentation အတွက် Pentagon ကို ဖိတ်ကြားခံခဲ့ရပုံပေါ်ပါတယ်။ ဒီအချိန်မှာ Skrull တွေက Rhodey နေရာမှာ အစားထိုးဝင်ဖို့ အချိန်ကောင်းဖြစ်ပေမယ့် Timeline အရ အဲဒီအချိန်မှာတော့ Skrull တွေဟာ Fury ရဲ့လက်အောက်မှာ ရှိနေဆဲဖြစ်ပါတယ်။

ယခုလိုကျူးကျော်မှုတွေ စတင်တာကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ Gravik က ဦးဆောင်ပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Skrull တွေအကြောင်း သိထားတဲ့ Rhodey ဟာ Gravik ရဲ့ပစ်မှတ် ဖြစ်ခဲ့နိုင်ပါတယ်။ ဒါကြောင့်ပဲ Skrull တွေဟာ Blip ဖြစ်နေချိန်၊ ဒါမှမဟုတ် Blip ဖြစ်ပြီးသွားတဲ့အချိန်မှာ Rhodey ကို အစားထိုးခဲ့ပုံရပါတယ်။ Rhodey ဟာ အမေရိကန်သမ္မတရဲ့ လက်ရုံးလည်း ဖြစ်နေတာကြောင့် ဒီရာထူးဟာ Skrull တွေအတွက် အလွန်အသုံးဝင်တဲ့ ရာထူးတစ်ခုလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတရဲ့ လက်ရုံးဖြစ်နေတာကိုက သံသယဖြစ်စရာကောင်းနေပါတယ်။

photo credit Marvel Studios

Rhodey ဟာ အမေရိကန်သမ္မတရဲ့ လက်ရုံးဖြစ်နေတဲ့ အချက်ကလည်း သံသယဖြစ်စရာတော့ကောင်းပါတယ်။ အကြောင်းကတော့ Rhodey ဟာ Civil War ထဲမှာဆိုရင် Sokovia စာချုပ်မှာ လက်မှတ်ထိုးမိခဲ့တာကို နောင်တရသွားတာကြောင့် Infinity War ထဲမှာတော့ US Secretary Ross ရဲ့အမိန့်ကို မနာခံခဲ့ပါဘူး။

Infinity War ထဲမှာတော့ လက်မှတ်မထိုးခဲ့တဲ့ Avengers တွေကို ဝရမ်းပြေးတွေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Rhodey ဟာ အရေးကြီးတဲ့အမိန့်ကို ဖီဆန်ခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ အမေရိကန်သမ္မတရဲ့လက်ရုံး ဖြစ်နေတာဟာ သံသယဖြစ်စရာကောင်းနေပါတယ်။

Fury ကို အလုပ်ထုတ်ခဲ့တဲ့ Rhodey

photo credit Marvel Studios

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Rhodey ဟာ Fury ကို S.A.B.E.R. ကနေ အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ ရုရှားမှာ ဖြစ်ခဲ့တဲ့ ဗုံးကွဲမှုဟာ Maria Hill အပါအဝင် ရုရှားလူမျိူး ထောင်နဲ့ချီပြီး သေဆုံးခဲ့တာကြောင့် အမေရိကန်အစိုးရဟာ ရုရှားနဲ့ ပြဿနာမဖြစ်အောင် Fury နဲ့ လုံးဝအဆက်အဆံ ဖြတ်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Fury ကို အလုပ်ထုတ်လိုက်တာကြောင့် Fury ဟာ Skrull တွေနဲ့တိုက်ဖို့ ဘာထောက်ပံ့မှုမှ မရတော့ပါဘူး။

ဒါကြောင့်ပဲ Fury ကို အလုပ်ထုတ်လိုက်တာက သွယ်ဝိုက်သောအားဖြင့် Skrull တွေကို ကူညီသလို ဖြစ်နေပါတယ်။ ဒါ့အပြင် Rhodey ကိုယ်တိုင်ကလည်း Fury ကို အလုပ်ထုတ်ကြောင်းပြောဖို့ သူကိုယ်တိုင် Volunteer လုပ်ခဲ့တယ်လို့ ပြောသွားပါတယ်။ ဒါကြောင့်ပဲ Rhodey ကသာ Skrull ဖြစ်နေမယ် ဆိုရင်တော့ Fury ကို အလုပ်ထုတ်ဖို့ သူကိုယ်တိုင် အားပေးခဲ့တာ ဖြစ်နိုင်ပြီး ကမ္ဘာကိုသိမ်းမယ့် Gravik ရဲ့မစ်ရှင်ကို ပိုမိုလွယ်ကူသွားအောင် ကူညီနေတယ်လို့ ယူဆနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Secret Invasion ထဲမှာ Rhodey က Skrull ဖြစ်နေနိုင်ကြောင်း ပြနေတဲ့အချက်များ appeared first on San Yit Wine.

]]>
DC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့ဆင်တူနေတဲ့ Sony ရဲ့ Kraven the Hunter https://sanyitwine.com/kraven-origin-similiar-dc-vilainorigin/?utm_source=rss&utm_medium=rss&utm_campaign=kraven-origin-similiar-dc-vilainorigin Thu, 22 Jun 2023 08:50:36 +0000 https://sanyitwine.com/?p=38729 Sony Pictures ကတော့ မကြာသေးခင်ကပဲ Kraven the Hunter ရုပ်ရှင်ရဲ့ ထွေလာကို ထုတ်ပေးခဲ့ပါတယ်။ ယခုအချိန်လောက်ဆိုရင် လူအများစုလည်း ဒီထွေလာကို ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီထွေလာ ထွက်လာပြီးချိန်မှာတော့ ပရိသတ်တွေဟာ အွန်လိုင်းပေါ်မှာ ဒီထွေလာနဲ့ ပတ်သက်ပြီး ပြောဆိုနေကြပါပြီ။ ဒါ့အပြင် Sony ရဲ့ Kraven ဗားရှင်းကတော့ DC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့အတော်လေး ဆင်တူနေတယ်လို့ ပြောနေကြပါတယ်။ Sony ဟာ Kraven ဇာတ်ကောင်ရဲ့ နောက်ကြောင်းကို ကောမစ်နဲ့မတူညီအောင် ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဒီလိုပြောင်းလဲထားတဲ့ နောက်ကြောင်းကတော့ DC ဗီလိန်တစ်ယောက်ရဲ့ နောက်ကြောင်းနဲ့ အတော်လေး ဆင်တူနေတာကြောင့် ပရိသတ်အချို့ကတော့ ‌Sony က ကော်ပီထားတယ်လို့တောင် ပြောနေကြပါတယ်။ […]

The post DC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့ဆင်တူနေတဲ့ Sony ရဲ့ Kraven the Hunter appeared first on San Yit Wine.

]]>
Sony Pictures ကတော့ မကြာသေးခင်ကပဲ Kraven the Hunter ရုပ်ရှင်ရဲ့ ထွေလာကို ထုတ်ပေးခဲ့ပါတယ်။ ယခုအချိန်လောက်ဆိုရင် လူအများစုလည်း ဒီထွေလာကို ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီထွေလာ ထွက်လာပြီးချိန်မှာတော့ ပရိသတ်တွေဟာ အွန်လိုင်းပေါ်မှာ ဒီထွေလာနဲ့ ပတ်သက်ပြီး ပြောဆိုနေကြပါပြီ။ ဒါ့အပြင် Sony ရဲ့ Kraven ဗားရှင်းကတော့ DC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့အတော်လေး ဆင်တူနေတယ်လို့ ပြောနေကြပါတယ်။

Sony ဟာ Kraven ဇာတ်ကောင်ရဲ့ နောက်ကြောင်းကို ကောမစ်နဲ့မတူညီအောင် ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဒီလိုပြောင်းလဲထားတဲ့ နောက်ကြောင်းကတော့ DC ဗီလိန်တစ်ယောက်ရဲ့ နောက်ကြောင်းနဲ့ အတော်လေး ဆင်တူနေတာကြောင့် ပရိသတ်အချို့ကတော့ ‌Sony က ကော်ပီထားတယ်လို့တောင် ပြောနေကြပါတယ်။ Kraven the Hunter ရဲ့ ထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Sony ရဲ့ Kraven နဲ့ ဆင်တူနေတဲ့ DC ဗီလိန်ကတော့ Catman a.k.a. Thomas Blake ရဲ့ Origin ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Thomas ရဲ့ငယ်ဘဝမှာ သူ့ရဲ့အဖေက အမဲလိုက်ခေါ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အဖေဟာ Thomas ကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်နေသူလည်း ဖြစ်ပါတယ်။ Thomas ဟာ အမဲလိုက်ရာမှာ ခြင်္သေ့ကိုပစ်ဖို့ ဝန်လေးနေတဲ့အချိန်မှာတော့ သူ့ရဲ့အဖေက “မင်းရဲ့အမေလိုပဲ” လို့ ပြောခဲ့ပါတယ်။

Kraven ရဲ့ထွေလာထဲမှာလည်း Kraven ဟာ ငယ်ဘဝမှာ သူ့အဖေနဲ့အတူ အမဲလိုက်ခဲ့ပြီး ခြင်္သေ့တစ်ကောင်ကို ပစ်ဖို့ ဝန်လေးနေတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာတော့ သူ့ရဲ့အဖေက “မင်းရဲ့အမေလိုပဲ အားနည်းလိုက်တာ” လို့ ပြောလိုက်ပါတယ်။ ဒီလိုနောက်ကြောင်းကို ပြန်ပြတဲ့ ဇာတ်ဝင်ခန်းဟာ တစ်ထေရာတည်းနီးပါးကို ဆင်တူနေတာပါ။

သို့သော်လည်း origin တစ်ခုလုံး ဆင်တူနေမလားဆိုတာကတော့ ရုပ်ရှင်ထွက်လာမှပဲ သိရမှာ ဖြစ်ပါတယ်။ စာဖတ်သူတွေရော ဒီကိစ္စအပေါ် ဘယ်လိုမြင်လည်းဆိုတာ ကောမန့်မှာ ပြောခဲ့ပါဦးနော်။

Legos

Source: Screenrant

The post DC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့ဆင်တူနေတဲ့ Sony ရဲ့ Kraven the Hunter appeared first on San Yit Wine.

]]>
MCU ထဲမှာ မတွေ့ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားများ https://sanyitwine.com/scarlet-witch-powers-missing-mcu/?utm_source=rss&utm_medium=rss&utm_campaign=scarlet-witch-powers-missing-mcu Thu, 22 Jun 2023 08:42:08 +0000 https://sanyitwine.com/?p=38717 သရုပ်ဆောင် Elizabeth Olsen ကတော့ Wanda သို့မဟုတ် Scarlet Witch အနေနဲ့ Captain America: Winter Soldier ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ Wanda ဟာ ဝမ်းနည်းစရာ အဖြစ်အပျက်တွေမျိူးစုံ ကြုံတွေ့ခဲ့ပြီး သူမရဲ့ Character Development တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာလည်း တဖြည်းဖြည်းနဲ့ ပိုမိုစွမ်းအားကြီးလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုအချိန်ထိတော့ MCU ထဲမှာ မမြင်ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားတွေ ကျန်ရှိနေပါသေးတယ်။ Energy Constructs Scarlet Witch ရဲ့အစောဆုံး မြင်တွေ့ရတဲ့ စွမ်းအားကတော့ Energy တွေကို ပစ်လွှတ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် MCU ထဲမှာတော့ […]

The post MCU ထဲမှာ မတွေ့ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားများ appeared first on San Yit Wine.

]]>
သရုပ်ဆောင် Elizabeth Olsen ကတော့ Wanda သို့မဟုတ် Scarlet Witch အနေနဲ့ Captain America: Winter Soldier ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ Wanda ဟာ ဝမ်းနည်းစရာ အဖြစ်အပျက်တွေမျိူးစုံ ကြုံတွေ့ခဲ့ပြီး သူမရဲ့ Character Development တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာလည်း တဖြည်းဖြည်းနဲ့ ပိုမိုစွမ်းအားကြီးလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုအချိန်ထိတော့ MCU ထဲမှာ မမြင်ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားတွေ ကျန်ရှိနေပါသေးတယ်။

Energy Constructs

photo credit Marvel Studios

Scarlet Witch ရဲ့အစောဆုံး မြင်တွေ့ရတဲ့ စွမ်းအားကတော့ Energy တွေကို ပစ်လွှတ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် MCU ထဲမှာတော့ သူမဟာ ဒီစွမ်းအားရဲ့ Full Potential အထိ အသုံးမပြုသေးပါဘူး။ ကောမစ်ထဲမှာတော့ Scarlet Witch ဟာ Magic Energy တစ်ခုတည်းနဲ့ လက်နက်မျိူးစုံနဲ့ ပစ္စည်းမျိူးစုံကို တည်ဆောက်နိုင်စွမ်း ရှိပါတယ်။ ဒီအစွမ်းကတော့ Ms. Marvel ရဲ့ MCU ဗားရှင်းနဲ့ ဆင်တူပါတယ်။

Replication

photo credit Marvel Studios

MCU နဲ့ Marvel ကောမစ်ထဲမှာတော့ Magic User အများစုဟာ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ပဲဖြစ်ဖြစ် ပုံရိပ်ယောင်အနေနဲ့ပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ ကိုယ်ပွားလေ့ ရှိပါတယ်။ ဒီစွမ်းအားကိုတော့ ပထမဆုံး Thor ရုပ်ရှင်ထဲမှာ Loki က ပြသခဲ့ပြီး Infinity War ထဲမှာလည်း Doctor Strange က လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း MCU ထဲမှာတော့ Scarlet Witch ဟာ ဒီလိုမလုပ်ပြသေးပါဘူး။ ကောမစ်ထဲမှာတော့ Scarlet Witch ဟာ ဒီစွမ်းအားကို ပိုင်ဆိုင်ထားပေမယ့် သိပ်ပြီးတော့ အသုံးပြုလေ့မရှိပါဘူး။

Gravity Control

photo credit Marvel Studios

MCU ထဲမှာ မမြင်တွေ့ရသေးတဲ့ Scarlet Witch ရဲ့ နောက်ထပ်အသုံးဝင်တဲ့ စွမ်းအားတစ်ခုကတော့ Gravity Control ပဲ ဖြစ်ပါတယ်။ ဒီစွမ်းအားဟာ ရန်သူများစွာနဲ့ ရင်ဆိုင်နေတဲ့အချိန် သို့မဟုတ် Hulk လိုမျိူး အလွန်သန်မာတဲ့ ဇာတ်ကောင်တွေနဲ့ တိုက်ခိုက်ရချိန်မှာ အလွန်အသုံးဝင်ပါတယ်။

အကြောင်းကတော့ Scarlet Witch ဟာ ဒီစွမ်းအားကို အသုံးပြုပြီး သူမရဲ့ရန်သူတွေကို စက္ကန့်ပိုင်းအတွင်းမှာ အလေးချိန်လုံးဝမရှိတော့အောင် ပြုလုပ်နိုင်သလို သာမန်အလေးချိန်ထက် အဆပေါင်းများစွာ ပိုမိုလေးလံသွားအောင်လည်း ပြုလုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

Power Alteration

photo credit Marvel Comics

WandaVision ဇာတ်လမ်းတွဲထဲမှာတော့ Scarlet Witch ဟာ Westview တစ်မြို့လုံးရဲ့ Reality ကို ပြောင်းလဲပစ်ခဲ့ပြီး Billy နဲ့ Tommy တို့ကိုလည်း ဖန်တီးပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ Scarlet Witch ဟာ အခြားသူတွေရဲ့ ရှိပြီးသား စွမ်းအားတွေကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

သူမဟာ X-Men တွေရဲ့ စွမ်းအားတွေကို ခဏတာ ပျောက်ကွယ်သွားအောင် ပြုလုပ်ခဲ့ဖူးပြီး House of M ထဲမှာတော့ X-Men အများစုရဲ့ စွမ်းအားတွေကို ထာဝရပျောက်ကွယ်သွားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Hulk နဲ့ She-Hulk တို့ရဲ့ စွမ်းအားတွေကိုလည်း ပြောင်းလဲခဲ့ဖူးပါသေးတယ်။

Invisibility

photo credit Marvel Studios

ကောမစ်ထဲမှာတော့ Scarlet Witch ဟာ Invisibility Spell ကို သုံးနိုင်စွမ်း ရှိပါတယ်။ ဒီ Spell ကတော့ အမြင်အာရုံကို လှည့်စားလိုက်တဲ့ သဘောမျိူးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Scarlet Witch ရဲ့ Invisibility Spell ဟာ Fantastic Four ထဲက Sue Strom ထက်တောင် ပိုမိုအသုံးဝင်ပါသေးတယ်။ အကြောင်းကတော့ Scarlet Witch ဟာ အဲဒီ Spell ကို အခြားလူတွေအပေါ်လည်း အသုံးပြုပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

Necromancy

photo credit Marvel Studios

ကောမစ်ထဲမှာတော့ Scarlet Witch ဟာ သေဆုံးသွားသူတွေကိုလည်း ပြန်လည်အသက်သွင်းနိုင်ပါတယ်။ သူမဟာ Wonder Man ကို ပြန်လည်အသက်သွင်းခဲ့ဖူးပြီး သူမကိုယ်တိုင်ကလည်း သေဆုံးရာက ပြန်လည်ရှင်သန်လာခဲ့ဖူးပါတယ်။

ဒါ့အပြင် သေခြင်းတရားဟာ သူမအတွက်တော့ ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ဘူးလို့တောင် ပြောခဲ့ပါသေးတယ်။ Doctor Strange in the Multiverse of Madness အပြီးမှာ Scarlet Witch က ပြန်လည်ပါဝင်လာဦးမယ် ဆိုရင်တော့ MCU ထဲမှာလည်း သူမဟာ သေခြင်းတရားကို ခြယ်လှယ်နိုင်သူတစ်ယောက် ဖြစ်လာမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post MCU ထဲမှာ မတွေ့ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားများ appeared first on San Yit Wine.

]]>
Guardians of the Galaxy အဖွဲ့ဝင်အသစ် ဖြစ်လာတဲ့ Phyla ဆိုတာ ဘယ်သူလဲ? https://sanyitwine.com/guardians-of-the-galaxy-phyla-comics-origin-and-powers/?utm_source=rss&utm_medium=rss&utm_campaign=guardians-of-the-galaxy-phyla-comics-origin-and-powers Mon, 22 May 2023 09:08:32 +0000 https://sanyitwine.com/?p=38575 *** SPOILER ALERT *** Guardians of the Galaxy Vol.3 ထဲမှာတော့ ဇာတ်ကောင်အသစ်များစွာ ပါဝင်ခဲ့ပြီး Credit Scene ထဲမှာတော့ Phyla ဆိုတဲ့ကလေးမလေးဟာ GOTG အဖွဲ့ဝင်သစ် ဖြစ်နေတာ တွေ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Phyla နဲ့ အခြားကလေးတွေဟာ High Evolutionary ဖန်တီးထားတဲ့ မျိူးနွယ်အသစ်တွေ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာလည်း Phyla ဟာ ဟမ်းစတား Wheel လိုအရာထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Phyla ရဲ့ ကောမစ်ထဲကအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ တကယ်တော့ Phyla ဟာ ကောမစ်ထဲက Phyla-Vell ဇာတ်ကောင်ကို ပြောင်းလဲမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ […]

The post Guardians of the Galaxy အဖွဲ့ဝင်အသစ် ဖြစ်လာတဲ့ Phyla ဆိုတာ ဘယ်သူလဲ? appeared first on San Yit Wine.

]]>
*** SPOILER ALERT ***

Guardians of the Galaxy Vol.3 ထဲမှာတော့ ဇာတ်ကောင်အသစ်များစွာ ပါဝင်ခဲ့ပြီး Credit Scene ထဲမှာတော့ Phyla ဆိုတဲ့ကလေးမလေးဟာ GOTG အဖွဲ့ဝင်သစ် ဖြစ်နေတာ တွေ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Phyla နဲ့ အခြားကလေးတွေဟာ High Evolutionary ဖန်တီးထားတဲ့ မျိူးနွယ်အသစ်တွေ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာလည်း Phyla ဟာ ဟမ်းစတား Wheel လိုအရာထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Phyla ရဲ့ ကောမစ်ထဲကအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo credit Marvel Studios

တကယ်တော့ Phyla ဟာ ကောမစ်ထဲက Phyla-Vell ဇာတ်ကောင်ကို ပြောင်းလဲမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Phyla-Vell ဟာ လေးယောက်မြောက် Captain Marvel လည်း ဖြစ်ခဲ့ပါတယ်။ Phyla-Vell ဟာ သူ့ရဲ့အစ်ကို Genis-Vell နေရာမှာ ခဏတာ Captain Marvel ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Phyla-Vell ဟာ Wendell Vaughn ဆီက Quantum Bands တွေကို ရရှိခဲ့ပြီး Quasar ဖြစ်လာခဲ့ပါတယ်။

သူမဟာ Quasar အနေနဲ့ ပထမဆုံးရင်ဆိုင်ရတဲ့ ဗီလိန်ကတော့ Annihilus ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ‌တော့ Phyla-Vell နဲ့ သူမရဲ့ပါတနာ Moondragon တို့ဟာ Adam Warlock နဲ့ပူးပေါင်းပြီး High Evolutionary ကို အတူတိုက်ခိုက်ခဲ့ကြပါတယ်။ GOTG 3 ကတော့ အဲဒီဇာတ်လမ်းကို Inspire ယူပြီး Phyla ကို ဖန်တီးထားတာ ဖြစ်ပါတယ်။

photo credit Marvel Comics

၂၀၀၈ ခုနှစ်မှာတော့ Phyla-Vell ဟာ Guardians of the Galaxy အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Phyla-Vell နဲ့ Adam Warlock တို့ဟာ ကောမစ်ထဲကအဖွဲ့ဝင်တွေ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်မှာ စတင်ထွက်လာတဲ့ GOTG Live Action ထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ GOTG Trilogy ရဲ့ အဆုံးသတ်ကျမှသာ သူတို့နှစ်ယောက်လုံးကို GOTG Line Up အသစ်အနေနဲ့ ယခုလိုထည့်သွင်းသွားတာ ဖြစ်ပါတယ်။

MCU ထဲမှာတော့ High Evolutionary ရဲ့ မျိူးရိုးဗီဇပြုပြင်မှုတွေကြောင့် ရလာတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်တက်မှုတွေကလွဲရင် Phyla ဟာ ဘာစွမ်းအားတွေ ရှိနေလည်းဆိုတာ မသိရသေးပါဘူး။ Credit Scene ထဲမှာတော့ သူမရဲ့မျက်လုံးတွေနဲ့ လက်တွေက အရောင်တွေထွက်လာတာကြောင့် Cosmic Power ကို Level တစ်ခုခုနဲ့ ပိုင်ဆိုင်ထားနိုင်ပါတယ်။

photo credit Marvel Studios

ကောမစ်ထဲက Phyla-Vell ရဲ့ စွမ်းအားတွေကတော့ သူမ ဖြစ်နေတဲ့ Role ပေါ်မူတည်ပြီး ကွဲပြားမှုတွေ ရှိပါတယ်။ သူမဟာ ကြီးမားတဲ့ ခွန်အားနဲ့ သက်လုံကို ပိုင်ဆိုင်ထားပြီး လေပေါ်ပျံနိုင်စွမ်းလည်း ရှိပါတယ်။ Captain Marvel ဖြစ်နေချိန်မှာတော့ သူမဟာ Cosmic Awareness Level တစ်ခု ရှိနေပြီး သူမရဲ့တိုက်ပွဲအတွင်းက Battle Sense ကို ပိုကောင်းလာစေပါတယ်။

Quasar ဖြစ်လာချိန်မှာတော့ Quantum Bands ကြောင့် Energy Manipulation ပုံစံများစွာကို ပြုလုပ်နိုင်ပြီး Quantum Zone ထဲက Energy တွေကိုလည်း ဆွဲယူအသုံးချနိုင်ပါတယ်။ ဒါ့အပြင် သူမဟာ Oblivion Sword ကိုလည်း အသုံးပြုခဲ့ဖူးပါသေးတယ်။ ဒါကြောင့်ပဲ MCU အနေနဲ့ Phyla ဇာတ်ကောင်ကိုတော့ မတူညီတဲ့ ဗားရှင်းအမျိူးမျိူးနဲ့ ပုံဖော်နိုင်ပြီး အသစ်ထွက်လာမယ့် ပရောဂျက်တွေမှာ သူမကို ဘယ်လိုဆက်ဖန်တီးသွားမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Guardians of the Galaxy အဖွဲ့ဝင်အသစ် ဖြစ်လာတဲ့ Phyla ဆိုတာ ဘယ်သူလဲ? appeared first on San Yit Wine.

]]>
Guardians of the Galaxy Vol.3 ထဲက Cosmo ရဲ့ ကောမစ် Origin နဲ့စွမ်းအားများ https://sanyitwine.com/guardians-of-the-galaxy-vol-3-cosmo-comics-origin/?utm_source=rss&utm_medium=rss&utm_campaign=guardians-of-the-galaxy-vol-3-cosmo-comics-origin Fri, 19 May 2023 10:13:54 +0000 https://sanyitwine.com/?p=38557 *** SPOILER ALERT *** Guardians of the Galaxy Vol.3 ထဲမှာတော့ လူသားနဲ့ ဂြိုဟ်သားတွေတင် မဟုတ်ဘဲ ထူးခြားတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်နေပါတယ်။ အဲဒီဇာတ်ကောင်တွေထဲမှာတော့ ခွေးလေး Cosmo ဟာ အရေးပါတဲ့ Role အနေနဲ့ ပါဝင်ခဲ့ပါတယ်။ တကယ်လို့ Cosmo သာ မရှိဘူးဆိုရင် ဇာတ်လမ်းအဆုံးသတ်မှာ GOTG အဖွဲ့သားတွေ အသက်ရှင်သန်ဖို့ ရာခိုင်နှုန်းအတော်လေး နည်းသွားပါလိမ့်မယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Cosmo ရဲ့ ကောမစ် Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။ ကောမစ် Origin Cosmo ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Nova Vol.4 #8 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ […]

The post Guardians of the Galaxy Vol.3 ထဲက Cosmo ရဲ့ ကောမစ် Origin နဲ့စွမ်းအားများ appeared first on San Yit Wine.

]]>
*** SPOILER ALERT ***

Guardians of the Galaxy Vol.3 ထဲမှာတော့ လူသားနဲ့ ဂြိုဟ်သားတွေတင် မဟုတ်ဘဲ ထူးခြားတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်နေပါတယ်။ အဲဒီဇာတ်ကောင်တွေထဲမှာတော့ ခွေးလေး Cosmo ဟာ အရေးပါတဲ့ Role အနေနဲ့ ပါဝင်ခဲ့ပါတယ်။ တကယ်လို့ Cosmo သာ မရှိဘူးဆိုရင် ဇာတ်လမ်းအဆုံးသတ်မှာ GOTG အဖွဲ့သားတွေ အသက်ရှင်သန်ဖို့ ရာခိုင်နှုန်းအတော်လေး နည်းသွားပါလိမ့်မယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Cosmo ရဲ့ ကောမစ် Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo credit Marvel Comics

Cosmo ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Nova Vol.4 #8 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Cosmo ကတော့ သာမန်ခွေးတစ်ကောင်ဖြစ်ပြီး အာကာသထဲမှာ ခရီးသွားနေရင်း အသိဉာဏ်မြင့်မားလာခဲ့တာပါ။ Cosmo ကိုတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ခွေးလေး Laika ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ ရုရှားတွေဟာ အစမ်းသပ်ခံခွေးလေး Laika ကို အာကာသယာဉ်ထဲထည့်ပြီး ကမ္ဘာအပြင်ဘက်ကို ပစ်လွှတ်ခဲ့တာကြောင့် Laika ဟာ သေဆုံးသွားခဲ့ပါတယ်။

ကောမစ်ထဲမှာလည်း Cosmo ကို ရုရှားတွေကပဲ အစမ်းသပ်ခံအနေနဲ့ ကမ္ဘာအပြင်ကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး သူဟာ Knowhere ဂြိုဟ်ပေါ်ကို ရောက်သွားပါတယ်။ Cosmo ဟာ အဲဒီဂြိုဟ်ပေါ်မှာပဲ Nova နဲ့ Guardians of the Galaxy အဖွဲ့တို့ ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Cosmo ဟာ Star-Lord ကို Inspire ယူပြီး Annihilators ဆိုတဲ့ စူပါဟီးရိုးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသေးတယ်။

စွမ်းအားများ

photo credit Marvel Comics

Cosmo ဟာ ၁၉၆၀ ကျော်မှာ မွေးဖွားခဲ့တဲ့ သာမန်ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ စစ်အေးတိုက်ပွဲကာလမှာတော့ အာကာသထဲကိုသွားဖို့ နှစ်နိုင်ငံလုံးဟာ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ရုရှားတွေဟာ Cosmo ကို အစမ်းသပ်ခံအနေနဲ့ အာကာသထဲကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ Cosmo ကတော့ သေဆုံးမသွားခဲ့ဘဲ အာကာသထဲမှာ လွင့်မျောနေပြီး Fantastic Four အဖွဲ့ကို စွမ်းအားတွေ ရလာစေတဲ့ Cosmic Ray တွေနဲ့ ထိတွေ့မိသွားပါတယ်။

ဒါကြောင့်ပဲ Cosmo ဟာ Telepathy (စိတ်ချင်းဆက်သွယ်နိုင်စွမ်း)၊ Telekinesis (စိတ်ဖြင့် အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်စွမ်း)၊ Mind Control (အခြားသူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်း)နဲ့ လူသားတစ်ယောက်လိုမျိူး အသိဉာဏ်တွေ ရရှိသွားပါတယ်။ ဒါတင်မကသေးဘဲ အခြားသော စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေများစွာလည်း ရှိပါသေးတယ်။ ဒါ့အပြင် Cosmo ဟာ သာမန်ခွေးတွေထက် ပိုမိုကြာရှည်တဲ့ သက်တမ်းကို ရရှိသွားပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Guardians of the Galaxy Vol.3 ထဲက Cosmo ရဲ့ ကောမစ် Origin နဲ့စွမ်းအားများ appeared first on San Yit Wine.

]]>