HomeCharacterGuardians of the Galaxy Vol.3 ထဲက Cosmo ရဲ့ ကောမစ် Origin နဲ့စွမ်းအားများ

Guardians of the Galaxy Vol.3 ထဲက Cosmo ရဲ့ ကောမစ် Origin နဲ့စွမ်းအားများ

*** SPOILER ALERT ***

Guardians of the Galaxy Vol.3 ထဲမှာတော့ လူသားနဲ့ ဂြိုဟ်သားတွေတင် မဟုတ်ဘဲ ထူးခြားတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်နေပါတယ်။ အဲဒီဇာတ်ကောင်တွေထဲမှာတော့ ခွေးလေး Cosmo ဟာ အရေးပါတဲ့ Role အနေနဲ့ ပါဝင်ခဲ့ပါတယ်။ တကယ်လို့ Cosmo သာ မရှိဘူးဆိုရင် ဇာတ်လမ်းအဆုံးသတ်မှာ GOTG အဖွဲ့သားတွေ အသက်ရှင်သန်ဖို့ ရာခိုင်နှုန်းအတော်လေး နည်းသွားပါလိမ့်မယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Cosmo ရဲ့ ကောမစ် Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo credit Marvel Comics

Cosmo ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Nova Vol.4 #8 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Cosmo ကတော့ သာမန်ခွေးတစ်ကောင်ဖြစ်ပြီး အာကာသထဲမှာ ခရီးသွားနေရင်း အသိဉာဏ်မြင့်မားလာခဲ့တာပါ။ Cosmo ကိုတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ခွေးလေး Laika ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ ရုရှားတွေဟာ အစမ်းသပ်ခံခွေးလေး Laika ကို အာကာသယာဉ်ထဲထည့်ပြီး ကမ္ဘာအပြင်ဘက်ကို ပစ်လွှတ်ခဲ့တာကြောင့် Laika ဟာ သေဆုံးသွားခဲ့ပါတယ်။

ကောမစ်ထဲမှာလည်း Cosmo ကို ရုရှားတွေကပဲ အစမ်းသပ်ခံအနေနဲ့ ကမ္ဘာအပြင်ကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး သူဟာ Knowhere ဂြိုဟ်ပေါ်ကို ရောက်သွားပါတယ်။ Cosmo ဟာ အဲဒီဂြိုဟ်ပေါ်မှာပဲ Nova နဲ့ Guardians of the Galaxy အဖွဲ့တို့ ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Cosmo ဟာ Star-Lord ကို Inspire ယူပြီး Annihilators ဆိုတဲ့ စူပါဟီးရိုးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသေးတယ်။

စွမ်းအားများ

photo credit Marvel Comics

Cosmo ဟာ ၁၉၆၀ ကျော်မှာ မွေးဖွားခဲ့တဲ့ သာမန်ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ စစ်အေးတိုက်ပွဲကာလမှာတော့ အာကာသထဲကိုသွားဖို့ နှစ်နိုင်ငံလုံးဟာ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ရုရှားတွေဟာ Cosmo ကို အစမ်းသပ်ခံအနေနဲ့ အာကာသထဲကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ Cosmo ကတော့ သေဆုံးမသွားခဲ့ဘဲ အာကာသထဲမှာ လွင့်မျောနေပြီး Fantastic Four အဖွဲ့ကို စွမ်းအားတွေ ရလာစေတဲ့ Cosmic Ray တွေနဲ့ ထိတွေ့မိသွားပါတယ်။

ဒါကြောင့်ပဲ Cosmo ဟာ Telepathy (စိတ်ချင်းဆက်သွယ်နိုင်စွမ်း)၊ Telekinesis (စိတ်ဖြင့် အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်စွမ်း)၊ Mind Control (အခြားသူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်း)နဲ့ လူသားတစ်ယောက်လိုမျိူး အသိဉာဏ်တွေ ရရှိသွားပါတယ်။ ဒါတင်မကသေးဘဲ အခြားသော စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေများစွာလည်း ရှိပါသေးတယ်။ ဒါ့အပြင် Cosmo ဟာ သာမန်ခွေးတွေထက် ပိုမိုကြာရှည်တဲ့ သက်တမ်းကို ရရှိသွားပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular