HomeCharacterGuardians of the Galaxy အဖွဲ့ဝင်အသစ် ဖြစ်လာတဲ့ Phyla ဆိုတာ ဘယ်သူလဲ?

Guardians of the Galaxy အဖွဲ့ဝင်အသစ် ဖြစ်လာတဲ့ Phyla ဆိုတာ ဘယ်သူလဲ?

*** SPOILER ALERT ***

Guardians of the Galaxy Vol.3 ထဲမှာတော့ ဇာတ်ကောင်အသစ်များစွာ ပါဝင်ခဲ့ပြီး Credit Scene ထဲမှာတော့ Phyla ဆိုတဲ့ကလေးမလေးဟာ GOTG အဖွဲ့ဝင်သစ် ဖြစ်နေတာ တွေ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Phyla နဲ့ အခြားကလေးတွေဟာ High Evolutionary ဖန်တီးထားတဲ့ မျိူးနွယ်အသစ်တွေ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာလည်း Phyla ဟာ ဟမ်းစတား Wheel လိုအရာထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Phyla ရဲ့ ကောမစ်ထဲကအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo credit Marvel Studios

တကယ်တော့ Phyla ဟာ ကောမစ်ထဲက Phyla-Vell ဇာတ်ကောင်ကို ပြောင်းလဲမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Phyla-Vell ဟာ လေးယောက်မြောက် Captain Marvel လည်း ဖြစ်ခဲ့ပါတယ်။ Phyla-Vell ဟာ သူ့ရဲ့အစ်ကို Genis-Vell နေရာမှာ ခဏတာ Captain Marvel ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Phyla-Vell ဟာ Wendell Vaughn ဆီက Quantum Bands တွေကို ရရှိခဲ့ပြီး Quasar ဖြစ်လာခဲ့ပါတယ်။

သူမဟာ Quasar အနေနဲ့ ပထမဆုံးရင်ဆိုင်ရတဲ့ ဗီလိန်ကတော့ Annihilus ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ‌တော့ Phyla-Vell နဲ့ သူမရဲ့ပါတနာ Moondragon တို့ဟာ Adam Warlock နဲ့ပူးပေါင်းပြီး High Evolutionary ကို အတူတိုက်ခိုက်ခဲ့ကြပါတယ်။ GOTG 3 ကတော့ အဲဒီဇာတ်လမ်းကို Inspire ယူပြီး Phyla ကို ဖန်တီးထားတာ ဖြစ်ပါတယ်။

photo credit Marvel Comics

၂၀၀၈ ခုနှစ်မှာတော့ Phyla-Vell ဟာ Guardians of the Galaxy အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Phyla-Vell နဲ့ Adam Warlock တို့ဟာ ကောမစ်ထဲကအဖွဲ့ဝင်တွေ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်မှာ စတင်ထွက်လာတဲ့ GOTG Live Action ထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ GOTG Trilogy ရဲ့ အဆုံးသတ်ကျမှသာ သူတို့နှစ်ယောက်လုံးကို GOTG Line Up အသစ်အနေနဲ့ ယခုလိုထည့်သွင်းသွားတာ ဖြစ်ပါတယ်။

MCU ထဲမှာတော့ High Evolutionary ရဲ့ မျိူးရိုးဗီဇပြုပြင်မှုတွေကြောင့် ရလာတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်တက်မှုတွေကလွဲရင် Phyla ဟာ ဘာစွမ်းအားတွေ ရှိနေလည်းဆိုတာ မသိရသေးပါဘူး။ Credit Scene ထဲမှာတော့ သူမရဲ့မျက်လုံးတွေနဲ့ လက်တွေက အရောင်တွေထွက်လာတာကြောင့် Cosmic Power ကို Level တစ်ခုခုနဲ့ ပိုင်ဆိုင်ထားနိုင်ပါတယ်။

photo credit Marvel Studios

ကောမစ်ထဲက Phyla-Vell ရဲ့ စွမ်းအားတွေကတော့ သူမ ဖြစ်နေတဲ့ Role ပေါ်မူတည်ပြီး ကွဲပြားမှုတွေ ရှိပါတယ်။ သူမဟာ ကြီးမားတဲ့ ခွန်အားနဲ့ သက်လုံကို ပိုင်ဆိုင်ထားပြီး လေပေါ်ပျံနိုင်စွမ်းလည်း ရှိပါတယ်။ Captain Marvel ဖြစ်နေချိန်မှာတော့ သူမဟာ Cosmic Awareness Level တစ်ခု ရှိနေပြီး သူမရဲ့တိုက်ပွဲအတွင်းက Battle Sense ကို ပိုကောင်းလာစေပါတယ်။

Quasar ဖြစ်လာချိန်မှာတော့ Quantum Bands ကြောင့် Energy Manipulation ပုံစံများစွာကို ပြုလုပ်နိုင်ပြီး Quantum Zone ထဲက Energy တွေကိုလည်း ဆွဲယူအသုံးချနိုင်ပါတယ်။ ဒါ့အပြင် သူမဟာ Oblivion Sword ကိုလည်း အသုံးပြုခဲ့ဖူးပါသေးတယ်။ ဒါကြောင့်ပဲ MCU အနေနဲ့ Phyla ဇာတ်ကောင်ကိုတော့ မတူညီတဲ့ ဗားရှင်းအမျိူးမျိူးနဲ့ ပုံဖော်နိုင်ပြီး အသစ်ထွက်လာမယ့် ပရောဂျက်တွေမှာ သူမကို ဘယ်လိုဆက်ဖန်တီးသွားမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular