HomeCharacterSpider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့စွမ်းအားများ

Spider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့စွမ်းအားများ

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Spider-Man: Across the Spider-Verse ကတော့ Spider-Man Variant များစွာနဲ့ ပြည့်နှက်နေပါတယ်။ ဒီ Spider-Man Variant တွေထဲကမှ အထူးခြားဆုံး ဖြစ်နေတာကတော့ Spider-Punk ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Spider-Punk ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Origin

photo credit Marvel Comics

Spider-Punk ရဲ့ နာမည်အရင်းကတော့ Hobart “Hobie” Brown ဖြစ်ပြီး The Amazing Spider-Man #10 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အစတုန်းကတော့ Artist Oliver Coipel ဟာ Spider-UK အတွက် ဒီဇိုင်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း Marvel ကတော့ အဲဒီဒီဇိုင်းကို Punk Inspire ပြုလုပ်ပြီး Spider-Punk အဖြစ် ပြောင်းလဲဖန်တီးခဲ့ပါတယ်။

Spider-Punk ကတော့ Earth-138 က ဖြစ်ပြီး အဲဒီ Universe မှာတော့ Norman Osborn ဟာ အမေရိကန်နိုင်ငံရဲ့သမ္မတ ဖြစ်နေပါတယ်။ Spider-Punk ဟာ လွတ်လပ်မှုကို ကြိုက်နှစ်သက်သူ ဖြစ်ပြီး Norman Osborn ဦးဆောင်တဲ့ ဖက်ဆစ်အစိုးရကို တော်လှန်ခဲ့ပါတယ်။ ဒါ့အပြင် Norman Osborn ဟာ နိုင်ငံသားတွေကို ဆင်းရဲမွဲတေတာထက် ပိုပြီး ဆင်းရဲအောင် ပြုလုပ်ထားခဲ့ပါတယ်။ ဒါကြောင့်ပဲ Spider-Punk ဟာ သူရဲ့စွမ်းအားတွေကို အသုံးပြုပြီး တော်လှန်ရေးခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

Norman Osborn ရဲ့ လက်အောက်ငယ်သားတွေဟာ အဆိပ်ရှိတဲ့ အညစ်အကြေးတွေကို စည်းကမ်းမရှိ စွန့်ပစ်ပြီး တိုင်းပြည်ကို အဆိပ်ခတ်နေခဲ့ပါတယ်။ အဲဒီအဆိပ်ရှိတဲ့ အညစ်အကြေးတွေကြောင့်ပဲ ပင့်ကူတစ်ကောင်ရဲ့ မျိူးရိုးဗီဇဟာ ပြောင်းလဲသွားပြီး ရေဒီယိုသတ္တိကြွပင့်ကူ ဖြစ်လာပါတယ်။ Spider-Punk ကတော့ အဲဒီပင့်ကူကိုက်ခံရတာကြောင့် Spider စွမ်းအားတွေ ရရှိလာတာပါ။

Spider-Punk ဟာ တော်လှန်ရေးတပ်ဖွဲ့ကို ဦးဆောင်ပြီး Norman Osborn နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Spider-Punk ဟာ သူ့ရဲ့ Electric Guitar နဲ့ Norman Osborn ရဲ့ခေါင်းကို ဖြတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ Identity ကို ပြည်သူတွေရှေ့မှာ ချပြခဲ့ပြီး အမေရိကန်နိုင်ငံကို ကယ်တင်သူအဖြစ် ပြည်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ Spider-Punk ဟာ အခြားသော Spider-Man တွေထက် ပိုမိုအကြမ်းဖက်တတ်သူ ဖြစ်ပါတယ်။ သာမန်ဆိုရင်တော့ Spider-Man တွေဟာ သူတို့ရဲ့ရန်သူကို အနိုင်ယူရုံပဲ တိုက်ခိုက်ကြပြီး သတ်ပစ်တာမျိူးတော့ မလုပ်တတ်ကြပါဘူး။ ဒါပေမယ့်လည်း Earth-138 ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာကြောင့် Norman Osborn ကို ဒီလိုသတ်ပစ်လိုက်တာဟာ မှားတယ်လို့တော့ ပြောလို့မရပါဘူး။

စွမ်းအားများ

photo credit Marvel Comics

Spider-Punk ကတော့ Spider-Man တိုင်းမှာရှိတဲ့ စွမ်းအားတွေတိုင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ သူဟာ ဘယ်လိုမျက်နှာပြင်မှာမဆို တွယ်ကပ်နေနိုင်ပြီး Spider-Sense ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Spider-Punk ဟာ အခြား Spider-Man တွေလို လက်ကောက်ဝတ်ကနေ ပင့်ကူမျှင်တွေ ပစ်လွှတ်နိုင်ပေမယ့်လည်း အဲဒါဟာ Web Shooter နဲ့ ပစ်တာလား၊ ဘာစက်အကူအညီမှ မလိုအပ်ဘဲ ပစ်နိုင်တာလားဆိုတာတော့ မဖော်ပြထားပါဘူး။ ဒါ့အပြင် သူ့ရဲ့ အချွန်တွေပါတဲ့ မျက်နှာဖုံးနဲ့ Electric Guitar ကိုလည်း လက်နက်အဖြစ် အသုံးပြုပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular