HomeCharacterSpider-Man: India ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Spider-Man: India ရဲ့ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Spider-Man: Across the Spider-Verse ဇာတ်လမ်းကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Spider-Man Variant ပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီး စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့လည်း ပြည့်နှက်နေပါတယ်။ ဒါ့အပြင် Sony ဟာ ဇာတ်ကောင်တွေကို ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ Spider-Man: India ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

Origin

photo credit Marvel Comics

Pavitr Prabhakar ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man: India #1 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ Pavitr ကတော့ အိန္ဒိယနိုင်ငံရဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး Mumbai မြို့ကို အဒေါ်ဖြစ်သူ Maya ၊ ဦးလေးဖြစ်သူ Bhim တို့နဲ့အတူ ပြောင်းလာခဲ့ပါတယ်။ Pavitr ဟာ စကောလားရှစ်ကြောင့် ကျောင်းကောင်းကောင်း တက်ခွင့်ရခဲ့ပေမယ့် အခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရပါတယ်။ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းကတော့ Meera Jain ပဲ ဖြစ်ပါတယ်။ Meera Jain ကတော့ Earth-616 ရဲ့ Mary Jane Watson ကို Inspire ယူပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

တစ်ရက်မှာတော့ Pavitr ဟာ အနိုင်ကျင့်သူတွေလက်ထဲက ထွက်ပြေးနေရင်း ယောဂီတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီယောဂီဟာ Pavitr ကို ပင့်ကူတစ်ကောင်ရဲ့ စွမ်းအားတွေ ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ Pavitr ရဲ့ Spider-Man Origin ကတော့ အခြား Spider-Man Origin တွေနဲ့ အတော်လေး ကွာခြားနေပါတယ်။ Spider-Man တွေအများစုဟာ Radioactive Spider ကိုက်ခံရတာကြောင့် Spider-Man ဖြစ်လာခဲ့ပေမယ့် Pavitr ကတော့ မှော်ပညာကနေတဆင့် Spider-Man ဖြစ်လာခဲ့တာပါ။

Pavitr ဟာ စွမ်းအားတွေ ရခါစမှာတော့ စူပါဟီးရိုး ပြုလုပ်ဖို့ စိတ်ကူးမရှိသေးပါဘူး။ ဒါကြောင့်ပဲ ယောက်ျားတစ်စုက အမျိူးသမီးတစ်ယောက်ကို ရန်မူနေတဲ့အချိန်မှာတော့ ဝင်ရောက်ကူညီခဲ့ခြင်း မရှိပါဘူး။ အဲဒီအချိန်မှာပဲ ဦးလေးဖြစ်သူ Uncle Bhim က ရန်မူခံနေရတဲ့ အမျိူးသမီးကို ဝင်ရောက်ကူညီခဲ့တာကြောင့် ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့်ပဲ Pavitr ဟာ ကြီးမားတဲ့ စွမ်းအားတွေမှာ ကြီးလေးတဲ့ တာဝန်ယူမှုတွေ ရှိတယ်ဆိုတာကို သိသွားခဲ့ပါတယ်။ အဲဒီအချိန်ကျတော့မှ Pavitr ဟာ Mumbai ရဲ့ Spider-Man ဖြစ်လာခဲ့ပါတယ်။

စွမ်းအားများ

photo credit Marvel Comics

Pavitr ရဲ့ စွမ်းအားတွေကတော့ ကျွန်တော်တို့ သိထားတဲ့ Spider-Man စွမ်းအားတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ Pavitr ဟာ နံရံပေါ်ကို တက်နိုင်ပြီး Spider-Man တိုင်းမှာရှိတဲ့ Spider-Sense ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Strength ၊ Stamina ၊ Durability နဲ့ Speed တို့ဟာလည်း သာမန်လူတွေထက် သာလွန်ပြီး Healing Factor လည်း ရှိပါတယ်။ ဒါ့အပြင် Pavitr ဟာ Peter Parker လိုပဲ ဉာဏ်ရည်အလွန်ကောင်းသူလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular