HomeCharacterGen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ?

Gen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ?

Gen V ထဲက ဇာတ်ကောင်တွေဟာ ထူးခြားတဲ့ စွမ်းအားတွေတစ်မျိူးစီ ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီထဲကမှ Jordan Li ကတော့ အထူးခြားဆုံးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Jordan Li ဟာ ယောကျာ်းလေးကနေ မိန်းကလေး၊ မိန်းကလေးကနေ ယောကျာ်းလေးအဖြစ် လိုသလို ပြောင်းလဲနိုင်ပြီး God U ရဲ့ စွမ်းအားအကြီးဆုံးလို့ သတ်မှတ်ခဲ့တဲ့ Golden Boy နဲ့တောင် တစ်ယောက်ချင်းယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Jordan Li ရဲ့ စွမ်းအားကို ဖော်ပြပေးချင်ပါတယ်။

photo credit Amazon Prime

Jordan Li ရဲ့ မိန်းကလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Landon Thor က ပါဝင်သရုပ်ဆောင်ထားပြီး ယောကျာ်းလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Derek Luh က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ ယောကျာ်းလေးအဖြစ်ပဲ မွေးလာခဲ့တာဖြစ်ပြီး Compound V ကြောင့် ယခုလို Bi-Gender စွမ်းအားကို ရရှိသွားတာ ဖြစ်ပါတယ်။ တကယ်တော့ Jordan Li ရဲ့ ယောကျာ်းလေးပုံစံနဲ့ မိန်းကလေးပုံစံတို့မှာ မတူညီတဲ့ စွမ်းအားတွေ ရှိပါတယ်။

ဒီအချက်ကိုတော့ Jordan Li နဲ့ Luke တို့ရဲ့ တိုက်ပွဲမှာ မြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့ယောကျာ်းလေးပုံစံကတော့ Super Strength နဲ့ Durability တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ Strength နေရာမှာ စွမ်းအားကြီးတဲ့ Luke နဲ့ Sam တို့ကို ထိန်းထားနိုင်တာပါ။ မိန်းကလေးပုံစံမှာတော့ Superhuman Agility ကို ပိုင်ဆိုင်ထားပြီး Energy Blast တွေကိုလည်း ပစ်လွှတ်နိုင်ပါတယ်။

photo credit Amazon Prime

ဒါကြောင့်ပဲ Jordan Li ဟာ Luke နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ယောကျာ်းလေးပုံစံကို Defense အနေနဲ့ အသုံးပြုခဲ့ပြီး မိန်းကလေးပုံစံကိုတော့ Attack အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီစွမ်းအားနှစ်ခုကို အချိန်တိတိကျကျနဲ့ ရွေးချယ်မှုမှန်မှန် ပြုလုပ်ပြီး တိုက်ခိုက်တတ်တဲ့ Jordan Li ကတော့ Highly Skilled Supe တစ်ယောက်ပဲ ဖြစ်ပါတယ်။

Gen V ထဲက Supe တွေအကြောင်း ထပ်ပြီးတော့ တင်ပေးသွားဦးမှာ ဖြစ်တာကြောင့် နှစ်သက်ရင်တော့ Like & Share လုပ်ပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular