HomeCharacterDC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့ဆင်တူနေတဲ့ Sony ရဲ့ Kraven the Hunter

DC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့ဆင်တူနေတဲ့ Sony ရဲ့ Kraven the Hunter

Sony Pictures ကတော့ မကြာသေးခင်ကပဲ Kraven the Hunter ရုပ်ရှင်ရဲ့ ထွေလာကို ထုတ်ပေးခဲ့ပါတယ်။ ယခုအချိန်လောက်ဆိုရင် လူအများစုလည်း ဒီထွေလာကို ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီထွေလာ ထွက်လာပြီးချိန်မှာတော့ ပရိသတ်တွေဟာ အွန်လိုင်းပေါ်မှာ ဒီထွေလာနဲ့ ပတ်သက်ပြီး ပြောဆိုနေကြပါပြီ။ ဒါ့အပြင် Sony ရဲ့ Kraven ဗားရှင်းကတော့ DC ဗီလိန်တစ်ယောက်ရဲ့ Origin နဲ့အတော်လေး ဆင်တူနေတယ်လို့ ပြောနေကြပါတယ်။

Sony ဟာ Kraven ဇာတ်ကောင်ရဲ့ နောက်ကြောင်းကို ကောမစ်နဲ့မတူညီအောင် ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဒီလိုပြောင်းလဲထားတဲ့ နောက်ကြောင်းကတော့ DC ဗီလိန်တစ်ယောက်ရဲ့ နောက်ကြောင်းနဲ့ အတော်လေး ဆင်တူနေတာကြောင့် ပရိသတ်အချို့ကတော့ ‌Sony က ကော်ပီထားတယ်လို့တောင် ပြောနေကြပါတယ်။ Kraven the Hunter ရဲ့ ထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Sony ရဲ့ Kraven နဲ့ ဆင်တူနေတဲ့ DC ဗီလိန်ကတော့ Catman a.k.a. Thomas Blake ရဲ့ Origin ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Thomas ရဲ့ငယ်ဘဝမှာ သူ့ရဲ့အဖေက အမဲလိုက်ခေါ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အဖေဟာ Thomas ကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်နေသူလည်း ဖြစ်ပါတယ်။ Thomas ဟာ အမဲလိုက်ရာမှာ ခြင်္သေ့ကိုပစ်ဖို့ ဝန်လေးနေတဲ့အချိန်မှာတော့ သူ့ရဲ့အဖေက “မင်းရဲ့အမေလိုပဲ” လို့ ပြောခဲ့ပါတယ်။

Kraven ရဲ့ထွေလာထဲမှာလည်း Kraven ဟာ ငယ်ဘဝမှာ သူ့အဖေနဲ့အတူ အမဲလိုက်ခဲ့ပြီး ခြင်္သေ့တစ်ကောင်ကို ပစ်ဖို့ ဝန်လေးနေတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာတော့ သူ့ရဲ့အဖေက “မင်းရဲ့အမေလိုပဲ အားနည်းလိုက်တာ” လို့ ပြောလိုက်ပါတယ်။ ဒီလိုနောက်ကြောင်းကို ပြန်ပြတဲ့ ဇာတ်ဝင်ခန်းဟာ တစ်ထေရာတည်းနီးပါးကို ဆင်တူနေတာပါ။

သို့သော်လည်း origin တစ်ခုလုံး ဆင်တူနေမလားဆိုတာကတော့ ရုပ်ရှင်ထွက်လာမှပဲ သိရမှာ ဖြစ်ပါတယ်။ စာဖတ်သူတွေရော ဒီကိစ္စအပေါ် ဘယ်လိုမြင်လည်းဆိုတာ ကောမန့်မှာ ပြောခဲ့ပါဦးနော်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular