HomeCharacterMCU ထဲမှာ မတွေ့ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားများ

MCU ထဲမှာ မတွေ့ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားများ

သရုပ်ဆောင် Elizabeth Olsen ကတော့ Wanda သို့မဟုတ် Scarlet Witch အနေနဲ့ Captain America: Winter Soldier ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ Wanda ဟာ ဝမ်းနည်းစရာ အဖြစ်အပျက်တွေမျိူးစုံ ကြုံတွေ့ခဲ့ပြီး သူမရဲ့ Character Development တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာလည်း တဖြည်းဖြည်းနဲ့ ပိုမိုစွမ်းအားကြီးလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုအချိန်ထိတော့ MCU ထဲမှာ မမြင်ရသေးတဲ့ Scarlet Witch ရဲ့ စွမ်းအားတွေ ကျန်ရှိနေပါသေးတယ်။

Energy Constructs

photo credit Marvel Studios

Scarlet Witch ရဲ့အစောဆုံး မြင်တွေ့ရတဲ့ စွမ်းအားကတော့ Energy တွေကို ပစ်လွှတ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် MCU ထဲမှာတော့ သူမဟာ ဒီစွမ်းအားရဲ့ Full Potential အထိ အသုံးမပြုသေးပါဘူး။ ကောမစ်ထဲမှာတော့ Scarlet Witch ဟာ Magic Energy တစ်ခုတည်းနဲ့ လက်နက်မျိူးစုံနဲ့ ပစ္စည်းမျိူးစုံကို တည်ဆောက်နိုင်စွမ်း ရှိပါတယ်။ ဒီအစွမ်းကတော့ Ms. Marvel ရဲ့ MCU ဗားရှင်းနဲ့ ဆင်တူပါတယ်။

Replication

photo credit Marvel Studios

MCU နဲ့ Marvel ကောမစ်ထဲမှာတော့ Magic User အများစုဟာ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ပဲဖြစ်ဖြစ် ပုံရိပ်ယောင်အနေနဲ့ပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ ကိုယ်ပွားလေ့ ရှိပါတယ်။ ဒီစွမ်းအားကိုတော့ ပထမဆုံး Thor ရုပ်ရှင်ထဲမှာ Loki က ပြသခဲ့ပြီး Infinity War ထဲမှာလည်း Doctor Strange က လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း MCU ထဲမှာတော့ Scarlet Witch ဟာ ဒီလိုမလုပ်ပြသေးပါဘူး။ ကောမစ်ထဲမှာတော့ Scarlet Witch ဟာ ဒီစွမ်းအားကို ပိုင်ဆိုင်ထားပေမယ့် သိပ်ပြီးတော့ အသုံးပြုလေ့မရှိပါဘူး။

Gravity Control

photo credit Marvel Studios

MCU ထဲမှာ မမြင်တွေ့ရသေးတဲ့ Scarlet Witch ရဲ့ နောက်ထပ်အသုံးဝင်တဲ့ စွမ်းအားတစ်ခုကတော့ Gravity Control ပဲ ဖြစ်ပါတယ်။ ဒီစွမ်းအားဟာ ရန်သူများစွာနဲ့ ရင်ဆိုင်နေတဲ့အချိန် သို့မဟုတ် Hulk လိုမျိူး အလွန်သန်မာတဲ့ ဇာတ်ကောင်တွေနဲ့ တိုက်ခိုက်ရချိန်မှာ အလွန်အသုံးဝင်ပါတယ်။

အကြောင်းကတော့ Scarlet Witch ဟာ ဒီစွမ်းအားကို အသုံးပြုပြီး သူမရဲ့ရန်သူတွေကို စက္ကန့်ပိုင်းအတွင်းမှာ အလေးချိန်လုံးဝမရှိတော့အောင် ပြုလုပ်နိုင်သလို သာမန်အလေးချိန်ထက် အဆပေါင်းများစွာ ပိုမိုလေးလံသွားအောင်လည်း ပြုလုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

Power Alteration

photo credit Marvel Comics

WandaVision ဇာတ်လမ်းတွဲထဲမှာတော့ Scarlet Witch ဟာ Westview တစ်မြို့လုံးရဲ့ Reality ကို ပြောင်းလဲပစ်ခဲ့ပြီး Billy နဲ့ Tommy တို့ကိုလည်း ဖန်တီးပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ Scarlet Witch ဟာ အခြားသူတွေရဲ့ ရှိပြီးသား စွမ်းအားတွေကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

သူမဟာ X-Men တွေရဲ့ စွမ်းအားတွေကို ခဏတာ ပျောက်ကွယ်သွားအောင် ပြုလုပ်ခဲ့ဖူးပြီး House of M ထဲမှာတော့ X-Men အများစုရဲ့ စွမ်းအားတွေကို ထာဝရပျောက်ကွယ်သွားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Hulk နဲ့ She-Hulk တို့ရဲ့ စွမ်းအားတွေကိုလည်း ပြောင်းလဲခဲ့ဖူးပါသေးတယ်။

Invisibility

photo credit Marvel Studios

ကောမစ်ထဲမှာတော့ Scarlet Witch ဟာ Invisibility Spell ကို သုံးနိုင်စွမ်း ရှိပါတယ်။ ဒီ Spell ကတော့ အမြင်အာရုံကို လှည့်စားလိုက်တဲ့ သဘောမျိူးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Scarlet Witch ရဲ့ Invisibility Spell ဟာ Fantastic Four ထဲက Sue Strom ထက်တောင် ပိုမိုအသုံးဝင်ပါသေးတယ်။ အကြောင်းကတော့ Scarlet Witch ဟာ အဲဒီ Spell ကို အခြားလူတွေအပေါ်လည်း အသုံးပြုပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

Necromancy

photo credit Marvel Studios

ကောမစ်ထဲမှာတော့ Scarlet Witch ဟာ သေဆုံးသွားသူတွေကိုလည်း ပြန်လည်အသက်သွင်းနိုင်ပါတယ်။ သူမဟာ Wonder Man ကို ပြန်လည်အသက်သွင်းခဲ့ဖူးပြီး သူမကိုယ်တိုင်ကလည်း သေဆုံးရာက ပြန်လည်ရှင်သန်လာခဲ့ဖူးပါတယ်။

ဒါ့အပြင် သေခြင်းတရားဟာ သူမအတွက်တော့ ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ဘူးလို့တောင် ပြောခဲ့ပါသေးတယ်။ Doctor Strange in the Multiverse of Madness အပြီးမှာ Scarlet Witch က ပြန်လည်ပါဝင်လာဦးမယ် ဆိုရင်တော့ MCU ထဲမှာလည်း သူမဟာ သေခြင်းတရားကို ခြယ်လှယ်နိုင်သူတစ်ယောက် ဖြစ်လာမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular