Music Archives - San Yit Wine https://sanyitwine.com/category/entertainment/music/ Fri, 01 Sep 2023 11:26:26 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Music Archives - San Yit Wine https://sanyitwine.com/category/entertainment/music/ 32 32 2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ https://sanyitwine.com/2023-mtv-vmas-performers-lineup/?utm_source=rss&utm_medium=rss&utm_campaign=2023-mtv-vmas-performers-lineup Fri, 01 Sep 2023 11:26:13 +0000 https://sanyitwine.com/?p=39041 2023 MTV VMAs ဆုပေးပွဲကိုတော့ မကြာခင်ကာလမှာပဲ ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။ VMAs ရဲ့ ထုံးစံအတိုင်းပဲ ဒီနှစ်မှာလည်း အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်တွေ ပါဝင်လာဦးမှာပါ။ ယခုနှစ်ရဲ့ VMAs ဆုပေးပွဲကိုတော့ လာမယ့် စက်တင်ဘာလ(၁၂)ရက်နေ့မှာ နယူးဂျာစီက Prudential Center မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဂီတလောကက နာမည်ကျော်တွေ တက်ရောက်ကြမယ့် ဒီဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေခွင့် ရရှိထားတဲ့ artist တွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ပါဝင်ဖျော်ဖြေကြမယ့် artist တွေရဲ့ ပထမအသုတ်ကိုတော့ ဩဂုတ်လ(၂၂)ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ထပ်တိုးစာရင်းတွေကိုတော့ ဩဂုတ်လ(၃၁)ရက်နေ့မှာ ကြေညာသွားတာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ VMAs မှာတော့ Taylor Swift က စံကာတင်(၈)ဆုနဲ့ ရှေ့ဆုံးက ဦးဆောင်နေပြီး SZA […]

The post 2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ appeared first on San Yit Wine.

]]>
2023 MTV VMAs ဆုပေးပွဲကိုတော့ မကြာခင်ကာလမှာပဲ ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။ VMAs ရဲ့ ထုံးစံအတိုင်းပဲ ဒီနှစ်မှာလည်း အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်တွေ ပါဝင်လာဦးမှာပါ။ ယခုနှစ်ရဲ့ VMAs ဆုပေးပွဲကိုတော့ လာမယ့် စက်တင်ဘာလ(၁၂)ရက်နေ့မှာ နယူးဂျာစီက Prudential Center မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဂီတလောကက နာမည်ကျော်တွေ တက်ရောက်ကြမယ့် ဒီဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေခွင့် ရရှိထားတဲ့ artist တွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ပါဝင်ဖျော်ဖြေကြမယ့် artist တွေရဲ့ ပထမအသုတ်ကိုတော့ ဩဂုတ်လ(၂၂)ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ထပ်တိုးစာရင်းတွေကိုတော့ ဩဂုတ်လ(၃၁)ရက်နေ့မှာ ကြေညာသွားတာ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ VMAs မှာတော့ Taylor Swift က စံကာတင်(၈)ဆုနဲ့ ရှေ့ဆုံးက ဦးဆောင်နေပြီး SZA ၊ Doja Cat ၊ Kim Petras ၊ Miley Cyrus နဲ့ Nicki Minaj တို့ကလည်း အသီးသီး စံကာတင်ဝင်ထားကြပါသေးတယ်။ ယခုနှစ်ရဲ့ host နေရာမှာတော့ ဘယ်သူက တာဝန်ယူသွားမယ်ဆိုတာ မသိရသေးပါဘူး။

၂၀၂၃ ခုနှစ် VMAs ရဲ့ မှင်သက်စရာ performance တွေကို တင်ဆက်သွားကြမယ့် artist တွေကတော့ …

Lil’ Wayne

Photo: liltunechi/ Instagram

Lil’ Wayne ကတော့ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက်မှ VMAs စတိတ်ပေါ် ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဂရမ်မီငါးဆုရှင်ဖြစ်တဲ့ Lil’ Wayne ဟာ စက်တင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိထားတဲ့ သူ့ရဲ့ဆင်ဂယ်လ်အသစ် Kat Food ကို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Doja Cat

Photo: dojacat/ Instagram

Doja Cat ကတော့ ၂၀၂၁ ခုနှစ်မှာ VMAs host အဖြစ် တင်ဆက်ပြီးနောက် အခုနှစ်မှာမှ VMAs စင်မြင့်ပေါ်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူမဟာလည်း ယခုနှစ် ဆုပေးပွဲမှာ Best Video of the Year နဲ့ Artist of the Year အပါအဝင် စံကာတင်(၅)ဆု စာရင်းဝင်ထားပါသေးတယ်။

Kelsea Ballerini

Photo: kelseaballerini/ Instagram

ယခုနှစ် VMAs ကတော့ Kelsea Ballerini ရဲ့ EP ဖြစ်တဲ့ Rolling Up The Welcome Mat (For Good)ထဲက သီချင်းတွေကို ပထမဆုံး world premiere လုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုလည်း ဖြစ်ပါတယ်။

Anitta

Photo: anitta/ Instagram

Anitta ကတော့ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Funk Generation: A Favela Love Story ထဲက နာမည်ကြီးသီချင်းတွေကို medley အနေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ Anitta ကတော့ မနှစ်က ၂၀၂၂ ခုနှစ်မှာ သူမရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုကို တင်ဆက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ပထမဆုံး VMAs ဆုရရှိတဲ့ ဘရာဇီးလ် artist အဖြစ်လည်း သမိုင်းတွင်သွားပါသေးတယ်။

TOMORROW x TOGETHER

Photo: txt_bighit/ Instagram

TXT အဖွဲ့ကတော့ သူတို့ရဲ့ဆင်ဂယ်လ်သီချင်းအသစ်နဲ့ VMAs မှာ ပထမဆုံး ပွဲဦးထွက် ဖျော်ဖြေခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Best K-Pop ဆုကိုလည်း စံကာတင်ဝင်ထားကြပါသေးတယ်။

Demi Lovato

Photo: ddlovato/ Instagram

VMAs သမိုင်းမှာ စံကာတင်(၁၄)ကြိမ် ရရှိထားဖူးတဲ့ Demi Lovato ကတော့ ခြောက်နှစ်ကျော်ကြာပြီးမှ VMAs စင်မြင့်ပေါ်ကို ပြန်လည် တက်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့အယ်လ်ဘမ်သစ် Revamped မထွက်လာခင် သုံးရက်အလိုမှာ VMAs စင်မြင့်ပေါ်မှာ Demi ကို အရင်ဆုံး တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ သူမရဲ့ Revamped အယ်လ်ဘမ်ကတော့ သူမရဲ့နာမည်ကြီးသီချင်းတွေကို ရော့ခ်ဗားရှင်းနဲ့ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

Karol G

Photo: karolg/ Instagram

Karol G ကတော့ ယခုနှစ်မှာပဲ VMAs မှာ ပထမဆုံး ဖျော်ဖြေခွင့်ရမယ့် artist တွေထဲမှာ ပါဝင်ပါတယ်။ သူမဟာ စပိန်ဘာသာနဲ့ သီဆိုထားတဲ့ တေးအယ်လ်ဘမ်နဲ့ Billboard 200 chart မှာ နံပါတ်(၁)ချိတ်သွားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ်လည်း သမိုင်းတွင်ထားပါသေးတယ်။

Måneskin

Photo: maneskinofficial/ Instagram

Måneskin ကတော့ ဒုတိယမြောက်နှစ်အဖြစ် VMAs မှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိထားတဲ့ သူတို့ရဲ့ဆင်ဂယ်လ်အသစ် HONEY (ARE YOU COMING?)ကို ပထမဆုံး world premiere အဖြစ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Stray Kids

Photo: realstraykids/ Instagram

Stray Kids ဟာလည်း သူတို့ရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုကို ယခုနှစ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Stray Kids ဟာလည်း Best K-Pop category မှာ စံကာတင်ဝင်ထားပါသေးတယ်။

Vancouver

Source: hollywoodlife

 

The post 2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ appeared first on San Yit Wine.

]]>
Taylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ https://sanyitwine.com/taylor-swift-eras-tour-concert-film/?utm_source=rss&utm_medium=rss&utm_campaign=taylor-swift-eras-tour-concert-film Fri, 01 Sep 2023 09:30:20 +0000 https://sanyitwine.com/?p=39034 Taylor Swift ရဲ့ Eras Tour ကို ကိုယ်တိုင်သွားမကြည့်နိုင်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ အကြောင်းကတော့ Eras Tour တစ်ခုလုံးကို Concert Film အဖြစ် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်လို့ပါပဲ။ ဒီအကြောင်းကိုတော့ မနေ့က ဩဂုတ်လ(၃၁)ရက်နေ့မှာပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။ “Eras Tour ဟာ ကျွန်မဘဝရဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံတစ်ခုပါပဲ။ ပြီးတော့ ဒီအတွေ့အကြုံတစ်ခုလုံးကို မကြာခင်မှာပဲ ရုပ်ရှင်ပိတ်ကားပေါ်မှာ တွေ့မြင်ရတော့မယ့်အကြောင်း ဝမ်းမြောက်စွာနဲ့ ပြောပါရစေ။ အောက်တိုဘာလ(၁၃)ရက်နေ့ကစပြီး ဒီ concert film ကို မြောက်အမေရိကက ရုပ်ရှင်ရုံတွေမှာ ကြည့်လို့ရတော့မှာပါ …”လို့ Taylor Swift က အသိပေးထားပါတယ်။ Eras Tour Concert ရုပ်ရှင်ရဲ့ […]

The post Taylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ appeared first on San Yit Wine.

]]>
Taylor Swift ရဲ့ Eras Tour ကို ကိုယ်တိုင်သွားမကြည့်နိုင်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ အကြောင်းကတော့ Eras Tour တစ်ခုလုံးကို Concert Film အဖြစ် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်လို့ပါပဲ။ ဒီအကြောင်းကိုတော့ မနေ့က ဩဂုတ်လ(၃၁)ရက်နေ့မှာပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။

“Eras Tour ဟာ ကျွန်မဘဝရဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံတစ်ခုပါပဲ။ ပြီးတော့ ဒီအတွေ့အကြုံတစ်ခုလုံးကို မကြာခင်မှာပဲ ရုပ်ရှင်ပိတ်ကားပေါ်မှာ တွေ့မြင်ရတော့မယ့်အကြောင်း ဝမ်းမြောက်စွာနဲ့ ပြောပါရစေ။ အောက်တိုဘာလ(၁၃)ရက်နေ့ကစပြီး ဒီ concert film ကို မြောက်အမေရိကက ရုပ်ရှင်ရုံတွေမှာ ကြည့်လို့ရတော့မှာပါ …”လို့ Taylor Swift က အသိပေးထားပါတယ်။

Photo: taylorswift/ Instagram

Eras Tour Concert ရုပ်ရှင်ရဲ့ Release Date

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Sam Wrench က ရိုက်ကူးပေးထားပြီး လာမယ့် အောက်တိုဘာလ(၁၃)ရက်နေ့မှာပဲ မြောက်အမေရိကက ရုပ်ရှင်ရုံတွေနဲ့အတူ ကနေဒါနဲ့ မက္ကဆီကိုမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ နာမည်ကြီးတဲ့ Friday 13th လည်း ဖြစ်ပေမယ့် Taylor ကတော့ (၁၃)ဟာ သူမရဲ့ ကံကောင်းစေတဲ့ နံပါတ်လို့ ခံယူထားတာကြောင့် အဲဒီနေ့ရက်မှာ တမင်ရုံတင်တာ ဖြစ်နိုင်ပါတယ်။

ဒီရုပ်ရှင်ကို နိုင်ငံတကာမှာ ဘယ်အချိန် ထွက်လာမလည်းဆိုတာကိုတော့ မကြေညာသေးပါဘူး။ ဒါဟာလည်း တမင်မကြေညာသေးတာ ဖြစ်နိုင်ပါတယ်။ Taylor Swift ဟာ သူမရဲ့ရှိုးတွေကို ၂၀၂၃ တစ်နှစ်လုံး အမေရိကအပြင်ဘက်ကို မထွက်ရသေးပါဘူး။ ၂၀၂၄ ကျမှသာ နိုင်ငံတကာကို လှည့်လည် ဖျော်ဖြေမှာဖြစ်ပြီး ၂၀၂၄ မှာ သူမရဲ့ပထမဆုံး သွားရောက် ဖျော်ဖြေမယ့် နိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Eras Tour Concert ရုပ်ရှင်ရဲ့ လက်မှတ်တွေကိုတော့ AMC Theatre တွေနဲ့ Regal ၊ Cinemark နဲ့ Fandango website တွေမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ AMC Theatre ရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ကိုတော့ တစ်ရက်ကို လေးပွဲ ပြသမှာ ဖြစ်ပြီး ကြာသပတေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပြသမယ်လို့ သိရပါတယ်။

လက်မှတ်စျေးကတော့ အခွန်မပါ တစ်ဦးလျှင် (၁၉.၈၉)ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်ကိုတော့ အခွန်မပါ (၁၃.၁၃)ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

Photo: taylorswift/ Instagram

ဒီရုပ်ရှင်ကိုတော့ လော့စ်အိန်ဂျလိစ်က ရှိုးပွဲညတွေမှာတည်းက ရုပ်ရှင်ကင်မရာတွေ ထောင်ပြီး Live ရိုက်ကူးနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကတော့ ဒီ concert film ထွက်လာမှာကို ကြိုတင် မှန်းဆနေကြပြီးသား ဖြစ်ပါတယ်။

Eras Tour Concert ရုပ်ရှင်ကတော့ သူမရဲ့ ပထမဆုံး concert film မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ 1989 World Tour ကို Apple Music မှာ သီးသန့်ပြသခဲ့ပြီး Reputation concert film ကိုတော့ ၂၀၁၈ ခုနှစ်မှာ Netflix မှာ ပြသခဲ့ပါတယ်။ ဒါ့အပြင် Folklore: The Long Pond Studio Sessions ကိုလည်း ၂၀၂၀ ခုနှစ်မှာ Disney+ မှာ ပြသခဲ့ပါသေးတယ်။

Vancouver

Source: hollywoodlife

The post Taylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ appeared first on San Yit Wine.

]]>
ဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချတော့မယ့် Michael Jackson ရဲ့ ဂီတမူပိုင်ခွင့်များ https://sanyitwine.com/michael-jackson-music-catalog-to-sell/?utm_source=rss&utm_medium=rss&utm_campaign=michael-jackson-music-catalog-to-sell Thu, 09 Feb 2023 10:29:30 +0000 https://sanyitwine.com/?p=37374 Michael Jackson ရဲ့အမွေထိန်းသိမ်းသူတွေဟာ Michael ရဲ့ဂန္ထဝင် music catalog ထဲက တစ်ဝက်ခန့်ကို ဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ Variety သတင်းဌာနက အတည်ပြုထားတာဖြစ်ပြီး အဆိုပါအမွေခံ ထိန်းသိမ်းသူတွေကတော့ Michael ရဲ့ ဂီတမူပိုင်ခွင့်တွေထဲက တစ်ဝက်ခန့်ကို ဒေါ်လာသန်း(၈၀၀)နဲ့ သန်း(၉၀၀)ကြားမှာ ရောင်းချဖို့ စီစဉ်နေတာဖြစ်တယ်လို့ မတူညီတဲ့ သတင်းရင်းမြစ်သုံးခုလုံးက အခိုင်အမာဆိုထားကြောင်း ပြောပါတယ်။ ဒီအရောင်းအဝယ်ရဲ့ အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် SONY နဲ့ တခြားသော ငွေကြေးဆိုင်ရာ ပါတနာတစ်ခုတို့ ပူးပေါင်းပြီး Michael ရဲ့ music catalog ထဲက တစ်ဝက်ကို ဝယ်ယူဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာတော့ Michael ရဲ့ ထုတ်ဝေထားတဲ့ စာအုပ်တွေ၊ […]

The post ဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချတော့မယ့် Michael Jackson ရဲ့ ဂီတမူပိုင်ခွင့်များ appeared first on San Yit Wine.

]]>
Michael Jackson ရဲ့အမွေထိန်းသိမ်းသူတွေဟာ Michael ရဲ့ဂန္ထဝင် music catalog ထဲက တစ်ဝက်ခန့်ကို ဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ Variety သတင်းဌာနက အတည်ပြုထားတာဖြစ်ပြီး အဆိုပါအမွေခံ ထိန်းသိမ်းသူတွေကတော့ Michael ရဲ့ ဂီတမူပိုင်ခွင့်တွေထဲက တစ်ဝက်ခန့်ကို ဒေါ်လာသန်း(၈၀၀)နဲ့ သန်း(၉၀၀)ကြားမှာ ရောင်းချဖို့ စီစဉ်နေတာဖြစ်တယ်လို့ မတူညီတဲ့ သတင်းရင်းမြစ်သုံးခုလုံးက အခိုင်အမာဆိုထားကြောင်း ပြောပါတယ်။

Photo: michaeljackson/ Instagram

ဒီအရောင်းအဝယ်ရဲ့ အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် SONY နဲ့ တခြားသော ငွေကြေးဆိုင်ရာ ပါတနာတစ်ခုတို့ ပူးပေါင်းပြီး Michael ရဲ့ music catalog ထဲက တစ်ဝက်ကို ဝယ်ယူဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာတော့ Michael ရဲ့ ထုတ်ဝေထားတဲ့ စာအုပ်တွေ၊ အသံသွင်းပြီးသား တေးသီချင်းတွေက ရရှိနေတဲ့ အမြတ်အစွန်းတွေ၊ MJ: The Musical ဘရော့ဒ်ဝေးပြဇာတ်နဲ့ အသစ်ထွက်ရှိလာဦးမယ့် Michael biopic ရုပ်ရှင်တွေအပြင် အ‌ခြားပိုင်ဆိုင်မှုတွေပါ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

ဂီတမူပိုင်ခွင့်ဆိုင်ရာ ရောင်းဝယ်မှုတွေထဲမှာတော့ ဒီပက်ကေ့ချ်ဟာ တန်ဖိုးအကြီးမားဆုံး ဖြစ်ပြီး လက်ရှိစျေးကွက်အရ တန်ဖိုးတွေ ဆက်လက် မြင့်တက်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ငွေကြေးကုမ္ပဏီတစ်ခုရဲ့ Variety ကို ပြောကြားချက်အရ Primary Wave Music ဆိုတဲ့ ဂီတကုမ္ပဏီတစ်ခုဟာလည်း Michael ရဲ့ ထုတ်ဝေပြီး စာအုပ်တွေနဲ့ ပတ်သက်ပြီး ရှယ်ယာတချို့ ပိုင်ဆိုင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: michaeljackson/ Instagram

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Variety ဘက်က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် Michael ရဲ့အမွေထိန်းသိမ်းသူတွေ၊ SONY ကုမ္ပဏီနဲ့ Primary Wave Music ကုမ္ပဏီတို့ဟာ လက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

SONY ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အကြီးမားဆုံး ဂီတမူပိုင်ခွင့် အရောင်းအဝယ်တွေထဲမှာတော့ ထိပ်ဆုံးက ပါဝင်နေခဲ့ပါတယ်။ SONY ဟာ Bruce Springsteen ရဲ့စာအုပ်တွေနဲ့ အသံသွင်းပြီးသား တေးသီချင်းတွေအတွက် ဒေါ်လာသန်း(၆၀၀)ခန့် ပေးကာ ဝယ်ယူခဲ့ဖူးပြီး Bob Dylan ရဲ့ အသံသွင်းပြီးသား music catalog အတွက်ကိုလည်း ဒေါ်လာ(၁၅၀)သန်းနဲ့ သန်း(၂၀၀)ကြားမှာ ပေးအပ် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Photo: michaeljackson/ Instagram

ဒါ့အပြင် ဒီအရောင်းအဝယ်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဖြစ်ထားတာကြောင့် Michael ရဲ့ music catalog ကို ဝယ်ယူဖို့ဟာလည်း ဖြစ်နိုင်ချေများစွာ ရှိနေပါတယ်။ ဒါတင်မက SONY နဲ့ သူ့ရဲ့လက်အောက်ခံကုမ္ပဏီ CBS ရုပ်သံလိုင်းတို့ဟာ Jackson 5 ဘဝကနေ Michael ရဲ့ solo လှုပ်ရှားမှုတွေအထိ အဓိကပါဝင်ခဲ့တဲ့ Michael ရဲ့ ဖန်တီးရာအိမ်တစ်ခုလို့လည်း ပြောနိုင်ပါသေးတယ်။

အသက်(၅၀)နှစ်အရွယ်မှာ Michael ကွယ်လွန်သွားပြီး နောက်မှာ‌တော့ သူ့ရဲ့မူပိုင်ခွင့်နဲ့ အမြတ်အစွန်းတွေအားလုံးကို Branca လို့ခေါ်တဲ့ ဥပဒေကုမ္ပဏီတစ်ခုနဲ့အတူ သူ့ရဲ့ကာလရှည်ကြာ ရှေ့နေဖြစ်ခဲ့သူ John McClain တို့က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

Vancouver

Source: variety

The post ဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချတော့မယ့် Michael Jackson ရဲ့ ဂီတမူပိုင်ခွင့်များ appeared first on San Yit Wine.

]]>
2023 Grammy ဆုပေးပွဲမှာ ဖျော်ဖြေခွင့်ရမယ့် Artist များ https://sanyitwine.com/2023-grammy-performers-line-up/?utm_source=rss&utm_medium=rss&utm_campaign=2023-grammy-performers-line-up Tue, 31 Jan 2023 09:30:51 +0000 https://sanyitwine.com/?p=37091 (၆၅)ကြိမ်မြောက် ဂရမ်မီတေးဂီတ ဆုပေးပွဲကြီးကိုတော့ လာမယ့် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Los Angeles မြို့မှာရှိတဲ့ Crypto.com Arena ကြီးမှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပြီး Trevor Noah ကတော့ Host အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဂရမ်မီဆုတွေကိုတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း ထွက်ရှိထားတဲ့ တေးအယ်လ်ဘမ်တွေထဲက ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ ဂရမ်မီ စံကာတင်စာရင်းမှာတော့ Beyonce ဟာ စံကာတင်(၉)ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ သူမရဲ့နောက်မှာတော့ Kendrick Lamar က စံကာတင်(၈)ခုနဲ့ ဒုတိယလိုက်နေပြီး Adele နဲ့ Brandi […]

The post 2023 Grammy ဆုပေးပွဲမှာ ဖျော်ဖြေခွင့်ရမယ့် Artist များ appeared first on San Yit Wine.

]]>
(၆၅)ကြိမ်မြောက် ဂရမ်မီတေးဂီတ ဆုပေးပွဲကြီးကိုတော့ လာမယ့် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Los Angeles မြို့မှာရှိတဲ့ Crypto.com Arena ကြီးမှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပြီး Trevor Noah ကတော့ Host အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဂရမ်မီဆုတွေကိုတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း ထွက်ရှိထားတဲ့ တေးအယ်လ်ဘမ်တွေထဲက ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Photo: beyonce/ Instagram

၂၀၂၃ ခုနှစ်ရဲ့ ဂရမ်မီ စံကာတင်စာရင်းမှာတော့ Beyonce ဟာ စံကာတင်(၉)ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ သူမရဲ့နောက်မှာတော့ Kendrick Lamar က စံကာတင်(၈)ခုနဲ့ ဒုတိယလိုက်နေပြီး Adele နဲ့ Brandi Carlile တို့ကတော့ စံကာတင်(၇)ခုနဲ့ တတိယနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။

Beyonce ဟာ ဂရမ်မီစံကာတင်အများဆုံး ရရှိထားတဲ့ အမျိုးသမီး Artist လည်းဖြစ်ပြီး လက်ရှိမှာတော့ စံကာတင်စုစုပေါင်း (၈၈)ခုနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Jay Z နဲ့ တန်းတူသားရေကျနေပါတယ်။ တကယ်လို့ ယခုနှစ်ရဲ့ ဂရမ်မီမှာ သူမသာ ဆု(၄)ဆု ရရှိခဲ့မယ်ဆိုရင်တော့ ဂရမ်မီရဲ့သမိုင်းမှာ ဆုအများဆုံး ရရှိထားတဲ့ Artist အဖြစ် စံချိန်သစ်တင်တော့မှာ ဖြစ်ပါတယ်။

2023 Grammy ဆုပေးပွဲမှာ ဖျော်ဖြေခွင့် ရရှိထားကြတဲ့ Artist တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Harry Styles

Photo: harrystyles/ Instagram

ဂရမ်မီမှာ ဖျော်ဖြေကြမယ့် artist တွေထဲမှာ Harry Styles လည်း ပါဝင်ပါတယ်။ Harry ကတော့ Album ၊ Song နဲ့ Record of the Year တို့အပါအဝင် စံကာတင်(၆)ခုလည်း ပါဝင်ထားတာကြောင့် သူ့အတွက်လည်း ရင်ခုန်စရာကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ Harry ကတော့ သူ့ရဲ့စံကာတင်ဝင်ထားတဲ့သီချင်း As It Was ကို သီဆိုသွားနိုင်ပါတယ်။

Bad Bunny

Photo: badbunny.pr/ Instagram

Latin Artist တစ်ယောက်ဖြစ်တဲ့ Bad Bunny ကလည်း စံကာတင်(၃)ခု ဝင်ထားသလို ကိုယ်တိုင်လည်း ပါဝင်ဖျော်ဖြေသွားဦးမှာပါ။ သူကတော့ Un verano sin ti အယ်လ်ဘမ်နဲ့ Album of the Year ၊ Best Musica Urbana ဆုအပါအဝင် Best Pop Solo Performance ဆုတွေပါ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ ဂရမ်မီစင်မြင့်ထက်မှာတော့ Bad Bunny ဟာ Moscow Mule ကို သီဆိုသွားနိုင်ပါတယ်။

Mary J. Blige

Photo: therealmaryjblige/ Instagram

R&B ဘုရင်မတစ်ပါးလို့ တင်စားကြတဲ့ Mary J. Blige ဟာလည်း ယခုနှစ်ရဲ့ ဂရမ်မီစင်မြင့်မှာ ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။ သူမဟာလည်း စံကာတင်စာရင်းမှာ ဆု(၆)ခုစာ စာရင်းဝင်ထားပါတယ်။

Brandi Carlile

Photo: brandicarlile/ Instagram

Folk Rock နဲ့ Alternative Country တွေကို သီဆိုလေ့ရှိတဲ့ Brandi Carlile ဟာလည်း ယခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲကို စံကာတင်(၇)ဆုနဲ့ ပြန်လည်ပါဝင်လာသလို ဂရမ်မီစင်မြင့်မှာလည်း သီဆိုဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။

Luke Combs

Photo: lukecombs/ Instagram

Crypto.com Arena ရဲ့ ဂရမ်မီညခင်းကိုတော့ Luke Combs ရဲ့ country ဂီတနဲ့ အရသာရှိရှိ ဖြည့်စွက်သွားဦးမှာ ဖြစ်ပါတယ်။ modern country legend လို့ တင်စားကြတဲ့ Luke Combs ကတော့ Best Country Song နဲ့ Best Country Album အပါအဝင် စံကာတင်သုံးဆု ရရှိထားပါတယ်။

Steve Lacy

Photo: steve.lacy/ Instagram

Bad Habit သီချင်းနဲ့ ယခုနှစ်အတွင်း အောင်မြင်ရေပန်းစားနေတဲ့ Steve Lacy ဟာလည်း စံကာတင်(၄)ဆု ရရှိထားသလို ဂရမ်မီစင်မြင့်ထက်မှာ သူ့ရဲ့နာမည်ကြီးသီချင်းတွေကို ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။

Lizzo

Photo: lizzobeeating/ Instagram

ဂရမ်မီညခင်းကို ပိုပြီးမြိုင်ဆိုင်သွားစေမယ့် နောက်ထပ် artist ကတော့ Lizzo ပဲ ဖြစ်ပါတယ်။ သူမကတော့ နာမည်ကြီး category (၅)ခုမှာ စံကာတင်ဝင်ထားတာကြောင့် တေးသီချင်းတွေနဲ့ ဖျော်ဖြေအပြီးမှာ ဆုတစ်ခုခုကိုလည်း အိမ်ပြန်လက်ဆောင်အဖြစ် သယ်ယူသွားနိုင်ချေ ရှိနေပါတယ်။

Sam Smith & Kim Petras

Photo: samsmith/ Instagram

Sam Smith နဲ့ Kim Petras တို့ကတော့ သူတို့ရဲ့ဟစ်သီချင်းဖြစ်တဲ့ Unholy နဲ့ ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာလည်း Best Pop Duo/Group Performance အတွက် စံကာတင်ဝင်ထားတာ ဖြစ်တာကြောင့် ဂရမ်မီကိုပါ အိမ်ပြန်သယ်သွားနိုင်မှာလားဆိုတာ ရင်ခုန်စရာပါပဲ။

ဒါကတော့ ၂၀၂၃ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေသွားကြမယ့် artist တွေပဲ ဖြစ်ပါတယ်။ ဘယ်သူ့ရဲ့ ဖျော်ဖြေမှုအတွက် စိတ်အလှုပ်ရှားဆုံးလည်းဆိုတာ ပြောပြခဲ့ပါဦး။

Vancouver

 

The post 2023 Grammy ဆုပေးပွဲမှာ ဖျော်ဖြေခွင့်ရမယ့် Artist များ appeared first on San Yit Wine.

]]>
အဖွဲ့ပျက်သွားကြောင်း ကြေညာလိုက်တဲ့ Panic! at the Disco https://sanyitwine.com/patd-announces-its-splits/?utm_source=rss&utm_medium=rss&utm_campaign=patd-announces-its-splits Wed, 25 Jan 2023 11:32:03 +0000 https://sanyitwine.com/?p=36945 နာမည်ကျော် Pop Rock Band တစ်ခုဖြစ်တဲ့ Panic! at the Disco အဖွဲ့ကတော့ နှစ်(၂၀)နီးပါးကြာမြင့်တဲ့ သူတို့ရဲ့ဂီတခရီးလမ်းကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ မကြာသေးခင် အချိန်ပိုင်းကပဲ ကြေညာလိုက်တာ ဖြစ်ပြီး ကြေညာချက်အရ သူတို့ရဲ့လာမယ့် ဥရောပနယ်လှည့် ဖျော်ဖြေရေးခရီးစဉ်အပြီးမှာ ဒီအဖွဲ့ကို အဆုံးသတ်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ Panic! at the Disco အဖွဲ့ကတော့ လွန်ခဲ့တဲ့ နှစ်(၂၀)ခန့်က Las Vegas မြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ frontman ဖြစ်တဲ့ Brendon Urie အတွက် solo band ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ရဲ့ နောက်ဆုံး tour ကတော့ […]

The post အဖွဲ့ပျက်သွားကြောင်း ကြေညာလိုက်တဲ့ Panic! at the Disco appeared first on San Yit Wine.

]]>
နာမည်ကျော် Pop Rock Band တစ်ခုဖြစ်တဲ့ Panic! at the Disco အဖွဲ့ကတော့ နှစ်(၂၀)နီးပါးကြာမြင့်တဲ့ သူတို့ရဲ့ဂီတခရီးလမ်းကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ မကြာသေးခင် အချိန်ပိုင်းကပဲ ကြေညာလိုက်တာ ဖြစ်ပြီး ကြေညာချက်အရ သူတို့ရဲ့လာမယ့် ဥရောပနယ်လှည့် ဖျော်ဖြေရေးခရီးစဉ်အပြီးမှာ ဒီအဖွဲ့ကို အဆုံးသတ်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Panic! at the Disco အဖွဲ့ကတော့ လွန်ခဲ့တဲ့ နှစ်(၂၀)ခန့်က Las Vegas မြို့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ frontman ဖြစ်တဲ့ Brendon Urie အတွက် solo band ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ရဲ့ နောက်ဆုံး tour ကတော့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှာ Vienna မြို့မှာ စတင်မှာ ဖြစ်ပါတယ်။ အဆုံးသတ်မှာကတော့ မတ်လ(၁၀)ရက်နေ့ ဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ Manchester မြို့မှာ ပွဲသိမ်းမှာ ဖြစ်ပါတယ်။

Photo: panicatthedisco/ Instagram

“ဒါကတော့ တကယ့်ကို ခရီးရှည်ကြီးပါပဲ။ Vegas မှာ ကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော် ဘယ်ဘဝကို ရောက်မယ်မှန်းတောင် မတွေးမိခဲ့ပါဘူး။ ဒါပေမယ့် ဒီတလျှောက်လုံးမှာတော့ ကမ္ဘာ့နေရာအနှံ့ကိုလည်း ရောက်ခဲ့ရသလို မိတ်ဆွေသူငယ်ချင်းတွေ အများကြီးနဲ့လည်း ဆုံတွေ့ခဲ့ရပါတယ် …”

“ဒါပေမယ့် ခရီးတစ်ခုဟာ အသစ်စတင်ဖို့ဆိုရင် အဟောင်းကတော့ ပြီးဆုံးသွားရစမြဲပါပဲ။ ဒီအကြောင်းကိုတော့ ကျွန်တော်တို့ကြားထဲမှာပဲထားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် တချို့လူတွေကတော့ ကြားပြီးပြီ ဖြစ်ကြမှာပါ။ Sarah နဲ့ ကျွန်တော်တို့ဆီကို ရင်သွေးလေးတစ်ယောက် မကြာခင် ရောက်လာတော့မှာပါ …”

“အဖေတစ်ယောက် ဖြစ်တော့မယ်ဆိုတာရော၊ ပြီးတော့ ကျွန်တော့်မိန်းမကို အမေတစ်ယောက် ဖြစ်လာမှာကို စောင့်ကြည့်ရမှာရောဟာ သိပ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီစွန့်စားခန်းအတွက် ကျွန်တော် အရမ်းမျှော်လင့်နေပါတယ်။ ပြီးတော့ အဲဒါက ဘာကိုပြောချင်တာလည်းဆိုတော့ ကျွန်တော့်ဘဝရဲ့ လက်ရှိအခန်းကဏ္ဍကို အဆုံးသတ်တော့မယ် ဆိုတာပါပဲ …”

Photo: panicatthedisco/ Instagram

“ကျွန်တော့်ရဲ့ စိတ်အာရုံတွေ၊ အင်အားတွေအားလုံးကို ကျွန်တော့်မိသားစုဆီမှာပဲ ထားတော့မှာပါ။ Panic! at the Disco ဆီမှာတော့ အာရုံမစိုက်နိုင်တော့ပါဘူး။ ဘာပဲပြောပြော နှစ်တွေတလျှောက်လုံး အများကြီး အားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီမှာထိုင်ပြီး ဒီအကြောင်းကို ဘယ်လိုပြောရင် အကောင်းဆုံး ဖြစ်မလည်းဆိုတာ စဉ်းစားနေခဲ့တာပါ။ ဒါပေမယ့် ဒီကိစ္စက ကျွန်တော့်အတွက် အဓိပ္ပာယ်ကြီးမားလွန်းတဲ့အတွက် ဘယ်လိုမှကို စကားလုံးနဲ့ ပြောပြဖို့ မတတ်ခဲ့ပါဘူး …”

“အဲဒါကြောင့် ကျွန်တော်တို့ကို အရင်တည်းက အားပေးလာခဲ့သည်ဖြစ်စေ၊ အခုမှ အားပေးသည်ဖြစ်စေ အားလုံးနဲ့ စတိတ်စင်ကြီးပေါ်မှာ အချိန်ကုန်ဆုံးခဲ့ရတာဟာ ပျော်ရွှင်စရာကောင်းသလို ကျွန်တော်တို့ရဲ့ အချိန်တွေကိုလည်း ခင်ဗျားတို့နဲ့အတူ ကုန်ဆုံးခွင့် ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဖွဲ့ရဲ့ နောက်ဆုံးဖျော်ဖြေမယ့် ပွဲတွေဖြစ်တဲ့ ဥရောပနဲ့ ယူကေမှာတော့ အားလုံးနဲ့အတူတူ နောက်ဆုံးတစ်ခေါက် တွေ့ချင်တယ်ဗျာ …”

Photo: panicatthedisco/ Instagram

“အားလုံးကို ချစ်ပါတယ်။ အားလုံးကိုလည်း တန်ဖိုးထားပါတယ်။ အားလုံးရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …” လို့ Brendon Urie က သူ့ရဲ့အင်စတာဂရမ်မှာ ပရိသတ်တွေကို အသိပေးထားပါတယ်။

Panic! at the Disco အဖွဲ့ကတော့ စတူဒီယိုအယ်လ်ဘမ် ခုနှစ်ချပ် ထွက်ရှိထားပြီး ၂၀၀၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းစဉ်ကတော့ Brendon Urie ၊ Ryan Ross ၊ Spencer Smith နဲ့ Brent Wilson တို့ ပါဝင်ခဲ့ပါတယ်။

သို့သော်လည်း နှစ်တွေ ကြာလာတာနဲ့အမျှ အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲထွက်ခွာကုန်ကြရာက လက်ရှိမှာတော့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ရှိခဲ့သူမှာ Brendon Urie တစ်ယောက်တည်းသာ ရှိပါတော့တယ်။ ဒါကြောင့်ပဲ Brendon Urie ဟာ အဖွဲ့ကိုဖြတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ စဉ်းစားလိုက်ပုံရပါတယ်။ သို့သော်လည်း ကျန်ရှိတဲ့အဖွဲ့ဝင်တွေကတော့ ဘယ်လိုဆက်လှုပ်ရှားကြမယ်ဆိုတာ မသိရသေးပါဘူး။

Vancouver

Source: variety

The post အဖွဲ့ပျက်သွားကြောင်း ကြေညာလိုက်တဲ့ Panic! at the Disco appeared first on San Yit Wine.

]]>
Spotify ရဲ့သမိုင်းတလျှောက် စံချိန်သစ်တင်သွားတဲ့ Miley Cyrus ရဲ့ “Flowers” https://sanyitwine.com/miley-cyrus-flowers-spotify-records/?utm_source=rss&utm_medium=rss&utm_campaign=miley-cyrus-flowers-spotify-records Sat, 21 Jan 2023 10:10:47 +0000 https://sanyitwine.com/?p=36794 Miley Cyrus ရဲ့ ဆင်ဂယ်လ်အသစ်ဖြစ်တဲ့ Flowers ကတော့ Spotify မှာ စံချိန်သစ်တင်သွားပြီ ဖြစ်ပါတယ်။ ထွက်ရှိပြီး ပထမတစ်ပတ်အတွင်းမှာတင် Spotify ရဲ့ stream အများဆုံး တေးသီချင်းအဖြစ် စံချိန်တင်သွားတာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုတော့ Miley ရဲ့ ဓာတ်ပြားတိုက်ကလည်း ကြေညာချက်ထုတ်ပြီး ပြောထားသလို Spotify ကလည်း “သူမဘာသာ ပန်းတွေ ဝယ်နိုင်ပါတယ် …”လို့ ဆိုကာ တွစ်တာစာမျက်နှာမှာ Miley ကို ဂုဏ်ပြုထားပါတယ်။ Spotify ရဲ့ ဖော်ပြချက်မှာတော့ Miley ရဲ့ Flowers ဆင်ဂယ်လ်ဟာ ဇန်နဝါရီလ (၁၉)ရက်နေ့မှာပဲ Spotify ရဲ့သမိုင်းတလျှောက်မှာ ထွက်ရှိပြီး ပထမပတ်အတွင်း stream အများဆုံး ရရှိထားတဲ့ သီချင်းအဖြစ် စံချိန်သစ် တင်သွားတာလို့ […]

The post Spotify ရဲ့သမိုင်းတလျှောက် စံချိန်သစ်တင်သွားတဲ့ Miley Cyrus ရဲ့ “Flowers” appeared first on San Yit Wine.

]]>
Miley Cyrus ရဲ့ ဆင်ဂယ်လ်အသစ်ဖြစ်တဲ့ Flowers ကတော့ Spotify မှာ စံချိန်သစ်တင်သွားပြီ ဖြစ်ပါတယ်။ ထွက်ရှိပြီး ပထမတစ်ပတ်အတွင်းမှာတင် Spotify ရဲ့ stream အများဆုံး တေးသီချင်းအဖြစ် စံချိန်တင်သွားတာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုတော့ Miley ရဲ့ ဓာတ်ပြားတိုက်ကလည်း ကြေညာချက်ထုတ်ပြီး ပြောထားသလို Spotify ကလည်း “သူမဘာသာ ပန်းတွေ ဝယ်နိုင်ပါတယ် …”လို့ ဆိုကာ တွစ်တာစာမျက်နှာမှာ Miley ကို ဂုဏ်ပြုထားပါတယ်။

Spotify ရဲ့ ဖော်ပြချက်မှာတော့ Miley ရဲ့ Flowers ဆင်ဂယ်လ်ဟာ ဇန်နဝါရီလ (၁၉)ရက်နေ့မှာပဲ Spotify ရဲ့သမိုင်းတလျှောက်မှာ ထွက်ရှိပြီး ပထမပတ်အတွင်း stream အများဆုံး ရရှိထားတဲ့ သီချင်းအဖြစ် စံချိန်သစ် တင်သွားတာလို့ ဆိုပါတယ်။ Spotify ရဲ့ တွစ်တာက အဆိုပါပို့စ်ကိုတော့ Miley ရဲ့ official Twitter အကောင့်ကနေ ပြန်ရှဲထားပြီး “Spotify နဲ့ ကျွန်မရဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ် …”လို့ ကပ်ပရှင်မှာ ပြောထားပါတယ်။

Photo: MileyCyrus/ Twitter

Flowers ဟာ အသစ်ထွက်ရှိလာမယ့် Miley ရဲ့ ရှစ်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် “Endless Summer Vacation” ရဲ့ lead single သီချင်းလည်း ဖြစ်ပါတယ်။ ဒီသီချင်းဟာ လက်ရှိမှာ ဩစတျေးလျနိုင်ငံရဲ့ ARIA Singles Chart မှာ နံပါတ်(၁)ချိတ်နေပြီး ယူကေရဲ့ U.K. Official Singles Chart မှာလည်း နံပါတ်(၁)နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် လာမယ့် တနင်္လာနေ့မှာ ကြေညာထုတ်ပြန်တော့မယ့် Billboard Hot 100 မှာလည်း ဒီသီချင်းဟာ ဘယ်နေရာမှာ ရပ်တည်နေမယ်ဆိုတာ သိရတော့မှာ ဖြစ်ပါတယ်။

ယခင်က Spotify ရဲ့ ပထမပတ်အတွင်း stream အများဆုံး စံချိန်ကိုတော့ BTS အဖွဲ့ရဲ့ Butter က နေရာယူထားခဲ့တာ ဖြစ်ပါတယ်။ Variety ရဲ့ ဖော်ပြချက်အရ BTS ရဲ့ Butter သီချင်းဟာ ထွက်ရှိပြီး ခုနှစ်ရက်အတွင်း stream ပမာဏ (၉၉.၃၇)သန်း ရရှိခဲ့တာလို့ သိရပါတယ်။

Photo: mileycyrus/ Instagram

Miley ရဲ့ Flowers ကတော့ ဇန်နဝါရီလ(၁၂)ရက်နေ့ သန်းခေါင်အချိန်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Spotify မှာ အမြန်ဆုံးအရှိန်နဲ့ stream ပမာဏ သန်း(၁၀၀)ပြည့်ခဲ့တာလို့ သိရပါတယ်။ ယခုလက်ရှိ မကြာခင်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ Flowers ဟာ (၁၀၁)သန်းကျော်နေပြီး မကြာခင်အချိန်မှာပဲ (၁၀၂)သန်းပြည့်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။

ဒီသီချင်းကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေပြီး သူမရဲ့ခင်ပွန်းဟောင်း သရုပ်ဆောင် Liam Hemsworth ကို ရည်ရွယ်ပြီး သီဆိုထားတာလို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ ပိုထူးခြားတာကတော့ ဒီသီချင်းဟာ Liam ရဲ့မွေးနေ့အချိန်မှာ ထွက်ရှိလာတာပဲ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းတလျှောက်က အထင်ကရအချိန်တွေကို ဖော်ပြသွားတာ ဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်လို့ သီအိုရီများစွာနဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါသေးတယ်။

Flowers ဆင်ဂယ်လ် ပါဝင်မယ့် Endless Summer Vacation အယ်လ်ဘမ်ကတော့ လာမယ့် မတ်လ(၁၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပြီး စုစုပေါင်း သီချင်း(၁၃)ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Tracklist ကိုတော့ မထုတ်ပြန်သေးပါဘူး။

Vancouver

Source: variety/people

The post Spotify ရဲ့သမိုင်းတလျှောက် စံချိန်သစ်တင်သွားတဲ့ Miley Cyrus ရဲ့ “Flowers” appeared first on San Yit Wine.

]]>
Billboard မှာ နံပါတ်(၁)ပြန်ဖြစ်နေတဲ့ Mariah Carey ရဲ့ All I Want For Christmas Is You https://sanyitwine.com/mariah-carey-all-i-want-for-christmas-is-you/?utm_source=rss&utm_medium=rss&utm_campaign=mariah-carey-all-i-want-for-christmas-is-you Tue, 13 Dec 2022 09:16:29 +0000 https://sanyitwine.com/?p=36068 ခရစ်စမတ်ကာလကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ရာသီအချိန်နဲ့ ကိုက်ညီမယ့် သီချင်းတွေကလည်း နားဆင်သူတွေရဲ့ playlist ထဲမှာ တဖန်ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။ ခရစ်စမတ်ကာလမှာ ဂီတချစ်သူတွေရဲ့ နေ့ရက်တွေကို လွှမ်းမိုးလေ့ရှိတဲ့ နာမည်ကျော် Classic တေးသီချင်းတစ်ပုဒ်လည်း ရှိပါတယ်။ အဲဒါကတော့ နာမည်ကျော်အဆိုတော် Mariah Carey ရဲ့ “All I Want For Christmas Is You” ပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ဖော်ပြလာတဲ့ Billboard Hot 100 Charts မှာတော့ Mariah Carey ရဲ့ “All I Want For Christmas Is You” ဟာ နံပါတ်(၁)နေရာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ […]

The post Billboard မှာ နံပါတ်(၁)ပြန်ဖြစ်နေတဲ့ Mariah Carey ရဲ့ All I Want For Christmas Is You appeared first on San Yit Wine.

]]>
ခရစ်စမတ်ကာလကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ရာသီအချိန်နဲ့ ကိုက်ညီမယ့် သီချင်းတွေကလည်း နားဆင်သူတွေရဲ့ playlist ထဲမှာ တဖန်ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။ ခရစ်စမတ်ကာလမှာ ဂီတချစ်သူတွေရဲ့ နေ့ရက်တွေကို လွှမ်းမိုးလေ့ရှိတဲ့ နာမည်ကျော် Classic တေးသီချင်းတစ်ပုဒ်လည်း ရှိပါတယ်။ အဲဒါကတော့ နာမည်ကျော်အဆိုတော် Mariah Carey ရဲ့ “All I Want For Christmas Is You” ပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဖော်ပြလာတဲ့ Billboard Hot 100 Charts မှာတော့ Mariah Carey ရဲ့ “All I Want For Christmas Is You” ဟာ နံပါတ်(၁)နေရာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒီသီချင်းဟာ ၂၀၁၉ ခုနှစ်တည်းက စတင်ပြီး ခရစ်စမတ်ကာလတိုင်းမှာ Billboard နံပါတ်(၁) ချိတ်လာတာဟာ ယခုနဲ့ဆိုရင် လေးနှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။

Photo: billboardcharts/ Twitter

ဒီသီချင်းဟာ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူမရဲ့စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်လည်းဖြစ်၊ ပထမဆုံး holiday album လည်းဖြစ်တဲ့ “Merry Christmas”ထဲက lead single တစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၂၀၁၉ ခုနှစ် ခရစ်စမတ်ကာလက စတင်ပြီး Billboard နံပါတ်(၁) ဖြစ်ခဲ့တာမှာ၊ ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်နဲ့ ယခု ၂၀၂၂ ခုနှစ် ခရစ်စမတ်ကာလတွေမှာလည်း ဆက်တိုက် နံပါတ်(၁)နေရာကို ရယူလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Billboard မှာ ပထမဆုံး နံပါတ်(၁)ချိတ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့က ယခုလက်ရှိအချိန်ထိ အရှည်ကြာဆုံး နံပါတ်(၁)နေရာကို ရယူထားနိုင်တဲ့ သီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်နေပါတယ်။ ဒါ့အပြင် holiday hit အနေနဲ့ ရက်သတ္တပတ်အများဆုံး နံပါတ်(၁)ချိတ်ထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်နေပါတယ်။

Photo: mariahcarey/ Instagram

ဒါကြောင့်လည်း မနှစ်က ၂၀၂၁ ခုနှစ်မှာတော့ Mariah ရဲ့ “All I Want For Christmas Is You”ဟာ RIAA (Recording Industry Association of America)က ပေးအပ်တဲ့ Diamond Award ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ holiday single တွေများစွာထဲမှာ ပထမဆုံးသော Diamond Award ကို ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်အဖြစ်လည်း သမိုင်းတွင်သွားပါတယ်။

အလားတူပဲ ယခုခရစ်စမတ်ကာလမှာတော့ ပုံမှန်တေးသီချင်းတွေကို ကျော်တက်ပြီး holiday single တွေက Billboard Chart ရဲ့ အပေါ်ဆုံးနေရာတွေမှာ ရပ်တည်နေကြပါတယ်။ Mariah ရဲ့ “All I Want For Christmas Is You” က နံပါတ်(၁) ချိတ်နေတဲ့အပြင် နံပါတ်(၂)နေရာမှာတော့ Brenda Lee ရဲ့ “Rockin’ Around The Christmas Tree” ၊ နံပါတ်(၃)နေရာမှာတော့ Bobby Helms ရဲ့ “Jingle Bell Rock” ၊ နံပါတ်(၄)နေရာမှာတော့ Burl Ives ရဲ့ “A Holly Jolly Christmas” နဲ့ နံပါတ်(၉)နေရာမှာတော့ Wham! အဖွဲ့ရဲ့ “Last Christmas” သီချင်းတွေက အသီးသီး ရပ်တည်နေကြပါတယ်။

Glasgow

Source: people/billboard

The post Billboard မှာ နံပါတ်(၁)ပြန်ဖြစ်နေတဲ့ Mariah Carey ရဲ့ All I Want For Christmas Is You appeared first on San Yit Wine.

]]>
2022 အတွက် YouTube မှာ လူကြည့်အများဆုံး US သီချင်း(၁၀)ပုဒ် https://sanyitwine.com/top-ten-us-songs-in-2022/?utm_source=rss&utm_medium=rss&utm_campaign=top-ten-us-songs-in-2022 Fri, 02 Dec 2022 08:27:13 +0000 https://sanyitwine.com/?p=35682 လူသုံးအများဆုံး ဗွီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်တဲ့ YouTube ကတော့ ၂၀၂၂ ခုနှစ်အတွက် လူကြည့်အများဆုံး ယူအက်စ်ရဲ့ သီချင်း(၁၀)ပုဒ်ကို ထုတ်ပြန်ပေးလိုက်ပါတယ်။ ထူးခြားစွာနဲ့ပဲ ယခုနှစ်အတွင်း နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းတွေထဲမှာ Encanto Animated ရုပ်ရှင်ထဲက ဇာတ်ဝင်တေးနှစ်ပုဒ်ကလည်း streaming အများဆုံး ရရှိထားတဲ့ ထိပ်ဆုံး(၁၀)ပုဒ်ထဲမှာ ပါဝင်နေပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက Disney+ မှာ စတင်ပြသခဲ့တဲ့ Encanto Animated ရုပ်ရှင်ကတော့ musical fantasy drama အမျိုးအစားဖြစ်ပြီး နာမည်ကျော်ဂီတပညာရှင် Lin-Manuel Miranda ဖန်တီးထားတဲ့ ဇာတ်ဝင်သီချင်း(၈)ပုဒ် ပါဝင်ပါတယ်။ ဒီထဲကမှ We Don’t Talk About Bruno နဲ့ Surface Pressure သီချင်းနှစ်ပုဒ်က Most […]

The post 2022 အတွက် YouTube မှာ လူကြည့်အများဆုံး US သီချင်း(၁၀)ပုဒ် appeared first on San Yit Wine.

]]>
လူသုံးအများဆုံး ဗွီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်တဲ့ YouTube ကတော့ ၂၀၂၂ ခုနှစ်အတွက် လူကြည့်အများဆုံး ယူအက်စ်ရဲ့ သီချင်း(၁၀)ပုဒ်ကို ထုတ်ပြန်ပေးလိုက်ပါတယ်။ ထူးခြားစွာနဲ့ပဲ ယခုနှစ်အတွင်း နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းတွေထဲမှာ Encanto Animated ရုပ်ရှင်ထဲက ဇာတ်ဝင်တေးနှစ်ပုဒ်ကလည်း streaming အများဆုံး ရရှိထားတဲ့ ထိပ်ဆုံး(၁၀)ပုဒ်ထဲမှာ ပါဝင်နေပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက Disney+ မှာ စတင်ပြသခဲ့တဲ့ Encanto Animated ရုပ်ရှင်ကတော့ musical fantasy drama အမျိုးအစားဖြစ်ပြီး နာမည်ကျော်ဂီတပညာရှင် Lin-Manuel Miranda ဖန်တီးထားတဲ့ ဇာတ်ဝင်သီချင်း(၈)ပုဒ် ပါဝင်ပါတယ်။ ဒီထဲကမှ We Don’t Talk About Bruno နဲ့ Surface Pressure သီချင်းနှစ်ပုဒ်က Most Streamed Top Ten US Songs ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

Photo Credit: Disney Studios

We Don’t Talk About Bruno သီချင်းကိုတော့ Encanto သရုပ်ဆောင်တွေကပဲ စုပေါင်းသီဆိုထားကြတာ ဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့ ရလဒ်အနေနဲ့ YouTube မှာ ၂၀၂၂ ခုနှစ်ရဲ့ streaming အများဆုံး နံပါတ်(၁)သီချင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် ဒီသီချင်းဟာ Billboard Hot 100 Chart မှာလည်း ငါးပတ်ကြာ နံပါတ်(၁)ချိတ်ခဲ့ပြီး နှစ်ပေါင်းသုံးဆယ်အတွင်း Billboard မှာ နံပါတ်(၁)ချိတ်ခဲ့တဲ့ Disney ဇာတ်ဝင်တေးလည်း ဖြစ်ပါတယ်။

အလားတူပဲ Jessica Darrow သီဆိုထားတဲ့ Surface Pressure ကတော့ နံပါတ်(၃)နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ နံပါတ်(၂)နေရာမှာ ရပ်တည်နေတဲ့ သီချင်းကတော့ Kodak Black ရဲ့ Super Gremlin ပဲ ဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကမှ YouTube က ထုတ်ပြန်လိုက်တဲ့ streaming အများဆုံး US သီချင်း(၁၀)ပုဒ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo Credit: Disney Studios

(1) “We Don’t Talk About Bruno” – Encanto Cast

(2) “Super Gremlin” – Kodak Black

(3) “Surface Pressure” (From Encanto) – Jessica Darrow

(4) “Tití Me Preguntó” – Bad Bunny

(5) “Wait for U (Feat. Drake, Tems)” – Future

(6) “Me Porto Bonito” – Bad Bunny, Chencho Corleone

(7) “Mamiii” – Karol G, Becky G

(8) “Enemy” – Imagine Dragons x J.I.D

(9) “Provenza” – Karol G

(10) “Right On” – Lil Baby

Glasgow

Source: variety

The post 2022 အတွက် YouTube မှာ လူကြည့်အများဆုံး US သီချင်း(၁၀)ပုဒ် appeared first on San Yit Wine.

]]>
Spotify ရဲ့ Global အဆင့် Streaming အများဆုံး Artist (၃)ယောက် https://sanyitwine.com/spotify-global-most-streaming-artists/?utm_source=rss&utm_medium=rss&utm_campaign=spotify-global-most-streaming-artists Thu, 01 Dec 2022 09:51:09 +0000 https://sanyitwine.com/?p=35640 Spotify ဟာ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်ပေးနေကျ streaming အချက်အလက်တွေကိုတော့ ယခုနှစ် ၂၀၂၂ ခုနှစ်အတွက် မကြာသေးခင်ကပဲ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း သူတို့ရဲ့ပလက်ဖောင်းပေါ်က လူနားထောင်အများဆုံး artist တွေ၊ သီချင်းတွေ၊ အယ်လ်ဘမ်တွေနဲ့ podcast တွေကို ထုတ်ပြန်ပေးလာတာ ဖြစ်ပြီး မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ Bad Bunny ဟာ ယခုနှစ်အတွက် global အဆင့် streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ Bad Bunny ဟာ global မှာ streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist အဖြစ် စံချိန်တင်နေတာကတော့ ယခုနှစ်နဲ့ဆိုရင် သုံးနှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။ ပူအာတိုရီကိုနိုင်ငံသားဖြစ်တဲ့ Bad Bunny […]

The post Spotify ရဲ့ Global အဆင့် Streaming အများဆုံး Artist (၃)ယောက် appeared first on San Yit Wine.

]]>
Spotify ဟာ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်ပေးနေကျ streaming အချက်အလက်တွေကိုတော့ ယခုနှစ် ၂၀၂၂ ခုနှစ်အတွက် မကြာသေးခင်ကပဲ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း သူတို့ရဲ့ပလက်ဖောင်းပေါ်က လူနားထောင်အများဆုံး artist တွေ၊ သီချင်းတွေ၊ အယ်လ်ဘမ်တွေနဲ့ podcast တွေကို ထုတ်ပြန်ပေးလာတာ ဖြစ်ပြီး မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ Bad Bunny ဟာ ယခုနှစ်အတွက် global အဆင့် streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

Bad Bunny ဟာ global မှာ streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist အဖြစ် စံချိန်တင်နေတာကတော့ ယခုနှစ်နဲ့ဆိုရင် သုံးနှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။ ပူအာတိုရီကိုနိုင်ငံသားဖြစ်တဲ့ Bad Bunny ကတော့ အသက်(၂၈)နှစ်သာ ရှိသေးပြီး ယခုနှစ်အတွက် Spotify မှာ streaming ကြိမ်ရေပေါင်း (၁၈.၅)ဘီလျံ ရရှိထားတယ်လို့ သိရပါတယ်။

Photo: badbunnypr/ Instagram

သူ့ရဲ့အယ်လ်ဘမ်ဖြစ်တဲ့ Un Verano Sin Ti ကတော့ global မှာ streaming အများဆုံး အယ်လ်ဘမ်အဖြစ် ထိပ်ဆုံးက နေရာယူထားပြီး သူ့ရဲ့သီချင်း Me Porto Bonito ကတော့ global chart ရဲ့ streaming အများဆုံးသီချင်းတွေထဲမှာ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် Bad Bunny ရဲ့ ယခုနှစ်အတွက် ရရှိခဲ့တဲ့ streaming ပမာဏဟာ မနှစ်က သူရရှိခဲ့တဲ့ ပမာဏရဲ့ နှစ်ဆဖြစ်တယ်လို့လည်း သိရပါတယ်။

Bad Bunny နောက်မှာ ထပ်ကြပ်မကွာ လိုက်လာတာကတော့ Taylor Swift ဖြစ်ပြီး ယခုနှစ်ရဲ့ Spotify မှာ global အဆင့် streaming အများဆုံး artist နေရာမှာတော့ သူမဟာ ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။

Photo: taylorswift/ Instagram

ဒါ့အပြင် အမျိုးသမီး artist တွေထဲမှာတော့ Taylor Swift ဟာ streaming အများဆုံးကို ရရှိထားတာ ဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Taylor Swift ဟာ global မှာ Most Viral Artist အဖြစ်နဲ့ ထိပ်ဆုံးကနေလည်း ရပ်တည်နေပါသေးတယ်။

global ရဲ့ streaming အများဆုံး artist အဖြစ် တတိယနေရာမှာ ရပ်တည်နေတာကတော့ Drake ဖြစ်ပါတယ်။ ဒါ့အပြင် Drake ဟာ ယူအက်စ်မှာတော့ streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist အဖြစ် ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။

Photo: champagnepapi/ Instagram

global မှာ streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist တွေအဖြစ် စတုတ္ထနေရာနဲ့ ပဉ္စမနေရာတို့မှာ ရပ်တည်နေကြတာကတော့ The Weeknd နဲ့ ကေပေါ့ပ်အဖွဲ့ BTS တို့ပဲ ဖြစ်ပါတယ်။

Vancouver

Source: people

The post Spotify ရဲ့ Global အဆင့် Streaming အများဆုံး Artist (၃)ယောက် appeared first on San Yit Wine.

]]>
Spotify မှာ တစ်ရက်အတွင်း Stream အများဆုံး Album ဖြစ်သွားတဲ့ “Midnights” https://sanyitwine.com/ts-midnigths-spotify-most-streamed/?utm_source=rss&utm_medium=rss&utm_campaign=ts-midnigths-spotify-most-streamed Sun, 23 Oct 2022 08:50:00 +0000 https://sanyitwine.com/?p=35369 Taylor Swift ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ “Midnights” လို့ အမည်ရတဲ့ LP တစ်ချပ်ကို ထွက်ရှိလိုက်ပါတယ်။ ဒီ LP ကတော့ ထွက်ရှိပြီး တစ်ရက်အတွင်းမှာပဲ Spotify ရဲ့ သမိုင်းမှာ stream အလုပ်ခံရဆုံး တေးအယ်လ်ဘမ်အဖြစ် စံချိန်တင်သွားပါတယ်။ Taylor Swift ဟာ Midnights LP ထွက်ရှိပြီး နာရီပိုင်းအနည်းငယ် အတွင်းမှာပဲ နောက်ထပ် တေးသီချင်း ခုနှစ်ပုဒ်ကို ထပ်မံထည့်သွင်းလိုက်တဲ့နောက်မှာ အခုလိုတဟုန်ထိုး စံချိန်တင်သွားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Spotify က သူတို့ရဲ့တရားဝင် တွစ်တာစာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ “အောက်တိုဘာလ (၂၂)ရက်နေ့ရဲ့ ညသန်းခေါင်မတိုင်ခင်မှာပဲ Taylor Swift ဟာ Spotify ရဲ့သမိုင်းမှာ တစ်ရက်အတွင်း stream […]

The post Spotify မှာ တစ်ရက်အတွင်း Stream အများဆုံး Album ဖြစ်သွားတဲ့ “Midnights” appeared first on San Yit Wine.

]]>
Taylor Swift ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ “Midnights” လို့ အမည်ရတဲ့ LP တစ်ချပ်ကို ထွက်ရှိလိုက်ပါတယ်။ ဒီ LP ကတော့ ထွက်ရှိပြီး တစ်ရက်အတွင်းမှာပဲ Spotify ရဲ့ သမိုင်းမှာ stream အလုပ်ခံရဆုံး တေးအယ်လ်ဘမ်အဖြစ် စံချိန်တင်သွားပါတယ်။

Taylor Swift ဟာ Midnights LP ထွက်ရှိပြီး နာရီပိုင်းအနည်းငယ် အတွင်းမှာပဲ နောက်ထပ် တေးသီချင်း ခုနှစ်ပုဒ်ကို ထပ်မံထည့်သွင်းလိုက်တဲ့နောက်မှာ အခုလိုတဟုန်ထိုး စံချိန်တင်သွားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Spotify က သူတို့ရဲ့တရားဝင် တွစ်တာစာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

“အောက်တိုဘာလ (၂၂)ရက်နေ့ရဲ့ ညသန်းခေါင်မတိုင်ခင်မှာပဲ Taylor Swift ဟာ Spotify ရဲ့သမိုင်းမှာ တစ်ရက်အတွင်း stream လုပ်ခံရဆုံး အယ်လ်ဘမ်အဖြစ် စံချိန်ချိုးသွားပါတယ်။ ဝမ်းသာဂုဏ်ယူမိပါတယ် Taylor Swift ရေ …” လို့ Spotify က သူတို့ရဲ့တွစ်တာစာမျက်နှာမှာ ပြောထားပါတယ်။

ဒီမတိုင်ခင်က Spotify ရဲ့ တစ်ရက်အတွင်း stream လုပ်ခံရဆုံး တေးအယ်လ်ဘမ်စံချိန်ကို နေရာယူထားသူကတော့ Bad Bunny ပဲ ဖြစ်ပါတယ်။ Bad Bunny ရဲ့ မေလမှာ ထွက်ရှိခဲ့တဲ့ Un Verano Sin Ti တေးအယ်လ်ဘမ်ဟာ တစ်ရက်အတွင်း (၁၈၃)သန်း streaming ရရှိပြီး ဒီစံချိန်ကို ယူထားခဲ့တာ ဖြစ်ပါတယ်။

ယခု Spotify ရဲ့ဖော်ပြချက်အရ Taylor Swift ရရှိသွားတဲ့ streaming ပမာဏဟာ (၁၈၃)သန်းကျော်သွားလို့ဆိုတာ အထင်အရှားပါပဲ။ သို့သော်လည်း သူမဟာ ဘယ်လောက်အရေအတွက် ရရှိထားတယ်ဆိုတာတော့ ယခုအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Photo: Spotify/ Twitter

ဒီအောင်မြင်မှုနဲ့ ပတ်သက်ပြီး Taylor Swift ကတော့ သူမရဲ့ခံစားချက်ကို တွစ်တာမှာ တုံ့ပြန်ပြောဆိုထားပါသေးတယ်။ “ခင်ဗျားလေးတို့ကို ပိုင်ဆိုင်ထားတာအပြင် ဒီလောက်အထိ အံ့အားသင့်စရာမျိုးကိုပါ ကြုံလာရတဲ့အထိ ကိုယ်ဘာလို့ ဒီလောက်ကံကောင်းနေရတာလဲ။ ဘာတွေဖြစ်သွားတာလည်းလို့တောင် တွေးမိပါတယ် …” လို့ Taylor က ဆိုပါတယ်။

Midnights အယ်လ်ဘမ်ကတော့ အချစ်၊ ကလဲ့စားနဲ့ လူထုကြားက ကျော်ကြားမှုစတဲ့အကြောင်းတွေကို ရေးစပ်သီကုံး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာတော့ collaborator တွေအဖြစ် Lana Del Rey ၊ Jack Antonoff ၊ Taylor ရဲ့ချစ်သူ Joe Alwyn နဲ့ သရုပ်ဆောင် Zoe Kravitz တို့က ပါဝင်ထားပါတယ်။

Vancouver

Source: people

The post Spotify မှာ တစ်ရက်အတွင်း Stream အများဆုံး Album ဖြစ်သွားတဲ့ “Midnights” appeared first on San Yit Wine.

]]>