HomeEntertainmentMusicSpotify မှာ တစ်ရက်အတွင်း Stream အများဆုံး Album ဖြစ်သွားတဲ့ "Midnights"

Spotify မှာ တစ်ရက်အတွင်း Stream အများဆုံး Album ဖြစ်သွားတဲ့ “Midnights”

Taylor Swift ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ “Midnights” လို့ အမည်ရတဲ့ LP တစ်ချပ်ကို ထွက်ရှိလိုက်ပါတယ်။ ဒီ LP ကတော့ ထွက်ရှိပြီး တစ်ရက်အတွင်းမှာပဲ Spotify ရဲ့ သမိုင်းမှာ stream အလုပ်ခံရဆုံး တေးအယ်လ်ဘမ်အဖြစ် စံချိန်တင်သွားပါတယ်။

Taylor Swift ဟာ Midnights LP ထွက်ရှိပြီး နာရီပိုင်းအနည်းငယ် အတွင်းမှာပဲ နောက်ထပ် တေးသီချင်း ခုနှစ်ပုဒ်ကို ထပ်မံထည့်သွင်းလိုက်တဲ့နောက်မှာ အခုလိုတဟုန်ထိုး စံချိန်တင်သွားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Spotify က သူတို့ရဲ့တရားဝင် တွစ်တာစာမျက်နှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

“အောက်တိုဘာလ (၂၂)ရက်နေ့ရဲ့ ညသန်းခေါင်မတိုင်ခင်မှာပဲ Taylor Swift ဟာ Spotify ရဲ့သမိုင်းမှာ တစ်ရက်အတွင်း stream လုပ်ခံရဆုံး အယ်လ်ဘမ်အဖြစ် စံချိန်ချိုးသွားပါတယ်။ ဝမ်းသာဂုဏ်ယူမိပါတယ် Taylor Swift ရေ …” လို့ Spotify က သူတို့ရဲ့တွစ်တာစာမျက်နှာမှာ ပြောထားပါတယ်။

ဒီမတိုင်ခင်က Spotify ရဲ့ တစ်ရက်အတွင်း stream လုပ်ခံရဆုံး တေးအယ်လ်ဘမ်စံချိန်ကို နေရာယူထားသူကတော့ Bad Bunny ပဲ ဖြစ်ပါတယ်။ Bad Bunny ရဲ့ မေလမှာ ထွက်ရှိခဲ့တဲ့ Un Verano Sin Ti တေးအယ်လ်ဘမ်ဟာ တစ်ရက်အတွင်း (၁၈၃)သန်း streaming ရရှိပြီး ဒီစံချိန်ကို ယူထားခဲ့တာ ဖြစ်ပါတယ်။

ယခု Spotify ရဲ့ဖော်ပြချက်အရ Taylor Swift ရရှိသွားတဲ့ streaming ပမာဏဟာ (၁၈၃)သန်းကျော်သွားလို့ဆိုတာ အထင်အရှားပါပဲ။ သို့သော်လည်း သူမဟာ ဘယ်လောက်အရေအတွက် ရရှိထားတယ်ဆိုတာတော့ ယခုအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Photo: Spotify/ Twitter

ဒီအောင်မြင်မှုနဲ့ ပတ်သက်ပြီး Taylor Swift ကတော့ သူမရဲ့ခံစားချက်ကို တွစ်တာမှာ တုံ့ပြန်ပြောဆိုထားပါသေးတယ်။ “ခင်ဗျားလေးတို့ကို ပိုင်ဆိုင်ထားတာအပြင် ဒီလောက်အထိ အံ့အားသင့်စရာမျိုးကိုပါ ကြုံလာရတဲ့အထိ ကိုယ်ဘာလို့ ဒီလောက်ကံကောင်းနေရတာလဲ။ ဘာတွေဖြစ်သွားတာလည်းလို့တောင် တွေးမိပါတယ် …” လို့ Taylor က ဆိုပါတယ်။

Midnights အယ်လ်ဘမ်ကတော့ အချစ်၊ ကလဲ့စားနဲ့ လူထုကြားက ကျော်ကြားမှုစတဲ့အကြောင်းတွေကို ရေးစပ်သီကုံး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာတော့ collaborator တွေအဖြစ် Lana Del Rey ၊ Jack Antonoff ၊ Taylor ရဲ့ချစ်သူ Joe Alwyn နဲ့ သရုပ်ဆောင် Zoe Kravitz တို့က ပါဝင်ထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular