HomeEntertainmentMusicTaylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Taylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Taylor Swift ရဲ့ Eras Tour ကို ကိုယ်တိုင်သွားမကြည့်နိုင်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ အကြောင်းကတော့ Eras Tour တစ်ခုလုံးကို Concert Film အဖြစ် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်လို့ပါပဲ။ ဒီအကြောင်းကိုတော့ မနေ့က ဩဂုတ်လ(၃၁)ရက်နေ့မှာပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။

“Eras Tour ဟာ ကျွန်မဘဝရဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံတစ်ခုပါပဲ။ ပြီးတော့ ဒီအတွေ့အကြုံတစ်ခုလုံးကို မကြာခင်မှာပဲ ရုပ်ရှင်ပိတ်ကားပေါ်မှာ တွေ့မြင်ရတော့မယ့်အကြောင်း ဝမ်းမြောက်စွာနဲ့ ပြောပါရစေ။ အောက်တိုဘာလ(၁၃)ရက်နေ့ကစပြီး ဒီ concert film ကို မြောက်အမေရိကက ရုပ်ရှင်ရုံတွေမှာ ကြည့်လို့ရတော့မှာပါ …”လို့ Taylor Swift က အသိပေးထားပါတယ်။

Photo: taylorswift/ Instagram

Eras Tour Concert ရုပ်ရှင်ရဲ့ Release Date

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Sam Wrench က ရိုက်ကူးပေးထားပြီး လာမယ့် အောက်တိုဘာလ(၁၃)ရက်နေ့မှာပဲ မြောက်အမေရိကက ရုပ်ရှင်ရုံတွေနဲ့အတူ ကနေဒါနဲ့ မက္ကဆီကိုမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ နာမည်ကြီးတဲ့ Friday 13th လည်း ဖြစ်ပေမယ့် Taylor ကတော့ (၁၃)ဟာ သူမရဲ့ ကံကောင်းစေတဲ့ နံပါတ်လို့ ခံယူထားတာကြောင့် အဲဒီနေ့ရက်မှာ တမင်ရုံတင်တာ ဖြစ်နိုင်ပါတယ်။

ဒီရုပ်ရှင်ကို နိုင်ငံတကာမှာ ဘယ်အချိန် ထွက်လာမလည်းဆိုတာကိုတော့ မကြေညာသေးပါဘူး။ ဒါဟာလည်း တမင်မကြေညာသေးတာ ဖြစ်နိုင်ပါတယ်။ Taylor Swift ဟာ သူမရဲ့ရှိုးတွေကို ၂၀၂၃ တစ်နှစ်လုံး အမေရိကအပြင်ဘက်ကို မထွက်ရသေးပါဘူး။ ၂၀၂၄ ကျမှသာ နိုင်ငံတကာကို လှည့်လည် ဖျော်ဖြေမှာဖြစ်ပြီး ၂၀၂၄ မှာ သူမရဲ့ပထမဆုံး သွားရောက် ဖျော်ဖြေမယ့် နိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Eras Tour Concert ရုပ်ရှင်ရဲ့ လက်မှတ်တွေကိုတော့ AMC Theatre တွေနဲ့ Regal ၊ Cinemark နဲ့ Fandango website တွေမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ AMC Theatre ရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ကိုတော့ တစ်ရက်ကို လေးပွဲ ပြသမှာ ဖြစ်ပြီး ကြာသပတေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပြသမယ်လို့ သိရပါတယ်။

လက်မှတ်စျေးကတော့ အခွန်မပါ တစ်ဦးလျှင် (၁၉.၈၉)ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်ကိုတော့ အခွန်မပါ (၁၃.၁၃)ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

Photo: taylorswift/ Instagram

ဒီရုပ်ရှင်ကိုတော့ လော့စ်အိန်ဂျလိစ်က ရှိုးပွဲညတွေမှာတည်းက ရုပ်ရှင်ကင်မရာတွေ ထောင်ပြီး Live ရိုက်ကူးနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကတော့ ဒီ concert film ထွက်လာမှာကို ကြိုတင် မှန်းဆနေကြပြီးသား ဖြစ်ပါတယ်။

Eras Tour Concert ရုပ်ရှင်ကတော့ သူမရဲ့ ပထမဆုံး concert film မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ 1989 World Tour ကို Apple Music မှာ သီးသန့်ပြသခဲ့ပြီး Reputation concert film ကိုတော့ ၂၀၁၈ ခုနှစ်မှာ Netflix မှာ ပြသခဲ့ပါတယ်။ ဒါ့အပြင် Folklore: The Long Pond Studio Sessions ကိုလည်း ၂၀၂၀ ခုနှစ်မှာ Disney+ မှာ ပြသခဲ့ပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular