HomeEntertainmentMusic2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ

2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ

2023 MTV VMAs ဆုပေးပွဲကိုတော့ မကြာခင်ကာလမှာပဲ ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။ VMAs ရဲ့ ထုံးစံအတိုင်းပဲ ဒီနှစ်မှာလည်း အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်တွေ ပါဝင်လာဦးမှာပါ။ ယခုနှစ်ရဲ့ VMAs ဆုပေးပွဲကိုတော့ လာမယ့် စက်တင်ဘာလ(၁၂)ရက်နေ့မှာ နယူးဂျာစီက Prudential Center မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဂီတလောကက နာမည်ကျော်တွေ တက်ရောက်ကြမယ့် ဒီဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေခွင့် ရရှိထားတဲ့ artist တွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ပါဝင်ဖျော်ဖြေကြမယ့် artist တွေရဲ့ ပထမအသုတ်ကိုတော့ ဩဂုတ်လ(၂၂)ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ထပ်တိုးစာရင်းတွေကိုတော့ ဩဂုတ်လ(၃၁)ရက်နေ့မှာ ကြေညာသွားတာ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ VMAs မှာတော့ Taylor Swift က စံကာတင်(၈)ဆုနဲ့ ရှေ့ဆုံးက ဦးဆောင်နေပြီး SZA ၊ Doja Cat ၊ Kim Petras ၊ Miley Cyrus နဲ့ Nicki Minaj တို့ကလည်း အသီးသီး စံကာတင်ဝင်ထားကြပါသေးတယ်။ ယခုနှစ်ရဲ့ host နေရာမှာတော့ ဘယ်သူက တာဝန်ယူသွားမယ်ဆိုတာ မသိရသေးပါဘူး။

၂၀၂၃ ခုနှစ် VMAs ရဲ့ မှင်သက်စရာ performance တွေကို တင်ဆက်သွားကြမယ့် artist တွေကတော့ …

Lil’ Wayne

Photo: liltunechi/ Instagram

Lil’ Wayne ကတော့ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက်မှ VMAs စတိတ်ပေါ် ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဂရမ်မီငါးဆုရှင်ဖြစ်တဲ့ Lil’ Wayne ဟာ စက်တင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိထားတဲ့ သူ့ရဲ့ဆင်ဂယ်လ်အသစ် Kat Food ကို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Doja Cat

Photo: dojacat/ Instagram

Doja Cat ကတော့ ၂၀၂၁ ခုနှစ်မှာ VMAs host အဖြစ် တင်ဆက်ပြီးနောက် အခုနှစ်မှာမှ VMAs စင်မြင့်ပေါ်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူမဟာလည်း ယခုနှစ် ဆုပေးပွဲမှာ Best Video of the Year နဲ့ Artist of the Year အပါအဝင် စံကာတင်(၅)ဆု စာရင်းဝင်ထားပါသေးတယ်။

Kelsea Ballerini

Photo: kelseaballerini/ Instagram

ယခုနှစ် VMAs ကတော့ Kelsea Ballerini ရဲ့ EP ဖြစ်တဲ့ Rolling Up The Welcome Mat (For Good)ထဲက သီချင်းတွေကို ပထမဆုံး world premiere လုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုလည်း ဖြစ်ပါတယ်။

Anitta

Photo: anitta/ Instagram

Anitta ကတော့ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Funk Generation: A Favela Love Story ထဲက နာမည်ကြီးသီချင်းတွေကို medley အနေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ Anitta ကတော့ မနှစ်က ၂၀၂၂ ခုနှစ်မှာ သူမရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုကို တင်ဆက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ပထမဆုံး VMAs ဆုရရှိတဲ့ ဘရာဇီးလ် artist အဖြစ်လည်း သမိုင်းတွင်သွားပါသေးတယ်။

TOMORROW x TOGETHER

Photo: txt_bighit/ Instagram

TXT အဖွဲ့ကတော့ သူတို့ရဲ့ဆင်ဂယ်လ်သီချင်းအသစ်နဲ့ VMAs မှာ ပထမဆုံး ပွဲဦးထွက် ဖျော်ဖြေခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Best K-Pop ဆုကိုလည်း စံကာတင်ဝင်ထားကြပါသေးတယ်။

Demi Lovato

Photo: ddlovato/ Instagram

VMAs သမိုင်းမှာ စံကာတင်(၁၄)ကြိမ် ရရှိထားဖူးတဲ့ Demi Lovato ကတော့ ခြောက်နှစ်ကျော်ကြာပြီးမှ VMAs စင်မြင့်ပေါ်ကို ပြန်လည် တက်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့အယ်လ်ဘမ်သစ် Revamped မထွက်လာခင် သုံးရက်အလိုမှာ VMAs စင်မြင့်ပေါ်မှာ Demi ကို အရင်ဆုံး တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ သူမရဲ့ Revamped အယ်လ်ဘမ်ကတော့ သူမရဲ့နာမည်ကြီးသီချင်းတွေကို ရော့ခ်ဗားရှင်းနဲ့ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

Karol G

Photo: karolg/ Instagram

Karol G ကတော့ ယခုနှစ်မှာပဲ VMAs မှာ ပထမဆုံး ဖျော်ဖြေခွင့်ရမယ့် artist တွေထဲမှာ ပါဝင်ပါတယ်။ သူမဟာ စပိန်ဘာသာနဲ့ သီဆိုထားတဲ့ တေးအယ်လ်ဘမ်နဲ့ Billboard 200 chart မှာ နံပါတ်(၁)ချိတ်သွားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ်လည်း သမိုင်းတွင်ထားပါသေးတယ်။

Måneskin

Photo: maneskinofficial/ Instagram

Måneskin ကတော့ ဒုတိယမြောက်နှစ်အဖြစ် VMAs မှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိထားတဲ့ သူတို့ရဲ့ဆင်ဂယ်လ်အသစ် HONEY (ARE YOU COMING?)ကို ပထမဆုံး world premiere အဖြစ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Stray Kids

Photo: realstraykids/ Instagram

Stray Kids ဟာလည်း သူတို့ရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုကို ယခုနှစ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Stray Kids ဟာလည်း Best K-Pop category မှာ စံကာတင်ဝင်ထားပါသေးတယ်။

Vancouver

Source: hollywoodlife

 

RELATED ARTICLES

Most Popular