HomeEntertainmentMusic2023 Grammy ဆုပေးပွဲမှာ ဖျော်ဖြေခွင့်ရမယ့် Artist များ

2023 Grammy ဆုပေးပွဲမှာ ဖျော်ဖြေခွင့်ရမယ့် Artist များ

(၆၅)ကြိမ်မြောက် ဂရမ်မီတေးဂီတ ဆုပေးပွဲကြီးကိုတော့ လာမယ့် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Los Angeles မြို့မှာရှိတဲ့ Crypto.com Arena ကြီးမှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပြီး Trevor Noah ကတော့ Host အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဂရမ်မီဆုတွေကိုတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း ထွက်ရှိထားတဲ့ တေးအယ်လ်ဘမ်တွေထဲက ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Photo: beyonce/ Instagram

၂၀၂၃ ခုနှစ်ရဲ့ ဂရမ်မီ စံကာတင်စာရင်းမှာတော့ Beyonce ဟာ စံကာတင်(၉)ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ သူမရဲ့နောက်မှာတော့ Kendrick Lamar က စံကာတင်(၈)ခုနဲ့ ဒုတိယလိုက်နေပြီး Adele နဲ့ Brandi Carlile တို့ကတော့ စံကာတင်(၇)ခုနဲ့ တတိယနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။

Beyonce ဟာ ဂရမ်မီစံကာတင်အများဆုံး ရရှိထားတဲ့ အမျိုးသမီး Artist လည်းဖြစ်ပြီး လက်ရှိမှာတော့ စံကာတင်စုစုပေါင်း (၈၈)ခုနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Jay Z နဲ့ တန်းတူသားရေကျနေပါတယ်။ တကယ်လို့ ယခုနှစ်ရဲ့ ဂရမ်မီမှာ သူမသာ ဆု(၄)ဆု ရရှိခဲ့မယ်ဆိုရင်တော့ ဂရမ်မီရဲ့သမိုင်းမှာ ဆုအများဆုံး ရရှိထားတဲ့ Artist အဖြစ် စံချိန်သစ်တင်တော့မှာ ဖြစ်ပါတယ်။

2023 Grammy ဆုပေးပွဲမှာ ဖျော်ဖြေခွင့် ရရှိထားကြတဲ့ Artist တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Harry Styles

Photo: harrystyles/ Instagram

ဂရမ်မီမှာ ဖျော်ဖြေကြမယ့် artist တွေထဲမှာ Harry Styles လည်း ပါဝင်ပါတယ်။ Harry ကတော့ Album ၊ Song နဲ့ Record of the Year တို့အပါအဝင် စံကာတင်(၆)ခုလည်း ပါဝင်ထားတာကြောင့် သူ့အတွက်လည်း ရင်ခုန်စရာကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ Harry ကတော့ သူ့ရဲ့စံကာတင်ဝင်ထားတဲ့သီချင်း As It Was ကို သီဆိုသွားနိုင်ပါတယ်။

Bad Bunny

Photo: badbunny.pr/ Instagram

Latin Artist တစ်ယောက်ဖြစ်တဲ့ Bad Bunny ကလည်း စံကာတင်(၃)ခု ဝင်ထားသလို ကိုယ်တိုင်လည်း ပါဝင်ဖျော်ဖြေသွားဦးမှာပါ။ သူကတော့ Un verano sin ti အယ်လ်ဘမ်နဲ့ Album of the Year ၊ Best Musica Urbana ဆုအပါအဝင် Best Pop Solo Performance ဆုတွေပါ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ ဂရမ်မီစင်မြင့်ထက်မှာတော့ Bad Bunny ဟာ Moscow Mule ကို သီဆိုသွားနိုင်ပါတယ်။

Mary J. Blige

Photo: therealmaryjblige/ Instagram

R&B ဘုရင်မတစ်ပါးလို့ တင်စားကြတဲ့ Mary J. Blige ဟာလည်း ယခုနှစ်ရဲ့ ဂရမ်မီစင်မြင့်မှာ ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။ သူမဟာလည်း စံကာတင်စာရင်းမှာ ဆု(၆)ခုစာ စာရင်းဝင်ထားပါတယ်။

Brandi Carlile

Photo: brandicarlile/ Instagram

Folk Rock နဲ့ Alternative Country တွေကို သီဆိုလေ့ရှိတဲ့ Brandi Carlile ဟာလည်း ယခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲကို စံကာတင်(၇)ဆုနဲ့ ပြန်လည်ပါဝင်လာသလို ဂရမ်မီစင်မြင့်မှာလည်း သီဆိုဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။

Luke Combs

Photo: lukecombs/ Instagram

Crypto.com Arena ရဲ့ ဂရမ်မီညခင်းကိုတော့ Luke Combs ရဲ့ country ဂီတနဲ့ အရသာရှိရှိ ဖြည့်စွက်သွားဦးမှာ ဖြစ်ပါတယ်။ modern country legend လို့ တင်စားကြတဲ့ Luke Combs ကတော့ Best Country Song နဲ့ Best Country Album အပါအဝင် စံကာတင်သုံးဆု ရရှိထားပါတယ်။

Steve Lacy

Photo: steve.lacy/ Instagram

Bad Habit သီချင်းနဲ့ ယခုနှစ်အတွင်း အောင်မြင်ရေပန်းစားနေတဲ့ Steve Lacy ဟာလည်း စံကာတင်(၄)ဆု ရရှိထားသလို ဂရမ်မီစင်မြင့်ထက်မှာ သူ့ရဲ့နာမည်ကြီးသီချင်းတွေကို ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။

Lizzo

Photo: lizzobeeating/ Instagram

ဂရမ်မီညခင်းကို ပိုပြီးမြိုင်ဆိုင်သွားစေမယ့် နောက်ထပ် artist ကတော့ Lizzo ပဲ ဖြစ်ပါတယ်။ သူမကတော့ နာမည်ကြီး category (၅)ခုမှာ စံကာတင်ဝင်ထားတာကြောင့် တေးသီချင်းတွေနဲ့ ဖျော်ဖြေအပြီးမှာ ဆုတစ်ခုခုကိုလည်း အိမ်ပြန်လက်ဆောင်အဖြစ် သယ်ယူသွားနိုင်ချေ ရှိနေပါတယ်။

Sam Smith & Kim Petras

Photo: samsmith/ Instagram

Sam Smith နဲ့ Kim Petras တို့ကတော့ သူတို့ရဲ့ဟစ်သီချင်းဖြစ်တဲ့ Unholy နဲ့ ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ ဒီသီချင်းဟာလည်း Best Pop Duo/Group Performance အတွက် စံကာတင်ဝင်ထားတာ ဖြစ်တာကြောင့် ဂရမ်မီကိုပါ အိမ်ပြန်သယ်သွားနိုင်မှာလားဆိုတာ ရင်ခုန်စရာပါပဲ။

ဒါကတော့ ၂၀၂၃ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေသွားကြမယ့် artist တွေပဲ ဖြစ်ပါတယ်။ ဘယ်သူ့ရဲ့ ဖျော်ဖြေမှုအတွက် စိတ်အလှုပ်ရှားဆုံးလည်းဆိုတာ ပြောပြခဲ့ပါဦး။

Vancouver

 

RELATED ARTICLES

Most Popular