HomeEntertainmentMusic2022 အတွက် YouTube မှာ လူကြည့်အများဆုံး US သီချင်း(၁၀)ပုဒ်

2022 အတွက် YouTube မှာ လူကြည့်အများဆုံး US သီချင်း(၁၀)ပုဒ်

လူသုံးအများဆုံး ဗွီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်တဲ့ YouTube ကတော့ ၂၀၂၂ ခုနှစ်အတွက် လူကြည့်အများဆုံး ယူအက်စ်ရဲ့ သီချင်း(၁၀)ပုဒ်ကို ထုတ်ပြန်ပေးလိုက်ပါတယ်။ ထူးခြားစွာနဲ့ပဲ ယခုနှစ်အတွင်း နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းတွေထဲမှာ Encanto Animated ရုပ်ရှင်ထဲက ဇာတ်ဝင်တေးနှစ်ပုဒ်ကလည်း streaming အများဆုံး ရရှိထားတဲ့ ထိပ်ဆုံး(၁၀)ပုဒ်ထဲမှာ ပါဝင်နေပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက Disney+ မှာ စတင်ပြသခဲ့တဲ့ Encanto Animated ရုပ်ရှင်ကတော့ musical fantasy drama အမျိုးအစားဖြစ်ပြီး နာမည်ကျော်ဂီတပညာရှင် Lin-Manuel Miranda ဖန်တီးထားတဲ့ ဇာတ်ဝင်သီချင်း(၈)ပုဒ် ပါဝင်ပါတယ်။ ဒီထဲကမှ We Don’t Talk About Bruno နဲ့ Surface Pressure သီချင်းနှစ်ပုဒ်က Most Streamed Top Ten US Songs ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

Photo Credit: Disney Studios

We Don’t Talk About Bruno သီချင်းကိုတော့ Encanto သရုပ်ဆောင်တွေကပဲ စုပေါင်းသီဆိုထားကြတာ ဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့ ရလဒ်အနေနဲ့ YouTube မှာ ၂၀၂၂ ခုနှစ်ရဲ့ streaming အများဆုံး နံပါတ်(၁)သီချင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် ဒီသီချင်းဟာ Billboard Hot 100 Chart မှာလည်း ငါးပတ်ကြာ နံပါတ်(၁)ချိတ်ခဲ့ပြီး နှစ်ပေါင်းသုံးဆယ်အတွင်း Billboard မှာ နံပါတ်(၁)ချိတ်ခဲ့တဲ့ Disney ဇာတ်ဝင်တေးလည်း ဖြစ်ပါတယ်။

အလားတူပဲ Jessica Darrow သီဆိုထားတဲ့ Surface Pressure ကတော့ နံပါတ်(၃)နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ နံပါတ်(၂)နေရာမှာ ရပ်တည်နေတဲ့ သီချင်းကတော့ Kodak Black ရဲ့ Super Gremlin ပဲ ဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကမှ YouTube က ထုတ်ပြန်လိုက်တဲ့ streaming အများဆုံး US သီချင်း(၁၀)ပုဒ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo Credit: Disney Studios

(1) “We Don’t Talk About Bruno” – Encanto Cast

(2) “Super Gremlin” – Kodak Black

(3) “Surface Pressure” (From Encanto) – Jessica Darrow

(4) “Tití Me Preguntó” – Bad Bunny

(5) “Wait for U (Feat. Drake, Tems)” – Future

(6) “Me Porto Bonito” – Bad Bunny, Chencho Corleone

(7) “Mamiii” – Karol G, Becky G

(8) “Enemy” – Imagine Dragons x J.I.D

(9) “Provenza” – Karol G

(10) “Right On” – Lil Baby

Glasgow

Source: variety

RELATED ARTICLES

Most Popular