HomeEntertainmentMusicSpotify ရဲ့ Global အဆင့် Streaming အများဆုံး Artist (၃)ယောက်

Spotify ရဲ့ Global အဆင့် Streaming အများဆုံး Artist (၃)ယောက်

Spotify ဟာ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်ပေးနေကျ streaming အချက်အလက်တွေကိုတော့ ယခုနှစ် ၂၀၂၂ ခုနှစ်အတွက် မကြာသေးခင်ကပဲ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း သူတို့ရဲ့ပလက်ဖောင်းပေါ်က လူနားထောင်အများဆုံး artist တွေ၊ သီချင်းတွေ၊ အယ်လ်ဘမ်တွေနဲ့ podcast တွေကို ထုတ်ပြန်ပေးလာတာ ဖြစ်ပြီး မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ Bad Bunny ဟာ ယခုနှစ်အတွက် global အဆင့် streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

Bad Bunny ဟာ global မှာ streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist အဖြစ် စံချိန်တင်နေတာကတော့ ယခုနှစ်နဲ့ဆိုရင် သုံးနှစ်ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။ ပူအာတိုရီကိုနိုင်ငံသားဖြစ်တဲ့ Bad Bunny ကတော့ အသက်(၂၈)နှစ်သာ ရှိသေးပြီး ယခုနှစ်အတွက် Spotify မှာ streaming ကြိမ်ရေပေါင်း (၁၈.၅)ဘီလျံ ရရှိထားတယ်လို့ သိရပါတယ်။

Photo: badbunnypr/ Instagram

သူ့ရဲ့အယ်လ်ဘမ်ဖြစ်တဲ့ Un Verano Sin Ti ကတော့ global မှာ streaming အများဆုံး အယ်လ်ဘမ်အဖြစ် ထိပ်ဆုံးက နေရာယူထားပြီး သူ့ရဲ့သီချင်း Me Porto Bonito ကတော့ global chart ရဲ့ streaming အများဆုံးသီချင်းတွေထဲမှာ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် Bad Bunny ရဲ့ ယခုနှစ်အတွက် ရရှိခဲ့တဲ့ streaming ပမာဏဟာ မနှစ်က သူရရှိခဲ့တဲ့ ပမာဏရဲ့ နှစ်ဆဖြစ်တယ်လို့လည်း သိရပါတယ်။

Bad Bunny နောက်မှာ ထပ်ကြပ်မကွာ လိုက်လာတာကတော့ Taylor Swift ဖြစ်ပြီး ယခုနှစ်ရဲ့ Spotify မှာ global အဆင့် streaming အများဆုံး artist နေရာမှာတော့ သူမဟာ ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။

Photo: taylorswift/ Instagram

ဒါ့အပြင် အမျိုးသမီး artist တွေထဲမှာတော့ Taylor Swift ဟာ streaming အများဆုံးကို ရရှိထားတာ ဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Taylor Swift ဟာ global မှာ Most Viral Artist အဖြစ်နဲ့ ထိပ်ဆုံးကနေလည်း ရပ်တည်နေပါသေးတယ်။

global ရဲ့ streaming အများဆုံး artist အဖြစ် တတိယနေရာမှာ ရပ်တည်နေတာကတော့ Drake ဖြစ်ပါတယ်။ ဒါ့အပြင် Drake ဟာ ယူအက်စ်မှာတော့ streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist အဖြစ် ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။

Photo: champagnepapi/ Instagram

global မှာ streaming အများဆုံး ပိုင်ဆိုင်ထားတဲ့ artist တွေအဖြစ် စတုတ္ထနေရာနဲ့ ပဉ္စမနေရာတို့မှာ ရပ်တည်နေကြတာကတော့ The Weeknd နဲ့ ကေပေါ့ပ်အဖွဲ့ BTS တို့ပဲ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular