HomeEntertainmentMusicဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချတော့မယ့် Michael Jackson ရဲ့ ဂီတမူပိုင်ခွင့်များ

ဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချတော့မယ့် Michael Jackson ရဲ့ ဂီတမူပိုင်ခွင့်များ

Michael Jackson ရဲ့အမွေထိန်းသိမ်းသူတွေဟာ Michael ရဲ့ဂန္ထဝင် music catalog ထဲက တစ်ဝက်ခန့်ကို ဒေါ်လာသန်း(၉၀၀)နီးပါးနဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ Variety သတင်းဌာနက အတည်ပြုထားတာဖြစ်ပြီး အဆိုပါအမွေခံ ထိန်းသိမ်းသူတွေကတော့ Michael ရဲ့ ဂီတမူပိုင်ခွင့်တွေထဲက တစ်ဝက်ခန့်ကို ဒေါ်လာသန်း(၈၀၀)နဲ့ သန်း(၉၀၀)ကြားမှာ ရောင်းချဖို့ စီစဉ်နေတာဖြစ်တယ်လို့ မတူညီတဲ့ သတင်းရင်းမြစ်သုံးခုလုံးက အခိုင်အမာဆိုထားကြောင်း ပြောပါတယ်။

Photo: michaeljackson/ Instagram

ဒီအရောင်းအဝယ်ရဲ့ အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် SONY နဲ့ တခြားသော ငွေကြေးဆိုင်ရာ ပါတနာတစ်ခုတို့ ပူးပေါင်းပြီး Michael ရဲ့ music catalog ထဲက တစ်ဝက်ကို ဝယ်ယူဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာတော့ Michael ရဲ့ ထုတ်ဝေထားတဲ့ စာအုပ်တွေ၊ အသံသွင်းပြီးသား တေးသီချင်းတွေက ရရှိနေတဲ့ အမြတ်အစွန်းတွေ၊ MJ: The Musical ဘရော့ဒ်ဝေးပြဇာတ်နဲ့ အသစ်ထွက်ရှိလာဦးမယ့် Michael biopic ရုပ်ရှင်တွေအပြင် အ‌ခြားပိုင်ဆိုင်မှုတွေပါ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

ဂီတမူပိုင်ခွင့်ဆိုင်ရာ ရောင်းဝယ်မှုတွေထဲမှာတော့ ဒီပက်ကေ့ချ်ဟာ တန်ဖိုးအကြီးမားဆုံး ဖြစ်ပြီး လက်ရှိစျေးကွက်အရ တန်ဖိုးတွေ ဆက်လက် မြင့်တက်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ငွေကြေးကုမ္ပဏီတစ်ခုရဲ့ Variety ကို ပြောကြားချက်အရ Primary Wave Music ဆိုတဲ့ ဂီတကုမ္ပဏီတစ်ခုဟာလည်း Michael ရဲ့ ထုတ်ဝေပြီး စာအုပ်တွေနဲ့ ပတ်သက်ပြီး ရှယ်ယာတချို့ ပိုင်ဆိုင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: michaeljackson/ Instagram

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Variety ဘက်က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် Michael ရဲ့အမွေထိန်းသိမ်းသူတွေ၊ SONY ကုမ္ပဏီနဲ့ Primary Wave Music ကုမ္ပဏီတို့ဟာ လက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

SONY ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အကြီးမားဆုံး ဂီတမူပိုင်ခွင့် အရောင်းအဝယ်တွေထဲမှာတော့ ထိပ်ဆုံးက ပါဝင်နေခဲ့ပါတယ်။ SONY ဟာ Bruce Springsteen ရဲ့စာအုပ်တွေနဲ့ အသံသွင်းပြီးသား တေးသီချင်းတွေအတွက် ဒေါ်လာသန်း(၆၀၀)ခန့် ပေးကာ ဝယ်ယူခဲ့ဖူးပြီး Bob Dylan ရဲ့ အသံသွင်းပြီးသား music catalog အတွက်ကိုလည်း ဒေါ်လာ(၁၅၀)သန်းနဲ့ သန်း(၂၀၀)ကြားမှာ ပေးအပ် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Photo: michaeljackson/ Instagram

ဒါ့အပြင် ဒီအရောင်းအဝယ်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဖြစ်ထားတာကြောင့် Michael ရဲ့ music catalog ကို ဝယ်ယူဖို့ဟာလည်း ဖြစ်နိုင်ချေများစွာ ရှိနေပါတယ်။ ဒါတင်မက SONY နဲ့ သူ့ရဲ့လက်အောက်ခံကုမ္ပဏီ CBS ရုပ်သံလိုင်းတို့ဟာ Jackson 5 ဘဝကနေ Michael ရဲ့ solo လှုပ်ရှားမှုတွေအထိ အဓိကပါဝင်ခဲ့တဲ့ Michael ရဲ့ ဖန်တီးရာအိမ်တစ်ခုလို့လည်း ပြောနိုင်ပါသေးတယ်။

အသက်(၅၀)နှစ်အရွယ်မှာ Michael ကွယ်လွန်သွားပြီး နောက်မှာ‌တော့ သူ့ရဲ့မူပိုင်ခွင့်နဲ့ အမြတ်အစွန်းတွေအားလုံးကို Branca လို့ခေါ်တဲ့ ဥပဒေကုမ္ပဏီတစ်ခုနဲ့အတူ သူ့ရဲ့ကာလရှည်ကြာ ရှေ့နေဖြစ်ခဲ့သူ John McClain တို့က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular