HomeEntertainmentMusicSpotify ရဲ့သမိုင်းတလျှောက် စံချိန်သစ်တင်သွားတဲ့ Miley Cyrus ရဲ့ "Flowers"

Spotify ရဲ့သမိုင်းတလျှောက် စံချိန်သစ်တင်သွားတဲ့ Miley Cyrus ရဲ့ “Flowers”

Miley Cyrus ရဲ့ ဆင်ဂယ်လ်အသစ်ဖြစ်တဲ့ Flowers ကတော့ Spotify မှာ စံချိန်သစ်တင်သွားပြီ ဖြစ်ပါတယ်။ ထွက်ရှိပြီး ပထမတစ်ပတ်အတွင်းမှာတင် Spotify ရဲ့ stream အများဆုံး တေးသီချင်းအဖြစ် စံချိန်တင်သွားတာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုတော့ Miley ရဲ့ ဓာတ်ပြားတိုက်ကလည်း ကြေညာချက်ထုတ်ပြီး ပြောထားသလို Spotify ကလည်း “သူမဘာသာ ပန်းတွေ ဝယ်နိုင်ပါတယ် …”လို့ ဆိုကာ တွစ်တာစာမျက်နှာမှာ Miley ကို ဂုဏ်ပြုထားပါတယ်။

Spotify ရဲ့ ဖော်ပြချက်မှာတော့ Miley ရဲ့ Flowers ဆင်ဂယ်လ်ဟာ ဇန်နဝါရီလ (၁၉)ရက်နေ့မှာပဲ Spotify ရဲ့သမိုင်းတလျှောက်မှာ ထွက်ရှိပြီး ပထမပတ်အတွင်း stream အများဆုံး ရရှိထားတဲ့ သီချင်းအဖြစ် စံချိန်သစ် တင်သွားတာလို့ ဆိုပါတယ်။ Spotify ရဲ့ တွစ်တာက အဆိုပါပို့စ်ကိုတော့ Miley ရဲ့ official Twitter အကောင့်ကနေ ပြန်ရှဲထားပြီး “Spotify နဲ့ ကျွန်မရဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ် …”လို့ ကပ်ပရှင်မှာ ပြောထားပါတယ်။

Photo: MileyCyrus/ Twitter

Flowers ဟာ အသစ်ထွက်ရှိလာမယ့် Miley ရဲ့ ရှစ်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် “Endless Summer Vacation” ရဲ့ lead single သီချင်းလည်း ဖြစ်ပါတယ်။ ဒီသီချင်းဟာ လက်ရှိမှာ ဩစတျေးလျနိုင်ငံရဲ့ ARIA Singles Chart မှာ နံပါတ်(၁)ချိတ်နေပြီး ယူကေရဲ့ U.K. Official Singles Chart မှာလည်း နံပါတ်(၁)နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် လာမယ့် တနင်္လာနေ့မှာ ကြေညာထုတ်ပြန်တော့မယ့် Billboard Hot 100 မှာလည်း ဒီသီချင်းဟာ ဘယ်နေရာမှာ ရပ်တည်နေမယ်ဆိုတာ သိရတော့မှာ ဖြစ်ပါတယ်။

ယခင်က Spotify ရဲ့ ပထမပတ်အတွင်း stream အများဆုံး စံချိန်ကိုတော့ BTS အဖွဲ့ရဲ့ Butter က နေရာယူထားခဲ့တာ ဖြစ်ပါတယ်။ Variety ရဲ့ ဖော်ပြချက်အရ BTS ရဲ့ Butter သီချင်းဟာ ထွက်ရှိပြီး ခုနှစ်ရက်အတွင်း stream ပမာဏ (၉၉.၃၇)သန်း ရရှိခဲ့တာလို့ သိရပါတယ်။

Photo: mileycyrus/ Instagram

Miley ရဲ့ Flowers ကတော့ ဇန်နဝါရီလ(၁၂)ရက်နေ့ သန်းခေါင်အချိန်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Spotify မှာ အမြန်ဆုံးအရှိန်နဲ့ stream ပမာဏ သန်း(၁၀၀)ပြည့်ခဲ့တာလို့ သိရပါတယ်။ ယခုလက်ရှိ မကြာခင်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ Flowers ဟာ (၁၀၁)သန်းကျော်နေပြီး မကြာခင်အချိန်မှာပဲ (၁၀၂)သန်းပြည့်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။

ဒီသီချင်းကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေပြီး သူမရဲ့ခင်ပွန်းဟောင်း သရုပ်ဆောင် Liam Hemsworth ကို ရည်ရွယ်ပြီး သီဆိုထားတာလို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ ပိုထူးခြားတာကတော့ ဒီသီချင်းဟာ Liam ရဲ့မွေးနေ့အချိန်မှာ ထွက်ရှိလာတာပဲ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းတလျှောက်က အထင်ကရအချိန်တွေကို ဖော်ပြသွားတာ ဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်လို့ သီအိုရီများစွာနဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါသေးတယ်။

Flowers ဆင်ဂယ်လ် ပါဝင်မယ့် Endless Summer Vacation အယ်လ်ဘမ်ကတော့ လာမယ့် မတ်လ(၁၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပြီး စုစုပေါင်း သီချင်း(၁၃)ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Tracklist ကိုတော့ မထုတ်ပြန်သေးပါဘူး။

Vancouver

Source: variety/people

RELATED ARTICLES

Most Popular