Korea Archives - San Yit Wine https://sanyitwine.com/category/celebs_update_news/korea/ Tue, 18 Apr 2023 11:23:48 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Korea Archives - San Yit Wine https://sanyitwine.com/category/celebs_update_news/korea/ 32 32 ထိုင်ရာကမထ ကြည့်ချင်သွားမယ့် လျှို့ဝှက်သည်းဖို K-Drama ဇာတ်လမ်းတွဲများ https://sanyitwine.com/thriller-kdrama-make-u-hooked/?utm_source=rss&utm_medium=rss&utm_campaign=thriller-kdrama-make-u-hooked Tue, 18 Apr 2023 11:23:29 +0000 https://sanyitwine.com/?p=38208 K-Drama လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေဟာ ရိုမန့်တစ်ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်းတွေကို ပြေးမြင်မိကြမှာပါ။ သို့ပေမယ့်လည်း လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိူးအစားတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းအမျိူးအစားတစ်ခု ဖြစ်ပါတယ်။ ဒါပြီးရင် နောက်ထပ် ဘာဆက်ဖြစ်မှာလည်းဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းများစွာ ရှိတဲ့အထဲက k-drama ကောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ Watcher ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ လူသတ်မှုတစ်ခုဖြစ်ပြီး (၁၅)နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီလူသတ်မှုမှာ Kim Yeong-Goon ရဲ့ အမေဖြစ်သူက အသတ်ခံခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့အဖေကိုတော့ ရဲတွေက သံသယဝင်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့အဖေကိုပဲ ဒီလူသတ်မှုရဲ့ တရားခံအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ပစ္စုပ္ပန်ကာလကို ရောက်လာတဲ့အချိန်မှာတော့ Kim […]

The post ထိုင်ရာကမထ ကြည့်ချင်သွားမယ့် လျှို့ဝှက်သည်းဖို K-Drama ဇာတ်လမ်းတွဲများ appeared first on San Yit Wine.

]]>
K-Drama လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေဟာ ရိုမန့်တစ်ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်းတွေကို ပြေးမြင်မိကြမှာပါ။ သို့ပေမယ့်လည်း လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိူးအစားတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းအမျိူးအစားတစ်ခု ဖြစ်ပါတယ်။ ဒါပြီးရင် နောက်ထပ် ဘာဆက်ဖြစ်မှာလည်းဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းများစွာ ရှိတဲ့အထဲက k-drama ကောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Watcher

photo credit Orion Cinema Network

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ လူသတ်မှုတစ်ခုဖြစ်ပြီး (၁၅)နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီလူသတ်မှုမှာ Kim Yeong-Goon ရဲ့ အမေဖြစ်သူက အသတ်ခံခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့အဖေကိုတော့ ရဲတွေက သံသယဝင်ခဲ့ကြပါတယ်။

အဲဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့အဖေကိုပဲ ဒီလူသတ်မှုရဲ့ တရားခံအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ပစ္စုပ္ပန်ကာလကို ရောက်လာတဲ့အချိန်မှာတော့ Kim Yeong-Goon ဟာ ရဲတစ်ယောက်ဖြစ်လာပြီး သူ့အမေရဲ့အမှုကို ပြန်လည်စုံစမ်းပါတော့တယ်။ Seo Kang Joon ၊ Kim Hyun Joo နဲ့ Han Suk Kyu တို့ အဓိကပါဝင်ထားပါတယ်။

Tell Me What You Saw

photo credit Orion Cinema Network

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ Oh Hyun-Jae ကတော့ အချိန်တွေကြာမြင့်နေပေမယ့် စုံစမ်းရခက်ခဲလွန်းတဲ့ အမှုတွေကို ဖြေရှင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ သူ့ရဲ့ဇနီးလောင်းဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူဟာ အလွန်ဝမ်းနည်းပူဆွေးနေပြီး သူ့ရဲ့ဇနီးအတွက် လက်စားချေဖို့နဲ့ အဲဒီလူသတ်သမားကို ရပ်တန့်ဖို့အတွက် အခြားစုံထောက်တစ်ယောက်နဲ့အတူ ကြိုးစားပါတော့တယ်။ Choi Soo Young ၊ Jang Hyuk နဲ့ Jin Seo Yeon တို့က အဓိက ပါဝင်ထားပါတယ်။

Save Me

photo credit Orion Cinema Network

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.9) ရရှိထားပါတယ်။ မိသားစုတစ်ခုဟာ ငွေလိမ်ခံရပြီး စီးပွားရေးအဆင်မပြေ ဖြစ်လာတာကြောင့် မြို့ငယ်လေးတစ်ခုကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့မိသားစုဟာ Cult တစ်ခုနဲ့ တွေ့ဆုံမိပြီး ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ကြုံတွေ့ရပါတော့တယ်။ Taecyeon ၊ Seo Ye Ji နဲ့ Jo Sung Ha တို့က အဓိကပါဝင်ထားပါတယ်။

Vagabond

photo credit SBS TV

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သာမန်လူတစ်ယောက်ဟာ စတန့်သမားအလုပ်နဲ့ သူ့ရဲ့တူလေးကို စောင့်ရှောက်နေပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့တူလေး ပါဝင်နေတဲ့ လေယာဉ်ပျံဟာ ပျက်ကျသွားခဲ့တာကြောင့် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါတော့တယ်။ အဲဒီနောက်မှာတော့ သူဟာ ဒီအကြောင်းတွေကို စုံစမ်းရင်း သူ့ကိုယ်သူတောင် မသိလိုက်ဘဲ နိုင်ငံအကြီးပိုင်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်မိသွားပါတော့တယ်။ Lee Seung Gi ၊ Bae Suzy နဲ့ Shin Sung Rok တို့က အဓိကပါဝင်ထားပါတယ်။

Kingdom

photo credit Netflix

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘုရင်တစ်ပါး နတ်ရွာစံသွားပြီးနောက်မှာ ထူးဆန်းတဲ့ ရောဂါတစ်မျိူးဟာ နိုင်ငံအနှံ့ကို တဖြည်းဖြည်းနဲ့ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အိမ်ရှေ့စံမင်းသားကတော့ ဒီရောဂါကို အနိုင်ယူဖို့နဲ့ သူ့ရဲ့ပြည်သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ Ju Ji Hoon ၊ Bae Doona နဲ့ Kim Hye Jun တို့က အဓိကပါဝင်ထားပါတယ်။

Flower of Evil

photo credit tvN

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အရာရာပြီးပြည့်စုံနေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ဇနီးသည်ဖြစ်သူဟာ သူမရဲ့ခင်ပွန်းက လူသတ်မှုပေါင်းများစွာနဲ့ ဆက်စပ်နေနိုင်တယ်ဆိုတာ သိသွားချိန်မှာတော့…။ Moon Chae Won ၊ Lee Joon Gi နဲ့ Kim Ji Hoon တို့က အဓိက ပါဝင်ထားပါတယ်။

Mouse

photo credit tvN

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ Gudong ရဲဌာနရဲ့ ရိုးအတဲ့ ရဲသားတစ်ယောက်ဟာ မြို့ထဲက သာမန်အမှုသေးသေးလေးတွေကို ဖြေရှင်းရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် အဲဒီရဲသားလေးဟာ မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ စုံထောက် Muchi နဲ့ ပူးပေါင်းလိုက်ရပါတော့တယ်။ Lee Seung Gi ၊ Park Ju Hyun နဲ့ Kwon Hwa Woon တို့က အဓိကပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post ထိုင်ရာကမထ ကြည့်ချင်သွားမယ့် လျှို့ဝှက်သည်းဖို K-Drama ဇာတ်လမ်းတွဲများ appeared first on San Yit Wine.

]]>
နာဇီသင်္ကေတနဲ့ T-Shirt ကို ဝတ်ခဲ့မိလို့ တောင်းပန်လိုက်ရတဲ့ TWICE ရဲ့ Chaeyoung https://sanyitwine.com/twice-chaeyoung-apologizes-for-her-shirt/?utm_source=rss&utm_medium=rss&utm_campaign=twice-chaeyoung-apologizes-for-her-shirt Wed, 22 Mar 2023 08:40:01 +0000 https://sanyitwine.com/?p=37973 နာမည်ကျော် k-pop အဖွဲ့ဖြစ်တဲ့ TWICE ရဲ့အဖွဲ့ဝင် Chaeyoung ဟာ နာဇီသင်္ကေတ ပါဝင်နေတဲ့ တီရှပ်တစ်ထည်ကို ဝတ်ဆင်မိခဲ့တာကြောင့် အခုဆိုရင်တော့ ပရိသတ်တွေကို ပြန်လည်တောင်းပန်ထားပါတယ်။ သူမဟာ ပြီးခဲ့တဲ့နေ့ကပဲ Instagram မှာ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပြီး အဲဒီပုံထဲမှာတော့ နာဇီသင်္ကေတ ပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ ပြန်ဖျက်သွားပြီဖြစ်တဲ့ အဆိုပါဓာတ်ပုံထဲမှာတော့ Chaeyoung ဟာ Sex Pistols က Sid Vicious ရဲ့ပုံ စတစ်ကာပါဝင်တဲ့ တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားတာပါ။ အဲဒီစတစ်ကာထဲက Sid Vicious ကတော့ ခပ်စောင်းစောင်း နာဇီသင်္ကေတနဲ့ရှပ်ကို ဝတ်ဆင်ထားတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ swastika symbol လို့ ခေါ်ဝေါ်ကြတဲ့ အဆိုပါသင်္ကေတကတော့ ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ […]

The post နာဇီသင်္ကေတနဲ့ T-Shirt ကို ဝတ်ခဲ့မိလို့ တောင်းပန်လိုက်ရတဲ့ TWICE ရဲ့ Chaeyoung appeared first on San Yit Wine.

]]>
နာမည်ကျော် k-pop အဖွဲ့ဖြစ်တဲ့ TWICE ရဲ့အဖွဲ့ဝင် Chaeyoung ဟာ နာဇီသင်္ကေတ ပါဝင်နေတဲ့ တီရှပ်တစ်ထည်ကို ဝတ်ဆင်မိခဲ့တာကြောင့် အခုဆိုရင်တော့ ပရိသတ်တွေကို ပြန်လည်တောင်းပန်ထားပါတယ်။ သူမဟာ ပြီးခဲ့တဲ့နေ့ကပဲ Instagram မှာ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပြီး အဲဒီပုံထဲမှာတော့ နာဇီသင်္ကေတ ပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

ပြန်ဖျက်သွားပြီဖြစ်တဲ့ အဆိုပါဓာတ်ပုံထဲမှာတော့ Chaeyoung ဟာ Sex Pistols က Sid Vicious ရဲ့ပုံ စတစ်ကာပါဝင်တဲ့ တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားတာပါ။ အဲဒီစတစ်ကာထဲက Sid Vicious ကတော့ ခပ်စောင်းစောင်း နာဇီသင်္ကေတနဲ့ရှပ်ကို ဝတ်ဆင်ထားတဲ့ဒီဇိုင်း ဖြစ်ပါတယ်။

Photo: chaeyo.0/ Instagram

swastika symbol လို့ ခေါ်ဝေါ်ကြတဲ့ အဆိုပါသင်္ကေတကတော့ ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Adolf Hitler နဲ့ သူ့ရဲ့ဂျာမန်နာဇီပါတီက သုံးစွဲတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ နာဇီပါတီဟာ သန်းနဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကြောင့် သူတို့သုံးစွဲတဲ့ ဒီသင်္ကေတဟာလည်း အမုန်းတရားကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာတော့ မသုံးစွဲသင့်တဲ့ အမှတ်သင်္ကေတအဖြစ် သိထားကြပြီးသား ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Chaeyoung ကတော့ အဲဒီသင်္ကေတရဲ့ အဓိပ္ပာယ်ကို မသိနားမလည်တာကြောင့် မှားယွင်းပြီး ဝတ်မိတဲ့အကြောင်း၊ နောက်ကိုဒီလိုအမှားမျိုးတွေ မဖြစ်ရအောင် ဂရုစိုက်သွားမယ့်အကြောင်း Instagram မှာ အင်္ဂလိပ်၊ ကိုရီးယား နှစ်ဘာသာနဲ့ ပြန်လည်တောင်းပန်ထားပါတယ်။

Photo: chaeyo.0/ Instagram

“မင်္ဂလာပါ … ကျွန်မကတော့ Chaeyoung ပါ။ ကျွန်မရဲ့ Instagram ပို့စ်လေးနဲ့ ပတ်သက်ပြီး စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ကျွန်မဝတ်လိုက်တဲ့ တီရှပ်က swastika သင်္ကေတရဲ့ အဓိပ္ပာယ်ကို သေသေချာချာ မသိခဲ့ပါဘူး။ သေသေချာချာ မစီစစ်မိဘဲ အားလုံးကိုစိတ်ပူရအောင် လုပ်မိတဲ့အတွက် အလေးအနက် တောင်းပန်ပါတယ်။ နောက်နောင်မှာ ဒါမျိုးတွေ ထပ်မဖြစ်ရအောင် သေချာလေး အာရုံစိုက်ပြီး သတိထားသွားပါ့မယ်။ စိတ်ရင်းနဲ့ ထပ်ပြီးတောင်းပန်ပါတယ် …”လို့ Chaeyoung က Instagram မှာ ပို့စ်တင်ထားပါတယ်။

တကယ်တော့ Chaeyoung ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း Show! Music Core ဆိုတဲ့ တီဗွီအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး QAnon shirt ကို ဝတ်ဆင်ခဲ့ပါသေးတယ်။ အဲဒီအင်္ကျီမှာတော့ “Where we go one, we go all”ဆိုတဲ့ QAnon လှုပ်ရှားမှုရဲ့ ဆောင်ပုဒ်လည်း ပါဝင်ပါသေးတယ်။

QAnon ဆိုတာကတော့ ၂၀၁၇ ခုနှစ်လောက်မှာ ပေါ်ပေါက်လာတဲ့ အစွန်းရောက် လက်ယာယိမ်း နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖြစ်ပြီး လူသားစားခြင်း၊ ကလေးသူငယ်များကို လိင်ကျွန်အဖြစ် အသုံးချရန် လူကုန်ကူးခြင်း အစရှိတဲ့ conspiracy theory တွေကို ဖြန့်ဝေခဲ့တဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကတော့ အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ လုပ်ပုံကိုင်ပုံတွေကို ထောက်ခံအားပေးဖို့ရာ ထွက်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပြီး အလွန်ရှုပ်ထွေးပါတယ်။

ပရိသတ်အများစုကတော့ Chaeyoung အနေနဲ့ ဒီရှုပ်ထွေးပြီး ပြဿနာတွေ ခေါ်ဆောင်လာနိုင်တဲ့ QAnon shirt ရဲ့ အဓိပ္ပာယ်ကို မသိနားမလည်တာကြောင့် ဝတ်ဆင်ခဲ့တာလို့ ယုံကြည်နေကြပါတယ်။ ဒီကိစ္စမှာတော့ အဓိကအားဖြင့် Chaeyoung ထက် သူမကို ဒီအဝတ်အစား ဝတ်ဆင်ဖို့ ပြင်ဆင်ပေးခဲ့တဲ့ stylist အပေါ် ဒေါသထွက်နေကြပါတယ်။

ဒီလိုဖြစ်ရပ်တွေကိုတော့ ဥရောပနဲ့ အနောက်နိုင်ငံတွေဆီကို စျေးကွက်ဖြန့်ကျက်လာပြီဖြစ်တဲ့ group တစ်ခုအနေနဲ့ သတိကြီးကြီးထားပြီး ရှောင်ရှားသွားရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Chaeyoung ရဲ့ တောင်းပန်မှုကို လက်ခံထားကြပြီး သူမအပေါ် ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

Vancouver

Source: variety

The post နာဇီသင်္ကေတနဲ့ T-Shirt ကို ဝတ်ခဲ့မိလို့ တောင်းပန်လိုက်ရတဲ့ TWICE ရဲ့ Chaeyoung appeared first on San Yit Wine.

]]>
ကမ္ဘာ့ဂင်းနစ်စံချိန်မှာ Title (၃)ခု ရရှိသွားတဲ့ Lisa https://sanyitwine.com/lalisa-achieves-three-guinness-titles/?utm_source=rss&utm_medium=rss&utm_campaign=lalisa-achieves-three-guinness-titles Thu, 26 Jan 2023 10:33:01 +0000 https://sanyitwine.com/?p=36995 BLACKPINK အဖွဲ့ဝင် Lisa ကတော့ ကမ္ဘာ့ဂင်းနစ်စံချိန် (၃)ခုကို တရားဝင် ချိုးဖြတ်သွားပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဇန်နဝါရီလ(၂၄)ရက်နေ့ကပဲ ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့ကြီးက အတည်ပြုပေးခဲ့တာ ဖြစ်ပြီး Lisa ဟာ solo artist တစ်ယောက်အနေနဲ့ စံချိန်(၃)ခု တင်သွားပြီလို့ သိရပါတယ်။ Lisa ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာပဲ LALILSA အယ်လ်ဘမ်နဲ့ solo artist အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ အဲဒီ LALISA သီချင်းရဲ့ music video ဟာ ထွက်ရှိပြီး (၂၄)နာရီအတွင်းမှာပဲ ကြည့်ရှုသူ (၇၃.၆)သန်းကျော် ရရှိခဲ့တာကြောင့် solo artist အနေနဲ့ YouTube မှာ စံချိန်တင်ခဲ့ပါတယ်။ ယခုရရှိသွားတဲ့ သူမရဲ့ကမ္ဘာ့ဂင်းနစ်စံချိန်တွေကတော့ (၁) ၂၀၂၂ […]

The post ကမ္ဘာ့ဂင်းနစ်စံချိန်မှာ Title (၃)ခု ရရှိသွားတဲ့ Lisa appeared first on San Yit Wine.

]]>
BLACKPINK အဖွဲ့ဝင် Lisa ကတော့ ကမ္ဘာ့ဂင်းနစ်စံချိန် (၃)ခုကို တရားဝင် ချိုးဖြတ်သွားပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဇန်နဝါရီလ(၂၄)ရက်နေ့ကပဲ ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့ကြီးက အတည်ပြုပေးခဲ့တာ ဖြစ်ပြီး Lisa ဟာ solo artist တစ်ယောက်အနေနဲ့ စံချိန်(၃)ခု တင်သွားပြီလို့ သိရပါတယ်။

Lisa ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာပဲ LALILSA အယ်လ်ဘမ်နဲ့ solo artist အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ အဲဒီ LALISA သီချင်းရဲ့ music video ဟာ ထွက်ရှိပြီး (၂၄)နာရီအတွင်းမှာပဲ ကြည့်ရှုသူ (၇၃.၆)သန်းကျော် ရရှိခဲ့တာကြောင့် solo artist အနေနဲ့ YouTube မှာ စံချိန်တင်ခဲ့ပါတယ်။

Photo: guinnessworldrecords/ Instagram

ယခုရရှိသွားတဲ့ သူမရဲ့ကမ္ဘာ့ဂင်းနစ်စံချိန်တွေကတော့ (၁) ၂၀၂၂ ခုနှစ် MTV Video Music Awards (VMAs)မှာ Best K-Pop Video ဆုကို ပထမဆုံး ဆွတ်ခူးခဲ့တဲ့ solo K-Pop artist ၊ (၂) ၂၀၂၂ ခုနှစ် MTV Europe Music Awards (EMAs)မှာ Best K-Pop ဆုကို ပထမဆုံး ဆွတ်ခူးခဲ့တဲ့ solo K-Pop artist နဲ့ (၃) Instagram follower အများဆုံး K-Pop artist တို့ပဲ ဖြစ်ပါတယ်။

Photo: lalalalisa_m/ Instagram

Lisa ဟာ ယနေ့ ဇန်နဝါရီလ(၂၆)ရက် လက်ရှိမြန်မာစံတော်ချိန်အထိ IG follower (၈၇.၁)သန်းကျော် ရရှိထားပြီး IG ပလက်ဖောင်းတစ်ခုလုံးမှာ follow အတက်ဆုံး အဆင့်(၃၈)နေရာမှာ ရပ်တည်နေပါသေးတယ်။ ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ Lisa နဲ့ BLACKPINK အဖွဲ့ကတော့ ဆက်လက်ပြီး အောင်မြင်မှုတွေ ဒီထက်တိုး ရရှိသွားဦးမယ်ဆိုတာ အသေအချာပါပဲ။

Vancouver

Source: soompi

 

The post ကမ္ဘာ့ဂင်းနစ်စံချိန်မှာ Title (၃)ခု ရရှိသွားတဲ့ Lisa appeared first on San Yit Wine.

]]>
ပါရီမြို့မှာ အတူဆုံတွေ့ခဲ့ကြတဲ့ Lisa နဲ့ Neymar https://sanyitwine.com/lisa-poses-photo-with-neymar/?utm_source=rss&utm_medium=rss&utm_campaign=lisa-poses-photo-with-neymar Thu, 26 Jan 2023 07:25:26 +0000 https://sanyitwine.com/?p=36955 BLACKPINK အဖွဲ့ဝင် Lisa နဲ့ နာမည်ကျော် ဘောလုံးသမား Neymar တို့ကတော့ ပရိသတ်တွေကို အံ့ဩသွားအောင် လုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ သူတို့နှစ်ဦးဟာ ဓာတ်ပုံအတူတွဲရိုက်ထားကြတာပဲ ဖြစ်ပြီး အဲဒီပုံကိုတော့ Lisa ဟာ မကြာသေးခင်ကပဲ သူမရဲ့IG က Story မှာ တင်ထားတာ ဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံကတော့ ပါရီမြို့မှာ နှစ်ယောက်ဆုံတွေ့တုန်း ရိုက်ထားတဲ့ပုံ ဖြစ်တယ်လို့ သိရပါတယ်။ Neymar ကတော့ ပြင်သစ်နိုင်ငံရဲ့ ကလပ်အသင်းတစ်ခုဖြစ်တဲ့ Paris Saint-Germain မှာ ကစားနေသူဖြစ်ပြီး BLACKPINK အဖွဲ့ကတော့ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ Le Gala des Piéces Junes ဆိုတဲ့ ပရဟိတပွဲတစ်ခုကို တက်ရောက်ဖို့ ပြင်သစ်နိုင်ငံကို ရောက်ရှိနေကြတာပါ။ ဒါ့အပြင် Neymar […]

The post ပါရီမြို့မှာ အတူဆုံတွေ့ခဲ့ကြတဲ့ Lisa နဲ့ Neymar appeared first on San Yit Wine.

]]>
BLACKPINK အဖွဲ့ဝင် Lisa နဲ့ နာမည်ကျော် ဘောလုံးသမား Neymar တို့ကတော့ ပရိသတ်တွေကို အံ့ဩသွားအောင် လုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ သူတို့နှစ်ဦးဟာ ဓာတ်ပုံအတူတွဲရိုက်ထားကြတာပဲ ဖြစ်ပြီး အဲဒီပုံကိုတော့ Lisa ဟာ မကြာသေးခင်ကပဲ သူမရဲ့IG က Story မှာ တင်ထားတာ ဖြစ်ပါတယ်။

Photo: lalalalisa_m/ Instagram

အဆိုပါဓာတ်ပုံကတော့ ပါရီမြို့မှာ နှစ်ယောက်ဆုံတွေ့တုန်း ရိုက်ထားတဲ့ပုံ ဖြစ်တယ်လို့ သိရပါတယ်။ Neymar ကတော့ ပြင်သစ်နိုင်ငံရဲ့ ကလပ်အသင်းတစ်ခုဖြစ်တဲ့ Paris Saint-Germain မှာ ကစားနေသူဖြစ်ပြီး BLACKPINK အဖွဲ့ကတော့ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ Le Gala des Piéces Junes ဆိုတဲ့ ပရဟိတပွဲတစ်ခုကို တက်ရောက်ဖို့ ပြင်သစ်နိုင်ငံကို ရောက်ရှိနေကြတာပါ။

Photo: lalalalisa_m/ Instagram

ဒါ့အပြင် Neymar ဟာ BLACKPINK အဖွဲ့ကို ကြိုက်နှစ်သက် အားပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း Pink Venom သီချင်းရဲ့ Music Video ကို သူ့ရဲ့တွစ်တာအကောင့်မှာ ရှဲပေးခဲ့ပါသေးတယ်။

Vancouver

Source: soompi

The post ပါရီမြို့မှာ အတူဆုံတွေ့ခဲ့ကြတဲ့ Lisa နဲ့ Neymar appeared first on San Yit Wine.

]]>
Game of Thrones ထဲက Arya Stark ကို အားကျတယ်ဆိုတဲ့ Jung Ho Yeon https://sanyitwine.com/jung-ho-yeon-got-arya-stark/?utm_source=rss&utm_medium=rss&utm_campaign=jung-ho-yeon-got-arya-stark Fri, 19 Aug 2022 11:54:55 +0000 https://sanyitwine.com/?p=33429 Squid Game ဇာတ်လမ်းတွဲနဲ့ အောင်မြင်ကျော်ကြားလာတဲ့ သရုပ်ဆောင် Jung Ho Yeon ကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက Arya Stark ဇာတ်ကောင်ဟာ သူမကို လွှမ်းမိုးနိုင်စွမ်းရှိပြီး လေးစားအားကျရတယ်လို့ ပြောလာပါတယ်။ Jung Ho Yeon ကတော့ Squid Game ဇာတ်လမ်းတွဲထဲမှာ Kang Sae Byeok အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ဇာတ်ကောင်စရိုက်ကတော့ ငယ်ရွယ်ပြီး ဉာဏ်ထက်မြက်တာကြောင့် တချို့ပရိသတ်တွေကြားထဲမှာတော့ Kang Sae Byeok ကို Game of Thrones ထဲက Arya Stark နဲ့ အလားသဏ္ဍာန်တူတယ်လို့ နှိုင်းယှဉ်နေကြပါတယ်။ ဒီလိုနှိုင်းယှဉ်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် Jung Ho Yeon […]

The post Game of Thrones ထဲက Arya Stark ကို အားကျတယ်ဆိုတဲ့ Jung Ho Yeon appeared first on San Yit Wine.

]]>
Squid Game ဇာတ်လမ်းတွဲနဲ့ အောင်မြင်ကျော်ကြားလာတဲ့ သရုပ်ဆောင် Jung Ho Yeon ကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက Arya Stark ဇာတ်ကောင်ဟာ သူမကို လွှမ်းမိုးနိုင်စွမ်းရှိပြီး လေးစားအားကျရတယ်လို့ ပြောလာပါတယ်။

Jung Ho Yeon ကတော့ Squid Game ဇာတ်လမ်းတွဲထဲမှာ Kang Sae Byeok အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ဇာတ်ကောင်စရိုက်ကတော့ ငယ်ရွယ်ပြီး ဉာဏ်ထက်မြက်တာကြောင့် တချို့ပရိသတ်တွေကြားထဲမှာတော့ Kang Sae Byeok ကို Game of Thrones ထဲက Arya Stark နဲ့ အလားသဏ္ဍာန်တူတယ်လို့ နှိုင်းယှဉ်နေကြပါတယ်။

Photo Credit: Netflix

ဒီလိုနှိုင်းယှဉ်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် Jung Ho Yeon ကိုယ်တိုင်ကလည်း သူမရဲ့အကြိုက်ဆုံး တီဗွီဇာတ်လမ်းတွဲ ဇာတ်ကောင်ဟာ Arya Stark ဖြစ်တဲ့အကြောင်း ပြောလာပါတယ်။ W Magazine နဲ့ အင်တာဗျူးမှာတော့ Ho Yeon ဟာ Arya Stark ပုံစံမျိုးတောင် ဝတ်ဆင်ခဲ့သေးတယ်လို့ သိရပါတယ်။

Photo Credit: Helen Sloan/ HBO

“အကြိုက်ဆုံး တီဗွီဇာတ်ကောင်ကို ဘာလို့ Arya Stark ကို ရွေးလည်းဆိုတော့ သူ့ရဲ့ဘဝခရီးတစ်ခုလုံးကို ကျွန်မသဘောကျလို့ပါ။ အထူးသဖြင့် သူ့ဘဝအတွက် သူ့ဘာသာ ရှာဖွေသွားတာမျိုးပေါ့။ အကုန်လုံးကို သူ့ဘာသာ အဖြေရှာတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတယ်။ ပြီးတော့ တကယ့် ပရော်ဖက်ရှင်နယ်တစ်ယောက်လို တိုက်ခိုက်နိုင်တာကိုလည်း သဘောကျတယ်။ အဲဒါက ကျွန်မ ဖြစ်ချင်တဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံမျိုးပဲလေ …” လို့ Ho Yeon က W Magazine နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

Vancouver

Source: screenrant

The post Game of Thrones ထဲက Arya Stark ကို အားကျတယ်ဆိုတဲ့ Jung Ho Yeon appeared first on San Yit Wine.

]]>
တောင်ကိုရီးယားရဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ Im Siwan https://sanyitwine.com/im-siwan-donates-for-those-affected-by-flood/?utm_source=rss&utm_medium=rss&utm_campaign=im-siwan-donates-for-those-affected-by-flood Wed, 10 Aug 2022 10:34:46 +0000 https://sanyitwine.com/?p=32972 အဆိုတော်၊ သရုပ်ဆောင် Im Siwan ကတော့ တောင်ကိုရီးယားနိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အထောက်အပံ့ဖြစ်ဖို့ရာ အလှူငွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ Hope Bridge Korea ရဲ့ ဖော်ပြချက်အရ Im Siwan ဟာ ရေဘေးကယ်ဆယ်ရေးအတွက် ဝမ်သန်း(၂၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရန်ပုံငွေတွေကိုတော့ မိုးကြီးရေလျှံမှုကြောင့် ဘေးဒုက္ခရောက်ခဲ့ရသူတွေနဲ့ ပျက်စီးထိခိုက်မှုတွေကို ပြန်လည် ပြင်ဆင်ပေးတဲ့နေရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ “ရေဘေးသင့်နေတဲ့ ဒေသတွေက ပြည်သူတွေအတွက် တွေးတောပြီး အခုလိုလာရောက် ကူညီပေးတဲ့အတွက် Im Siwan ကို ကျေးဇူးတင်ပါတယ် …”လို့ အဆိုပါ ရန်ပုံငွေအဖွဲ့က ပြောကြားထားပါတယ်။ ဒါကတော့ Im Siwan ရဲ့ […]

The post တောင်ကိုရီးယားရဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ Im Siwan appeared first on San Yit Wine.

]]>
အဆိုတော်၊ သရုပ်ဆောင် Im Siwan ကတော့ တောင်ကိုရီးယားနိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အထောက်အပံ့ဖြစ်ဖို့ရာ အလှူငွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ Hope Bridge Korea ရဲ့ ဖော်ပြချက်အရ Im Siwan ဟာ ရေဘေးကယ်ဆယ်ရေးအတွက် ဝမ်သန်း(၂၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရန်ပုံငွေတွေကိုတော့ မိုးကြီးရေလျှံမှုကြောင့် ဘေးဒုက္ခရောက်ခဲ့ရသူတွေနဲ့ ပျက်စီးထိခိုက်မှုတွေကို ပြန်လည် ပြင်ဆင်ပေးတဲ့နေရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ “ရေဘေးသင့်နေတဲ့ ဒေသတွေက ပြည်သူတွေအတွက် တွေးတောပြီး အခုလိုလာရောက် ကူညီပေးတဲ့အတွက် Im Siwan ကို ကျေးဇူးတင်ပါတယ် …”လို့ အဆိုပါ ရန်ပုံငွေအဖွဲ့က ပြောကြားထားပါတယ်။

Photo: yim_siwang/ Instagram

ဒါကတော့ Im Siwan ရဲ့ ပထမဆုံး ကူညီလှူဒါန်းမှု မဟုတ်ပါဘူး။ ယခုနှစ်အစောပိုင်းကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ တောမီးလောင်ကျွမ်းခဲ့မှုအတွက် ကူညီလှူဒါန်းခဲ့ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် စစ်ဘေးဒဏ်သင့်ခဲ့ရတဲ့ ယူကရိန်းပြည်သူတွေအတွက်လည်း လှူဒါန်းခဲ့ပါသေးတယ်။

Vancouver

Source: soompi

The post တောင်ကိုရီးယားရဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ Im Siwan appeared first on San Yit Wine.

]]>
ပထမဆုံးသားဦးရတော့မယ်လို့ ကြေညာလာတဲ့ Kim Hyun Joong https://sanyitwine.com/kim-hyun-joong-says-hes-gonna-be-a-dad/?utm_source=rss&utm_medium=rss&utm_campaign=kim-hyun-joong-says-hes-gonna-be-a-dad Fri, 22 Jul 2022 07:52:05 +0000 https://sanyitwine.com/?p=32104 Idol လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Kim Hyun Joong ကတော့ ကလေးအဖေ ဖြစ်တော့မယ်လို့ မကြာသေးခင်ကပဲ ကြေညာလိုက်ပါတယ်။ Kim Hyun Joong ဟာ ယခုနှစ် ဖေဖော်ဝါရီလမှာပဲ ဆယ်လီမဟုတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားတာ ဖြစ်ပါတယ်။ ဇူလိုင်လ(၂၁)ရက်နေ့မှာ ထွက်ရှိလာတဲ့ Henecia အေဂျင်စီရဲ့ ကြေညာချက်အရ Kim Hyun Joong နဲ့ ဇနီးဖြစ်သူတို့ဟာ ပထမဆုံး သားဦးကိုယ်ဝန်ကို လွယ်ထားရပြီလို့ သိရပါတယ်။ အေဂျင်စီရဲ့ ကြေညာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။ “မင်္ဂလာပါ။ ကျွန်တော်တို့ကတော့ Kim Hyun Joong ရဲ့အေဂျင်စီ Henecia ပါ။ Kim Hyun Joong ရဲ့မိသားစုနဲ့ ပတ်သက်တဲ့ ပျော်ရွှင်စရာ သတင်းလေးတစ်ခုကို အသိပေးချင်လို့ပါ။ […]

The post ပထမဆုံးသားဦးရတော့မယ်လို့ ကြေညာလာတဲ့ Kim Hyun Joong appeared first on San Yit Wine.

]]>
Idol လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Kim Hyun Joong ကတော့ ကလေးအဖေ ဖြစ်တော့မယ်လို့ မကြာသေးခင်ကပဲ ကြေညာလိုက်ပါတယ်။ Kim Hyun Joong ဟာ ယခုနှစ် ဖေဖော်ဝါရီလမှာပဲ ဆယ်လီမဟုတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားတာ ဖြစ်ပါတယ်။

ဇူလိုင်လ(၂၁)ရက်နေ့မှာ ထွက်ရှိလာတဲ့ Henecia အေဂျင်စီရဲ့ ကြေညာချက်အရ Kim Hyun Joong နဲ့ ဇနီးဖြစ်သူတို့ဟာ ပထမဆုံး သားဦးကိုယ်ဝန်ကို လွယ်ထားရပြီလို့ သိရပါတယ်။ အေဂျင်စီရဲ့ ကြေညာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။

Photo: hyunjoong860606/ Instagram

“မင်္ဂလာပါ။ ကျွန်တော်တို့ကတော့ Kim Hyun Joong ရဲ့အေဂျင်စီ Henecia ပါ။ Kim Hyun Joong ရဲ့မိသားစုနဲ့ ပတ်သက်တဲ့ ပျော်ရွှင်စရာ သတင်းလေးတစ်ခုကို အသိပေးချင်လို့ပါ။ Kim Hyun Joong ဟာ သူ့ဘဝထဲကို ဝင်ရောက်လာတော့မယ့် လူသားလေးတစ်ယောက်အတွက် ရင်ခုန်စွာနဲ့ စောင့်စားနေပြီ ဖြစ်ပါတယ်။ ဒီသတင်းလေးအတွက် Kim Hyun Joong ကိုလည်း အားပေးပြီး ချစ်ခင်ပေးကြပါဦးလို့ တောင်းဆိုပါတယ် …”

“ယခုသတင်းဟာ ကျွန်တော်တို့ artist ရဲ့ ပုဂ္ဂိုလ်ရေးသတင်းတစ်ခု ဖြစ်တာကြောင့် ဒီထက်ပိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆယ်လီမဟုတ်တဲ့ artist ရဲ့ အမျိုးသမီးကို ထောက်ထားပြီး ဆင်ခြင်ပေးကြပါလို့လည်း တောင်းဆိုပါတယ် …” လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

Photo: hyunjoong860606/ Instagram

Kim Hyun Joong ကတော့ မြန်မာပရိသတ်တွေကြားမှာ ဟိုးလေးတကျော် အောင်မြင်ကျော်ကြားခဲ့တဲ့ F4 (ခေါ်) Boys Over Flowers ဇာတ်လမ်းတွဲထဲမှာ Yoon Ji Hoo အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားတစ်လက် ဖြစ်ကာ နာမည်ကျော် boy band SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Vancouver

Source: soompi

The post ပထမဆုံးသားဦးရတော့မယ်လို့ ကြေညာလာတဲ့ Kim Hyun Joong appeared first on San Yit Wine.

]]>
ရုပ်ရှင်ချစ်သူတိုင်း ကြည့်ထားသင့်တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်(၁၀)ကား https://sanyitwine.com/best-korean-movies-youll-love/?utm_source=rss&utm_medium=rss&utm_campaign=best-korean-movies-youll-love Thu, 14 Jul 2022 10:32:53 +0000 https://sanyitwine.com/?p=31684 ကိုရီးယားရုပ်ရှင်တွေကတော့ ယနေ့ခေတ်မှာ အာရှတိုက်ရဲ့ နာမည်ကြီးဖြစ်နေပြီး ကောင်းမွန်တဲ့ တင်ဆက်မှုနဲ့ ရိုက်ကူး ပုံဖော်မှုတွေကြောင့် နိုင်ငံတကာမှာလည်း နေရာရလာပြီ ဖြစ်ပါတယ်။ ဟောလိဝုဒ်ထိ ထိုးဖောက်နေပြီ ဖြစ်တဲ့ ကိုရီးယားရုပ်ရှင်တွေကတော့ အော်စကာဆုတွေပါ ရရှိနေပြီ ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတွေအနေနဲ့ ကြည့်ထားသင့်တဲ့ နာမည်ကျော် ဇာတ်ကားကောင်း (၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။ (1) Miracle In Cell No.7 ဒီဇာတ်ကားကတော့ လူသတ်မှုတစ်ခုအတွက် မှားယွင်းစွပ်စွဲခံရတဲ့ ဉာဏ်ရည်မပြည့်မီသူတစ်ဦးနဲ့ သူ့ရဲ့(၆)နှစ်အရွယ် သမီးငယ်လေးတို့ရဲ့ကြားက စိတ်နှလုံးနွေးထွေးဖွယ်ရာ ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတလျှောက်မှာတော့ ငိုရမယ့် ဇာတ်ဝင်ခန်းတွေ ပါဝင်သလို ရယ်မောရမယ့် ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာကြောင့် ရိုလာကိုစတာ စီးရသလိုပဲ ခံစားချက်တွေ နိမ့်ချည်မြင့်ချည် ဖြစ်နေမှာပါ။ ၂၀၁၃ ခုနှစ်က ထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ […]

The post ရုပ်ရှင်ချစ်သူတိုင်း ကြည့်ထားသင့်တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်(၁၀)ကား appeared first on San Yit Wine.

]]>
ကိုရီးယားရုပ်ရှင်တွေကတော့ ယနေ့ခေတ်မှာ အာရှတိုက်ရဲ့ နာမည်ကြီးဖြစ်နေပြီး ကောင်းမွန်တဲ့ တင်ဆက်မှုနဲ့ ရိုက်ကူး ပုံဖော်မှုတွေကြောင့် နိုင်ငံတကာမှာလည်း နေရာရလာပြီ ဖြစ်ပါတယ်။ ဟောလိဝုဒ်ထိ ထိုးဖောက်နေပြီ ဖြစ်တဲ့ ကိုရီးယားရုပ်ရှင်တွေကတော့ အော်စကာဆုတွေပါ ရရှိနေပြီ ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတွေအနေနဲ့ ကြည့်ထားသင့်တဲ့ နာမည်ကျော် ဇာတ်ကားကောင်း (၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(1) Miracle In Cell No.7

Photo via IMDb

ဒီဇာတ်ကားကတော့ လူသတ်မှုတစ်ခုအတွက် မှားယွင်းစွပ်စွဲခံရတဲ့ ဉာဏ်ရည်မပြည့်မီသူတစ်ဦးနဲ့ သူ့ရဲ့(၆)နှစ်အရွယ် သမီးငယ်လေးတို့ရဲ့ကြားက စိတ်နှလုံးနွေးထွေးဖွယ်ရာ ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတလျှောက်မှာတော့ ငိုရမယ့် ဇာတ်ဝင်ခန်းတွေ ပါဝင်သလို ရယ်မောရမယ့် ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာကြောင့် ရိုလာကိုစတာ စီးရသလိုပဲ ခံစားချက်တွေ နိမ့်ချည်မြင့်ချည် ဖြစ်နေမှာပါ။ ၂၀၁၃ ခုနှစ်က ထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ အလွန်အောင်မြင်ခဲ့တာကြောင့် Netflix ကတောင် remake ပြန်ရိုက်ထားရတဲ့အထိပါပဲ။ IMDb rating ကတော့ 8.1 ရရှိထားပါတယ်။

(2) A Tale of Two Sisters

Photo via IMDb

A Tale of Two Sisters ကတော့ horror အမျိုးအစားကို စိတ္တဇဆန်ဆန် ရိုက်ကူးထားတဲ့ နာမည်ကြီးဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝမ်းနည်းစရာ အတိတ်တစ်ခု ရှိနေတဲ့ မိသားစုတစ်ခုက ကောင်မလေးတစ်ယောက်ဟာ မကြာသေးခင်ကပဲ စိတ္တဇဆေးရုံက ကုသမှုခံယူပြီး အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့ သူတို့အိမ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ ခဏခဏ ဖြစ်လာနေတဲ့အခါမှာတော့ သူတို့ရဲ့မိထွေးဖြစ်သူကို သံသယဝင်လာကြပါတော့တယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့ပြီး အမေရိကန်ကလည်း ဒီဇာတ်လမ်းကို မှီငြမ်းပြီး ပြန်လည် ရိုက်ကူးထားပါသေးတယ်။ IMDb rating ကတော့ 7.1 ရရှိထားပါတယ်။

(3) The Wailing

Photo via IMDb

horror အမျိုးအစားကိုမှ ကြည့်ပြီးသွားရင် ခြောက်ခြားပြီး မအီမလည်ခံစားချက်နဲ့ ကျန်ခဲ့ရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ The Wailing ဟာ ကျိန်စာတွေ၊ အစီအရင်တွေ၊ မိစ္ဆာနတ်ဆိုးတွေ၊ အကြမ်းဖက်မှုတွေနဲ့ တည်ဆောက်ထားတဲ့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို ရုပ်ရှင် ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကိုရီးယားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်တောရွာလေးတစ်ခုကို လူစိမ်းတစ်ယောက် ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက်ဖြစ်လာပြီး အမည်မဖော်နိုင်တဲ့ ရောဂါဆန်းတစ်မျိုးကလည်း ပျံ့နှံ့လာပါတယ်။ ဒီလိုနဲ့ ဒီအမှုတွေကို လိုက်လံစုံစမ်းနေတဲ့ ရဲအရာရှိတစ်ယောက်ကတော့ နောက်ဆုံးမှာ ဒီဖြစ်ရပ်တွေကနေ သူသိပ်ချစ်ရတဲ့ သမီးဖြစ်သူကိုပါ ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး IMDb rating 7.4 ရရှိထားပါတယ်။

(4) Burning

Photo via IMDb

ဒီဇာတ်ကားကတော့ နာမည်ကျော် စာရေးဆရာကြီး Haruki Murakami ရဲ့ ဝတ္ထုတိုဖြစ်တဲ့ Barn Burning ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ပြဿနာ၊ လူတန်းစားကွာဟမှု၊ ရေပေါ်ဆီ လူတန်းစားတွေရဲ့ အပျင်းဖြေမှု စတဲ့ လူမှုပြဿနာတွေကို ထည့်သွင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ ကိုယ်နှစ်သက်သလို ယူဆလို့ရတဲ့ ဇာတ်သိမ်းနဲ့ တင်ဆက်ထားပါတယ်။

ဇာတ်လမ်းကတော့ Jong Soo ဟာ သူ့ငယ်ဘဝက အိမ်နီးချင်းမလေး Hae Mi နဲ့ ပြန်ဆုံတွေ့တဲ့အခါ သူမကို ချစ်မိသွားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ Hae Mi ဟာ အာဖရိကတိုက်ကို အပျော်ခရီးထွက်သွားတဲ့အခါ သူမအိမ်က ကြောင်လေးကို အစာကျွေးပြီး စောင့်ရှောက်ထားဖို့ Jong Soo ဆီ အပ်နှံခဲ့ပါတယ်။ Hae Mi တစ်ယောက် ခရီးက ပြန်ရောက်တဲ့အခါမှာတော့ သူတို့နဲ့ အဆင့်အတန်းများစွာ ကွာဟတဲ့ Ben ဆိုတဲ့ လူချမ်းသာတစ်ဦးနဲ့ မိတ်ဆွေဖြစ်လာပါတယ်။ အဲဒီနောက် Ben ဆီမှာ ထူးဆန်းတဲ့ ဝါသနာတစ်ခု ရှိနေတဲ့အခါမှာတော့ … ။ ၂၀၁၈ ခုနှစ်က ထွက်ရှိထားပြီး IMDb rating 7.5 ရရှိထားပါတယ်။

(5) The Handmaiden

Photo via IMDb

The Handmaiden ကတော့ နာမည်ကျော် ဒါရိုက်တာ Park Chan Wook ရဲ့ နာမည်ကြီးလက်ရာတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမွေဆက်ခံရမယ့် ဂျပန်အမျိုးသမီးတစ်ဦးဟာ သူမအတွက် အမျိုးသမီးအစေခံတစ်ဦး ငှားရမ်းလိုက်ပါတယ်။ သို့သော်လည်း အဲဒီအစေခံမလေးဟာ လူလိမ်တစ်ယောက်နဲ့ ပူးပေါင်းပြီး သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့အခါမှာတော့ … ။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး IMDb 8.1 ရရှိထားပါတယ်။

(6) I Saw The Devil

Photo via IMDb

ဒီဇာတ်ကားကတော့ နာမည်ကြီးဇာတ်ကားတစ်ခု ဖြစ်ရုံတင်မက အကြမ်းတမ်းဆုံး ကိုရီးယား ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အထူးအေးဂျင့်တစ်ယောက်ရဲ့ ဇနီးဖြစ်သူဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ သားကောင်ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီသွေးကြွေးကို ကလဲ့စားချေဖို့အတွက် အဲဒီအထူးအေးဂျင့်ဟာ သူကိုယ်တိုင် ကြမ်းတမ်းရက်စက်တဲ့ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲပြီး အဲဒီလူသတ်သမားကို လိုက်လံ ရှာဖွေပါတော့တယ်။ မင်းသား Lee Byung Hun ရဲ့ နာမည်ကျော်ဇာတ်ကား ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပါတယ်။ IMDb ကတော့ 7.8 ရရှိထားပါတယ်။

(7) Mother

Photo via IMDb

နာမည်ကျော် ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာကောင်းတစ်ခု ဖြစ်တဲ့ Mother ကတော့ ကောင်မလေးတစ်ယောက် သေဆုံးမှုအတွက် သားဖြစ်သူက အမှုဆင်ခံလိုက်ရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ဖို့ ရေကုန်ရေခန်း ကြိုးစားနေတဲ့ မိခင်တစ်ယောက်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဝါရင့်မင်းသမီးကြီး Kim Hye Ja ရဲ့ ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်မှုနဲ့အတူ မိဘနဲ့ သားသမီးကြားက အကြောင်းပြချက်မလိုတဲ့ ချစ်ခြင်းမေတ္တာအကြောင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး IMDb 7.8 ရရှိထားပါတယ်။

(8) Parasite

Photo via IMDb

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အော်စကာဆုပါ ဆွတ်ခူးထားတဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆင်းရဲကျပ်တည်းတဲ့ Kim မိသားစုက သားဖြစ်သူဟာ အလွန်ချမ်းသာကြွယ်ဝတဲ့ Park မိသားစုဆီမှာ အလုပ်ရသွားပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ သူတို့မိသားစုဝင်အားလုံးဟာ ဒီအိမ်မှာ အလုပ်ရအောင် ကြံစည်ခဲ့ကြပြီး ကပ်ပါးကောင်တွေနဲ့တူတဲ့ ဘဝကို စတင်နေထိုင်လာကြပါတော့တယ်။ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 8.5 ရရှိထားပါတယ်။

(9) Memories of Murder

Photo via IMDb

ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာတစ်ခုကတော့ သူ့ရဲ့အစောပိုင်း လက်ရာလည်းဖြစ်၊ classic crime thriller လည်းဖြစ်တဲ့ Memories of Murder ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး ကွင်းဆက်လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး နယ်မြို့လေးတစ်မြို့မှာ အမျိုးသမီးငယ်လေးတွေများစွာ အသတ်ခံနေရတဲ့ ဖြစ်ရပ်ကို နည်းပညာအခက်အခဲ၊ လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေနဲ့ ရဲအရာရှိနှစ်ယောက်က လိုက်လံ စုံစမ်းဖော်ထုတ်ရတဲ့အကြောင်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိထားပြီး IMDb 8.1 ရရှိထားပါတယ်။

(10) Oldboy

Photo via IMDb

ဒါရိုက်တာ Park Chan Wook ရဲ့ အကောင်းဆုံးလက်ရာလို့ ပြောနိုင်တဲ့ Oldboy ကတော့ ရင်တထိတ်ထိတ် အသည်းတယားယားနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပြီး ကြည့်ရှုသူကို မချင့်မရဲဖြစ်စေမယ့် ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ အကြောင်းပြချက် အတည်တကျမရှိဘဲနဲ့ (၁၅)နှစ်ခန့်ကြာအောင် ဖမ်းဆီး ချုပ်နှောင်ပြီး နှိပ်စက်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အဝတ်အစား အကောင်းစားတွေ ဆင်ယင်ပေးပြီး ပိုက်ဆံတွေနဲ့ ဖုန်းတစ်လုံးကိုပါ ပေးကာ အချုပ်အနှောင်ကနေ သူ့ကို လွှတ်ပေးလိုက်ပါတော့တယ်။ ဒီမှာတင် အဲဒီလူဟာ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့သူကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 8.4 ရရှိထားပါတယ်။

ဒါကတော့ ရုပ်ရှင်ချစ်သူတိုင်း ကြည့်ရှုထားသင့်တဲ့ နာမည်ကျော် ကိုရီးယားဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ အခြားဇာတ်ကားတွေ ရှိရင်လည်း ကောမန့်မှာ မျှဝေပေးခဲ့ပါဦး။

Vancouver

The post ရုပ်ရှင်ချစ်သူတိုင်း ကြည့်ထားသင့်တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်(၁၀)ကား appeared first on San Yit Wine.

]]>
သားဦးကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ဇနီးမောင်နှံ https://sanyitwine.com/son-ye-jin-and-hyun-bin-welcome-their-first-child/?utm_source=rss&utm_medium=rss&utm_campaign=son-ye-jin-and-hyun-bin-welcome-their-first-child Tue, 28 Jun 2022 07:15:42 +0000 https://sanyitwine.com/?p=30934 နတ်ဖက်တဲ့စုံတွဲဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ ဇနီးမောင်နှံကတော့ သားဦးကိုယ်ဝန် ရရှိနေပြီလို့ သိရပါတယ်။ ဒီသတင်းကိုတော့ မင်းသမီး Son Ye Jin ဟာ မနေ့က ဇွန်လ(၂၇)ရက်နေ့မှာ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားဘာသာစကားနဲ့ ရေးသားပြီး အသိပေးထားတဲ့ အဆိုပါပို့စ်ကတော့ အောက်ပါအတိုင်း အဓိပ္ပာယ်ရပါတယ်။ “အားလုံး နေကောင်းကြတယ်မဟုတ်လားရှင့်။ ကျွန်မလည်း နေကောင်းပါတယ်။ ဒီနေ့ ကျွန်မပျော်စရာသတင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ဘဝထဲကို နောက်ထပ် လူသားလေးတစ်ယောက် ဝင်ရောက်လာပါတော့မယ် …” “အခုချိန်ထိ အံ့ဩဝမ်းသာနေရဆဲ ဖြစ်ပေမယ့် ကျွန်မခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို နေ့စဉ်နဲ့အမျှ စိတ်လှုပ်ရှားစွာနဲ့ရော စိတ်ပူစွာနဲ့ပါ ခံစားနေမိပါတယ်။ ဒီကိစ္စလေးကို ကျေးဇူးတင်နေမိသလို သတိထားဖို့လည်း လိုတာကြောင့် […]

The post သားဦးကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ဇနီးမောင်နှံ appeared first on San Yit Wine.

]]>
နတ်ဖက်တဲ့စုံတွဲဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ ဇနီးမောင်နှံကတော့ သားဦးကိုယ်ဝန် ရရှိနေပြီလို့ သိရပါတယ်။ ဒီသတင်းကိုတော့ မင်းသမီး Son Ye Jin ဟာ မနေ့က ဇွန်လ(၂၇)ရက်နေ့မှာ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားဘာသာစကားနဲ့ ရေးသားပြီး အသိပေးထားတဲ့ အဆိုပါပို့စ်ကတော့ အောက်ပါအတိုင်း အဓိပ္ပာယ်ရပါတယ်။

“အားလုံး နေကောင်းကြတယ်မဟုတ်လားရှင့်။ ကျွန်မလည်း နေကောင်းပါတယ်။ ဒီနေ့ ကျွန်မပျော်စရာသတင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ဘဝထဲကို နောက်ထပ် လူသားလေးတစ်ယောက် ဝင်ရောက်လာပါတော့မယ် …”

Photo: vast.ent/ Instagram

“အခုချိန်ထိ အံ့ဩဝမ်းသာနေရဆဲ ဖြစ်ပေမယ့် ကျွန်မခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို နေ့စဉ်နဲ့အမျှ စိတ်လှုပ်ရှားစွာနဲ့ရော စိတ်ပူစွာနဲ့ပါ ခံစားနေမိပါတယ်။ ဒီကိစ္စလေးကို ကျေးဇူးတင်နေမိသလို သတိထားဖို့လည်း လိုတာကြောင့် ကျွန်မအနားက လူတွေကိုတောင် မပြောပြရသေးပါဘူး …”

“ဒီလိုသတင်းမျိုးကို ကျွန်မတို့လိုပဲ စောင့်မျှော်နေကြတဲ့ ကျွန်မရဲ့ပရိသတ်တွေနဲ့ မိတ်ဆွေတွေ သိရအောင် နောက်ကျမှ မပြောဘဲ အခုပဲ တစ်ခါတည်း ပြောပြလိုက်ရတာပါ။ ကျွန်မတို့ဘဝထဲကို ဝင်ရောက်လာတဲ့ တန်ဖိုးရှိတဲ့ ဒီကလေးလေးကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးသွားပါမယ် …”

Photo: vast.ent/ Instagram

“ကျွန်မလိုပဲ အားလုံးလည်း ဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့သူတွေကို ကာကွယ်ပေးနိုင်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ …” လို့ Son Ye Jin က သူမရဲ့ အင်စတာဂရမ်မှာ အသိပေးထားတာ ဖြစ်ပါတယ်။ Son Ye Jin နဲ့ Hyun Bin တို့ကတော့ ယခုနှစ် မတ်လအစောပိုင်းမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Vancouver

Source: soompi/yejihand Instagram

The post သားဦးကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ဇနီးမောင်နှံ appeared first on San Yit Wine.

]]>
လက်ထပ်သွားပြီဖြစ်တဲ့ Jang Nara ရဲ့မင်္ဂလာပွဲကပုံရိပ်များ https://sanyitwine.com/jang-nara-married-to-a-non-celeb-guy/?utm_source=rss&utm_medium=rss&utm_campaign=jang-nara-married-to-a-non-celeb-guy Mon, 27 Jun 2022 07:23:36 +0000 https://sanyitwine.com/?p=30859 မင်းသမီးချော Jang Nara ကတော့ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲပြီး လက်ထပ်ထိမ်းမြားသွားပြီ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ မနေ့က ဇွန်လ(၂၆)ရက်နေ့မှာ ဆိုးလ်မြို့က Bonelli ဥယျာဉ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မိသားစု၊ ဆွေမျိုးတွေနဲ့ ရင်းနှီးရတဲ့ မိတ်ဆွေအချို့နဲ့သာ private ဆန်ဆန် ပြုလုပ်ခဲ့ပါတယ်။ မင်းသမီးရဲ့ အေဂျင်စီဖြစ်တဲ့ Lawon Munhwa ကတော့ မကြာသေးခင်ကပဲ မင်္ဂလာပွဲက ကျက်သရေရှိလှတဲ့ ပုံရိပ်အချို့ကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ အဆိုပါ ဓာတ်ပုံတွေထဲမှာတော့ ကျော့ရှင်းလှပနေတဲ့ သတို့သမီးလေး Jang Nara နဲ့အတူ သူမကို မင်္ဂလာလျှောက်လှမ်းဆီ ခေါ်ဆောင်လာပေးတဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင် Joo Ho Sung ကိုပါ တွေ့ရပါတယ်။ Nara ဟာ ဆယ်လီမဟုတ်တဲ့ သာမန်လူတစ်ယောက်ကို […]

The post လက်ထပ်သွားပြီဖြစ်တဲ့ Jang Nara ရဲ့မင်္ဂလာပွဲကပုံရိပ်များ appeared first on San Yit Wine.

]]>
မင်းသမီးချော Jang Nara ကတော့ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲပြီး လက်ထပ်ထိမ်းမြားသွားပြီ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ မနေ့က ဇွန်လ(၂၆)ရက်နေ့မှာ ဆိုးလ်မြို့က Bonelli ဥယျာဉ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မိသားစု၊ ဆွေမျိုးတွေနဲ့ ရင်းနှီးရတဲ့ မိတ်ဆွေအချို့နဲ့သာ private ဆန်ဆန် ပြုလုပ်ခဲ့ပါတယ်။

Photo via soompi

မင်းသမီးရဲ့ အေဂျင်စီဖြစ်တဲ့ Lawon Munhwa ကတော့ မကြာသေးခင်ကပဲ မင်္ဂလာပွဲက ကျက်သရေရှိလှတဲ့ ပုံရိပ်အချို့ကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ အဆိုပါ ဓာတ်ပုံတွေထဲမှာတော့ ကျော့ရှင်းလှပနေတဲ့ သတို့သမီးလေး Jang Nara နဲ့အတူ သူမကို မင်္ဂလာလျှောက်လှမ်းဆီ ခေါ်ဆောင်လာပေးတဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင် Joo Ho Sung ကိုပါ တွေ့ရပါတယ်။ Nara ဟာ ဆယ်လီမဟုတ်တဲ့ သာမန်လူတစ်ယောက်ကို လက်ထပ်လိုက်တာ ဖြစ်တဲ့အတွက် သတို့သားရဲ့ပုံရိပ်တွေကိုတော့ ကာယကံရှင်တွေရဲ့ ဆန္ဒအရ ဖုံးကွယ်ပေးထားတာ တွေ့ရပါတယ်။

Photo via soompi

မင်္ဂလာပွဲကိုတော့ Jang Nara ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ Park Kyung Lim က host အဖြစ် တင်ဆက်ပေးခဲ့ပါတယ်။ ဖျော်ဖြေရေးအပိုင်းမှာတော့ နာမည်ကျော် CNBLUE အဖွဲ့က အဖွဲ့ဝင် Jung Yong Hwa က Love Light သီချင်းနဲ့ ဖျော်ဖြေ ဂုဏ်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ အကြောင်းကတော့ Jung Yong Hwa နဲ့ Jang Nara တို့ဟာ Sell Your Haunted House ဒရာမာမှာတုန်းက အတူတွဲဖက် သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး Nara ရဲ့မင်္ဂလာဆောင်ကျရင် ဂုဏ်ပြုသီချင်းဆိုပေးမယ်လို့ ကတိပေးထားတာကြောင့် ဖြစ်ပါတယ်။

Photo: jungtaewoo/ Instagram

 

View this post on Instagram

 

A post shared by Sungwon Jang (@sungwon_jang0807)

ဒါ့အပြင် သရုပ်ဆောင် Jung Tae Woo နဲ့ Jang Nara ရဲ့ အစ်ကိုဖြစ်သူတို့ဟာလည်း သူတို့ရဲ့အင်စတာဂရမ်မှာ မင်္ဂလာပွဲကပုံရိပ်အချို့ကို မျှဝေပေးထားပါသေးတယ်။ မင်္ဂလာပွဲရဲ့ အဆုံးသတ်မှာတော့ Nara ဟာ သူမရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးကြသူတွေကို ကျေးဇူးတင်စကား ပြောထားပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို ထူထောင်သွားမယ့်အကြောင်းနဲ့ စစ်မှန်ရိုးသားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဆက်လက် ကြိုးစားသွားမယ်လို့လည်း ပြောထားပါတယ်။

Vancouver

Source: soompi

The post လက်ထပ်သွားပြီဖြစ်တဲ့ Jang Nara ရဲ့မင်္ဂလာပွဲကပုံရိပ်များ appeared first on San Yit Wine.

]]>