HomeCelebs Update NewsKoreaသားဦးကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ဇနီးမောင်နှံ

သားဦးကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ဇနီးမောင်နှံ

နတ်ဖက်တဲ့စုံတွဲဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ ဇနီးမောင်နှံကတော့ သားဦးကိုယ်ဝန် ရရှိနေပြီလို့ သိရပါတယ်။ ဒီသတင်းကိုတော့ မင်းသမီး Son Ye Jin ဟာ မနေ့က ဇွန်လ(၂၇)ရက်နေ့မှာ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားဘာသာစကားနဲ့ ရေးသားပြီး အသိပေးထားတဲ့ အဆိုပါပို့စ်ကတော့ အောက်ပါအတိုင်း အဓိပ္ပာယ်ရပါတယ်။

“အားလုံး နေကောင်းကြတယ်မဟုတ်လားရှင့်။ ကျွန်မလည်း နေကောင်းပါတယ်။ ဒီနေ့ ကျွန်မပျော်စရာသတင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ဘဝထဲကို နောက်ထပ် လူသားလေးတစ်ယောက် ဝင်ရောက်လာပါတော့မယ် …”

Photo: vast.ent/ Instagram

“အခုချိန်ထိ အံ့ဩဝမ်းသာနေရဆဲ ဖြစ်ပေမယ့် ကျွန်မခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို နေ့စဉ်နဲ့အမျှ စိတ်လှုပ်ရှားစွာနဲ့ရော စိတ်ပူစွာနဲ့ပါ ခံစားနေမိပါတယ်။ ဒီကိစ္စလေးကို ကျေးဇူးတင်နေမိသလို သတိထားဖို့လည်း လိုတာကြောင့် ကျွန်မအနားက လူတွေကိုတောင် မပြောပြရသေးပါဘူး …”

“ဒီလိုသတင်းမျိုးကို ကျွန်မတို့လိုပဲ စောင့်မျှော်နေကြတဲ့ ကျွန်မရဲ့ပရိသတ်တွေနဲ့ မိတ်ဆွေတွေ သိရအောင် နောက်ကျမှ မပြောဘဲ အခုပဲ တစ်ခါတည်း ပြောပြလိုက်ရတာပါ။ ကျွန်မတို့ဘဝထဲကို ဝင်ရောက်လာတဲ့ တန်ဖိုးရှိတဲ့ ဒီကလေးလေးကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးသွားပါမယ် …”

Photo: vast.ent/ Instagram

“ကျွန်မလိုပဲ အားလုံးလည်း ဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့သူတွေကို ကာကွယ်ပေးနိုင်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ …” လို့ Son Ye Jin က သူမရဲ့ အင်စတာဂရမ်မှာ အသိပေးထားတာ ဖြစ်ပါတယ်။ Son Ye Jin နဲ့ Hyun Bin တို့ကတော့ ယခုနှစ် မတ်လအစောပိုင်းမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Vancouver

Source: soompi/yejihand Instagram

RELATED ARTICLES

Most Popular