HomeCelebs Update NewsKoreaတောင်ကိုရီးယားရဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ Im Siwan

တောင်ကိုရီးယားရဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ Im Siwan

အဆိုတော်၊ သရုပ်ဆောင် Im Siwan ကတော့ တောင်ကိုရီးယားနိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အထောက်အပံ့ဖြစ်ဖို့ရာ အလှူငွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ Hope Bridge Korea ရဲ့ ဖော်ပြချက်အရ Im Siwan ဟာ ရေဘေးကယ်ဆယ်ရေးအတွက် ဝမ်သန်း(၂၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရန်ပုံငွေတွေကိုတော့ မိုးကြီးရေလျှံမှုကြောင့် ဘေးဒုက္ခရောက်ခဲ့ရသူတွေနဲ့ ပျက်စီးထိခိုက်မှုတွေကို ပြန်လည် ပြင်ဆင်ပေးတဲ့နေရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ “ရေဘေးသင့်နေတဲ့ ဒေသတွေက ပြည်သူတွေအတွက် တွေးတောပြီး အခုလိုလာရောက် ကူညီပေးတဲ့အတွက် Im Siwan ကို ကျေးဇူးတင်ပါတယ် …”လို့ အဆိုပါ ရန်ပုံငွေအဖွဲ့က ပြောကြားထားပါတယ်။

Photo: yim_siwang/ Instagram

ဒါကတော့ Im Siwan ရဲ့ ပထမဆုံး ကူညီလှူဒါန်းမှု မဟုတ်ပါဘူး။ ယခုနှစ်အစောပိုင်းကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ တောမီးလောင်ကျွမ်းခဲ့မှုအတွက် ကူညီလှူဒါန်းခဲ့ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် စစ်ဘေးဒဏ်သင့်ခဲ့ရတဲ့ ယူကရိန်းပြည်သူတွေအတွက်လည်း လှူဒါန်းခဲ့ပါသေးတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular