HomeEntertainmentFilmထိုင်ရာကမထ ကြည့်ချင်သွားမယ့် လျှို့ဝှက်သည်းဖို K-Drama ဇာတ်လမ်းတွဲများ

ထိုင်ရာကမထ ကြည့်ချင်သွားမယ့် လျှို့ဝှက်သည်းဖို K-Drama ဇာတ်လမ်းတွဲများ

K-Drama လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေဟာ ရိုမန့်တစ်ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်းတွေကို ပြေးမြင်မိကြမှာပါ။ သို့ပေမယ့်လည်း လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိူးအစားတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းအမျိူးအစားတစ်ခု ဖြစ်ပါတယ်။ ဒါပြီးရင် နောက်ထပ် ဘာဆက်ဖြစ်မှာလည်းဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းများစွာ ရှိတဲ့အထဲက k-drama ကောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Watcher

photo credit Orion Cinema Network

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ လူသတ်မှုတစ်ခုဖြစ်ပြီး (၁၅)နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီလူသတ်မှုမှာ Kim Yeong-Goon ရဲ့ အမေဖြစ်သူက အသတ်ခံခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့အဖေကိုတော့ ရဲတွေက သံသယဝင်ခဲ့ကြပါတယ်။

အဲဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့အဖေကိုပဲ ဒီလူသတ်မှုရဲ့ တရားခံအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ပစ္စုပ္ပန်ကာလကို ရောက်လာတဲ့အချိန်မှာတော့ Kim Yeong-Goon ဟာ ရဲတစ်ယောက်ဖြစ်လာပြီး သူ့အမေရဲ့အမှုကို ပြန်လည်စုံစမ်းပါတော့တယ်။ Seo Kang Joon ၊ Kim Hyun Joo နဲ့ Han Suk Kyu တို့ အဓိကပါဝင်ထားပါတယ်။

Tell Me What You Saw

photo credit Orion Cinema Network

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ Oh Hyun-Jae ကတော့ အချိန်တွေကြာမြင့်နေပေမယ့် စုံစမ်းရခက်ခဲလွန်းတဲ့ အမှုတွေကို ဖြေရှင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ သူ့ရဲ့ဇနီးလောင်းဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူဟာ အလွန်ဝမ်းနည်းပူဆွေးနေပြီး သူ့ရဲ့ဇနီးအတွက် လက်စားချေဖို့နဲ့ အဲဒီလူသတ်သမားကို ရပ်တန့်ဖို့အတွက် အခြားစုံထောက်တစ်ယောက်နဲ့အတူ ကြိုးစားပါတော့တယ်။ Choi Soo Young ၊ Jang Hyuk နဲ့ Jin Seo Yeon တို့က အဓိက ပါဝင်ထားပါတယ်။

Save Me

photo credit Orion Cinema Network

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.9) ရရှိထားပါတယ်။ မိသားစုတစ်ခုဟာ ငွေလိမ်ခံရပြီး စီးပွားရေးအဆင်မပြေ ဖြစ်လာတာကြောင့် မြို့ငယ်လေးတစ်ခုကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့မိသားစုဟာ Cult တစ်ခုနဲ့ တွေ့ဆုံမိပြီး ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ကြုံတွေ့ရပါတော့တယ်။ Taecyeon ၊ Seo Ye Ji နဲ့ Jo Sung Ha တို့က အဓိကပါဝင်ထားပါတယ်။

Vagabond

photo credit SBS TV

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သာမန်လူတစ်ယောက်ဟာ စတန့်သမားအလုပ်နဲ့ သူ့ရဲ့တူလေးကို စောင့်ရှောက်နေပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့တူလေး ပါဝင်နေတဲ့ လေယာဉ်ပျံဟာ ပျက်ကျသွားခဲ့တာကြောင့် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါတော့တယ်။ အဲဒီနောက်မှာတော့ သူဟာ ဒီအကြောင်းတွေကို စုံစမ်းရင်း သူ့ကိုယ်သူတောင် မသိလိုက်ဘဲ နိုင်ငံအကြီးပိုင်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်မိသွားပါတော့တယ်။ Lee Seung Gi ၊ Bae Suzy နဲ့ Shin Sung Rok တို့က အဓိကပါဝင်ထားပါတယ်။

Kingdom

photo credit Netflix

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘုရင်တစ်ပါး နတ်ရွာစံသွားပြီးနောက်မှာ ထူးဆန်းတဲ့ ရောဂါတစ်မျိူးဟာ နိုင်ငံအနှံ့ကို တဖြည်းဖြည်းနဲ့ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အိမ်ရှေ့စံမင်းသားကတော့ ဒီရောဂါကို အနိုင်ယူဖို့နဲ့ သူ့ရဲ့ပြည်သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ Ju Ji Hoon ၊ Bae Doona နဲ့ Kim Hye Jun တို့က အဓိကပါဝင်ထားပါတယ်။

Flower of Evil

photo credit tvN

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အရာရာပြီးပြည့်စုံနေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ဇနီးသည်ဖြစ်သူဟာ သူမရဲ့ခင်ပွန်းက လူသတ်မှုပေါင်းများစွာနဲ့ ဆက်စပ်နေနိုင်တယ်ဆိုတာ သိသွားချိန်မှာတော့…။ Moon Chae Won ၊ Lee Joon Gi နဲ့ Kim Ji Hoon တို့က အဓိက ပါဝင်ထားပါတယ်။

Mouse

photo credit tvN

ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ Gudong ရဲဌာနရဲ့ ရိုးအတဲ့ ရဲသားတစ်ယောက်ဟာ မြို့ထဲက သာမန်အမှုသေးသေးလေးတွေကို ဖြေရှင်းရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် အဲဒီရဲသားလေးဟာ မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ စုံထောက် Muchi နဲ့ ပူးပေါင်းလိုက်ရပါတော့တယ်။ Lee Seung Gi ၊ Park Ju Hyun နဲ့ Kwon Hwa Woon တို့က အဓိကပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular