HomeCelebs Update NewsKoreaကမ္ဘာ့ဂင်းနစ်စံချိန်မှာ Title (၃)ခု ရရှိသွားတဲ့ Lisa

ကမ္ဘာ့ဂင်းနစ်စံချိန်မှာ Title (၃)ခု ရရှိသွားတဲ့ Lisa

BLACKPINK အဖွဲ့ဝင် Lisa ကတော့ ကမ္ဘာ့ဂင်းနစ်စံချိန် (၃)ခုကို တရားဝင် ချိုးဖြတ်သွားပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဇန်နဝါရီလ(၂၄)ရက်နေ့ကပဲ ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့ကြီးက အတည်ပြုပေးခဲ့တာ ဖြစ်ပြီး Lisa ဟာ solo artist တစ်ယောက်အနေနဲ့ စံချိန်(၃)ခု တင်သွားပြီလို့ သိရပါတယ်။

Lisa ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာပဲ LALILSA အယ်လ်ဘမ်နဲ့ solo artist အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ အဲဒီ LALISA သီချင်းရဲ့ music video ဟာ ထွက်ရှိပြီး (၂၄)နာရီအတွင်းမှာပဲ ကြည့်ရှုသူ (၇၃.၆)သန်းကျော် ရရှိခဲ့တာကြောင့် solo artist အနေနဲ့ YouTube မှာ စံချိန်တင်ခဲ့ပါတယ်။

Photo: guinnessworldrecords/ Instagram

ယခုရရှိသွားတဲ့ သူမရဲ့ကမ္ဘာ့ဂင်းနစ်စံချိန်တွေကတော့ (၁) ၂၀၂၂ ခုနှစ် MTV Video Music Awards (VMAs)မှာ Best K-Pop Video ဆုကို ပထမဆုံး ဆွတ်ခူးခဲ့တဲ့ solo K-Pop artist ၊ (၂) ၂၀၂၂ ခုနှစ် MTV Europe Music Awards (EMAs)မှာ Best K-Pop ဆုကို ပထမဆုံး ဆွတ်ခူးခဲ့တဲ့ solo K-Pop artist နဲ့ (၃) Instagram follower အများဆုံး K-Pop artist တို့ပဲ ဖြစ်ပါတယ်။

Photo: lalalalisa_m/ Instagram

Lisa ဟာ ယနေ့ ဇန်နဝါရီလ(၂၆)ရက် လက်ရှိမြန်မာစံတော်ချိန်အထိ IG follower (၈၇.၁)သန်းကျော် ရရှိထားပြီး IG ပလက်ဖောင်းတစ်ခုလုံးမှာ follow အတက်ဆုံး အဆင့်(၃၈)နေရာမှာ ရပ်တည်နေပါသေးတယ်။ ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ Lisa နဲ့ BLACKPINK အဖွဲ့ကတော့ ဆက်လက်ပြီး အောင်မြင်မှုတွေ ဒီထက်တိုး ရရှိသွားဦးမယ်ဆိုတာ အသေအချာပါပဲ။

Vancouver

Source: soompi

 

RELATED ARTICLES

Most Popular