HomeCelebs Update NewsKoreaနာဇီသင်္ကေတနဲ့ T-Shirt ကို ဝတ်ခဲ့မိလို့ တောင်းပန်လိုက်ရတဲ့ TWICE ရဲ့ Chaeyoung

နာဇီသင်္ကေတနဲ့ T-Shirt ကို ဝတ်ခဲ့မိလို့ တောင်းပန်လိုက်ရတဲ့ TWICE ရဲ့ Chaeyoung

နာမည်ကျော် k-pop အဖွဲ့ဖြစ်တဲ့ TWICE ရဲ့အဖွဲ့ဝင် Chaeyoung ဟာ နာဇီသင်္ကေတ ပါဝင်နေတဲ့ တီရှပ်တစ်ထည်ကို ဝတ်ဆင်မိခဲ့တာကြောင့် အခုဆိုရင်တော့ ပရိသတ်တွေကို ပြန်လည်တောင်းပန်ထားပါတယ်။ သူမဟာ ပြီးခဲ့တဲ့နေ့ကပဲ Instagram မှာ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပြီး အဲဒီပုံထဲမှာတော့ နာဇီသင်္ကေတ ပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

ပြန်ဖျက်သွားပြီဖြစ်တဲ့ အဆိုပါဓာတ်ပုံထဲမှာတော့ Chaeyoung ဟာ Sex Pistols က Sid Vicious ရဲ့ပုံ စတစ်ကာပါဝင်တဲ့ တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားတာပါ။ အဲဒီစတစ်ကာထဲက Sid Vicious ကတော့ ခပ်စောင်းစောင်း နာဇီသင်္ကေတနဲ့ရှပ်ကို ဝတ်ဆင်ထားတဲ့ဒီဇိုင်း ဖြစ်ပါတယ်။

Photo: chaeyo.0/ Instagram

swastika symbol လို့ ခေါ်ဝေါ်ကြတဲ့ အဆိုပါသင်္ကေတကတော့ ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Adolf Hitler နဲ့ သူ့ရဲ့ဂျာမန်နာဇီပါတီက သုံးစွဲတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ နာဇီပါတီဟာ သန်းနဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကြောင့် သူတို့သုံးစွဲတဲ့ ဒီသင်္ကေတဟာလည်း အမုန်းတရားကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာတော့ မသုံးစွဲသင့်တဲ့ အမှတ်သင်္ကေတအဖြစ် သိထားကြပြီးသား ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Chaeyoung ကတော့ အဲဒီသင်္ကေတရဲ့ အဓိပ္ပာယ်ကို မသိနားမလည်တာကြောင့် မှားယွင်းပြီး ဝတ်မိတဲ့အကြောင်း၊ နောက်ကိုဒီလိုအမှားမျိုးတွေ မဖြစ်ရအောင် ဂရုစိုက်သွားမယ့်အကြောင်း Instagram မှာ အင်္ဂလိပ်၊ ကိုရီးယား နှစ်ဘာသာနဲ့ ပြန်လည်တောင်းပန်ထားပါတယ်။

Photo: chaeyo.0/ Instagram

“မင်္ဂလာပါ … ကျွန်မကတော့ Chaeyoung ပါ။ ကျွန်မရဲ့ Instagram ပို့စ်လေးနဲ့ ပတ်သက်ပြီး စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ကျွန်မဝတ်လိုက်တဲ့ တီရှပ်က swastika သင်္ကေတရဲ့ အဓိပ္ပာယ်ကို သေသေချာချာ မသိခဲ့ပါဘူး။ သေသေချာချာ မစီစစ်မိဘဲ အားလုံးကိုစိတ်ပူရအောင် လုပ်မိတဲ့အတွက် အလေးအနက် တောင်းပန်ပါတယ်။ နောက်နောင်မှာ ဒါမျိုးတွေ ထပ်မဖြစ်ရအောင် သေချာလေး အာရုံစိုက်ပြီး သတိထားသွားပါ့မယ်။ စိတ်ရင်းနဲ့ ထပ်ပြီးတောင်းပန်ပါတယ် …”လို့ Chaeyoung က Instagram မှာ ပို့စ်တင်ထားပါတယ်။

တကယ်တော့ Chaeyoung ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း Show! Music Core ဆိုတဲ့ တီဗွီအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး QAnon shirt ကို ဝတ်ဆင်ခဲ့ပါသေးတယ်။ အဲဒီအင်္ကျီမှာတော့ “Where we go one, we go all”ဆိုတဲ့ QAnon လှုပ်ရှားမှုရဲ့ ဆောင်ပုဒ်လည်း ပါဝင်ပါသေးတယ်။

QAnon ဆိုတာကတော့ ၂၀၁၇ ခုနှစ်လောက်မှာ ပေါ်ပေါက်လာတဲ့ အစွန်းရောက် လက်ယာယိမ်း နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖြစ်ပြီး လူသားစားခြင်း၊ ကလေးသူငယ်များကို လိင်ကျွန်အဖြစ် အသုံးချရန် လူကုန်ကူးခြင်း အစရှိတဲ့ conspiracy theory တွေကို ဖြန့်ဝေခဲ့တဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကတော့ အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ လုပ်ပုံကိုင်ပုံတွေကို ထောက်ခံအားပေးဖို့ရာ ထွက်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပြီး အလွန်ရှုပ်ထွေးပါတယ်။

ပရိသတ်အများစုကတော့ Chaeyoung အနေနဲ့ ဒီရှုပ်ထွေးပြီး ပြဿနာတွေ ခေါ်ဆောင်လာနိုင်တဲ့ QAnon shirt ရဲ့ အဓိပ္ပာယ်ကို မသိနားမလည်တာကြောင့် ဝတ်ဆင်ခဲ့တာလို့ ယုံကြည်နေကြပါတယ်။ ဒီကိစ္စမှာတော့ အဓိကအားဖြင့် Chaeyoung ထက် သူမကို ဒီအဝတ်အစား ဝတ်ဆင်ဖို့ ပြင်ဆင်ပေးခဲ့တဲ့ stylist အပေါ် ဒေါသထွက်နေကြပါတယ်။

ဒီလိုဖြစ်ရပ်တွေကိုတော့ ဥရောပနဲ့ အနောက်နိုင်ငံတွေဆီကို စျေးကွက်ဖြန့်ကျက်လာပြီဖြစ်တဲ့ group တစ်ခုအနေနဲ့ သတိကြီးကြီးထားပြီး ရှောင်ရှားသွားရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Chaeyoung ရဲ့ တောင်းပန်မှုကို လက်ခံထားကြပြီး သူမအပေါ် ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular