HomeCelebs Update NewsKoreaလက်ထပ်သွားပြီဖြစ်တဲ့ Jang Nara ရဲ့မင်္ဂလာပွဲကပုံရိပ်များ

လက်ထပ်သွားပြီဖြစ်တဲ့ Jang Nara ရဲ့မင်္ဂလာပွဲကပုံရိပ်များ

မင်းသမီးချော Jang Nara ကတော့ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲပြီး လက်ထပ်ထိမ်းမြားသွားပြီ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ မနေ့က ဇွန်လ(၂၆)ရက်နေ့မှာ ဆိုးလ်မြို့က Bonelli ဥယျာဉ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မိသားစု၊ ဆွေမျိုးတွေနဲ့ ရင်းနှီးရတဲ့ မိတ်ဆွေအချို့နဲ့သာ private ဆန်ဆန် ပြုလုပ်ခဲ့ပါတယ်။

Photo via soompi

မင်းသမီးရဲ့ အေဂျင်စီဖြစ်တဲ့ Lawon Munhwa ကတော့ မကြာသေးခင်ကပဲ မင်္ဂလာပွဲက ကျက်သရေရှိလှတဲ့ ပုံရိပ်အချို့ကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ အဆိုပါ ဓာတ်ပုံတွေထဲမှာတော့ ကျော့ရှင်းလှပနေတဲ့ သတို့သမီးလေး Jang Nara နဲ့အတူ သူမကို မင်္ဂလာလျှောက်လှမ်းဆီ ခေါ်ဆောင်လာပေးတဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင် Joo Ho Sung ကိုပါ တွေ့ရပါတယ်။ Nara ဟာ ဆယ်လီမဟုတ်တဲ့ သာမန်လူတစ်ယောက်ကို လက်ထပ်လိုက်တာ ဖြစ်တဲ့အတွက် သတို့သားရဲ့ပုံရိပ်တွေကိုတော့ ကာယကံရှင်တွေရဲ့ ဆန္ဒအရ ဖုံးကွယ်ပေးထားတာ တွေ့ရပါတယ်။

Photo via soompi

မင်္ဂလာပွဲကိုတော့ Jang Nara ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ Park Kyung Lim က host အဖြစ် တင်ဆက်ပေးခဲ့ပါတယ်။ ဖျော်ဖြေရေးအပိုင်းမှာတော့ နာမည်ကျော် CNBLUE အဖွဲ့က အဖွဲ့ဝင် Jung Yong Hwa က Love Light သီချင်းနဲ့ ဖျော်ဖြေ ဂုဏ်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ အကြောင်းကတော့ Jung Yong Hwa နဲ့ Jang Nara တို့ဟာ Sell Your Haunted House ဒရာမာမှာတုန်းက အတူတွဲဖက် သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး Nara ရဲ့မင်္ဂလာဆောင်ကျရင် ဂုဏ်ပြုသီချင်းဆိုပေးမယ်လို့ ကတိပေးထားတာကြောင့် ဖြစ်ပါတယ်။

Photo: jungtaewoo/ Instagram

 

View this post on Instagram

 

A post shared by Sungwon Jang (@sungwon_jang0807)

ဒါ့အပြင် သရုပ်ဆောင် Jung Tae Woo နဲ့ Jang Nara ရဲ့ အစ်ကိုဖြစ်သူတို့ဟာလည်း သူတို့ရဲ့အင်စတာဂရမ်မှာ မင်္ဂလာပွဲကပုံရိပ်အချို့ကို မျှဝေပေးထားပါသေးတယ်။ မင်္ဂလာပွဲရဲ့ အဆုံးသတ်မှာတော့ Nara ဟာ သူမရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးကြသူတွေကို ကျေးဇူးတင်စကား ပြောထားပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို ထူထောင်သွားမယ့်အကြောင်းနဲ့ စစ်မှန်ရိုးသားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဆက်လက် ကြိုးစားသွားမယ်လို့လည်း ပြောထားပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular