HomeCelebs Update NewsKoreaပထမဆုံးသားဦးရတော့မယ်လို့ ကြေညာလာတဲ့ Kim Hyun Joong

ပထမဆုံးသားဦးရတော့မယ်လို့ ကြေညာလာတဲ့ Kim Hyun Joong

Idol လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Kim Hyun Joong ကတော့ ကလေးအဖေ ဖြစ်တော့မယ်လို့ မကြာသေးခင်ကပဲ ကြေညာလိုက်ပါတယ်။ Kim Hyun Joong ဟာ ယခုနှစ် ဖေဖော်ဝါရီလမှာပဲ ဆယ်လီမဟုတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားတာ ဖြစ်ပါတယ်။

ဇူလိုင်လ(၂၁)ရက်နေ့မှာ ထွက်ရှိလာတဲ့ Henecia အေဂျင်စီရဲ့ ကြေညာချက်အရ Kim Hyun Joong နဲ့ ဇနီးဖြစ်သူတို့ဟာ ပထမဆုံး သားဦးကိုယ်ဝန်ကို လွယ်ထားရပြီလို့ သိရပါတယ်။ အေဂျင်စီရဲ့ ကြေညာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။

Photo: hyunjoong860606/ Instagram

“မင်္ဂလာပါ။ ကျွန်တော်တို့ကတော့ Kim Hyun Joong ရဲ့အေဂျင်စီ Henecia ပါ။ Kim Hyun Joong ရဲ့မိသားစုနဲ့ ပတ်သက်တဲ့ ပျော်ရွှင်စရာ သတင်းလေးတစ်ခုကို အသိပေးချင်လို့ပါ။ Kim Hyun Joong ဟာ သူ့ဘဝထဲကို ဝင်ရောက်လာတော့မယ့် လူသားလေးတစ်ယောက်အတွက် ရင်ခုန်စွာနဲ့ စောင့်စားနေပြီ ဖြစ်ပါတယ်။ ဒီသတင်းလေးအတွက် Kim Hyun Joong ကိုလည်း အားပေးပြီး ချစ်ခင်ပေးကြပါဦးလို့ တောင်းဆိုပါတယ် …”

“ယခုသတင်းဟာ ကျွန်တော်တို့ artist ရဲ့ ပုဂ္ဂိုလ်ရေးသတင်းတစ်ခု ဖြစ်တာကြောင့် ဒီထက်ပိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆယ်လီမဟုတ်တဲ့ artist ရဲ့ အမျိုးသမီးကို ထောက်ထားပြီး ဆင်ခြင်ပေးကြပါလို့လည်း တောင်းဆိုပါတယ် …” လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

Photo: hyunjoong860606/ Instagram

Kim Hyun Joong ကတော့ မြန်မာပရိသတ်တွေကြားမှာ ဟိုးလေးတကျော် အောင်မြင်ကျော်ကြားခဲ့တဲ့ F4 (ခေါ်) Boys Over Flowers ဇာတ်လမ်းတွဲထဲမှာ Yoon Ji Hoo အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားတစ်လက် ဖြစ်ကာ နာမည်ကျော် boy band SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular