HomeCelebs Update NewsInternationalပါရီမြို့မှာ အတူဆုံတွေ့ခဲ့ကြတဲ့ Lisa နဲ့ Neymar

ပါရီမြို့မှာ အတူဆုံတွေ့ခဲ့ကြတဲ့ Lisa နဲ့ Neymar

BLACKPINK အဖွဲ့ဝင် Lisa နဲ့ နာမည်ကျော် ဘောလုံးသမား Neymar တို့ကတော့ ပရိသတ်တွေကို အံ့ဩသွားအောင် လုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ သူတို့နှစ်ဦးဟာ ဓာတ်ပုံအတူတွဲရိုက်ထားကြတာပဲ ဖြစ်ပြီး အဲဒီပုံကိုတော့ Lisa ဟာ မကြာသေးခင်ကပဲ သူမရဲ့IG က Story မှာ တင်ထားတာ ဖြစ်ပါတယ်။

Photo: lalalalisa_m/ Instagram

အဆိုပါဓာတ်ပုံကတော့ ပါရီမြို့မှာ နှစ်ယောက်ဆုံတွေ့တုန်း ရိုက်ထားတဲ့ပုံ ဖြစ်တယ်လို့ သိရပါတယ်။ Neymar ကတော့ ပြင်သစ်နိုင်ငံရဲ့ ကလပ်အသင်းတစ်ခုဖြစ်တဲ့ Paris Saint-Germain မှာ ကစားနေသူဖြစ်ပြီး BLACKPINK အဖွဲ့ကတော့ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ Le Gala des Piéces Junes ဆိုတဲ့ ပရဟိတပွဲတစ်ခုကို တက်ရောက်ဖို့ ပြင်သစ်နိုင်ငံကို ရောက်ရှိနေကြတာပါ။

Photo: lalalalisa_m/ Instagram

ဒါ့အပြင် Neymar ဟာ BLACKPINK အဖွဲ့ကို ကြိုက်နှစ်သက် အားပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း Pink Venom သီချင်းရဲ့ Music Video ကို သူ့ရဲ့တွစ်တာအကောင့်မှာ ရှဲပေးခဲ့ပါသေးတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular