HomeCelebs Update NewsKoreaGame of Thrones ထဲက Arya Stark ကို အားကျတယ်ဆိုတဲ့ Jung Ho Yeon

Game of Thrones ထဲက Arya Stark ကို အားကျတယ်ဆိုတဲ့ Jung Ho Yeon

Squid Game ဇာတ်လမ်းတွဲနဲ့ အောင်မြင်ကျော်ကြားလာတဲ့ သရုပ်ဆောင် Jung Ho Yeon ကတော့ Game of Thrones ဇာတ်လမ်းတွဲထဲက Arya Stark ဇာတ်ကောင်ဟာ သူမကို လွှမ်းမိုးနိုင်စွမ်းရှိပြီး လေးစားအားကျရတယ်လို့ ပြောလာပါတယ်။

Jung Ho Yeon ကတော့ Squid Game ဇာတ်လမ်းတွဲထဲမှာ Kang Sae Byeok အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ဇာတ်ကောင်စရိုက်ကတော့ ငယ်ရွယ်ပြီး ဉာဏ်ထက်မြက်တာကြောင့် တချို့ပရိသတ်တွေကြားထဲမှာတော့ Kang Sae Byeok ကို Game of Thrones ထဲက Arya Stark နဲ့ အလားသဏ္ဍာန်တူတယ်လို့ နှိုင်းယှဉ်နေကြပါတယ်။

Photo Credit: Netflix

ဒီလိုနှိုင်းယှဉ်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် Jung Ho Yeon ကိုယ်တိုင်ကလည်း သူမရဲ့အကြိုက်ဆုံး တီဗွီဇာတ်လမ်းတွဲ ဇာတ်ကောင်ဟာ Arya Stark ဖြစ်တဲ့အကြောင်း ပြောလာပါတယ်။ W Magazine နဲ့ အင်တာဗျူးမှာတော့ Ho Yeon ဟာ Arya Stark ပုံစံမျိုးတောင် ဝတ်ဆင်ခဲ့သေးတယ်လို့ သိရပါတယ်။

Photo Credit: Helen Sloan/ HBO

“အကြိုက်ဆုံး တီဗွီဇာတ်ကောင်ကို ဘာလို့ Arya Stark ကို ရွေးလည်းဆိုတော့ သူ့ရဲ့ဘဝခရီးတစ်ခုလုံးကို ကျွန်မသဘောကျလို့ပါ။ အထူးသဖြင့် သူ့ဘဝအတွက် သူ့ဘာသာ ရှာဖွေသွားတာမျိုးပေါ့။ အကုန်လုံးကို သူ့ဘာသာ အဖြေရှာတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတယ်။ ပြီးတော့ တကယ့် ပရော်ဖက်ရှင်နယ်တစ်ယောက်လို တိုက်ခိုက်နိုင်တာကိုလည်း သဘောကျတယ်။ အဲဒါက ကျွန်မ ဖြစ်ချင်တဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံမျိုးပဲလေ …” လို့ Ho Yeon က W Magazine နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular