Drama Archives - San Yit Wine https://sanyitwine.com/category/drama/ Tue, 24 Jan 2023 10:54:52 +0000 en-US hourly 1 https://wordpress.org/?v=6.5.3 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png Drama Archives - San Yit Wine https://sanyitwine.com/category/drama/ 32 32 Park Seo Joon နဲ့ Han So Hee တို့ကို အတူမြင်တွေ့ရမယ့် Gyeongseong Creature https://sanyitwine.com/park-seo-joon-and-han-so-hee-netflix-drama/?utm_source=rss&utm_medium=rss&utm_campaign=park-seo-joon-and-han-so-hee-netflix-drama Tue, 24 Jan 2023 10:54:27 +0000 https://sanyitwine.com/?p=36888 Netflix က အသစ်ထွက်ရှိလာမယ့် ဒရာမာအသစ် Gyeongseong Creature ထဲမှာတော့ နာမည်ကျော်နှစ်ယောက် အပြိုင်ကြဲထားတာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသား Park Seo Joon နဲ့ မင်းသမီးချောလေး Han So Hee တို့ အဓိက ပါဝင်ထားတဲ့ ဒီဒရာမာကိုတော့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းလောက်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၄၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး လျှို့ဝှက်သည်းဖို အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူတွေရဲ့လောဘကြောင့် ပေါက်ဖွားလာတဲ့ သတ္တဝါကြီးတစ်ကောင်ကို ရင်ဆိုင်ရင်း လူငယ်နှစ်ယောက်ဟာ အသက်ရှင် ရပ်တည်နိုင်ဖို့ ကြိုးစားကြရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဒရာမာရဲ့ ဇာတ်ညွှန်းကိုတော့ Dr. Romantic ကို ရေးသားပေးခဲ့တဲ့ Kang Eun Kyun […]

The post Park Seo Joon နဲ့ Han So Hee တို့ကို အတူမြင်တွေ့ရမယ့် Gyeongseong Creature appeared first on San Yit Wine.

]]>
Netflix က အသစ်ထွက်ရှိလာမယ့် ဒရာမာအသစ် Gyeongseong Creature ထဲမှာတော့ နာမည်ကျော်နှစ်ယောက် အပြိုင်ကြဲထားတာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသား Park Seo Joon နဲ့ မင်းသမီးချောလေး Han So Hee တို့ အဓိက ပါဝင်ထားတဲ့ ဒီဒရာမာကိုတော့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းလောက်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ဇာတ်လမ်းကိုတော့ ၁၉၄၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး လျှို့ဝှက်သည်းဖို အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူတွေရဲ့လောဘကြောင့် ပေါက်ဖွားလာတဲ့ သတ္တဝါကြီးတစ်ကောင်ကို ရင်ဆိုင်ရင်း လူငယ်နှစ်ယောက်ဟာ အသက်ရှင် ရပ်တည်နိုင်ဖို့ ကြိုးစားကြရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဒရာမာရဲ့ ဇာတ်ညွှန်းကိုတော့ Dr. Romantic ကို ရေးသားပေးခဲ့တဲ့ Kang Eun Kyun က တာဝန်ယူထားပြီး Stove League ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Jung Dong Yoon က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Photo Credit: Netflix

Park Seo Joon ကတော့ Gyeongseong တစ်ခုလုံးမှာ အချမ်းသာဆုံးလူ Jang Tae Sang အဖြစ် သရုပ်ဆောင်ထားပါတယ်။ Jang Tae Sang ဟာ Golden Jade House ဆိုတဲ့ အပေါင်ဆိုင်ပိုင်ရှင်လည်း ဖြစ်ပြီး အမြင်စူးရှသူတစ်ယောက် ဖြစ်သလို လောကကြီးမှာ ဘယ်လို ရှင်သန်ရပ်တည်ရမယ်ဆိုတာ ပါးနပ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လူမှုဆက်ဆံရေး ကောင်းမွန်မှုကြောင့်လည်း ဂုဏ်သတင်းမွှေးသူ ဖြစ်ပါတယ်။

Photo: bn_sj2013/ Instagram

Han So Hee ကတော့ ပျောက်ဆုံးသွားတဲ့ လူတွေကို လိုက်လံရှာဖွေပေးတဲ့ Yoon Chae Ok ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Yoon Chae Ok ကတော့ ငယ်စဉ်ကလေးဘဝတည်းက ဖခင်ဖြစ်သူနဲ့အတူ မန်ချူးရီးယားနဲ့ ရှမ်ဟိုင်းကို အစုန်အဆန် သွားလာရင်း ဘဝကို ဖြတ်သန်းရာမှာ အတွေ့အကြုံ ရင့်ကျက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ သေနတ်၊ ဓား အစရှိတဲ့ လက်နက်တွေကိုလည်း ကျွမ်းကျင်စွာ အသုံးပြုတတ်သူ ဖြစ်တာကြောင့် ဆိုးဝါးထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေကိုလည်း ကျော်ဖြတ်ပြီး အသက်ရှင်သန်နိုင်ခဲ့ပါတယ်။

Photo: xeesoxee/ Instagram

ဒီဇာတ်လမ်းတွဲထဲမှာတော့ အဓိကသရုပ်ဆောင်တွေအပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်တွေဟာလည်း ဇာတ်ပို့နေရာမှာ ပါဝင်ထားပါသေးတယ်။ ဟောလိဝုဒ်ထိ နာမည်ကျော်ကြားနေတဲ့ Claudia Kim ကတော့ Gyeongseong ဒေသကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့မိသားစုက အမျိုးသမီး Maeda အဖြစ် ပါဝင်ထားပြီး မင်းသမီးကြီး Kim Hae Sook ကတော့ Golden Jade House အပေါင်ဆိုင်ရဲ့ တာဝန်ခံအကူအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် Yoon Chae Ok ရဲ့အဖေနေရာမှာတော့ Jo Han Chul က ပါဝင်ထားပြီး စစ်သားတစ်ယောက်လည်းဖြစ်၊ Jang Tae Sang ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့ Gwon Jun Taek နေရာမှာတော့ Wi Ha Joon က ပါဝင်ထားပါတယ်။

Gyeongseong Creature ကတော့ ပြတောင် မပြသရသေးပေမယ့် season 2 အတွက်ကိုပါ တစ်ခါတည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

Vancouver

Source: soompi

 

The post Park Seo Joon နဲ့ Han So Hee တို့ကို အတူမြင်တွေ့ရမယ့် Gyeongseong Creature appeared first on San Yit Wine.

]]>
ပရိသတ်တွေစောင့်မျှော်နေတဲ့ The Glory Part 2 ရဲ့ release date ထွက်လာ https://sanyitwine.com/the-glory-part-two-release-date/?utm_source=rss&utm_medium=rss&utm_campaign=the-glory-part-two-release-date Thu, 19 Jan 2023 09:41:11 +0000 https://sanyitwine.com/?p=36750 ပရိသတ်တွေ တခဲနက် အားပေးခဲ့ကြတဲ့ The Glory ဒရာမာကတော့ Part 2 ထပ်မံ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ The Glory ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ ထွက်ရှိခဲ့တာ ဖြစ်ပြီး နာမည်ကြီးစာရေးသူ Kim Eun Sook ရဲ့ ပရောဂျက်အသစ်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကြမ်းတမ်းရက်စက်တဲ့ ကျောင်းတွင်း အနိုင်ကျင့်မှုတွေကို ခံစားခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ဟာ သူမကို အနိုင်ကျင့် နှိပ်စက်သူတွေကို ပြန်လည်လက်စားချေဖို့ တေးထားခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ မူလတန်းကျောင်းတစ်ခုရဲ့ အတန်းပိုင်ဆရာမ ဖြစ်လာပြီး တိုက်ဆိုင်စွာနဲ့ တစ်ချိန်တုန်းက သူမကိုရက်စက်ခဲ့ကြသူတွေရဲ့ ကလေးတွေဟာ သူမရဲ့အတန်းထဲမှာ ရှိနေတဲ့အခါမှာတော့ … ။ နာမည်ကျော်မင်းသမီး Song Hye Kyo ကတော့ အတိတ်က […]

The post ပရိသတ်တွေစောင့်မျှော်နေတဲ့ The Glory Part 2 ရဲ့ release date ထွက်လာ appeared first on San Yit Wine.

]]>
ပရိသတ်တွေ တခဲနက် အားပေးခဲ့ကြတဲ့ The Glory ဒရာမာကတော့ Part 2 ထပ်မံ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ The Glory ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ ထွက်ရှိခဲ့တာ ဖြစ်ပြီး နာမည်ကြီးစာရေးသူ Kim Eun Sook ရဲ့ ပရောဂျက်အသစ်လည်း ဖြစ်ပါတယ်။

Photo Credit: Netflix

ဇာတ်လမ်းကတော့ ကြမ်းတမ်းရက်စက်တဲ့ ကျောင်းတွင်း အနိုင်ကျင့်မှုတွေကို ခံစားခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ဟာ သူမကို အနိုင်ကျင့် နှိပ်စက်သူတွေကို ပြန်လည်လက်စားချေဖို့ တေးထားခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ မူလတန်းကျောင်းတစ်ခုရဲ့ အတန်းပိုင်ဆရာမ ဖြစ်လာပြီး တိုက်ဆိုင်စွာနဲ့ တစ်ချိန်တုန်းက သူမကိုရက်စက်ခဲ့ကြသူတွေရဲ့ ကလေးတွေဟာ သူမရဲ့အတန်းထဲမှာ ရှိနေတဲ့အခါမှာတော့ … ။

Photo Credit: Netflix

နာမည်ကျော်မင်းသမီး Song Hye Kyo ကတော့ အတိတ်က ဖြစ်ရပ်ကို လက်စားချေမယ့် ဇာတ်လိုက်မင်းသမီး Moon Dong Eun အဖြစ် သရုပ်ဆောင်ထားပြီး Lee Do Hyun ကတော့ ဇာတ်ဆောင်မင်းသား Joo Yeo Jeong နေရာက သရုပ်ဆောင်ထားပါတယ်။

Photo Credit: Netflix
Photo Credit: Netflix

မနေ့က ဇန်နဝါရီ(၁၈)ရက်မှာတော့ The Glory Part 2 ရဲ့ ဇာတ်ဝင်ခန်းပုံရိပ်အချို့ ထွက်ရှိလာပါတယ်။ အဲဒီပုံရိပ်တွေထဲမှာတော့ မျက်ရည်တွေ ရစ်ဝဲနေတဲ့ Moon Dong Eun ကို မြင်တွေ့ရသလို တကယ် လေးနက်တဲ့ မျက်နှာထားနဲ့ သူမကို ကြည့်နေတဲ့ Joo Yeo Jeong ကိုလည်း တွေ့ရပါတယ်။

Photo Credit: Netflix
Photo Credit: Netflix

ဒါ့အပြင် Park Yeon Jin (Lim Ji Yeon)ကိုလည်း အရေးကြီးတယ်လို့ ထင်ရမယ့် ဖုန်းတစ်ကောလ် ခေါ်နေတာကို တွေ့ရပါတယ်။ တခြားပုံတွေမှာတော့ တိတ်တဆိတ်ပဲ ဂိုကစားနေကြတဲ့ Joo Yeo Jeong နဲ့ Ha Do Yeong (Jung Sung Il)တို့ကို မြင်တွေ့ရပြီး သွေးတွေနဲ့ ပေကျံနေတဲ့ Jeon Jae Joon တို့ကိုလည်း တွေ့ရပါသေးတယ်။

Photo Credit: Netflix

စာရေးသူ Kim Eun Sook ကတော့ “Part 1 ကို ကြည့်ပြီးသွားရင် Part 2 ကိုလည်း လက်မလွှတ်သင့်ဘူး”လို့ ပြောထားပါတယ်။ Part 2 ထဲမှာတော့ ပိုပြီးပြင်းထန် ကြမ်းတမ်းတဲ့ အခြေအနေတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ စိတ်ကျေနပ်သွားစေမယ့် အခိုက်အတန့်တွေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။ The Glory Part 2 ကိုတော့ လာမယ့် မတ်လ(၁၀)ရက်နေ့မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

Vancouver

Source: soompi

The post ပရိသတ်တွေစောင့်မျှော်နေတဲ့ The Glory Part 2 ရဲ့ release date ထွက်လာ appeared first on San Yit Wine.

]]>
မကြာခင်ကြည့်ရှုရတော့မယ့် Moon Chae Won ရဲ့ ဒရာမာအသစ် Payback https://sanyitwine.com/new-drama-payback-of-moon-chae-won/?utm_source=rss&utm_medium=rss&utm_campaign=new-drama-payback-of-moon-chae-won Tue, 03 Jan 2023 11:44:47 +0000 https://sanyitwine.com/?p=36525 မင်းသမီးချောလေး Moon Chae Won ရဲ့ ဒရာမာအသစ်ကိုတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ Payback လို့ အမည်ရတဲ့ ဒီဒရာမာကတော့ လက်စားချေမယ့်အကြောင်းကို အဓိက ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တရားဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့ တောကြောင်စီးပွားရေးသမားတစ်ယောက်ကို လက်စားချေဖို့ ရှိသမျှအရာအားလုံးကို ရင်းနှီးစွန့်လွှတ်ထားကြတဲ့ လူတစ်စုအကြောင်းကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဒရာမာထဲမှာတော့ တရားရေးလောကမှာ တာဝန်ယူထားပေမယ့် အရည်အချင်း မပြည့်ဝဘဲ လူတွေကို မညီမျှစွာ ဆက်ဆံပြီး လာဘ်စား‌နေတဲ့ တာဝန်ရှိသူတွေကို အမှန်တရား မြတ်နိုးသူတွေက တိုက်ခိုက်တဲ့အကြောင်းကိုပါ မြင်တွေ့ရမှာပါ။ မင်းသမီး Moon Chae Won ကတော့ တရားရေးအရာရှိ Park Joon Kyung အဖြစ် သရုပ်ဆောင်ထားပါတယ်။ […]

The post မကြာခင်ကြည့်ရှုရတော့မယ့် Moon Chae Won ရဲ့ ဒရာမာအသစ် Payback appeared first on San Yit Wine.

]]>
မင်းသမီးချောလေး Moon Chae Won ရဲ့ ဒရာမာအသစ်ကိုတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ Payback လို့ အမည်ရတဲ့ ဒီဒရာမာကတော့ လက်စားချေမယ့်အကြောင်းကို အဓိက ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo Credit: SBS

ဇာတ်လမ်းကတော့ တရားဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့ တောကြောင်စီးပွားရေးသမားတစ်ယောက်ကို လက်စားချေဖို့ ရှိသမျှအရာအားလုံးကို ရင်းနှီးစွန့်လွှတ်ထားကြတဲ့ လူတစ်စုအကြောင်းကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဒရာမာထဲမှာတော့ တရားရေးလောကမှာ တာဝန်ယူထားပေမယ့် အရည်အချင်း မပြည့်ဝဘဲ လူတွေကို မညီမျှစွာ ဆက်ဆံပြီး လာဘ်စား‌နေတဲ့ တာဝန်ရှိသူတွေကို အမှန်တရား မြတ်နိုးသူတွေက တိုက်ခိုက်တဲ့အကြောင်းကိုပါ မြင်တွေ့ရမှာပါ။

မင်းသမီး Moon Chae Won ကတော့ တရားရေးအရာရှိ Park Joon Kyung အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ သူမရဲ့မိခင်ဖြစ်သူဟာ လူတစ်စုရဲ့လက်ချက်ကြောင့် သေဆုံးသွားခဲ့ရပြီး အဲဒီရဲ့နောက်ကွယ်မှာတော့ မေးခွန်းပေါင်းများစွာ ရှိနေပါတယ်။ သမီးဖြစ်သူ Park Joon Kyung ကတော့ သူမရဲ့မိခင်အတွက် ပြန်လည် လက်စားချေဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

Photo Credit: SBS

သရုပ်ဆောင်တွေကတော့ Moon Chae Won ၊ Lee Sun Kyun ၊ Kang Yoo Seok နဲ့ Park Hoon တို့က အဓိက ပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၂)ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပိုင်းကို (၁)နာရီ (၁၀)မိနစ်ခန့် ပြသချိန် ရှိပါတယ်။ ဇန်နဝါရီလ (၆)ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာ၊ စနေနေ့တိုင်းမှာ SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: soompi/ mydramalist

The post မကြာခင်ကြည့်ရှုရတော့မယ့် Moon Chae Won ရဲ့ ဒရာမာအသစ် Payback appeared first on San Yit Wine.

]]>
Hyun Bin ရဲ့ မှုခင်းအက်ရှင် ရုပ်ရှင်သစ် Confidential Assignment 2: International https://sanyitwine.com/hyun-bin-new-film-ca2i/?utm_source=rss&utm_medium=rss&utm_campaign=hyun-bin-new-film-ca2i Tue, 02 Aug 2022 10:46:37 +0000 https://sanyitwine.com/?p=32530 မင်းသားချော Hyun Bin ကိုတော့ ခပ်ကြမ်းကြမ်း စုံထောက်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Confidential Assignment 2: International လို့ အမည်ရတဲ့ ဒီမှုခင်းအက်ရှင် ရုပ်ရှင်ကားသစ်ကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ Confidential Assignment ဇာတ်ကားရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတော့ မြောက်ကိုရီးယားစုံထောက် Rim Chul Ryung (Hyun Bin)နဲ့ တောင်ကိုရီးယားစုံထောက် Kang Ji Tae (Yoo Hae Jin)တို့ဟာ နှစ်ယောက်အတူ ပူးပေါင်းပြီး ရာဇဝတ်သားတစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။ ယခုအသစ်ထွက်ရှိလာမယ့် Confidential Assignment 2: International မှာတော့ Rim Chul Ryung ဟာ တောင်ကိုရီးယားကို ထပ်မံရောက်ရှိလာပြီး […]

The post Hyun Bin ရဲ့ မှုခင်းအက်ရှင် ရုပ်ရှင်သစ် Confidential Assignment 2: International appeared first on San Yit Wine.

]]>
မင်းသားချော Hyun Bin ကိုတော့ ခပ်ကြမ်းကြမ်း စုံထောက်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Confidential Assignment 2: International လို့ အမည်ရတဲ့ ဒီမှုခင်းအက်ရှင် ရုပ်ရှင်ကားသစ်ကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ Confidential Assignment ဇာတ်ကားရဲ့ အဆက်လည်း ဖြစ်ပါတယ်။

ပထမဇာတ်ကားမှာတော့ မြောက်ကိုရီးယားစုံထောက် Rim Chul Ryung (Hyun Bin)နဲ့ တောင်ကိုရီးယားစုံထောက် Kang Ji Tae (Yoo Hae Jin)တို့ဟာ နှစ်ယောက်အတူ ပူးပေါင်းပြီး ရာဇဝတ်သားတစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။

Photo via mydramalist

ယခုအသစ်ထွက်ရှိလာမယ့် Confidential Assignment 2: International မှာတော့ Rim Chul Ryung ဟာ တောင်ကိုရီးယားကို ထပ်မံရောက်ရှိလာပြီး ရက်စက်ကြမ်းတမ်းလွန်းတဲ့ လျှို့ဝှက်ရာဇဝတ်ဂိုဏ်းတစ်ခုကို လိုက်လံ ရှာဖွေနေပါတယ်။ ဒီမှာတင် အမှားတစ်ခုကြောင့် cyber crime ဌာနကို အပြောင်းခံထားရတဲ့ Kang Ji Tae ကလည်း သူ့ရဲ့ယခင်အဖွဲ့ဟောင်း ဖြစ်တဲ့ စုံစမ်းစစ်ဆေးရေးဌာနကို ပြန်လည် ရောက်ရှိနိုင်ဖို့အတွက် Rim Chul Ryung ရဲ့ မစ်ရှင်မှာ စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက် ကူညီပေးပါတော့တယ်။

ဒီဇာတ်ကားထဲမှာတော့ Hyun Bin ၊ Yoo Hae Jin ၊ Im YoonA ၊ Daniel Henney ၊ Jin Seon Kyu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Lee Seok Hoon က ရိုက်ကူးပေးထားပြီး လာမယ့် စက်တင်ဘာလထဲမှာပဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Vancouver

Source: soompi

The post Hyun Bin ရဲ့ မှုခင်းအက်ရှင် ရုပ်ရှင်သစ် Confidential Assignment 2: International appeared first on San Yit Wine.

]]>
Ji Chang Wook နဲ့ Sooyoung တို့ရဲ့ ဒရာမာအသစ် If You Wish Upon Me https://sanyitwine.com/ji-chang-wook-and-sooyoung-new-drama-iywum/?utm_source=rss&utm_medium=rss&utm_campaign=ji-chang-wook-and-sooyoung-new-drama-iywum Sat, 23 Jul 2022 10:33:52 +0000 https://sanyitwine.com/?p=32250 မင်းသား Ji Chang Wook နဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung တို့ရဲ့ ဒရာမာအသစ်ကိုတော့ မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ If You Wish Upon Me လို့ အမည်ရတဲ့ ဒီဒရာမာကိုတော့ လာမယ့် ဩဂုတ်လ(၁၀)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ If You Wish Upon Me ကတော့ နယ်သာလန်နိုင်ငံမှာ အမှန်တကယ်ရှိတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်းကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းကတော့ ဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်ရှိနေတဲ့ ကင်ဆာရောဂါသည်တွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘဝမှာ ရုန်းကန်မှုပေါင်းစုံနဲ့ ဒုက္ခခံလာရတဲ့ ကောင်လေးတစ်ယောက်ဟာ နောက်ဆုံးမှာတော့ ဆေးရုံတစ်ခုမှာ လူနာတွေအတွက် […]

The post Ji Chang Wook နဲ့ Sooyoung တို့ရဲ့ ဒရာမာအသစ် If You Wish Upon Me appeared first on San Yit Wine.

]]>
မင်းသား Ji Chang Wook နဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung တို့ရဲ့ ဒရာမာအသစ်ကိုတော့ မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ If You Wish Upon Me လို့ အမည်ရတဲ့ ဒီဒရာမာကိုတော့ လာမယ့် ဩဂုတ်လ(၁၀)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

If You Wish Upon Me ကတော့ နယ်သာလန်နိုင်ငံမှာ အမှန်တကယ်ရှိတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်းကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းကတော့ ဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်ရှိနေတဲ့ ကင်ဆာရောဂါသည်တွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

Photo via mydramalist

ဇာတ်လမ်းကတော့ ဘဝမှာ ရုန်းကန်မှုပေါင်းစုံနဲ့ ဒုက္ခခံလာရတဲ့ ကောင်လေးတစ်ယောက်ဟာ နောက်ဆုံးမှာတော့ ဆေးရုံတစ်ခုမှာ လူနာတွေအတွက် ကူညီလုပ်အားပေးဖို့ ဖြစ်လာပါတယ်။ အဲဒီဆေးရုံက သူနာပြုတွေနဲ့ ပူးပေါင်းပြီး သေဆုံးခါနီး လူနာတွေရဲ့ နောက်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်ပါတယ်။

Ji Chang Wook ကတော့ Yoon Gyeo Re ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Yoon Gye Re ကတော့ မိဘမဲ့ဂေဟာ၊ လူငယ်ထိန်းသိမ်းရေးစင်တာနဲ့ အကျဉ်းထောင်တို့မှာ နေထိုင်ခဲ့ရသူ ဖြစ်ပြီး အေးစက်ခါးသီးလွန်းတဲ့ အရှိတရားကို ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံတစ်ခုမှာ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့ ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီနေရာမှာလည်း သူဟာ အသက်ရှင်သန်နိုင်ဖို့ ဆက်လက် ရုန်းကန်ရပါတော့တယ်။

Photo via mydramalist

Sooyoung ကတော့ အဆိုပါဆေးရုံက သူနာပြုဆရာမလေး Seo Yeon Joo အဖြစ် သရုပ်ဆောင်ထားပါတယ်။ Seo Yeon Joo ကတော့ လေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါတဲ့ သူနာပြုတစ်ဦး ဖြစ်ပြီး ကျန်းမာရေး အထူးလိုက်စားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ အဲဒီဆေးရုံမှာတော့ လူတိုင်းကို မျှော်လင့်ချက် တိုးပွားစေတဲ့ အလင်းရောင်တစ်ခု ဖြစ်ပါတယ်။

If You Wish Upon Me ဒရာမာကိုတော့ KBS2 နဲ့ ViuTV တို့ကနေ ပြသသွားမှာ ဖြစ်ပြီး စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Ji Chang Wook ၊ Sooyoung ၊ Sung Dong Il ၊ Won Jin An ၊ Yang Hee Kyung နဲ့ Kil Hae Yeon တို့က အဓိကပါဝင်ထားပါတယ်။

Vancouver

Source: soompi/ mydramalist

 

The post Ji Chang Wook နဲ့ Sooyoung တို့ရဲ့ ဒရာမာအသစ် If You Wish Upon Me appeared first on San Yit Wine.

]]>
Song Hye Kyo နဲ့ Lee Do Hyun ကို အတူမြင်တွေ့ရမယ့် ဒရာမာအသစ် The Glory https://sanyitwine.com/the-glory-new-drama-with-song-hye-kyo-and-lee-do-hyun/?utm_source=rss&utm_medium=rss&utm_campaign=the-glory-new-drama-with-song-hye-kyo-and-lee-do-hyun Fri, 22 Jul 2022 10:14:21 +0000 https://sanyitwine.com/?p=32149 မင်းသမီး Song Hye Kyo ရဲ့ ဒရာမာအသစ်ကိုတော့ ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။ The Glory လို့ အမည်ရတဲ့ ဒီဒရာမာအသစ်ထဲမှာတော့ Song Hye Kyo ဟာ မင်းသား Lee Do Hyun နဲ့အတူ တွဲဖက် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ The Glory ကိုတော့ Goblin ၊ Descendants of the Sun ၊ Heirs နဲ့ Secret Garden တို့ကို ဇာတ်လမ်းရေးသားပေးခဲ့တဲ့ စာရေးသူ Kim Eun Sook ကပဲ တာဝန်ယူ ရေးသားပေးမှာ ဖြစ်ပါတယ်။ ရိုက်ကူးသွားမယ့် ဒါရိုက်တာကတော့ Memories of […]

The post Song Hye Kyo နဲ့ Lee Do Hyun ကို အတူမြင်တွေ့ရမယ့် ဒရာမာအသစ် The Glory appeared first on San Yit Wine.

]]>
မင်းသမီး Song Hye Kyo ရဲ့ ဒရာမာအသစ်ကိုတော့ ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။ The Glory လို့ အမည်ရတဲ့ ဒီဒရာမာအသစ်ထဲမှာတော့ Song Hye Kyo ဟာ မင်းသား Lee Do Hyun နဲ့အတူ တွဲဖက် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

The Glory ကိုတော့ Goblin ၊ Descendants of the Sun ၊ Heirs နဲ့ Secret Garden တို့ကို ဇာတ်လမ်းရေးသားပေးခဲ့တဲ့ စာရေးသူ Kim Eun Sook ကပဲ တာဝန်ယူ ရေးသားပေးမှာ ဖြစ်ပါတယ်။ ရိုက်ကူးသွားမယ့် ဒါရိုက်တာကတော့ Memories of Alhambra ၊ The Stranger နဲ့ Record of Youth တို့ကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ Ahn Gil Ho ဖြစ်ပါတယ်။

Photo: kyo1122/ Instagram

ဇာတ်လမ်းကတော့ ငယ်စဉ် ကျောင်းသူဘဝမှာ ကြမ်းတမ်းတဲ့ အနိုင်ကျင့်၊ ရက်စက်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါမှာ သူမကို အနိုင်ကျင့်ခဲ့သူတွေကို တထပ်တည်း ပြန်ပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီကောင်မလေးဟာ အရွယ်ရောက်လာတဲ့အခါမှာတော့ သူမကို အနိုင်ကျင့်ခဲ့ဖူးသူတွေရဲ့ ကလေးတွေကို စာပြန်သင်ပေးနေရတဲ့ အတန်းပိုင်ဆရာမ ဖြစ်နေပါတော့တယ်။

Song Hye Kyo ကတော့ Moon Dong Eun ဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Moon Dong Eun ကတော့ သူမရဲ့ဘဝတလျှောက်လုံးမှာ အမုန်း၊ ရန်ညှိုးတွေနဲ့ ခါးသီးနေခဲ့တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ တချိန်က သူမ ရင်ဆိုင်ခဲ့ရတဲ့ ရက်စက်တဲ့အရာတွေကို သူမအပေါ် ကျူးလွန်ခဲ့သူတွေနဲ့ ဒီတိုင်းရပ်ကြည့်နေခဲ့သူတွေကို တပုံစံတည်း ပြန်လည် လက်စားချေဖို့ အစီအစဉ်တကျ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

Photo: kyo1122/ Instagram

Lee Do Hyun ကတော့ Joo Yeo Jung ဆိုတဲ့ male lead နေရာက ပါဝင်မှာ ဖြစ်ပါတယ်။ Joo Yeo Jung ကတော့ အပြင်ပန်းမှာ ကြည့်လိုက်ရင် တက်ကြွပြီး ပျော်ရွှင်နေတတ်သူ ဖြစ်ပေမယ့် နောက်ကွယ်မှာတော့ ရှုပ်ထွေးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသူ ဖြစ်ပါတယ်။

Lim Ji Yeon ကတော့ Park Yeo Jin ဆိုတဲ့ ဗီလိန်ဇာတ်ကောင် နေရာကနေ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Park Yeo Jin ကတော့ Moon Dong Eun ကို နှိပ်စက်ရာမှာ ခေါင်းဆောင်ခဲ့သူ ဖြစ်ပြီး အရွယ်ရောက်လာချိန်မှာတော့ ပြီးပြည့်စုံတဲ့ ဘဝမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ သို့သော်လည်း သူမရဲ့အတိတ်က အရိပ်ဆိုးဟာ သူမကို ပြန်ခြောက်လှန့်ဖို့ ဖြစ်လာတဲ့အခါမှာတော့ သူမ တန်ဖိုးထားတဲ့ အရာတွေကို ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။

Photo: leedohyuunn/ Instagram

Yeom Hye Ran ကတော့ Kang Hyun Nam ဆိုတဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားခဲ့ရသူအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ကလေးကို အလွန်စိတ်ပူပန်တတ်သူ ဖြစ်တာကြောင့် ကျောင်းတွေမှာ ဖြစ်တတ်တဲ့ အနိုင်ကျင့်မှုတွေကနေ ကာကွယ်ဖို့ Moon Dong Eun ဆီကို အကြံပြုချက်တစ်ခုနဲ့ ချဉ်းကပ်လာသူ ဖြစ်ပါတယ်။

Park Sung Hoon ကတော့ အလွန်တကိုယ်ကောင်းဆန်တဲ့ Jeon Jae Joon ဆိုသူအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Jeon Jae Joon ကတော့ Moon Dong Eun ကို နှိပ်စက်၊ အနိုင်ကျင့်ရာမှာ Park Yeon Jin နဲ့အတူ အတွဲညီခဲ့သူ ဖြစ်ပါတယ်။ သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို အားကိုးပြီး သူ့စိတ်ထင်တဲ့အတိုင်း ဘယ်သူ့ကိုမှ ထည့်မတွက်ဘဲ နေထိုင်တတ်သူလည်း ဖြစ်ပါတယ်။

Photo via soompi

နောက်ဆုံးအနေနဲ့ ပါဝင်မယ့် အဓိကဇာတ်ကောင် တစ်ယောက်ကတော့ Ha Do Young ပဲ ဖြစ်ပါတယ်။ Ha Do Young နေရာမှာတော့ Jung Sung Il က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Ha Do Young ကတော့ Park Yeo Jin ရဲ့ ခင်ပွန်းဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူဟာ Moon Dong Eun က စနစ်တကျ စီစဉ်ထားတဲ့ ထောင်ခြောက်ထဲ တိုးဝင်မိတဲ့အခါမှာတော့ သူ့မိသားစုကိုပါ ဆုံးရှုံးဖို့ ဖြစ်လာပါတော့တယ်။

The Glory ဒရာမာကတော့ လက်ရှိမှာ သရုပ်ဆောင်တွေအားလုံး ရွေးချယ်ပြီးပြီ ဖြစ်တာကြောင့် မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ Netflix မှာ ထုတ်လွှင့် ပြသသွားဖို့ စီစဉ်ထားပါတယ်။

Vancouver

Source: soompi

The post Song Hye Kyo နဲ့ Lee Do Hyun ကို အတူမြင်တွေ့ရမယ့် ဒရာမာအသစ် The Glory appeared first on San Yit Wine.

]]>
Lee Jong Suk နဲ့ YoonA တို့ကို ဇနီးမောင်နှံအဖြစ် မြင်တွေ့ရမယ့် Big Mouth ဒရာမာအသစ် https://sanyitwine.com/big-mouth-drama-starring-lee-jong-suk-yoona/?utm_source=rss&utm_medium=rss&utm_campaign=big-mouth-drama-starring-lee-jong-suk-yoona Wed, 13 Jul 2022 09:59:54 +0000 https://sanyitwine.com/?p=31641 ဒရာမာပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် နာမည်ကျော်ကြားတဲ့ မင်းသား Lee Jong Suk နဲ့ Idol ၊ သရုပ်ဆောင် YoonA တို့ကိုတော့ အကျပ်အတည်းတွေ့နေတဲ့ ဇနီးမောင်နှံနှစ်ယောက်အဖြစ် မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ MBC ရုပ်သံလိုင်းက ထုတ်လွှင့် ပြသမယ့် ဒီဒရာမာရဲ့အမည်ကတော့ Big Mouth ဖြစ်ပါတယ်။ Big Mouth ဒရာမာထဲမှာတော့ Lee Jong Suk က ရှေ့နေတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး YoonA ကတော့ အဲဒီရှေ့နေရဲ့ဇနီးသည်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ တတိယတန်းစား ရှေ့နေတစ်ယောက်ဟာ လူသတ်မှုတစ်ခုအတွက် တာဝန်ယူပြီးနောက်မှာတော့ နေ့ချင်းညချင်းဆိုသလို “Big Mouse” ဆိုတဲ့ ဉာဏ်ကြီးရှင် လူလိမ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီမှာတင် အဲဒီရှေ့နေဟာ သူကိုယ်တိုင် အသက်ရှင်ဖို့အတွက်ရော၊ […]

The post Lee Jong Suk နဲ့ YoonA တို့ကို ဇနီးမောင်နှံအဖြစ် မြင်တွေ့ရမယ့် Big Mouth ဒရာမာအသစ် appeared first on San Yit Wine.

]]>
ဒရာမာပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် နာမည်ကျော်ကြားတဲ့ မင်းသား Lee Jong Suk နဲ့ Idol ၊ သရုပ်ဆောင် YoonA တို့ကိုတော့ အကျပ်အတည်းတွေ့နေတဲ့ ဇနီးမောင်နှံနှစ်ယောက်အဖြစ် မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ MBC ရုပ်သံလိုင်းက ထုတ်လွှင့် ပြသမယ့် ဒီဒရာမာရဲ့အမည်ကတော့ Big Mouth ဖြစ်ပါတယ်။

Big Mouth ဒရာမာထဲမှာတော့ Lee Jong Suk က ရှေ့နေတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး YoonA ကတော့ အဲဒီရှေ့နေရဲ့ဇနီးသည်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ တတိယတန်းစား ရှေ့နေတစ်ယောက်ဟာ လူသတ်မှုတစ်ခုအတွက် တာဝန်ယူပြီးနောက်မှာတော့ နေ့ချင်းညချင်းဆိုသလို “Big Mouse” ဆိုတဲ့ ဉာဏ်ကြီးရှင် လူလိမ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီမှာတင် အဲဒီရှေ့နေဟာ သူကိုယ်တိုင် အသက်ရှင်ဖို့အတွက်ရော၊ သူ့မိသားစုကို ကာကွယ်ဖို့အတွက်ပါ အထက်တန်းလွှာ လူတန်းစားတွေကြားက ရှုပ်ထွေးလှတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။

Photo via mydramalist

Lee Jong Suk ကတော့ Park Chang Ho ဆိုတဲ့ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Park Chang Ho ကတော့ တတိယတန်းစား ရှေ့နေတစ်ယောက်ဖြစ်ပြီး အမှုအောင်နိုင်ချေကတော့ (၁၀)ရာခိုင်နှုန်းသာ ရှိပါတယ်။ Park Chang Ho ဟာ အမှုအောင်နိုင်ချေလည်း အလွန်နည်းပါးတာကြောင့် သူ့ရဲ့ရှေ့နေလုပ်ငန်းကတော့ ကျပ်တည်းနေပြီး ရုံးခန်းငှားခကိုတောင် မပေးနိုင်တော့ပါဘူး။ ဒါ့အပြင် ရုံးခန်းမန်နေဂျာအဖြစ် ဆောင်ရွက်ပေးနေတဲ့ သူ့ရဲ့ယောက္ခမကိုတောင် လစာမပေးနိုင်တော့တဲ့အထိပါပဲ။

ဒီအခြေအနေ အကျပ်အတည်းတွေကိုတော့ Park Chang Ho ရဲ့ဇနီးဖြစ်သူ Go Mi Ho (YoonA) ဟာ သည်းခံနိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့်ပဲ Go Mi Ho ဟာ သူ့ကို ကွာရှင်းဖို့ တောင်းဆိုလာပါတော့တယ်။ Park Chang Ho ကတော့ ချောင်ပိတ်မိနေပြီး ဘယ်လိုပဲ ကြိုးစားကြိုးစား အခြေအနေတွေဟာ တိုးတက် ပြောင်းလဲမလာတာကို စိတ်ပျက်စရာ တွေ့လိုက်ရပါတယ်။

Photo via mydramalist

ဒီလိုအခက်အခဲတွေကြားကပဲ တစ်ရက်မှာတော့ Park Chang Ho ကို လူသတ်မှုတစ်ခုအတွက် အမှုလိုက်ပေးဖို့ အမှုလာအပ်ပါတယ်။ အမှုသစ်ရလာလို့ ဝမ်းသာအားရ လက်ခံလိုက်တဲ့ Park Chang Ho ဟာ နောက်ဆုံးမှာတော့ မြေအောက်လောကရဲ့ ဘုရင်တစ်ဆူအဖြစ် လူသိများတဲ့ Big Mouse အဖြစ် မှားယွင်းပြီး စွပ်စွဲခံရပါတော့တယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ ယခင်က မမြင်တွေ့ရသေးတဲ့ Lee Jong Suk ရဲ့ပုံစံအသစ်တစ်မျိုးကို မြင်တွေ့ရမယ်လို့ မင်းသားကိုယ်တိုင်က အင်တာဗျူးမှာ ပြောထားပါတယ်။ ဒီဒရာမာကတော့ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပိုင်းကို ပြသချိန် မိနစ်(၆၀)ကြာမြင့်မှာ ဖြစ်ပါတယ်။ ဇူလိုင်လ(၂၉)ရက်နေ့က စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း ပြသသွားမယ်လို့ သိရပါတယ်။

Vancouver

Source: soompi

The post Lee Jong Suk နဲ့ YoonA တို့ကို ဇနီးမောင်နှံအဖြစ် မြင်တွေ့ရမယ့် Big Mouth ဒရာမာအသစ် appeared first on San Yit Wine.

]]>
Korea Box-Office မှာ အောင်မြင်မှုတွေရရှိနေတဲ့ The Witch: Part 2 – The Other One ရုပ်ရှင် https://sanyitwine.com/thewitch-part2-the-other-one-box-office/?utm_source=rss&utm_medium=rss&utm_campaign=thewitch-part2-the-other-one-box-office Sun, 19 Jun 2022 08:54:26 +0000 https://sanyitwine.com/?p=30623 နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ကိုရီးယားရုပ်ရှင်အသစ် The Witch: Part 2. The Other One ကတော့ ရုံတင်ပြသနေတာ ရက်ပိုင်းသာ ရှိသေးပေမယ့် ကိုရီးယားရဲ့ပြည်တွင်း box-office မှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Witch: Part 1. The Subversion ရဲ့အဆက် sequel ဇာတ်လမ်း ဖြစ်ပါတယ်။ လက်ရှိမှာ ရုံတင်ပြသနေတဲ့ The Witch: Part 2. The Other One ရဲ့ ဇာတ်လမ်းကတော့ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုရဲ့ မတော်တဆမှုတစ်ခုမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သူမဟာ အဲဒီအန္တရာယ်များလွန်းတဲ့ ဓာတ်ခွဲခန်းကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပေမယ့် […]

The post Korea Box-Office မှာ အောင်မြင်မှုတွေရရှိနေတဲ့ The Witch: Part 2 – The Other One ရုပ်ရှင် appeared first on San Yit Wine.

]]>
နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ကိုရီးယားရုပ်ရှင်အသစ် The Witch: Part 2. The Other One ကတော့ ရုံတင်ပြသနေတာ ရက်ပိုင်းသာ ရှိသေးပေမယ့် ကိုရီးယားရဲ့ပြည်တွင်း box-office မှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Witch: Part 1. The Subversion ရဲ့အဆက် sequel ဇာတ်လမ်း ဖြစ်ပါတယ်။

လက်ရှိမှာ ရုံတင်ပြသနေတဲ့ The Witch: Part 2. The Other One ရဲ့ ဇာတ်လမ်းကတော့ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုရဲ့ မတော်တဆမှုတစ်ခုမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သူမဟာ အဲဒီအန္တရာယ်များလွန်းတဲ့ ဓာတ်ခွဲခန်းကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပေမယ့် သူမရဲ့ဒုက္ခတွေကတော့ မပြီးဆုံးသေးပါဘူး။ အကြောင်းကတော့ နေရာဌာနပေါင်းစုံက လူများစွာဟာ မတူညီတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ သူမနောက်ကို လိုက်လာကြတာကြောင့်ပါပဲ။

Photo via mydramalist

ဒီရုပ်ရှင်ကိုတော့ ဇွန်လ(၁၅)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ The Witch: Part 2 ကတော့ ရုံတင်ပြီး လေးရက်မပြည့်သေးခင်မှာပဲ ကြည့်ရှုသူဦးရေ တစ်သန်းကျော်သွားပြီလို့ သိရပါတယ်။ ဒါဟာ သူ့ရဲ့ပထမဇာတ်ကား The Witch: Part 1 ရဲ့စံချိန်ကိုပါ ချိုးသွားတာ ဖြစ်ပါတယ်။ The Witch: Part 1 ကတော့ ရုံတင်ပြီး ခြောက်ရက်အကြာမှသာ ကြည့်ရှုသူ တစ်သန်းကျော်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ဟာ ရုံတင်တဲ့ နေ့ကစတင်ပြီး နေ့ရက်တိုင်းမှာ box-office ဝင်ငွေမှာတော့ တရိပ်ရိပ်နဲ့ ထိုးတက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ သူ့ထက်အရင် ရုံတင်ပြသနေတဲ့ The Outlaws 2 (The Roundup)ရဲ့ box-office ဝင်ငွေစံချိန်နဲ့ပါ အပြင်းအထန် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

The Witch: Part 2. The Other One ကတော့ သည်းထိတ်ရင်ဖို Mystery အမျိုးအစားရုပ်ရှင် ဖြစ်ပြီး Kim Da Mi ၊ Lee Jong Suk ၊ Park Eun Bin ၊ Shin Si Ah ၊ Seo Eun Soo ၊ Jin Goo အစရှိတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ IMDb rating မှာ‌တော့ 8.4 ရရှိထားပါတယ်။

Vancouver

Source: soompi

The post Korea Box-Office မှာ အောင်မြင်မှုတွေရရှိနေတဲ့ The Witch: Part 2 – The Other One ရုပ်ရှင် appeared first on San Yit Wine.

]]>
မကြာခင် ကြည့်ရှုရတော့မယ့် Kim Go Eun နဲ့ Jinyoung တို့ရဲ့ Yumi’s Cells 2 https://sanyitwine.com/kim-go-eun-and-jinyoung-in-yumis-cells-2/?utm_source=rss&utm_medium=rss&utm_campaign=kim-go-eun-and-jinyoung-in-yumis-cells-2 Wed, 08 Jun 2022 12:17:27 +0000 https://sanyitwine.com/?p=29950 ဒရာမာပရိသတ်တွေ အားပေးခဲ့ကြတဲ့ Yumi’s Cells ရဲ့ season 2 ကိုတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ Yumi’s Cells 2 ထဲမှာတော့ မင်းသမီး Kim Go Eun နဲ့အတူ GOT7 အဖွဲ့ဝင် Jinyoung တို့ရဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် webtoon တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yumi ဆိုတဲ့ သာမန် ရုံးဝန်ထမ်းကောင်မလေးရဲ့ ဦးနှောက်ဆဲလ်တွေက သူမရဲ့အတွေး၊ ခံစားချက်နဲ့ အပြုအမူတွေကို ထိန်းချုပ်နေတဲ့ပုံစံ တင်ဆက်ထားတာ ဖြစ်ပါတယ်။ Kim Go Eun သရုပ်ဆောင်ထားတဲ့ Yumi ဆိုတဲ့ ကောင်မလေးကတော့ သူမရဲ့ခံစားချက်တွေနဲ့ ပတ်သက်ရင် […]

The post မကြာခင် ကြည့်ရှုရတော့မယ့် Kim Go Eun နဲ့ Jinyoung တို့ရဲ့ Yumi’s Cells 2 appeared first on San Yit Wine.

]]>
ဒရာမာပရိသတ်တွေ အားပေးခဲ့ကြတဲ့ Yumi’s Cells ရဲ့ season 2 ကိုတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ Yumi’s Cells 2 ထဲမှာတော့ မင်းသမီး Kim Go Eun နဲ့အတူ GOT7 အဖွဲ့ဝင် Jinyoung တို့ရဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ နာမည်ကျော် webtoon တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yumi ဆိုတဲ့ သာမန် ရုံးဝန်ထမ်းကောင်မလေးရဲ့ ဦးနှောက်ဆဲလ်တွေက သူမရဲ့အတွေး၊ ခံစားချက်နဲ့ အပြုအမူတွေကို ထိန်းချုပ်နေတဲ့ပုံစံ တင်ဆက်ထားတာ ဖြစ်ပါတယ်။ Kim Go Eun သရုပ်ဆောင်ထားတဲ့ Yumi ဆိုတဲ့ ကောင်မလေးကတော့ သူမရဲ့ခံစားချက်တွေနဲ့ ပတ်သက်ရင် ထုတ်ဖော်မပြတတ်သူလည်း ဖြစ်ပါတယ်။

Photo via mydramalist

Yumi’s Cells ဟာ live action နဲ့ 3D Animation ကို ပေါင်းစပ်ထားတဲ့ ပထမဆုံးသော ကိုရီးယားဒရာမာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကြည့်ရှုသူပရိသတ်တွေရဲ့ တခဲနက်အားပေးခြင်းကိုလည်း ရရှိခဲ့ပါတယ်။ Yumi ဟာ season 1 မှာတွဲခဲ့တဲ့ Goo Woong နဲ့ လမ်းခွဲလိုက်တာကြောင့် season 2 မှာတော့ အသည်းကွဲတဲ့ဝေဒနာကို ကုစားနေတာကိုလည်း မြင်တွေ့ရဦးမှာပါ။ အဲဒီနောက်မှာတော့ Yumi ဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်တဲ့ Yoo Babi နဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဆက်ဦးမှာ ဖြစ်ပါတယ်။

Photo via mydramalist

Yumi’s Cells 2 ကိုတော့ လာမယ့် ဇွန်လ(၁၀)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း(၁၄)ပိုင်း ပါဝင်မှာဖြစ်ပြီး တစ်ပိုင်းကို ပြသချိန် (၁)နာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

Vancouver

Source: soompi/mydramalist

The post မကြာခင် ကြည့်ရှုရတော့မယ့် Kim Go Eun နဲ့ Jinyoung တို့ရဲ့ Yumi’s Cells 2 appeared first on San Yit Wine.

]]>
နာမည်ကြီးဒရာမာဇာတ်ရုပ်တွေကို ငြင်းပယ်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ https://sanyitwine.com/korean-actors-pushed-away-popular-roles/?utm_source=rss&utm_medium=rss&utm_campaign=korean-actors-pushed-away-popular-roles Mon, 06 Jun 2022 16:24:29 +0000 https://sanyitwine.com/?p=29804 ပရိသတ်တေွကြားမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ကိုရီးယားဒရာမာတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ်ကြောင့်လည်း ဖြစ်သလို သရုပ်ဆောင်တွေရဲ့ ဇာတ်ရုပ်နဲ့ ကွက်တိကျတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အောင်မြင်တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းလွန်းတဲ့အခါ ပရိသတ်တွေကြားထဲမှာ ဇာတ်ကောင်နာမည်ကို ကြားလိုက်တာနဲ့ သူ့ရဲ့သရုပ်ဆောင်နဲ့ တသားတည်းတွဲပြီး မြင်တတ်ကြတဲ့အထိပါပဲ။ သို့သော်လည်း နာမည်ကျော် ဒရာမာတွေထဲက တချို့သော နာမည်ကြီးဇာတ်ကောင်တွေဟာ လက်ရှိ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကို အရင်ဆုံး ကမ်းလှမ်းခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီး ဇာတ်ကောင်တွေကို ငြင်းပယ်မိခဲ့ကြတဲ့ သရုပ်ဆောင်တွေကတော့ … Kim Woo Bin – Pinocchio Kim Woo Bin ကတော့ နာမည်ကျော်ဒရာမာ Pinocchio ထဲက male lead ဇာတ်ရုပ်အတွက် အရင်ဆုံး ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ […]

The post နာမည်ကြီးဒရာမာဇာတ်ရုပ်တွေကို ငြင်းပယ်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ appeared first on San Yit Wine.

]]>
ပရိသတ်တေွကြားမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ကိုရီးယားဒရာမာတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ်ကြောင့်လည်း ဖြစ်သလို သရုပ်ဆောင်တွေရဲ့ ဇာတ်ရုပ်နဲ့ ကွက်တိကျတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အောင်မြင်တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းလွန်းတဲ့အခါ ပရိသတ်တွေကြားထဲမှာ ဇာတ်ကောင်နာမည်ကို ကြားလိုက်တာနဲ့ သူ့ရဲ့သရုပ်ဆောင်နဲ့ တသားတည်းတွဲပြီး မြင်တတ်ကြတဲ့အထိပါပဲ။ သို့သော်လည်း နာမည်ကျော် ဒရာမာတွေထဲက တချို့သော နာမည်ကြီးဇာတ်ကောင်တွေဟာ လက်ရှိ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကို အရင်ဆုံး ကမ်းလှမ်းခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီး ဇာတ်ကောင်တွေကို ငြင်းပယ်မိခဲ့ကြတဲ့ သရုပ်ဆောင်တွေကတော့ …

Kim Woo Bin – Pinocchio

Kim Woo Bin ကတော့ နာမည်ကျော်ဒရာမာ Pinocchio ထဲက male lead ဇာတ်ရုပ်အတွက် အရင်ဆုံး ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ အဲဒီအချိန်က တခြားပရောဂျက်တစ်ခုကို လက်ခံထားတဲ့အတွက် အချိန်ဇယားအရ ညှိနှိုင်းလို့ မရခဲ့တဲ့အတွက် ဒီဇာတ်ရုပ်ကို ငြင်းဆိုခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒီဇာတ်ရုပ်ဟာ မင်းသား Lee Jong Suk ဆီကို ရောက်ရှိသွားခဲ့ပြီး Lee Jong Suk နဲ့ လုံးဝကို အံဝင်ခွင်ကျ ကွက်တိဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Suzy – Cheese in the Trap

Suzy ကတော့ Cheese in the Trap ထဲက female lead ဇာတ်ရုပ်ဖြစ်တဲ့ Hong Seol အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ အစပိုင်းမှာတော့ Suzy ဟာ ဒီဇာတ်ရုပ်ကို လက်ခံဖို့ စဉ်းစားခဲ့သေးပေမယ့် သူမနဲ့ ဒီဇာတ်ရုပ်ဟာ ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူးလို့ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်လောင်လောင် ဝေဖန်ခံရတဲ့အတွက် နောက်ဆုံးမှာတော့ ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ Hong Seol ဇာတ်ရုပ်ကတော့ နောက်ဆုံးမှာ Kim Go Eun ဆီကို ရောက်ရှိသွားပါတယ်။

Jung Yonghwa – The Heirs

Jung Yonghwa ကတော့ The Heirs ဒရာမာထဲက second lead ဇာတ်ရုပ်ဖြစ်တဲ့ Choi Young Do အတွက် ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း Yonghwa ကတော့ ကျောင်းသားဇာတ်ရုပ်မျိုးကို ထပ်ပြီး သရုပ်မဆောင်ချင်တော့တာကြောင့် ဒီဇာတ်ရုပ်ကို ငြင်းဆိုခဲ့ပါတယ်။ Choi Young Do ဇာတ်ရုပ်ကတော့ နောက်ဆုံးမှာ Kim Woo Bin ဆီကို ရောက်ရှိသွားပါတယ်။

Jun Ji Hyun – My Girlfriend Is a Gumiho

Jun Ji Hyun ကတော့ My Girlfriend Is a Gumiho ဒရာမာထဲက female lead ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ သို့သော်လည်း Jun Ji Hyun ဟာ အဲဒီအချိန်တုန်းက သရုပ်ဆောင်လောကက ခေတ္တအနားယူနေတာ ဖြစ်တဲ့အတွက် အလုပ်ပြန်လုပ်ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် ဒီဇာတ်ရုပ်ကို လက်မခံခဲ့ပါဘူး။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ Gumiho ဇာတ်ရုပ်ဟာ Shin Min Ah ဆီကို ရောက်သွားခဲ့ပါတယ်။

Jang Geun Suk – Boys Over Flowers

Jang Geun Suk ကတော့ နာမည်ကြီးဒရာမာ Boys Over Flowers ထဲက male lead ဇာတ်ရုပ်ဖြစ်တဲ့ Goo Joon Pyo အတွက် ပထမဆုံး ကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Jang Geun Suk ဟာ အဲဒီအချိန်တုန်းက Beethoven Virus ဒရာမာကို လက်ခံထားတဲ့အတွက် ဒီဇာတ်ရုပ်ကို လက်လွှတ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒီဇာတ်ရုပ်ဟာ Lee Min Ho ဆီကို ရောက်ရှိသွားခဲ့ပြီး Goo Joon Pyo ဆိုရင် Lee Min Ho နဲ့ တသားတည်း မြင်မိတဲ့အထိ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့ပါတယ်။

Song Joong Ki – Moon Embracing The Sun

Song Joong Ki ဟာလည်း ဒီဒရာမာထဲက male lead ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း ဒီဇာတ်ရုပ်ဟာ အရင်တုန်းက သူသရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ရုပ်နဲ့ တော်တော်လေး ဆင်တူနေတယ်လို့ ခံစားရတာကြောင့် Song Joong Ki ဟာ ဒီဇာတ်ရုပ်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Lee Hwon ဇာတ်ရုပ်ဟာ Kim Soo Hyun ဆီကို ရောက်သွားခဲ့ပါတယ်။

Chun Jung Myung – Coffee Prince

Chung Jung Myung ကတော့ Coffee Prince ဒရာမာထဲမှာ male lead ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံခဲ့ရပေမယ့် အချိန်ဇယားတွေ ညှိနှိုင်းလို့ မရခဲ့တာကြောင့် ဒီဇာတ်ရုပ်ကို လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ရုပ်ဟာ Gong Yoo ဆီကို ရောက်ရှိသွားခဲ့ပါတယ်။

Jang Hyuk – Secret Garden

Jang Hyuk ကတော့ နာမည်ကြီးဒရာမာ Secret Garden ထဲက male lead ဇာတ်ရုပ် Kim Joo Won အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း Jang Hyuk ရဲ့အေဂျင်စီဟာ ဒီဇာတ်ရုပ်ကို ပယ်ချခဲ့တဲ့အတွက် သူဟာလည်း ဒီနာမည်ကြီးဇာတ်ရုပ်နဲ့ လွဲခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Kim Joo Won ဇာတ်ရုပ်ဟာ Hyun Bin ဆီကို ရောက်သွားခဲ့ပါတယ်။

Descendants of the Sun (DotS)

နာမည်ကျော်ဒရာမာ DotS ထဲက male lead ဇာတ်ရုပ်ကတော့ မင်းသားများစွာဆီကို ကမ်းလှမ်းခဲ့ရတဲ့ ဇာတ်ရုပ်တစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်ဟာ Gong Yoo ၊ Won Bin ၊ Jo In Sung နဲ့ Kim Woo Bin တို့ဆီကို အသီးသီး ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ Song Joong Ki ဆီကို ရောက်ရှိသွားပြီး နိုင်ငံတကာမှာပါ အောင်မြင်ခဲ့ပါတယ်။

ဒါကတော့ နာမည်ကြီးဇာတ်ရုပ်အချို့ကို ငြင်းဆိုမိခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဇာတ်ရုပ်တွေဟာ သူတို့နဲ့ အသင့်တော်ဆုံးဖြစ်မယ့် သရုပ်ဆောင်တွေကို စောင့်ဆိုင်းနေလို့ပဲ အခုလို လွဲချော်ခဲ့ကြတာလား၊ ဒါမှမဟုတ် သူတို့သာ လက်ခံခဲ့မယ်ဆိုရင်ရော ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်ခဲ့မှာလားဆိုတာ ကောမန့်မှာ အမြင်လေးတွေ ပြောပြခဲ့ပါဦး။

Vancouver

The post နာမည်ကြီးဒရာမာဇာတ်ရုပ်တွေကို ငြင်းပယ်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ appeared first on San Yit Wine.

]]>